ကံဆိုးမ သွားရာ မိုးလိုက်လို ့ရွာ (၄)

etoneAugust 31, 20111min30414

အိမ်ကိုတော့ အမေနဲ့ အဖေ ပြန်မလာခင်စပ်ကြား ကျွန်မ တို့ ခဏပစ်ထားရဦးမှာလေ … ။ ကလေးတွေ ဘုန်းကြီးကျောင်းမှာ ငိုနေမလားမသိဘူး … ကျွန်မမြန်မြန် လိုက်သွားမှ ဖြစ်မယ် ….။

အိမ်တံခါး … ဟုတ်သားပဲ တံခါးပိတ်ရဦးမယ် …

ကျွန်မယခုအရွယ်ထိ ဘယ်တုန်းကမှ အိမ်တံခါး ပိတ်မထားဖြစ်သောကြောင့် သော့ဟူ၍လည်း မရှိပေ ….ထို့ကြောင့် … ၊

သော့မရှိလည်း ဘာဖြစ်လဲဟယ် … မြက်ခြောက်ပင်လေးတွေနဲ့ ကောက်ချည်လိုက်မှာပေါ့ … တို့ရွာထဲ တအိမ်နဲ့ တအိမ်သိနေကြတာ ဘာမှ စိတ်ပူစရာမရှိပါဘူး … ငါတို့မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပ စ္စည်းကျန်တာ မဟုတ် ဘူးလေ … ။

(၉)

ပူပြင်းလှသော နေရောင်အောက် မချိုတယောက် ခရီးပန်းလာသဖြင့် နွမ်းနယ်နေတော့သည် … ။

” မဝေ … မရောက်သေးဘူးလား … ကျွန်မမောလွန်းလို့  ခဏထိုင်ပါရစေ … ”

“ညည်းကလည်းအေ သူများဆီမှာ အလုပ်လုပ်မဲ့လူက ဒီလောက်လေး အပင်ပန်းမခံနိုင်ဘူးလား … ။ ”

“ကျွန်မ ခရီးပမ်းလာလို့ပါ မဝေရယ် … ကားမူးတတ်တာကိုး …ပြီးတော့ ကိုယ်ဝန် … ကျွန်မကိုယ်ဝန်ကလည်း ရှိသေးတာကို း….  ”

” ဟိတ်… တော်တော် ဒီကိုယ်ဝန် ကိစ္စမေ့ထားလိုက် … နောက်ဘယ်တော့မှ ထပ်မပြောနဲ့ …” ရွာမှာ တုန်းက အပြောချိုသလောက် သူ့စားကျက်ထဲ ရောက်လာတော့ မဝေတယောက်ေ လသံပင် ပြောင်းလဲသွားကြောင်း ပါးနပ်သော မိချိုက သိလိုက်သည် … ။

ဒါကို ရိပ်စား မိဟန်တူသော မဝေကလည် … အသံကို ပြောင်းကာ … “အေးအေး … ခဏနားပြီး သွားတာပေါ့ … နေရိပ်မှာ ထိုင်နားရအောင် … ။ “ဟု ဆိုပြန်သည် .. ။

%%%%%%%%%%%

” မိချို … ဒါညည်းနေရမဲ့ အိမ်ပဲ ….  အိမ်ရှင်တွေ ဘာလုပ်လည်း မစပ်စုနဲ့နော် .. ကိုယ်လုပ်ပေးစရာရှိတာလုပ်ပေး … ”

” ဟုတ်… ဟုတ်ကဲ့ မဝေ … ”

” ဒေါ်စန်းဝေ ဒါက အိမ်ဖော် အသစ်လား … မပေါ့မပါးကြီးနဲ့ … ”

“ဟုတ်တယ် မမစိုးရေ … ဒါအိမ်ဖော် အသစ်ပါပဲ … စာရိတ္တပိုင်းရော အရမ်းကို စိတ်ချရပါတယ် … ကျွန်မနဲ့လည်း ဆွေမျိုးမကင်းသူပေါ့ … နောက်ဆို မစိုးတို့ လုပ်ငန်းအတွက် ရော အားကိုးလို့ ရအောင်ပါ … ။ ”

” ရုပ်ကလေးက မစိုးပါဘူး … ကိုယ်ဝန်ကြီးနဲ့ ကတော့ ဒီမှာ အလုပ်လုပ်လို့ မဖြစ်ဘူး …. ”

