ကျွန်တော်နှင့်…..ဖုန်း…..

Shwe Myine TharSeptember 1, 20111min28320

ကျွန်တော်ဒီနေ့မြို့ထဲကိုဝယ်စရာလေးရှိလို့ သွားဝယ်ပြီးပြန်တော့ Taxi ကားငှားပြီးကားပေါ်တက်ထိုင်လိုက်တယ်
မိုးလေးဖွဲဖွဲရွာလို့မှန်ပြတင်းကိုအနည်းငယ်တင်ပြီး အတွင်းဘက်အနည်းငယ်ရွှေ့ထိုင်လိုက်တော့
ကားကူူရှင် အခင်းပြားအောက်ကတစ်ခုခု ကိုစမ်းမိ၍ကြည့်လိုက်တော့ ဖုန်းတစ်လုံးဖြစ်နေတယ် ….
ကျွန်တော်ကကားသမားကိုပေးမလို့လုပ်နေစဉ် ခေါင်းထဲကိုအတွေးတစ်ခုဝင်၍ မပေးဖြစ်တော့ပါ
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါကယုဇနပလာဇာရှေ့မှာ ကားရပ်စောင့်နေရင်း ကားသမားအချင်းချင်းက
ဟေ့ကောင်မင်းဒီနေ့ခိုင်သွားတယ်ဆို… ဟုတ်တယ်ဒါပေမဲ့လေးပုလင်းပဲပေးတယ် အဲကျွန်တော်ကလဲကားအားလားဆိုတော့ အားပါတယ်အကိုဆိုကာကားပေါ်တက်ပြီး ပြန်ခဲ့တယ် ဒါနဲ့ကားသမားအားဒီနေ့ကားဆွဲကောင်းနေတာပေါ့ လို့မေးလိုက်တယ်
ကားသမားကလည်းမဟုတ်ပါဘူး အကိုကြီးရာဒီနေ့ကားပေါ်မှာဖုန်းတစ်လုံးကျန်ခဲ့လို့
အဲဒါကပ်ဖြုတ်ပြီးပလာဇာပေါ်တက်ရောင်းလိုက်တာလေးသောင်းရတယ်… ကျွန်တော်ကဟာဘာဖြစ်လို့ပိုင်ရှင်ကိုပြန်မပေးတာလို့ မေးတော့ဟိုတစ်ခါကအဲလိုအပေးကောင်းလို့ရဲစခန်း ရောက်ပြီးပြီ
ဆိုကာဆက်ရှင်းပြတယ် အရင်တစ်ခါတုန်းကဖုန်းသွားပြန်ပေးတာ
သူ့ဖုန်းခိုးပါတယ်ဟုစွပ်စွဲကာညင်းကြရင်းရဲစခန်းရောက်သွားကြောင်း ပြောပြသည်။…
ပြီးတော့စေတနာမထားတော့ပါဘူးကိုယ်ပစ္စည်းကိုဂရုမှမစိုက်ပဲ
ပေးရင်ပြသနာရှင်းရနဲ့အခုလိုရောင်းစားလိုက်အေးရောဘာမှမရှုပ်တော့ဘူး။… ဟုဆိုကာရယ်နေတော့သည်…. အမှန်အတိုင်းပြောရရင်စိတ်ထဲကသိပ်ဘဝင်မကျဘူး…. ဒါပေမဲ့ဘာပြောလို့ရမှာလဲ… ကဲဒီတစ်ခါငါ့အလှည့် ဘယ်လိုလုပ်ရမလဲတွေးနေရင်းဖုန်းဖွင့်ကြည့်တော့ကောင်မလေးပုံ ဘယ်သူဘယ်ဝါကိုယ်မှမသိတာ ဒါနဲ့သူနောက်ဆုံးခေါ်ခဲ့တဲ့ဖုန်းနံပါတ်လေးကိုနှိပ်ပြီးမေးကြည့်မယ်ပေါ့ဆိုကာခေါ်လိုက်တာ ပြဿနာတက်ပါလေရောဗျာ….
