လှုပ်ရှားသက်ဝင်ပန်းချီ (Along the River During the Qingming Festival)

zoeSeptember 5, 20116min24214

့ထိုင်ပေ မှာပြသ နေတဲ့ လှုပ်ရှားသက်ဝင်ပန်းချီ  (  Along the River During the Qingming Festival)《清明上河圖》 ကို သွား ရောက် လေ့လာ ခဲ့ ပါ တယ် ။ ၁၂ရာစု တရုပ်ပြည် မြောက်ပိုင်း စုန့် မင်းဆက် (Northern Song) (ခရစ်သက္ကရာဇ် ၉၆၀- ၁၁၂၇) Northern_Song  နန်းတွင်းပန်းချီဆရာ  Zhang Zeduan ( 張擇端) (ခရစ်သက္ကရာဇ်  ၁၀၈၅-၁၁၄၅) Zhang_Zeduan ရဲ့ ၁ဝနှစ်အချိန်ယူ ရေးဆွဲထားတဲ့ ပန်းချီ တကား ထဲ ကိုပြသ ထား တာ ဖြစ် ပါတယ် ။  ဒီပန်းချီကား ကို  River of wisdom လို့လည်းခေါ်ပါတယ် ။

ဒီပန်းချီကား ဟာ ပေါ်ပြူလာဖြစ်လွန်းလို့ ခေတ်အဆက်ဆက် ကော်ပီ အမျိုးမျိုးရှိ ခဲ့ပါ တယ် ။ထိုင်ဝမ် The National Palace Museum , Taipei National_Palace_Museumပြ တိုက် ကတော့  ချင်း မင်းဆက် (Qing Dynasty)(ခရစ်သက္ကရာဇ်   ၁၆၄၄-၁၉၁၂ )   Qing_Dynasty   က ပန်းချီ အကျော်အ မော် ၅ဦး ရေး ဆွဲထား တဲ့  version (fig.2) ပါ ။ အခု ပြပွဲ က အော်ရီဂျင်နယ် စုန့် မင်းဆက်ပန်းချီ ( fig.1)  ( The Palace Museum, BeijingThe_Palace_Museum ပြတိုက်က ပါ ။  မင် မင်းဆက် (Ming Dynasty) (ခရစ်သက္ကရာဇ်  ၁၃၆၈-၁၆၄၄)   Ming_Dynasty  မှာ လည်း ပန်းချီ အကျော်အမော် တွေ ရေးဆွဲခဲ့ တဲ့    version ရှိပါတယ် ။ ဒီမှာ မဖော်ပြတော့ပါ ။

fig.1 (Song Dynasty) 528cm x24.8 cm The Palace Museum, Beijing

 

fig.2 (Qing Dynasty) 1152cmx 35.6cm The National Palace Museum, Taipei

မူရင်းပန်းချီ ကားရဲ့ ထူးခြားချက် က  အမြင့် 24.8cm x  အလျှား 528 cm (9.8in. x 208.1 in) ရှိပြီး ရှေး နှစ်ပေါင်း ၉၀ဝ ကျော် က   စုန့် မင်းဆက် မြို့တော် Bianjing, ယ ခု Kaifeng.မြို့ဟောင်း  ( သန်းခေါင် စာရင်း အရ လူဦးရည် ၁၅သိန်း )  မှလူအလွှာစုံ ရောင်းဝယ် ဖောက်ကား နေထိုင် မှူ ကို ကျေးလက် ၊ မြို့တော်  နဲ့ ဈေးဆိုင်ကမ်းနား ကို မြစ် ကမ်းနား တ လျှောက် မြင် ရ ပုံကို ပန်းချီ တကား ထဲ မှာ ပဲ ပေါ်လွင်အောင် အသေးစိတ် ချယ်မှုန်း ထားတာ ဖြစ် ပါ တယ် ။ ပန်းချီ ကား ထဲမှာ လူပေါင်း ၈၁၄ယောတ် ၊ တိရစ္ဆာန် အ ကောင် ၆ဝ ၊ လှေသင်္ဘော ၂၈ စင်း ၊ အိမ် နဲ့ဆိုင် အလုံး ၃ဝ ၊ မြင်းရထား ယာဉ် ၂ဝ ၊ နဲ့သစ်ပင် ပေါင်း ၁၇ဝ ကို ထည့် သွင်း ရေးဆွဲ ထား ပါတယ် ။

