ပိုင်ရှင်ရှိ ပိုင်ရှင်မဲ့ အမည် သိတာသိ မသိတာမသိ သို့သော်အားလုံးလှ၏။(အပိုင်းတစ်)

အပင်ပေါ်မှာ ပန်းလေးတွေပွင့်နေတာမြင်ရင် ကျနော်က အတော်လေးသဘောကျပါတယ်။
ပန်းခြံထဲမှာဖြစ်ဖြစ် အိမ်ထဲမှာအလှစိုက်တာဖြစ်ဖြစ် လမ်းဘေးက အလေ့ကျပေါက်နေတာဘဲဖြစ်ဖြစ် လှတယ်ဆိုရင် ငေးမောကြည့်တတ်ပါတယ်။
ဒါက နဂါးမောက်ပွင်လို့ခေါ်ပါသတဲ့။

သူကလဲအပင်ပေါ်က နဂါးမောက်ပွင့် သူ့နောက် အဖူးကနေအသီးဖြစ်လာမှာတဲ့
။.
ဒါကတော့ အခုမန်းလေးမှာ ခေတ်စားနေတဲ့ နဂါးမောက်ပွင့် ။အဲဒီအပွင့်ကနေအသီးဖြစ်တာပါ။

ဒီအပွင့်အရင်းကနေ နဂါးမောက်သီးဖြစ်လာမှာပါ။
ဒီအပင်တွေက သူများခြံထဲမှာစိုက်ထားတာလေ။

စစ်ကိုင်းမြို့က ကမ်းနားလမ်း အသွားတာရိုးပေါ်က ငုချယ်ရီ နန္ဒဝန်ရပ်ကွက်အနီးမှာရှိပါတယ်။

ငုနဲ့ချယ်ရီနဲ့စပ်ထားတဲ့အပင်က တော့ လမ်းနံဘေးက ပိုင်ရှင်မဲ့နေတဲ့ပန်း။
ဘယ်သူစိုက်ထားတယ်တော့ မသိဘူး။
မေလ စစ်ကိုင်းမှာရောက်တုံးက လှလို့ရိုက်ထားတာ။
ရွာထဲမှာတော့ တစ်ခါတင်ဘူးတယ်ထင်တာဘဲ။
မန်းလေးကန်တော်ကြီး မမြလေးဘုရားနားမှာရှိတဲ့အပင်လေးပါ။အဝါရောင်အပွင့်လေးတွေက လှမှလှ

အဝါရောင်ပန်းလေး ။
တပွင့်ပန်းလေး အဖြူရောင်ကတော့ စွယ်တော်ဖြူပါတဲ့။
စွယ်တော်ဖြူ ဒါကတော့ ရန်ကုန်က စွယ်တော်သွားတဲ့လမ်းမှာတွေ့ခဲ့တာလေ။

သူကလဲ ရန်ကုန်မှာတွေ့ခဲ့ရတဲ့စွယ်တော်ဖြူ။
အစိမ်းရောင်အရွက်ကြားမှာ အဖြူရောင့်အပွင့်လေးတွေက တွဲလွဲခို။
ရန်ကုန်မြို့တော် ကမ္ဘာအေး မီးရထားကုန်းကျော်နားမှာတွေ့ခဲ့တဲ့ စွယ်တော်ပင်

မိုးကုတ်ရောက်တုန်းက လမ်းဘေးမှာပွင့်နေတဲ့အပင်။
ဘာပင်မှန်းတော့ မသိဘူး။
လှတာနဲ့ လက်ဆော့ထားလိုက်တာ။
မိုးကုတ်မြိုက ပိုင်ရျင်မဲ့ ပန်းနံမယ်လဲမသိဘူး ဒါပေမယ့်လှတယ်လေ

ဒါကတော့ သူများခြံထဲက သစ်ခွ အိမ်အလည်သွားရင်းရိုက်ထားတာပါ။
မျိုးရင်းနံမယ်တော့ မမေးမိဘူး။
သစ်ခွုဆိုတာကတော့ သေချာပါတယ်။
လှပသော သစ်ခွပန်း တယုတယ စိုက်ထားတဲ့ ပိုင်ရှင်ရှိသောပန်းကလေးပေါ့။