” အာ အဲ့ဒါ မပူပါနဲ့ မစိုးရေ ကျွန်မကြည့်ရှင်းမှာမို့လို့ပါ …

“ဒါဆိုလည်း ရှင်းပြီးမှပဲ ပြန်လာခဲ့တော့ … ။ ”

 

(၁၀)

“လိပ်စာ အတိုင်းဆို ဒီအိမ်ပဲ …    လာလာ မိချိုရေ ညည်းကိစ္စ မြန်မြန်ရှင်းမှ အေးမှာ … ”

” အ ိမ်ရှင်တို့ … အိမ်ရှင်တို့ … ”

မဝေရဲ့ စူးစူး လျလျအော်သံအဆုံး … မည်းမှိန် နေသော အိမ်ကြီးအတွင်းမှ တံခါးတချပ်ပွင့်လာသည် … ။ထို့နောက် စုတ်တီးစုတ် ပြတ် ညစ်ပေရေနေသော ခပ်နွမ်းနွမ်း အဝတ်စားများကို ဝတ်ကာ ဆေးပြင်းလိပ်ကြီးခဲထားသော အသက်ငါးဆယ်ခန့် လူတစ်ဦးထွက်လာပြီး .. ။

” ဘာကိစ္စလဲ … ”

” ဟိုဒင်း … ဟိုဟာ … လုပ်ချင်လို့ပါ”ဟုဆိုကာ … မဝေက မိချို့ရဲ့ ဗိုက်ကို လက်ညိုးထိုးပြရင်း ပြန်ဖြေလိုက်သည် …။
မဝေဧ။် အပြုမူကို နားလည်သွားဟန်တူသော ထိုယောကျာ်းက … လိုက်ခဲ့ဟု ဆိုကာ အိမ်ကြီးအတွင်းသို့ ခေါ်သွားသည် … ။

အိမ်ကြီးဧ။် အပြင်ဆင်ကိုကြည့်ရသည်မှာ ရှေးခေတ်ကို ပြန်ရောက်သွားသလို ခံစားမိလိုက်သည် … ။ အိမ်အတွင်းတွင် မှိန်ပြပြ နေပျောက်ထိုးရောင်မှ အပ အရာအားလုံး တိတ်ဆိတ် မဲငြိမ်နေသည် … ။

နေပူရောင်မှ အိမ်ထဲဝင်သော အခါ ခဏကြာ ကြာထိ မျက်စိများ ကျိန်းစပ်နေသေးသည ်… ။ အတန်ကြာမှ ကျင့်သားရပြီး အမှောင်ထဲသို့ သွားလာနိုင်သည် …

ထိုလူက ဦးဆောင်ကာ အ ခန်းငယ်တစ်ခုအတွင်းသို့ ခေါ်သွားခဲ့သည် … ။ အခန်းလေးမှာ မကျယ်လှပေ သို့သော် လူ နှစ်ယောက်သုံးယောက်ကောင်းကောင်းနေ၍ လောက်ငှသည် …မှိန် ပျပျ မီးလုံးလေး တလုံး ထွန်းထားသည် … ဘေးပတ်လည်တွင် အမျိုးမည်မသိသော ဆေးပုလင်းပေါင်းများစွာ … တချို့မှာလည်း မြန်မာ ဒဏ်ကြေဆေးကဲ့သို့ … လေဝင်လေထွက်နည်း သဖြင့် .. စိမ်းရွှေရွှေ အနံများ ရနေသည် … ။ ကျွန်မကို ကုတင်ပေါ်တွင် လဲလျောင်းစေပြီး မဝေနှင့် ထိုလူက အခန်းပြင်သို့ ပြန်ထွက်သွားကြသည် … ။

ကလေးတွေ အတွက် ကျွန်မ အနစ်နာခံပြီး ကိုယ်ဝန်ဖျက်ချတာဖြစ်ပေမဲ့ … ကျွန်မလည်း မိခင်တစ်ဦးပါပဲ …ကျွန်မလွယ်ထားရတဲ့ သွေးသားပဲ နှမျောတာပေါ့ရှင် …. ။ ပေါက်တဲ့ နှဖူးတော့ မထူးတော့ပြီမို့ … ကျွန်မလည်း ဖြစ်သမျှ ခံရတော့မည် … ။

