ကျွန်တော်ဒီနေ့မြို့ထဲကိုဝယ်စရာလေးရှိလို့ သွားဝယ်ပြီးပြန်တော့ Taxi ကားငှားပြီးကားပေါ်တက်ထိုင်လိုက်တယ်
မိုးလေးဖွဲဖွဲရွာလို့မှန်ပြတင်းကိုအနည်းငယ်တင်ပြီး အတွင်းဘက်အနည်းငယ်ရွှေ့ထိုင်လိုက်တော့
ကားကူူရှင် အခင်းပြားအောက်ကတစ်ခုခု ကိုစမ်းမိ၍ကြည့်လိုက်တော့ ဖုန်းတစ်လုံးဖြစ်နေတယ် ….
ကျွန်တော်ကကားသမားကိုပေးမလို့လုပ်နေစဉ် ခေါင်းထဲကိုအတွေးတစ်ခုဝင်၍ မပေးဖြစ်တော့ပါ
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါကယုဇနပလာဇာရှေ့မှာ ကားရပ်စောင့်နေရင်း ကားသမားအချင်းချင်းက
ဟေ့ကောင်မင်းဒီနေ့ခိုင်သွားတယ်ဆို… ဟုတ်တယ်ဒါပေမဲ့လေးပုလင်းပဲပေးတယ် အဲကျွန်တော်ကလဲကားအားလားဆိုတော့ အားပါတယ်အကိုဆိုကာကားပေါ်တက်ပြီး ပြန်ခဲ့တယ် ဒါနဲ့ကားသမားအားဒီနေ့ကားဆွဲကောင်းနေတာပေါ့ လို့မေးလိုက်တယ်
ကားသမားကလည်းမဟုတ်ပါဘူး အကိုကြီးရာဒီနေ့ကားပေါ်မှာဖုန်းတစ်လုံးကျန်ခဲ့လို့
အဲဒါကပ်ဖြုတ်ပြီးပလာဇာပေါ်တက်ရောင်းလိုက်တာလေးသောင်းရတယ်… ကျွန်တော်ကဟာဘာဖြစ်လို့ပိုင်ရှင်ကိုပြန်မပေးတာလို့ မေးတော့ဟိုတစ်ခါကအဲလိုအပေးကောင်းလို့ရဲစခန်း ရောက်ပြီးပြီ
ဆိုကာဆက်ရှင်းပြတယ် အရင်တစ်ခါတုန်းကဖုန်းသွားပြန်ပေးတာ
သူ့ဖုန်းခိုးပါတယ်ဟုစွပ်စွဲကာညင်းကြရင်းရဲစခန်းရောက်သွားကြောင်း ပြောပြသည်။…
ပြီးတော့စေတနာမထားတော့ပါဘူးကိုယ်ပစ္စည်းကိုဂရုမှမစိုက်ပဲ
ပေးရင်ပြသနာရှင်းရနဲ့အခုလိုရောင်းစားလိုက်အေးရောဘာမှမရှုပ်တော့ဘူး။… ဟုဆိုကာရယ်နေတော့သည်…. အမှန်အတိုင်းပြောရရင်စိတ်ထဲကသိပ်ဘဝင်မကျဘူး…. ဒါပေမဲ့ဘာပြောလို့ရမှာလဲ… ကဲဒီတစ်ခါငါ့အလှည့် ဘယ်လိုလုပ်ရမလဲတွေးနေရင်းဖုန်းဖွင့်ကြည့်တော့ကောင်မလေးပုံ ဘယ်သူဘယ်ဝါကိုယ်မှမသိတာ ဒါနဲ့သူနောက်ဆုံးခေါ်ခဲ့တဲ့ဖုန်းနံပါတ်လေးကိုနှိပ်ပြီးမေးကြည့်မယ်ပေါ့ဆိုကာခေါ်လိုက်တာ ပြဿနာတက်ပါလေရောဗျာ….
ဒီလိုဗျ ပထမခေါ်လိုက်တော့အမျိုးသမီးတစ်ယောက်အသံနဲ့ပြန်ဖြေတော့ ကျွန်တော်ကမေးလိုက်တယ်
ဒီဖုန်းနံပါတ်ကိုကိုင်တဲ့ကောင်မလေးကိုသိလားလို့ အမျိုးသမီးကဘယ်ဖုန်းလဲ… အခုဆက်တဲ့ဖုန်း…. ဘာဖြစ်လို့လဲ …. ဖုန်းက Taxi ပေါ်မှာကျန်ခဲ့လို့ ပြန်ပေးမလို့ ပိုင်ရှင်ကိုဆက်သွယ်ပေးပါလား… သူကပြန်မေးတယ်ဒီဖုန်းနံပါတ်ဘယ်ကရတာလဲ… အော်…. ဒီကောင်မလေးနောက်ဆုံးခေါ်ထားတဲ့နံပါတ်မို့ဆက်လိုက်တာပါ…. သူမသိဘူး