ဒီ မူရင်းပန်းချီကားကို အဆပေါင်း ၃ဝ ချဲ့ ပြီးဒစ်ဂျစ်တာ ကွန်ပြူတာ နည်းပညာ (3D digital computerized animation ) နဲ ရုပ်ရှင် ပြစက် ၁၂ လုံး တပြိုင်နက်  မီးမောင်းထိုး အသုံးပြုပြီးအသံပါ   အပါအဝင် ့ လှုပ်ရှားအသက်ဝင် အောင်ဖန် တီးထား ပါ တယ် ။  လှုပ်ရှားသက်ဝင်ပန်းချီ  ကား ကတော့ အမြင့် ၆ မီတာ ၊ အလျှား ၁၁ဝ မီတာ ရှိ ပြီး မနက် နဲ့ည  ဆိုပြီး ခွဲ ထား တယ် ။  ၄မိနစ် တကြိမ် လှုပ်ရှား မှု အစမှ ပြန်စ  ပြ ပါတယ် ။ မနက် အခန်းမှာ လူ ၆၉၁ဦး နဲ့ ညခန်း မှာ ၃၇ရ ဦး  လှုပ်ရှား နေပါတယ် ။

ဒီ လှုပ်ရှားသက်ဝင်ပန်းချီ ကို ၂၀၁ဝ Shanghai Expo နဲ့  ၊ ဟောင်ကောင် တရုပ် အုပ်ချုပ် မှု ၁ဝနှစ် အထိမ်းအမှတ် ပွဲ ၊ တွေမှာ ပြသ ခဲ့ဘူးပါတယ် ။ အခု ထိုင်ဝမ်မှာ ပြတာ တတိယ အကြိမ်မြောက်  ပြတာဖြစ်ပါတယ် ။

ဒီပန်းချီပြပွဲ ကို ပန်းပြပွဲ Flora Expoတည်နေရာ  Expo Dome အဆောက်အဦး ထဲမှာ  ဇူလိုင် ၁ ရက် မှ စက်တင်ဘာ ၄ရက် အ တွင်း နေ့စဉ် နံနက် ၉နာရီ ကည ၉နာရီ အတွင်း ပြသတာ ဖြစ် ပါ တယ် ။ ဝင်ကြေး အများပြည်သူ ၂၂ဝ ထိုင်ဝမ် ဒေါ်လာ ၊ ကျောင်းသား/သူ ဆရာ/မ ၂၀ဝ ၊ လူ၃ဝ အထက်  လက်မှတ် ၁၈၀၊ ၉၀  အောက် နဲ့ မသန်မစွမ်း နဲ့စောင့်ရှောက်သူ တဦး အခမဲ့ ဖြစ်ပါတယ် ။ Audio  ခွေငှါး ရမ်း ခ ၁၀ဝ ။ အထူးနှုန်း ၂ဝ ။   ပြခန်းထဲမှာ flash မပါပဲ ဓာတ်ပုံရိုက်ခွင့်ပြုတယ် ။

MRT  စီး ပြီး Yuan Shan station ရွမ်စန်း မှတ်တိုင် မှာဆင်းပါ တယ် ။ ဂိတ် အမှတ် (၁) ထွက်လိုက် တာ နဲ့ ညာဖက် မှာ  Flora Expo  — Expo Domeကိုတွေ့ ရပါ တယ် ။

ပြခန်းထဲမှာ ပန်းချီကား မူရင်း ကို မှန်ဘောင် နံရံ ထဲ ပြ ထား ပါ တယ် ။  ပန်းချီကား အကြီး ချဲ့ထားတဲ့ ပုံ န ဲ့   audio ခွေ က တဆင့် အပိုင်းအလိုက် ရှင်းလင်းချက် ကိုနားထောင်လို့ရပါတယ် ။နောက်ပြီး  ပန်းချီဆရာ ကြီးရဲ့ကိုယ်ရေး အကျဉ်း ၊  အဲ့ဒီ ခေတ် လူတန်းစား အ လွှာ အသီးသီး ဝတ်စား ဆင်ရင် ပုံ ကိုလည်းပြ ထားပါတယ် ။

MRT ပေါ်ကသတိပေး စာတန်းပါ
ဂိတ် အမှတ် (၁)
ပြပွဲပိုစတာ
ပြပွဲပိုစတာ
Sponsor ပေးတဲ့ အသင်းအဖွဲ့များ