ခဏကြာတော့ … ဘီးတပ်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ရေ ာက်လာသည် … သူမဧ။် သွင်ပြင်မှာ မြင်ယုံနှင့်ပင် ဒုကိ္ခတမှန်း သိသာသည်… ။ အေးစက်တောင့်တင်းသော မျက်နှာထားဖြင့် စကားတခွန်းတလေမှ မပြောပဲ … သူလုပ်စရာရ ှိတာ လုပ်တော့သည် … ။

ပထမ သားအိမ်အတွင်းသို့ လက်နှိုက်ကာ ဖဲ့ချွေပစ်သည် … နာလွန်းသော်လည်း ကိုယ့်ဘဝနှင့်ကိုယ်မို့ … ကြိတ်ခံရသည်… ။ စိတ်ကြိုက်နှိုက်ထုတ်ပြီးချိန် … ဒုတိယ အကြိမ်၌ သားအိမ်အတွင်းသို့ .. ကတ်ကြေး အရှည်တမျိုးဖြင့် … ထိုးသွင်းညှပ်ဖြတ်သည်ဟု ခံစားမိသည် … ။   နာရီ ဝက်မျှ စိတ်ကြိုက် ဖျက်ဆီးပြီးချိန်တွင် … သွေးစဆင်းပေတော့သည် … ။

သူဧ။် လုပ်ငန်းပြီးဆုံးပေပြီ … ကြင်နာခြင်း အလျှင်း မရှိသော မျက်လုံးများဖြင့် … ကျွန်မအနားသို့ တိုးကပ်ကာ … နင့်ကလေးကို တော်တော်လေး ဖဲ့ထုတ်လိုက်ရတယ် … ။ ဒီမှာကြည့်ဟုဆိုကာ … ကြောင်ပေါက်အရွယ် ကလေးငယ်ကိုပြသည် … ။ ကလေးငယ်ဟုဆိုသော်လည်း ရုပ်ခန္ဓာမှာ တစီဖဲ့ကြွေခံထားရသဖြင့် အင်္ဂါ မဆုံတော့ပေ… ။

ကျွန်မ …. ကလေးငယ်ကိုကြည့်ရင်း မျက်ရည်များ လှိမ်းဆင်းလာသည် … ။ဖဲ့ကြွေပြီး ဖြစ်နေသော ကျွန်မကလေးဧ။် အစိတ်အပိုင်းများကို ကြည့်ရင်း ကြေကွဲဝမ်းနည်းလာသော်လည်း … အားလုံး အနာဂတ်ကောင်းမွန်အောင် စတေးလိုက်ရတာပါ ။

ဘီးတပ်ကုလားထိုင်ဖြင့် ဒုကိ္ခတ အဖွားကြီး ပြန်ထွက်သွားပြီး မဝေနှင့် ထို လူ အခန်းထဲ ပြန်ဝင်လာသည် … မဝေကတော့ မှိုရသည့်မျက်နှာဖြင့် …

“အားလုံး အဆင်ပြေတယ်မို့လား မိချို …. ”

” ဟုတ်.. ပြေပါတယ် မဝေရယ် .. ဒါပေမဲ့ တဆစ်ဆစ်နဲ့ ကိုက်ခဲနေတယ် … ဆီးစပ်ပက်လည်နဲ့ ခါးကိုက်နေတယ် … ”

” အကိုက်ခဲ ပျောက်ဆေး ဝယ်သောက်လိုက်လျှင် ရပါပြီ … ”

(၁၁)

” ဟဲ့ မိချို ညည်းလည်း ငါတို့ အိမ်ရောက်ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့ပါလား … ”

“ဟုတ်တယ် မစိုးရယ် … ကိုယ်ဝန်ဖျက်ချထားတာ ဒီနေ့နဲ့ ဆို လေးရက်ရှိပြီ … သွေးဆင်းတာ ရပ်သွားပေမဲ့ ကိုက်ခဲနေတုန်းပဲ … ”

“လူက အဖျားလည်း တတ်ချင်တယ် … ”

“ဒါဆိုမဖြစ်ဘူးပဲ မိချိုရယ် နင့်အစ်မကိုခေါ်ပြီး ဆေးခန်းလေးဘာလေး ပြမှနော် … ငါ့သမီးတွေဆို .. ကိုယ်ပူတာနဲ့ ချက်ချင်း ငါဆေးခန်းသွားခိုင်းတာပဲ … ။ ”