ဒီလိုဗျ ပထမခေါ်လိုက်တော့အမျိုးသမီးတစ်ယောက်အသံနဲ့ပြန်ဖြေတော့ ကျွန်တော်ကမေးလိုက်တယ်
ဒီဖုန်းနံပါတ်ကိုကိုင်တဲ့ကောင်မလေးကိုသိလားလို့ အမျိုးသမီးကဘယ်ဖုန်းလဲ… အခုဆက်တဲ့ဖုန်း…. ဘာဖြစ်လို့လဲ …. ဖုန်းက Taxi ပေါ်မှာကျန်ခဲ့လို့ ပြန်ပေးမလို့ ပိုင်ရှင်ကိုဆက်သွယ်ပေးပါလား… သူကပြန်မေးတယ်ဒီဖုန်းနံပါတ်ဘယ်ကရတာလဲ… အော်…. ဒီကောင်မလေးနောက်ဆုံးခေါ်ထားတဲ့နံပါတ်မို့ဆက်လိုက်တာပါ…. သူမသိဘူး
သူ့အမျိုးသားရေချိုးနေလို့ပြီးရင်ပြန်ဆက်ခိုင်းလိုက်မယ်ဟုဆိုကာဖုန်းချသွားတယ်…..
ကျွန်တော်လည်းအိမ်ပြန်ရောက်တော့ ဖုန်းမြည်၍ ဟုတ်ပြီငါလိပ်စာပေးပြီးလာယူခိုင်းမယ်ဟု…
ဟယ်လိုတောင်မဆုံးသေးဘူး
မင်းကဘာကောင်လည်းဒီဖုန်းနံပါတ်ကိုဘယ်တုန်းကမှငါမဆက်ဘူး ငါသိလဲမသိဘူး မင်းပြောတဲ့ကောင်မလေးလဲငါမသိဘူး ရှုပ်ရှုပ်ယှက်ယှက်နဲ့ဘာကောင်တွေမှန်းကိုမသိဘူး နောက်ဒီဖုန်းကိုလုံးဝမဆက်နဲ့…
ဟုပြောချင်ရာပြောပြီးဖုန်းချသွားတယ်…ကျွန်တော်လည်းဘာမှပြန်မပြောနိုင်ပဲ အသားလွတ်ဟောက်ခံထိသွားတယ်… နောက်ကျွန်တော်လည်းဘယ်ဖုန်းမှထပ်မဆက်တော့ပဲ
သူဖုန်းပျောက်မှန်းသိရင်ဆက်လာမှာပဲဆိုကာနေလိုက်တော့တယ်….
နောက်နာရီဝက်လောက်နေမှကောင်မလေးကဖုန်းဆက်ကာ သူမဖုန်းဖြစ်ကြောင်း ဘယ်မှာလာယူ၍ရမလဲဟုဆိုကာဖုန်းဆက်သဖြင့်ကျွန်တော်လည်းဘယ်တွင်လာယူပါဟု လိပ်စာပေးလိုက်တယ်… ခဏနေကောင်မလေးနှင့်အဖော်တစ်ယောက်ရောက်လာတယ်… ကျွန်တော်ကဒီဖုန်းနံပါတ်ကိုဆက်ပြီးအကြောင်းကြားတာ
အဲဒီလိုတွေအကောခံရတယ်… တစ်ကယ်မသိတာလားဟုမေးတော့… ကောင်မလေးကရယ်ပြီးဒီဖုန်းကိုသူပဲဝယ်ပေးတာ
တောင်းပန်ပါတယ်ဖုန်းပြန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုအစရှိသ၍ပြောပြသည် ကျွန်တော်ကလဲဖုန်းကိုပြန်စစ်၍ယူခိုင်းကာနောက်ထပ်နည်းနည်းသိလိုသမျှမေးကာပြန်ခိုင်းလိုက်တယ်… သူ့အခေါ်ဘိုးတော်ဆိုတဲ့ငနဲငါနဲ့တော့တွေ့ပြီဟု…ဒါပေမဲ့မကောင်းပါဘူးလေဆိုကာစိတ်ကိုရှော့၍နေလိုက်တော့တယ် …