မလှုပ်ရှားရသေးတဲ့ ပန်းချီ ကား ကို  youtube ပေါ်မှာလဲကြည့်လို့ရပါတယ် ။

watch?v=mU1hEKa77dI&feature=results_video&playnext=1&list=PLFC704D9DDD3B1CF8

object>

 

 

 

အဓိက ပြကွက်က တော့ လှုပ်ရှားသက်ဝင်ပန်းချီ Digital versionပေါ့ ။

လှုပ်ရှား ကွက်ပေါင်း ၁၆ကွက် ထဲ က စိတ်ဝင်စား ဖို့ အ ကောင်း ဆုံး ၂ကွက် ကို ဗီဒီရို တင် ထား ပါတယ် ။

 

DSCF2069 video (1) အိမ်အပြန် မြို့အဝင်လမ်း

ဒီ ဗီဒီရို မှာ ဝေးရပ်မြေ ှ ကုန်ရောင်း ကုန်ဝယ် မှ အိမ် ပြန် လာတဲ့ ကုန်သည်ကြီး နဲ့သူ့ရဲ့ ကုလားအုပ် ၆ကောင်  ဟာ မြို့ရိုး တံခါး ပေါက်ကို ဖြတ်သန်း နေတာ မြင်ရပါမယ် ။

ကုလားအုပ် နဲ့ကုန်ရောင်း ကုန်ဝယ် သွား တာ ဆိုတော့ ဘယ်လို ဒေသ အထိ ပေါက် ခဲ့တာကို ခန့်မှန်းလို့ ရပါတယ် ။ Silk Road အတိုင်းကုန်ရောင်းကုန်ဝယ် ကအပြန် ကုလားအုပ် ကုန် သည် အဖွဲ့ဖြစ်နိုင်ပါတယ် ။

 

DSCF2061 video (2) တိုက်မိ တော့မယ်  သတိထား ဗျို့

ဒီဗီဒီရို ထဲ မှာ တံတား အောက် က လှေ ဖြတ်နေတုံး ရွက်တိုင်  အချိန်မှီ သိမ်းဖို့ ပြင်ဆင် နေပုံ တံတားပေါ် က ကြည့်နေသူများကလည်း အားပေး သတိ ပေးနေပုံ  သဲထိတ်ရင်ဖို မြင် နိုင် ပါတယ် ။ ဒီတံတား ကို သက်တန့်တံတား Rainbow Bridge (虹橋 Hong Qiao) လို့ခေါ်ပါတယ် ။

အပြည့်အစုံ ကိုတော့   youtube video  မှာကြည့်နိုင်ပါတယ် ။  ဗီဒီရို ထဲ မှာ ကလေး များဆော့ ကစား နေပုံ ၊ ဝေါနဲ့ခရီး သွား နေပုံ ၊ လှေသမားများ လှုပ်ရှားမှု၊ ဆိပ်ကမ်း ကုန်စည်ကုန်ချ၊ လက်သမား လှုပ်ရှားမှု၊  ဗေဒင်ဆရာ ၊ ဆေးဆရာ ၊ မြင်းလှည်းသမား ၊ ရေတွင်း တွင် ရေငင် နေပုံ၊ လိုင်စင်ရ အရက်ဆိုင်၊ မြင်း ရပ်နားရာနေရာ၊ အမွှေးနံ့သာ ဆိုင် ၊ စသဖြင့် မြင်နိုင်ပါတယ် ။  ညခန်း မှာ လှေသမား များ အနားယူ အရက်သောက်  အရက်မူးပြီး သီချင်း အော်ဟစ်ဆို နေတာ ၊ မြစ်ထဲ ဆီမီးခွက် မျှောနေတာ လည်း တွေ့ ပါတယ် ။

watch?v=FeK0DYHLWgE&feature=related

 

 

 

watch?v=-VVmorJVE98&feature=BFa&list=PLFC704D9DDD3B1CF8&lf=results_video

watch?v=-VVmorJVE98&feature=related

 

 

အမှတ်တရ ပစ္စည်း အရောင်း ဆိုင်

 

အပန်းဖြေရအောင်
MRT နဘေးမှလမ်းဘေး အနုပညာရှင်

 

Windows media system ဗိဒီရို  ကို ပုံသေဓာတ်ပုံ မပြောင်းတတ် လို့ ပြခန်း ထဲမှာရိုက် ခဲ့တဲ့ ပုံတွေ ကို မတင် နိုင်သေး ပါ ။ ဒါနဲ့ပဲ ကျေနပ်ပါ ။ 🙁