” ရန်ကုန်မြို့မှာ ဆေးခန်းခက ဈေးကြီးပါတယ် မမစိုးရယ် ကျွန်မလုပ်ခနဲ့ ဆေးခန်းပြရလျှင် ကျန်မှာတောင် မဟုတ်တော့ဘူး … ဒါနဲ့ မမစိုးပြောသွားတဲ့ စကားထဲမှာ သမီးတွေလို့ပါတယ်နော် … ဒီမှာ နေတာ မမစိုးတို့ လင်မယားပဲ ကျွန်မမြင်ဖူးတာ ပါ … သမီးတွေက ဘယ်မှာနေလဲ … ”

“တုံးလိုက်တာ မ ိချိုရယ် သမီးတွေဆိုတာ … ငါမွေးထားတာတော့ဟုတ်တယ် … ဝမ်းနဲ့ လွယ်မွေးတဲ့ သမီးတွေ မဟုတ်ဘူး … ”

“ဘယ်လို ဘယ်လို … ကျွန်မနားရှုပ်သွားပြီ … ဝမ်းနဲ့ မလွယ်ပဲ မွေးတယ်ဆိုတော ့… မွေးစားသမီးလား … ”

” မိချိုရယ် … နောက်တော့ နင်သိလာလိမ့်မယ် … ကဲ င့ါကို သံပုရာရည် အေးအေးလေး တစ်ခွက်ဖျော်ပေးစမ်းပါဦ း … ”

“ဟုတ်ကဲ ့မမစိုး ခဏနော် ” ဟု ဆိုတာ မိချိုတစ်ယောက် မီးဖိုထဲသို ့ဝင်သွားသည် … ။

14 comments

  • Shwe Ei

    August 31, 2011 at 4:41 pm

    ဘုရားရေ၊ ကြောက်စရာကြီး။ ကလေးက အသက်တောင်ဝင်နေဘီမှတ်တယ်။
    ကလေးအမေဘာဆက်ဖြစ်မှာလဲ သိချင်နေဘီဗျို့။

  • ဆူး

    August 31, 2011 at 7:34 pm

    ဝမ်းနဲ့ လွယ်မွေးထားတဲ့ သမီး မဟုတ်ရင် ကြောင်ပဲ ဖြစ်ရမယ်။

  • မှော်ဆရာ

    August 31, 2011 at 8:00 pm

    အိတုန်ရေ ခင်ဗျားဟာက ရေးပဲ ရေးတတ်တယ်ဗျာ….
    ဝါရင့် စာရေးဆရာမကြီးကျနေတာပဲ
    စိတ်တောင်ညစ်လာပြီ

  • sanaythalay

    August 31, 2011 at 8:39 pm

    ကိုယ်ဝန်ဖျက်ထာကြောက်စရာကြီးဗျာ အစိမ်းလိုက်ကြီး အနော်ဒူးခေါင်းကအနာလေး ထုံဆေးထိုးခွဲထာတောင် ဓါးပေါက်စနလေးကိုကြည့်ရဲဘူး

  • မီးမီး သော်

    August 31, 2011 at 11:25 pm

    မမအိတုံရေ ခုဆိုဘဲ အပိုင်း၄ ရောက်နေပီ ဆက်ဖတ်ချင်အောင်ကိုရေးတတ်လွန်းတယ်။ကလေးလေးသနားပါတယ်။တစစီဖဲ့ခြွေခံရတယ်နော်။ကိုယ်ဝန်က ရှစ်လဆို မမ။တော်တော်နဲ ့ဝေဒနာသက်သာမယ်မထင်ဘူး။သေလောက်တယ်နော်။

    • etone

      September 1, 2011 at 8:48 am

      ကလေးက ရှစ်လမဟုတ်ပါဘူး .. လေးလကိုယ်ဝန်ပါ … ။
      ဆရာဝန်တွေကို လျှောက်မေးထားတာ လေးလဆိုလျှင် ကြောင်ပေါက်အရွယ်လောက်ရှိပြီတဲ့လေ … အင်္ဂါ အစိတ်ပိုင်း အတော်များများ စုံနေပြီလို့လည်းပြောတယ် … ။
      အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချလို့ ဆုံးပါးသွားခဲ့တဲ့… မိသားစုကိုလည်း အစ်ကြည့်ဖူးတယ် …အဲ့ဒီထဲကအတိုင်း နည်းနည်းရောရေးထားတာ …

