ကျေုာက်ဆည်မြို့ ရေကြီးခြင်း

thihayarzarAugust 31, 20111min894
Image0113

မန်းတလေးတိုင်း ကျောက်ဆည်မြို့မှ ရပ်ကွက်များတွင် ရေကြီးမှုများ ဖြစ်ပွားနေပါတယ် … အဆိုးဆုံးကတော့ ကြက်မင်းတွန် ရပ်ကွက်ဖြစ်ပါတယ် …. ထို့နောက် ရဲစု၊ တံတားလည်၊ ဆူးကုန်း နှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများမှာလည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပါတယ် ….. ၂၈ ရက်နေ့မှာ ကြက်မင်းတွန် ရပ်ကွက်အတွင်းသို့ ဇော်ဂျီမြစ်အတွင်းမှ ရေများ ဘောင်ကျိုးကာ ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပါတယ် … မိုးကများတော့ ကြိုတင်သတိပေးမှုတွေ ရရှိခဲ့ပါတယ် … လူသေတာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး …. ရေက ၂၇  ရက်နေ့ညမှာ တဖြည်းဖြည်းခြင်း တက်လာတာဖြစ်ပါတယ် …. မိုးတွင်းဆိုလျှင် ရေကြီးရေလျှံ မှုတွေကို နှစ်တိုင်းလိုလို ကြုံတွေ့နေရတဲ့ ကြက်မင်းတွန်၊ တံတားလည် ရပ်ကွက်တွေကတော့ မဆန်းတော့ပါဘူး …. ရေကမကျပဲဆက်လက် တက်နေပါတယ် … တစ်ချို့နေရာတွေဆိုလျှင် လူတစ်ရပ်တောင် မြုပ်ပါတယ် …. ရေဘေးဒုက္ခသည်များကို ကုန်းမြင့်များ ဘုန်းကြီးကျောင်းများ ဘုရားများအတွင်းမှာ ယာယီစခန်းများဖြင့် နေထိုင်စေပါတယ် …. မန်းတလေးတိုင်း ဝန်ကြီး ဦးရဲမြင့်မှ ရေဘေးဒုက္ခသည်များ ကိုယ်တိုင်လာရောက်ပြီး ကြက်မင်းတွန် ဘုန်းကြီးကျောင်း အတွင်းမှာ ဆန်များ ကူညီခဲ့ပါတယ် …. ဇော်မိတ် မိသားစုမှလည်း တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် နှင့် တစ်ခြားပစ္စည်းများ လာရောက်လှူဒါန်းသွားပါတယ် … ဖောင်ရွာ၊ရွာသစ် ရပ်ကွက် အတွင်းမှာ ရှိတဲ့ အသောကရာဇာဆွမ်းလောင်းအသင်းမှ လူငယ်လေးများကလည်း ၂၈.၈.၂၀၁၁ မှာ ထမင်းထုပ် ၄၀၀၊ ၂၉.၈.၂၀၁၁ မှာ ထမင်းထုပ် ၇၀ဝ နှင့် ၃၁.၈.၂၀၁၁ မှာ ထမင်းထုပ် ၆၀ဝ တို့ကို ရေမြုပ်နေသောရပ်ကွက်များအတွင်းသို့ ဝင်ရောက်ဝေဌ ခဲ့ပါတယ်… ထို့နောက် ကျောက်ဆည်မြို့မှ မင်းမင်းနိုင် ဆိုင်ကယ်ကားပစ္စည်း အပိုဆိုင် ၊ နေလသုခ ပွဲရုံ ၊ မြဘုရင် နို့ချက်စက်ရုံ၊ မြင့်သန်းဓာက်ပုံ နှင့် မြို့သူမြို့သားများမှလည်း ရေဘေးဒုက္ခသည်များကို ကူညီလှူဒါန်းခဲ့ကြပါတယ် ….

4 comments

  • mgmglusoe

    August 31, 2011 at 11:17 pm

    ကူညီသမှု ပြုကြသူငါ သာဓု ခေါ်ပါသည်ဗျာ…. တစ်ကယ် ဒုက္ခရောက်နေကြတဲ့ ဒုုက္ခသည်တွေကို ကူညီပေး
    ရတာ မွန်မြတ်လှတဲ့ ကုသိုလ် ထူး ကုသိုလ်မြတ် ပါ…

  • ဆူး

    August 31, 2011 at 11:24 pm

    ရေကြီးတာ ဒူးလောက် ပေါင်လောက်ပဲ ထင်ထားတာ လူတရပ်ကျော်တယ် ဆိုတော့ လုံးဝ နေလို့ မရနိုင်တဲ့ အနေအထားမျိုးပဲ.. လူတွေ တော်တော် ဒုက္ခရောက်ကြမှာပဲ။
    စေတနာရှင် ပြည်သူတွေ လှူဒါန်းတာတွေ ဒီလိုပဲ တင်တင်ပေးတော့ အများပြည်သူလည်း သိရပြီး မုဒိတာ ပွားလို့ ရတာပေါ့။
    နောက်ထပ် ထူးခြား သတင်းများကိုလည်း ကြိုဆိုပါတယ်။

  • pan pan

    September 1, 2011 at 9:07 am

    ကျွန်မတို့ရွာတော့ နှစ်စဉ် ဝါဆိုဝါခေါင်ဆို ဧရာဝတီမြစ်ရေတက်လို့ ရေကြီးတယ်
    ရွာကအိမ်တွေက အောက်ထပ်ကို တံခါးတွေအရှင်လုပ်ထားတာ
    ရေကြီးရင် ဖြုတ်လိုက်ကြတယ်
    လူတွေရော ပစ္စည်းတွေရော အိမ်ပေါ်ထပ်မှာပဲပေ့ါ
    တံခါးတွေဖြုတ်၊ ကဲလားတွေဖြုတ် ဆိုတော့ အိမ်က ခြေတံရှည်အိမ်ပုံစံ ဖြစ်သွားရော
    နွားတွေကိုတော့ နွားကုန်းပေါ်မှာထားတယ်
    အိမ်တိုင်း နွားကုန်းရှိတယ်
    အစာကျွေးချင်ရင် လှေနဲ့သွားကျွေးတာ

  • thihayarzar

    September 7, 2011 at 3:34 pm

    ကျောက်ဆည်မှာ ရေပြန်တက်နေပါသည် ….၆ ရက်နေ့က ရေတွေပြန်ကျပြီး ညမှာ ပြန်တက်လာတယ် ….. အရင်ကထက်ကိုပိုပြီးတော့များတယ် …… တစ်ချို့ဆို အိမ်သန့်ရှင်းရေးတွေတောင်ပြန်လုပ်နေကြပြီ …. အစိုးမရပါဘူး …. အားလုံးပဲသတိထားကြဖို့ပါ……

Leave a Reply