၅နာရီ အချိန် ယူ တဝကြီးကြည့် ပြီး   ထုံးစံအတိုင်း အမှတ်တရ ပစ္စည်း ဝယ် ၊ ice-cream နဲ့အပန်းဖြေ ၊ လမ်းဘေး saxophone jazz တေးဂီတ နားထောင် ၊ MRT စီး ပြီးပြန် ပါတယ် ။  😀 😀

 


 

ကိုးကားခရက်ဒစ်လင့် ခ

Along_the_River_During_the_Qingming_Festival

wisdom_river_01.htm

c_scroll.htm

14 comments

  • koyinmaung

    September 5, 2011 at 9:12 am

    တော်တော်စိတ်ဝင်စားဘို့ကောင်းပါတယ်
    ခုလိုဆိုက်ပေါ်တင်ပေးတာ
    ကျေးဇူးတင်ပါတယ်……
    video လေးတွေကူးကြည့်သွားပါတယ်…

    • zoe

      September 7, 2011 at 9:24 am

      နောက် လဲ ကောင်းတယ် လို့ထင် တာ လေးတွေ ဝေမျှသွားပါမယ် ။

  • manawphyulay

    September 5, 2011 at 10:09 am

    ပန်းချီကားက ဆေးရေးလည်းမဟုတ် ဘာပန်းချီကားလဲဟင်… တော်တော်တော့ အသက်ဝင်တယ်။ ဗီဒီယိုကတော့ မြန်မာမှာ ဖွင့်လို့မရလို့ မမြင်ရဘူးဖြစ်နေတယ်ရှင်.. 🙁

    • zoe

      September 5, 2011 at 10:23 am

      ဟုတ်တယ် ၊ ဒါကြောင့် ရိုက်ခဲ့တဲ့ ဗီဒီရို ကို ဓာတ်ပုံ ပြန်ပြောင်းတင် ချင်နေတာ ။ 🙁 မလုပ်တတ်လို့ ။ ကြိုးစားကြည့်ပါအုန်း မယ် ။ ရွာသား/ သူ ထဲက နည်းပညာ သိရင်ပြောပြပါ အုန်း ။ ကျေးဇူးတင်ပါ တယ် ။

  • MaMa

    September 5, 2011 at 4:30 pm

    ဗွီဒီယိုကို ကြည့်ပြီး အရမ်းသဘောကျတယ်။ အံ့မခန်းပါပဲ။ ဘယ်လို ဘယ်လိုများ ရေးဆွဲထားပါလိမ့်။ ဝင်ကြေးကလည်း ရှယ်ပဲ။

  • ကြောင်ကြီး

    September 6, 2011 at 11:39 am

    ဇိုးနှမ
    အချိုးမကျ
    နိုးထကာ
    နားရက်မှာ
    အိပ်မယ်တော့မကြံ
    ဟိတ်ကယ်ဟန်နဲ့
    ပန်းချီပွဲ
    သွားဆင်နွှဲတယ်
    ငါးနာရီတောင်ကြာ…။

    သက်ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေက ပန်းချီကားရဲ့ အနုပညာလက်ရာကို ပိုမိုဆွဲမက်စေပါတယ်။ တခုသိချင်တာ ဒုတိယပုံ တံတားသည် အုတ် သို့မဟုတ် ကျောက်တုံးနဲ့ လုပ်ထားပုံပေါ်လို့ အဲဒီတရုပ်ရှေးဟောင်းခေတ်မှာ အောက်ခံတိုင်မထောင်ဘဲနဲ့ အလွတ် ကျောက်တံတားအခုံး ဘယ်လိုဆောက်သလဲ ဆိုတာပါ။ သိရင် ဖြေပေးပါအုံး။ ပုံအရဆို ဆလှေကြီးတောင် ဖြတ်သွားနိုင်လို့ တံတားအသေးလေးလဲ ဟုတ်မယ်မထင်။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းမြင်ရလို့ ကျေးဇူးတင်ပါတယ်။