  • ကြောင်ကြီး

    September 1, 2011 at 8:58 am

    တမီးလေးဒွေ တမီးလေးဒွေ မွေးစားတမီးလေးဒွေ….ဦးကြောင်ရင်မောတယ်ကွယ်၊ တမီးအသစ်လေးရေ လာအုံး အနားကို…။

  • နီလေး

    September 1, 2011 at 9:39 am

    ကြောက်စရာကြီးနော် ကိုယ်ဝန်ဖျက်ချတာက ခုနောက်ပိုင်းကိုယ်ဝန်ဖျက်ချတာ ပိုများလာသလိုပဲ

  • fatty

    September 1, 2011 at 9:41 am

    အင်း … ပိုးဝင်ပြီး ကိုယ်ဝန်ဆိပ်တက်တတ်တယ်နော် …..။ ဒါနဲ့ကြုံလို့ရေးလိုက်အုံးမယ် ဒပ်ဖရင်မှာ
    သူငယ်ချင်းမိန်မကလေးမွေးတော့ … ပစ္စည်းတွေလိုအပ်တာထက်ပိုဝယ်ခိုင်းသလိုဖြစ်နေတယ်။
    အဲဒါကိုမကျေနပ်လို့ဆရာမတွေကိုမေးတာပေါ့ … ဆရာမတွေက ရှင်းပြပါတယ် ..
    ကျမတို့ဆေးရုံမှာ လာမွေးပြီး ကလေးတွေကိုပြစ်ထားခဲ့ကြတယ်။ ပေးထားတဲ့လိပ်စာတွေကလည်းအမှန်မဟုတ်တော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး ဒီကဆရာဆရာမ
    တွေကဘဲကြည့်ရှုစောင့်ရှောက်ထားကြရတယ်။ သူတို့လေးတွေအတွက် အသုံးလိုလို့နဲနဲတတ်နိုင်တဲ့သူဆိုရင် … ပိုတဲ့ပစ္စည်းလေးတွေကို အဲဒီကလေးတွေအတွက်သုံးရတာပါ။
    အရွယ်ရောက်လာရင်တော့ သက်ဆိုင်ရာ မိဘမဲ့ဂေဟာတို့ ဘာတို့ကိုလွှဲပြောင်းပေးရပါတယ်တဲ့။

  • myanpyithar

    September 1, 2011 at 10:59 am

    တကယ်တော့…ဒါလူသတ်မှု့ဘဲ..မိုက်ရိုင်း..ထွားကြိုင်း..ရက်စက်..ယုတ်မာ…ပီပါပုံးလောက်မှဇောက်မနက်
    တောက်….

  • ရွှေအိမ်စည်

    September 1, 2011 at 11:02 am

    အမလေး…..ကြောက်စရာကြီး..ဖတ်ရတာ…
    ကလေးကိုမွေးပြီးရော..ဦးရန်ကနားကထိမ်းမှာဘဲဟာ

  • နွယ်ပင်

    September 1, 2011 at 12:14 pm

    ရေးထားတာ အရမ်းအသက်ပါလွန်းလို့ ကလေး ဖျက်ချတဲ့
    နေရာလေးကို ဖတ်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ
    စိတ်ထဲလဲ သနားလိုက်တယ် ဆက်ရေးပါဦး စောင့်ဖတ်နေတယ်နော် ………

  • စုံ စုံ

    September 1, 2011 at 2:22 pm

    ကလေးဖျက်တာတာကိုဖတ်ရတာတော်တော်ကြောက်ဖို့ကောင်းပါလား
    ခံစားရတဲ့သူလဲမသက်သာ
    ကြားဖူးတာတခုရှိတယ် ဟုတ်မဟုတ်တော့မသိဘူး
    ကလေးမွေးတာနဲ့ဖျက်ချတာနဲ့မှာ ကလေးဖျက်ချတာကပိုအန္တရယ်များတယ်တဲ့

  • etone

    September 1, 2011 at 2:30 pm

    ဟီးဟီး ရှိသမျှ အကြံကုန် ဖောရတာပါ … နည်းနည်း စိတ္တဇဆန်ဆန်လေးတွေ ထည့်ရေးရတာပေါ့ … အိမ်မှောင်နေတာတို့ … ဘီးတပ်ကုလားထိုင်နဲ့တို့ … စိမ်းရွှေရွှေ အနံ့တို့ ဆိုတာ … 😀

Leave a Reply