ကျွန်တော်ကကားသမားကိုမပေးတာသူ၏ဖုန်းမဟုတ်၍ပါ။
ဟိုကားသမားကရောရောင်းစားတာအပြစ်ဖြစ်နေမလား။
ပြန်ပေး၍အကောခံ၊ကျေးဇူးအတင်ခံရပါသည်။
သတိ/
ဆပွန်စာပေးသူများအိမ်ပိုင်မှဂေါ်လီလုပ်ပါ…..
ဖုန်းကိုင်သူများကိုယ့်ဖုန်းကိုကိုယ်ဂရုစိုက်ပါ…..
အခန့်မသင့်ရင်ပလာဇာပေါ်ရောက်နိုင်လို့ပါ……
ကောက်ရ၍ပြန်ပေးမည့်သူများသူအဆက်ကိုစောင့်ပါ…..
ရဲစခန်းရောက်နိုင်လို့ပါ……
အဟောက်ခံနိုင်လို့ပါ……..

20 comments

  • minthakhin

    September 1, 2011 at 1:33 am

    ဝါး ဟား ဟား ဟား (Shwe Myine Thar ကိုဘာမှတ်ချက်ပေးရမှန်းတော့မသိဘူး။ အဖြစ်အပျက်လေးကိုမျက်စိထဲ မြင်ယောင်ပြီးဘဲ ရယ်ချင်သွားလို ့ဗျာ)။
    ဟီး ဟီး ဟီး

  • kai

    September 1, 2011 at 6:05 am

    ဘာပြောရမှန်းတောင်မသိတေ့ာဘူး..။
    သေချာတာကတော့.. မြန်မာ့လူနေမှုအသိုင်းအဝိုင်းက… စံနစ်တကျနဲ့ကို.. ပျက်စီးနေပြီဆိုတာပါပဲ..။

    အခု ပြကွက်လေးမှာတင်.. ပျက်စီးနေတဲ့.. လူမှုဆက်ဆံရေးပုံသဏ္ဍန် တွေတွေ့နေရတယ်..။

    • ကြောင်ကြီး

      September 1, 2011 at 9:06 am

      သူပဲ အစတုန်းကတော့ မြှောက်ပေးထားပြီး ဘာအခုမှ စနစ်တကျနဲ့ ပျက်စီး….
      ဘာမှမကြောက်ကြနဲ့ ဆက်ချီတက်ကြ၊ လွတ်လပ်စွာ လိင်ကိစ္စ ကာမဂုဏ်အာရုံ ခံစားကြ၊ ဆယ်ကျော်သက် ၁၈နှစ်မပြည့်ခင် ကဲထားကြ၊ စည်းဘောင်မထားနဲ့၊ ဖေါ်ကြလှော်ကြ ပြိုင်ကြဆိုင်ကြ၊ မတတ်နိုင်ရင် စပွန်ဆာရှာ လုပ်ကြ… ပေးသူရှိတုန်း ယူမထားရင် အဟောသိကံဖြစ်မယ်…..။

      • pooch

        September 1, 2011 at 10:08 pm

        ဟုတ်ပ အဲ့ဒီ သူကြီး မြှောက်ပေးတုန်းက ပေးပြီး အခုမှ ပျက်စီးတယ်လေး ဘာလေးနဲ့ 🙂
        ပြောတော့လည်း ပြောတဲ့ သူပဲ အမုန်းခံရတာ.. 🙁

        • kai

          September 1, 2011 at 11:08 pm

          ကျုပ်ပြောပြလိုတဲ့ထဲ.. လိင်ကိစ္စ..တခုမှမပါပါဘူး..။
          အဲဒီမိန်းကလေး ပျက်စီးနေတယ်လည်း.. မပြောလိုက်ရပါလား…။

          အပေါ်ကဇတ်လမ်းအရ .. အဓိကဇတ်ကောင်တွေခွဲထုတ်ပြမယ်..
          ၁) ဖုံးရောင်းစားတဲ့ ကားသမားရယ်..
          ၂) ရဲစခန်းရယ်..။
          ၂) ဇတ်လမ်းပြောတဲ့.. ကျနော်ရယ်..
          ၃) အိမ်ထောင်ရှိတဲ့ အမျိုးသားတယောက်ရယ်..
          ၄) အဲဒီအမျိုးသားရဲ့ မိန်းမရယ်..
          ၅) ဖုံးပိုင်ရှင် မိန်းကလေးရယ်…

          အဲဒီထဲ… ဘယ်သူက.. လူ့အသိုင်းအဝိုင်းကို ဖျက်စီးနေသလည်း.. ပျက်စီးနေသလည်း..။???

          ( မူရင်း ပို့စ်တင်သူကို.. ထိခိုက်လိုရင်းမရှိ..
          ဆွေးနွေးရအောင် အများသိအောင် ပြောပြတာနဲ့တင် တာဝန်ကျေသူလို့ သတ်မှတ်ထားတာမို့ပါ) 🙂

        • Foreign Resident

          September 2, 2011 at 3:53 am

          “ဖုံးရောင်းစားတဲ့ ကားသမား” is a cheater.

  • pan pan

    September 1, 2011 at 9:24 am

    သူ့နေရာနဲ့သူ ပျက်စီးကုန်ကြပြီ
    ဟိုဘိုးတော်လည်း သိရဲ့သားနဲ့ လွှတ်ငြင်းတာ ရယ်စရာကြီး
    ကိုယ်တွေလည်း မတော်တဆများ ဖုန်းလေးကောက်ရရင် သူ့ဘက်ကဆက်သွယ်တာပဲ စောင့်တော့မယ်
    အစွပ်စွဲခံရရင်လည်း ဒုက္ခ
    တော်ပါပြီ
    ဖုန်းမကောက်ရပါစေနဲ့တော့