တပင်ရွှေထီးတဲ့နော်……………
ဒီပန်းကတော့ ရိုးတံတစ်ခုမှာ အဝါရောင်အပွင့်လေးတစ်ပွင့်ထဲဘဲပွင့်ပါတယ်။
ကျနော်တို့ငယ်ငယ်က ကစားရင်ထိခိုက်မိလို့သွေးထွက်ရင် ဒီအပင်ကအရွက်ကိုကျိတ်ခြေလို့ ညှစ်ထဲ့ပါတယ်။
တကယ်လဲသွေးတိတ်ပါတယ်။
နည်းနည်းတော့စပ်တယ်။
လမ်းဘေးမှာအလေ့ကျပေါက်တဲ့အပင်လေးပါဘဲ။
သူကပေါက်ရင်အစုလိုက်အပုံလိုက်။
နာမယ်အရင်းတော့မသိဘူး တပင်ရွှေထီး လို့ခေါ်တယ် အလေ့ကျပေါက်တဲ့ပန်း

သူကတော့ ပန်းကလေးနှင်းဆီ နီနီရဲ သေချာစိုက်ထားတဲ့ခြံထဲက ပန်းလေးပေါ့။
ချစ်နှင်းဆီလှလှလေး အဖူးလေးတွေတောင်ပါသေးတယ်။

သူကတော့ တပွင့်ထည်းသောနှင်းဆီ။
အရောင်စိုစိုနဲ့ နှင်းဆီပန်း နီနီ

အနီခြင်းတော့ တူပါတယ် သူကတော့ လမ်းဘေးက ပိုင်ရှင်မဲ့သောပန်း။
တပွင့်ထဲလည်းမဟုတ်ပြန်ဘူး။
အစုလိုက်အပြုံလိုက်ပွင့်ကြရှာပါတယ်။
မန္တလေး ကန်တော်ကြီးနံဘေး က စိန်ပန်းနီနီ

မရမ်းရောင်ပန်းကလေး လှမလှတော့ မသိဘူး ပိုးကောင်းလေးကတော့သဘောတွေကျနေတယ်။
သစ်ရွက်စိမ်းစိမ်းပေါ်မှာ ပိုးကောင်စိမ်းစိမ်း သူ့အောက်မှာတော့ မရန်းရောင်ပန်းပွင့်က အရွက်ကြားမှာ

ဒီပန်းပွင့်လေးက အရောင်လှတယ် ပဲပန်းလို့ခေါ်တယ်ထင်ပါရဲ့ ။
သူလဲအလေ့ကျပေါက်တဲ့ပန်း။
အပင်ကြားထဲပုန်းနေတာကို ရိုက်ထားတာပါ။အဘိုးမတန်ပေမယ့်လှပါတယ်။
လမ်းနံဘေးမှအလေ့ကျပေါက်တဲ့ပန်းပါ။
ဆက်လက်ဖော်ပြပါအုံးမယ်နော်။
စောင့်ကြည့်ကြပါ။

21 comments

  • ရွှေဘိုသား

    September 1, 2011 at 7:23 pm

    လေးပေါက် တင်တဲ. စိ်န်ပန်းပင်နဲ. အဝါရောင်နဲ.အသီး အရှည်လေးတွေသီးတဲ.အပင်မြင်မှ
    ငယ်ငယ်ကကျောင်းသားဘဝမှာ တူတူဆော.ခဲ.တဲ. သူငယ်ချင်းတွေကို ပိုသတိရလာတယ်
    ကျေးဇူးပါလေးပေါက် အခုနေလွမ်းလို.သေရင် လေးပေါက် တရားခံနော်
    အဲဒီအဝါပွင်.တဲ. အပင်က အသီး အပြားရှည်လေးတွေက စားလို.ကောင်းတယ်ဗျ စိန်ပန်းသီး လို.ခေါ်တာပဲ
    ကျနော်တို.ဆီမှာတော.

  • ဆူး

    September 1, 2011 at 8:13 pm

    အောက်ဆုံးက အပွင့် ခရမ်းရောင်လေးက ကောက်လှိုင်းတီ မုန့် လုပ်တဲ့ နေရာမှာ ထည့်လုပ်တာလား မသိဘူး။ ကောက်လှိုင်းတီမုန့်က ခရမ်းရောင် ဖြစ်နေတာ သဘာဝ အပွင့်တမျိုးထည့်လုပ်ထားလို့ ခရမ်းရောင် ဖြစ်နေတာပါတဲ့။ အပွင့်ကတော့ အဲဒီ အပွင့်လိုလိုပဲ ကြားဖူးတယ် ဟုတ်မဟုတ် သိတဲ့လူ ဖြေပေးပေါ့။

  • weiwei

    September 1, 2011 at 8:27 pm

    နဂါးမောက်ပင် ၃ ပင် စိုက်ထားတယ် … အပွင့်ပွင့်လာရင် ဓါတ်ပုံရိုက်ပြီး ကြွားအုန်းမယ် …
    ကြုံတုန်းထပ်ကြွားအုန်းမယ် .. ကျွန်မတို့ ခြံထဲမှာ သစ်ခွပန်းမျိုးစုံလဲ ရှိတယ် …
    စိန်ပန်းပင်လဲ ရောင်စုံရှိတယ် … အပွင့်ပွင့်တဲ့အချိန်မှာ ဓါတ်ပုံရိုက်ထားလေ့ရှိပေမယ့် စိတ်ထဲ မလှသေးဘူးချည်းထင်လို့ … အမှတ်တရပဲ သိမ်းထားတယ် ….

