မန်းတွင် ခိုးကူးနှင့် ညစ်ညမ်းခွေများ စီမံချက်ဖြင့် ဖမ်းဆီး

klnMay 13, 20101min673

မန္တလေးတိုင်းရဲတပ်ဖွဲ့ ၊ နယ်မြေခံရဲတပ်ဖွဲ့ ၊တိုင်းဗီဒီယို အခြေခံ အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့တွင် မတ်၂ဝရက်က နိုင်ငံခြားခွေ၊ သီချင်း၊ ဇာတ်လမ်းခိုးကူးခွေ၊ ညစ်ညမ်းခွေ၊ ဆင်ဆာမဲ့ခွေများကို သက်ဆိုင်ရာ စခန်းနယ်မြေအလိုက် နေရာကိုးခုအား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ နိုင်ငံခြားဇာတ်လမ်းခွေ ၂၇,၅၇၃၊ ခိုးကူးသီချင်း၊ ဇာတ်လမ်းခွေ ၃၀,၄၆၉၊ ညစ်ညမ်းခွေ ၁,၆၆၃နှင့် ဆင်ဆာမဲ့ခွေ ၂၉၄ခွေအား ဖမ်းဆီးရမိသည်။ ဤကဲ့သို့ ဖမ်းဆီးအရေးယူခြင်းသည် တစ်ပြိုင်နက် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သဖြင့် အများဆုံး စံချိန်တင်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ခိုးကူးခွေများ ဈေးကွက်ကျယ်ပြန့်မှုကြီးထွားမှုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဗီဒီယိုအခြေခံအဖွဲ့အမှုဆောင် တစ်ဦးကပြောကြားသည်။ ၎င်းတို့ထဲမှာ အများဆုံးဖမ်းဆီးရမိသော ဆိုင်မှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း အရှေ့ရပ်ကွက် Venus ဒီဗီဒီ ၊ စီဒီအရောင်းဆိုင်ဖြစ်ပြီး ၎င်းဆိုင်မှ ဆင်ဆာမဲ့မြန်မာသီချင်းခိုးကူးခွေ ၁၈,၄၀၀၊ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်းဒီဗီဒီခွေ ၈,၃၀၀၊နိုင်ငံခြားညစ်ညမ်းခွေ ၁,၁၀ဝ ဖြစ်ကြောင်း သိရှိရသည်။

3 comments

  • Shwemannmay

    May 13, 2010 at 6:10 am

    အဲ ကြည့်စမ်း ခါတိုင်းကျ အဖမ်းအဆီးရှိရင်ကြို ပြော ကြပြီးတော့ ခုကျ သူတို ့ကိုယ်တိုင်လာရှာရတယ်လို ့။ ပေးထားတာတွေမှအားမနာ လူဆိုးတွေပဲ 😀

  • banban

    May 13, 2010 at 6:47 am

    ဪ…ဒါက ..စီမံချက်လေ…စီမံချက်… အားတော့နာတာပေါ့နော်… ဂျူတီအစ်စ်ဂျူတီပဲလေ

  • Saneyarr

    September 22, 2010 at 11:13 am

    နိုင်ငံခြားဇာတ်လမ်းခွေတွေ သီချင်းခွေတွေကို ဖမ်းတယ်ဆိုရင်.. ဘယ်မှာသွားဝယ်ရမှာပါလိမ့်.??
    သီချင်းခွေတွေတော့ ဝယ်လို့ရပါတယ်။ ဇာတ်လမ်းခွေတွေကိုပြောတာပါ။ စိန်ဂေဟာတို့ဘာတို့မှာရောင်းတဲ့ နိုင်ငံခြားဇာတ်လမ်းခွေကရော တရားဝင်လားမသိဘူး. ပုံစံကအတူတူပဲ ဈေးနည်းနည်းပိုကြီးတာပဲရှိတယ်။ အများကြီးပဲ။ ညစ်ညမ်းခွေတော့မပါဘူးပေါ့။

Leave a Reply