    • zoe

      September 7, 2011 at 9:05 am

      ကဗျာ လေးကကောင်းလိုက်တာ ။ 🙂
      ဒီ တံတား က ဝါးနဲ့သစ် တံတား လို့ဖတ်လိုက်ရတယ် ။ အဲ့ဒီ တံတားမျိုး နမူနာ model ပြန်ဆောက် ထားတဲ့ အဆင့်ဆင့်ကို ဒီ လင့်ခ မှာ ကြည့်နိုင်တယ် ။ ပန်းချီထဲကတံတားထက် တော့ သေးတာပေါ့ လေ ။

      http://www.pbs.org/wgbh/nova/lostempires/china/builds.html

  • nozomi

    September 6, 2011 at 12:05 pm

    ပန်းချီကားလေးက စိတ်ဝင်စားဘို့ကောင်းတယ် ၊ကျေးဇူးတင်ပါတယ်
    နောက်လဲ ဒါမျိုးလေးတွေ တင်ပေးပါဦးနော
    ထိုင်ဝမ်မှာ မြန်မာတွေတော်တော်ရှိတယ် ကြားတယ် သံရုံး အဆက်အသွယ်မရှိတော့ ဘယ်လို ဗီဇာယူကြလဲ မသိဘူး၊ နိုင်ငံသား ခံယူခွင့်တွေရော ဘယ်လိုရှိလဲ အလုပ်အကိုင် အခွင့်အလမ်း တွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတ လေးတွေပါ အဆင်ပြေရင် ပို့စ် တင်ပေးပါ လို့ တောင်းဆိုချင်ပါတယ် စိတ်ဝင်စားလို့ပါ
    ( တစ်ခါ က ထိုင်ဝမ်က မြန်မာ တင်ထားတဲ့ ဘလော့ တစ်ခုမှာ ဖတ်ဖူးတာ အလုပ်အင်တာဗျူးအတွက် သွားတော့ အင်္ဂလိပ်စာ ပြောတတ်လား ပြောတတ်တယ် ဆိုတော့ အေ၊ဘီ၊စီ၊ ဒီ ဆိုခိုင်းတယ် ဆိုတာလေး ဖတ်ရလ်ို့..)

    • zoe

      September 7, 2011 at 9:22 am

      ဗီစာ ကဘန်ကောက်မှာ လုပ်ရ လို့ကရိကထများ ပါတယ် ။ ဥပဒေနဲ့ထိမ်းချုပ်ထားတာများပါတယ် ။ ကြုံရင် ရေးပါမယ် ။

  • kai

    September 7, 2011 at 2:24 pm

    မြန်မာပြည်ရဲ့ ပုဂံခေတ်.. ပုဂံမြို့ရဲ့. လှုပ်ရှားသက်ဝင်ပန်းချီကားတကဒ်လောက် ကြည့်ချင်လိုက်တာ..။
    ပြောရရင်.. “လှုပ်ရှားသက်ဝင်ပန်းချီ” ဆိုတဲ့စကားလုံးတွဲလေးက.. တော်တော်ကဗျာဆန်တာပဲ.။ 🙂

  • Kyaemon

    September 9, 2011 at 3:01 am

    Zoe

    Awesome! Painstaking. Good narration and research with a personal touch.

    Thank you.

    Like you, I have “Windows” computers. I could not load pictures with them. At least, I don’t know how.

    Then, my relative asked me to buy an “Imac” Apple computer. It cost a lot more. He showed me how to take pictures with it. There is a “capture” program in this Apple computer. This might be one way to overcome your loading problem.

    Meanwhile, if agreeable with you, I can do “supplemental postings” on this “Animated Chinese Painting topic” with pictures and continue your excellent work for our villagers.

    ————————————————-

    Below is an email I received about the Animated Chinese Painting:

    “If you have never seen it before, it is worth seeing! Enjoy. . .

    This painting is a Chinese National Treasure which was displayed at the Chinese Pavillion for six months during the 2010 Shanghai Expo. with extra long line of people waiting (usually 3 or more hours). After the Expo, it was sent to Hong Kong for a one month display. Now you have the chance to see it in the comfort of your own home and don’t have to fight the crowds.

    For those who had seen it either in Shanghai or HK, sit back and enjoy it one more time. The original painting was done centuries ago and have been reproduced in the following dynasties by famous artists due to its enormity and popularity.

    The motion of the people are just so natural that it is hard to believe this painting is hundreds of years old.

    http://news.xinhuanet.com/english2010/photo/2010-11/08/c_13597003.htm

    Animated version:
    http://www.youtube.com/watch?v=UdRIbCP4N4Q

  • zoe

    September 9, 2011 at 8:38 am

    Please, please do the supplementary postings. I’d be heartfelt grateful and love this contributions, so that the topic is more complete .No need to get permission, you are just being too courteous .
    Can see the climax of the ship near bumping with the bridge at 04:40..

Leave a Reply