  • cobra

    September 1, 2011 at 10:20 pm

    လာလည်လို့ရသလား။
    အပင်ကြည့်မလို့(ကြိုပြောထားတာ)။

  • TTNU

    September 1, 2011 at 10:35 pm

    အပင်တွေ ပန်းတွေ ကို သိပ် စိတ်ဝင်စားပါတယ်။ ကိုပေါက် လက်ရာ တွေကို အမြဲ စောင့်ကြည်ပါမယ်။
    ဒါထက် ပုံကို ကူးယူခွင့် ရှိသလားဟင်။

  • pooch

    September 1, 2011 at 11:01 pm

    ကူးလို့ရတယ် တီချယ်ရဲ့ အနော်ဆို ကူးနေကျ လေးပေါက်က သဘောကောင်းတယ် ( လေးပေါက်အစားဝင်ဖြေပေးတာနော် 🙂 )

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 1, 2011 at 11:23 pm

    လေးလေးရေ
    မျက်လှည့်ဝိုင်းတွေဘာတွေများတွေ့ခဲ့ရင် လုပ်ပါဦး
    ခံစားခြင်လို့ပါ
    ဟို ပတ်ချမ်းချမ်း အကြီးကြီးကို
    ဗျန်းဗျန်းမည်အောင်ရိုက်ပြီး ဆေးရောင်းတာလေ 😀

  • TTNU ရေ
    ပုံတွေကိုနှစ်သက်ရင် ကူးယူခွင့်ရှိပါတယ်။
    စိတ်တိုင်းကျ ကူးယူနိုင်ပါတယ်။
    အားလုံးမြင်စေချင်လို့ ပြန်မျှဝေတဲ့သဘောပါဘဲ၊
    အခြားနေရာမှာ ပြန်ဖော်ပြမယ်ဆိုရင်တော့ ချစ်ခင်ရင်းနှီးစွာနဲ့ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်လေးထည့်ပေးပေါ့နော်။

    ကျနော်ရောက်လေရာရာမှာ ကြုံရင်ပုံတွေရိုက်။
    ပြီးတော့ ပြန်ပြီး မန်လေးဂေဇက်ရယ် ကျနော့် ဖေစ်ဘုတ်ရယ်မှာ ပြန်ပြီးတင်ပေးတတ်ပါတယ်။
    လွတ်လွတ်လပ်လပ်တင်ခွင့်ရတဲ့ မန်းလေးဂေဇက်မှာ အဓိကထားလို့တင်ပါတယ်။
    ပုံတွေက ဟိုရောက် ဒီရောက် အရူးလမ်းလျှောက်သလိုများဖြစ်နေလားတောင်မသိတတ်ဘူးရယ်။

    • windtalker

      September 2, 2011 at 12:31 pm

      ပုံလေး တွေ ကို ကြည့်ရင်း
      ပုံလေး တွေ က
      ကိုယ့်ကို
      တစ်ခုခု လှမ်းပြောနေသလို ပဲ
      အဲဒါ အက် လို ့ခေါ်တယ် မှတ်တယ် နော်

  • နည်ရဲဇော်

    September 2, 2011 at 10:24 am

    စစ်ကိုင်းက ငုချယ်ရီဆိုတဲ့ပန်းကို အရမ်းသဘောကျတယ်။ မိုးကုတ်မြို့ကပိုင်ရှင်မဲ့ပန်းက စက္ကူပန်း ဖြစ်မယ်ထင်တယ်နော်

  • pan pan

    September 2, 2011 at 10:27 am

    အရောင်စိုစိုနဲ့ နှင်းဆီပန်းနီနီက အရမ်းလှတာပဲ
    ဝေါပေပါလုပ်ချင်လို့ ပုံတွေကူးသွားပါတယ် လေးပေါက်ရေ….. 🙂