သူ့အမျိုးသားရေချိုးနေလို့ပြီးရင်ပြန်ဆက်ခိုင်းလိုက်မယ်ဟုဆိုကာဖုန်းချသွားတယ်…..
ကျွန်တော်လည်းအိမ်ပြန်ရောက်တော့ ဖုန်းမြည်၍ ဟုတ်ပြီငါလိပ်စာပေးပြီးလာယူခိုင်းမယ်ဟု…
ဟယ်လိုတောင်မဆုံးသေးဘူး
မင်းကဘာကောင်လည်းဒီဖုန်းနံပါတ်ကိုဘယ်တုန်းကမှငါမဆက်ဘူး ငါသိလဲမသိဘူး မင်းပြောတဲ့ကောင်မလေးလဲငါမသိဘူး ရှုပ်ရှုပ်ယှက်ယှက်နဲ့ဘာကောင်တွေမှန်းကိုမသိဘူး နောက်ဒီဖုန်းကိုလုံးဝမဆက်နဲ့…
ဟုပြောချင်ရာပြောပြီးဖုန်းချသွားတယ်…ကျွန်တော်လည်းဘာမှပြန်မပြောနိုင်ပဲ အသားလွတ်ဟောက်ခံထိသွားတယ်… နောက်ကျွန်တော်လည်းဘယ်ဖုန်းမှထပ်မဆက်တော့ပဲ
သူဖုန်းပျောက်မှန်းသိရင်ဆက်လာမှာပဲဆိုကာနေလိုက်တော့တယ်….
နောက်နာရီဝက်လောက်နေမှကောင်မလေးကဖုန်းဆက်ကာ သူမဖုန်းဖြစ်ကြောင်း ဘယ်မှာလာယူ၍ရမလဲဟုဆိုကာဖုန်းဆက်သဖြင့်ကျွန်တော်လည်းဘယ်တွင်လာယူပါဟု လိပ်စာပေးလိုက်တယ်… ခဏနေကောင်မလေးနှင့်အဖော်တစ်ယောက်ရောက်လာတယ်… ကျွန်တော်ကဒီဖုန်းနံပါတ်ကိုဆက်ပြီးအကြောင်းကြားတာ
အဲဒီလိုတွေအကောခံရတယ်… တစ်ကယ်မသိတာလားဟုမေးတော့… ကောင်မလေးကရယ်ပြီးဒီဖုန်းကိုသူပဲဝယ်ပေးတာ
တောင်းပန်ပါတယ်ဖုန်းပြန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုအစရှိသ၍ပြောပြသည် ကျွန်တော်ကလဲဖုန်းကိုပြန်စစ်၍ယူခိုင်းကာနောက်ထပ်နည်းနည်းသိလိုသမျှမေးကာပြန်ခိုင်းလိုက်တယ်… သူ့အခေါ်ဘိုးတော်ဆိုတဲ့ငနဲငါနဲ့တော့တွေ့ပြီဟု…ဒါပေမဲ့မကောင်းပါဘူးလေဆိုကာစိတ်ကိုရှော့၍နေလိုက်တော့တယ် …

ကျွန်တော်ကကားသမားကိုမပေးတာသူ၏ဖုန်းမဟုတ်၍ပါ။
ဟိုကားသမားကရောရောင်းစားတာအပြစ်ဖြစ်နေမလား။
ပြန်ပေး၍အကောခံ၊ကျေးဇူးအတင်ခံရပါသည်။
သတိ/
ဆပွန်စာပေးသူများအိမ်ပိုင်မှဂေါ်လီလုပ်ပါ…..
ဖုန်းကိုင်သူများကိုယ့်ဖုန်းကိုကိုယ်ဂရုစိုက်ပါ…..
အခန့်မသင့်ရင်ပလာဇာပေါ်ရောက်နိုင်လို့ပါ……
ကောက်ရ၍ပြန်ပေးမည့်သူများသူအဆက်ကိုစောင့်ပါ…..
ရဲစခန်းရောက်နိုင်လို့ပါ……
အဟောက်ခံနိုင်လို့ပါ……..

About Shwe Myine Thar

has written 6 post in this Website..