  • စုံ စုံ

    September 2, 2011 at 10:38 am

    ငုချယ်ရီအပင်လေးကိုအရောင်လေးကော
    အပွင့်တွေပွင့်နေတဲ့ပုံပါသဘောကျတယ်လေးပေါက်ရေ
    ကျန်တဲ့ပန်းတွေလဲတမျိုးစီအလှရှိတာဘဲ
    တန်းဖိုးရှိရှိမရှိရှိပန်းတွေမှာရှိတဲ့အလှတန်ဖိုးကတော့အတူတူလို့ထင်တာဘဲ

  • မီးမီး သော်

    September 2, 2011 at 10:50 am

    အလှကြိုက်တဲ့ကိုပေါက်ရေ ကူးယူသွားပီနော်။အရမ်းလှတယ်နော်။

  • mnoe

    September 2, 2011 at 12:01 pm

    ကိုပေါက်ရဲ့ ရှုခင်းပုံလေးတွေ မြင်ရရင် စိတ်ကြည်နူးသွားတာပဲ။ “မန္တလေး ကန်တော်ကြီးနံဘေး က စိန်ပန်းနီနီ” လေး ယူသွားတယ်နော်။ ဘယ်မှာမှတင်ဖို့တော့မဟုတ်ပါဘူး ကြိုက်လို့။ ကိုပေါက်ဓာတ်ပုံတွေထဲမှာ အဲဒီပုံလေးရယ် ညနေဘက် လှေကလေး (ငှက်လို့ခေါ်လားမသိ) တွေနဲ့ ရိုက်ထားတဲ့ပုံလေး သဘောအကျဆုံးပဲ။ အဲပုံလေးက မကူးထားလိုက်မိလို့ နှမျောနေမိတယ်။ တော်တော်ကြာသွားပြီဆိုတော့ မရှိလောက်တော့ဘူးထင်တယ်။ ခုလို သဘာဝအလှအပလေးတွေ တင်ပြပေးတဲ့ ကိုပေါက်ကို ကျေးဇူးတင်ပါတယ်။ အမောပြေတယ်။ မဝေလဲ ပန်းချစ်ပုံရတယ်၊ အဆင်ပြေရင် မဝေစိုက်ထားတဲ့ ပန်းလေးတွေ တင်ပေးပါဦးနော်။ ကျေးဇူးပါ။

  • နွယ်ပင်

    September 2, 2011 at 12:36 pm

    လောက်လောက်ပေး ပုံလေးတွေ သဘောကျလို့ ကူးယူသွားပါတယ်
    မန္တလေး ကန်တော်ကြီးနံဘေး က စိန်ပန်းနီနီ ပုံလေးကိုတော့ အကြိုက်ဆုံးပဲ ….

  • moonpoem

    September 2, 2011 at 12:52 pm

    လေးပေါက်က တော်တော် ကဗျာတော့ ဆန်သားနော်။ ဓာတ်ပုံရိုက်တာ လှတယ်ဗျ။

    • etone

      September 2, 2011 at 4:55 pm

      လူကလည်း ကဗျာဆန်ပြီး သဘောကောင်းမနောကောင်းပါနော် ဟဲဟဲ … ။ 😛

  • manawphyulay

    September 2, 2011 at 1:30 pm

    အကုန်လှတယ်လေးပေါက်ရေ…. မိုးကုတ်က ပန်းက စက္ကူပန်းရုံလို့မြင်မိပါတယ်ရှင်။ ဟုတ်ပါသလား။

  • char too lan

    September 2, 2011 at 4:08 pm

    နဂါးမောက်သီးအကြောင်း နဲ့ ပုံတွေ ဒီထက့်ပိုပီးသိချင်တယ်
    ပီးတော့ အခုပုံက အိမ်မှာစိုက်ထားတဲ့ ပုံလား စိုက်လို့ဖြစ်တဲ့ အမျိုးလား ???

  • ဟုတ်ပါတယ် မိတ်ဆွေတစ်ယောက်ရဲ့ခြံထဲမှာစိုက်ထားတာပါ။
    အကိုင်းချိုးပြိးစိုက်တာနဲ့အပင်ဖြစ်ပါသတဲ့။
    သူက စင်ပေါ်တင်စိုက်ရတာပါတဲ့။
    လက်တွေ့စိုက်ထားတဲ့ ဝမေမေကိုမေးလေကွာ။

  • ကဲ မဝေရေ
    သူများခြံက နဂါးမောက် က ပွင့်တာနဲ့ကြုံလို့ တင်ပေးလိုက်ပြီနော်။
    မဝေခြံကပွင့်ရင်လဲ ထပ်တင်ပေအုံးနော်။
    မဝေက ကိုယ့် အပင်
    ကျနော်က အငှားနဲ့ကြွားတာလေ။

Leave a Reply