  • တညင်သား

    September 1, 2011 at 9:29 am

    အခုလို ဓုတ်ခ ခံ ကူညီလိုက်သော Shwe Myine Thar ကို ဂုံယူပါ တယ်ဗျာ ……….တကယ်ပါနော်

  • Shwe Ei

    September 1, 2011 at 9:59 am

    ကျွန်မဖုန်း တက်ကစီပေါ်မှာ ကျန်ခဲ့တုန်းက ကူရှင်ကြားထဲကနေ ဟိုးအောက်ထိပြုတ်ကျသွားတာ။ ကားဆရာက အင်ဂျင်တလုံးတင်စရာရှိလို့ ကူရှင်လှန်လိုက်မှ ပြန်တွေ့တာ။ ပျောက်နေတာ တပတ်တောင်ကြာသွားတယ်။ ဆုံးပြီထင်နေတုန်း အငယ်မလေးဖုန်းကို ပြန်ခေါ်ပြီး အိမ်ထိလာပေးတယ်။ ကျေးဇူးတင်လွန်းလို့ ပိုက်ဆံပေးတာတောင် သူကပြန်ပြီးအားနာနေလို့ ယူဖို့ မနည်းပြောရတယ်။ စေတနာနဲ့ကူညီတာ ဒွတ်ခရောက်ခဲပါတယ် ရွှေမြိုင်သားရေ။ Fighting!

  • စုံ စုံ

    September 1, 2011 at 9:59 am

    shwe myine thar ရယ်ကြုံလဲကြုံတတ်ပါပေ့
    တခါလဲကျမတက်စီပေါ်မှာဖုန်းပါသွားဘူးတယ်
    သိသိချင်းလှမ်းဆက်တော့ကားသမားတွေ့လို့ယူထားတာ
    ဒါပေမယ့်ကားသမားကစိတ်ကောင်းရှိတယ်
    ချက်ချင်းပြန်လာပေးတယ်
    ကျေးဇူးတင်လို့တခုခုကျွေးပါ့မယ်ဆိုတာတောင်ရပါတယ်မစားတော့ပါဘူးတဲ့
    အဲ့လိုကားသမားတွေလဲရှိသေးတယ်နော်

  • zoe

    September 1, 2011 at 10:39 am

    ဒီ မှာက ကိုယ့် phone ပျောက်ရင် မြန်မြန ်SIM card disable လုပ်ရတယ် ။ နို့မို့ရင် မသမာတဲ့သူ ကောက်ရလို့ ကောင်းကောင်း အသုံးချ လိုက်ရင် phone-bill သောင်းချီကျသွားမယ် ။ ပြန်ပေး လို့ အဟောက်ခံ ရတာ ပြန် ကော ပစ်လိုက် ပေါ့ ဖုန်းထဲ မှာပဲ ဟိဟိ ။ 😛

  • နီလေး

    September 1, 2011 at 10:48 am

    ဖုန်းကောက်မရတတ်တဲ့ကိုယ့်ကံကိုပဲ ကျေးဇူးတင်ရတော့မယ် ရှဲရှဲနီ

  • ဂျဲသု

    September 1, 2011 at 12:29 pm

    တင်ပြပုံကောင်းလွန်းလိုက်တာဗျာ

  • မီးမီး သော်

    September 1, 2011 at 12:36 pm

    ဖုန်းကိုင်တာ မပျောက်အောင် သတိထားမှဘဲ။တောင်ထင်မြောက်ထင် ထင်ခံရနိုင်ပါလားနော်။

  • Shwe Myine Thar

    September 1, 2011 at 2:49 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ……
    ကျွန်တော်ဆိုလိုတာက ကားဆရာအားလုံးကိုမဟုတ်ပါဘူး ……

  • sirhtut

    September 1, 2011 at 3:24 pm

    မနှစ်က..Japanသွားလည်တုန်းက..ကျွန်တော.မိတ်ဆွေတစ်ဦး(မြန်မာ)..အဖြစ်အပျက်လေး..တစ်ခု..ဝေမျှပါရစေ..၊၎င်းကိုင်သော..TX9(SONY CAMERA../New Model../Size အားဖြင်…ရင်ဘတ်အိပ်ကပ်တွင်..ထည်.လျှင်..မမြင်နိုင်ပါ) Amusement Park တစ်ခုတွင်..ကျပျောက်သွားတော. Information Center သို.သွားအကြောင်းကြားပြီး..စိတ်မကောင်းစွာဖြင်. ..လေးနာရီကြာလည်ပတ်..ပြီးနောက်..အပြန်..Information Center..သို.ထပ်မံစုံစမ်းရာ..Camera အမျိုးအစားနှင်.အရောင်..မေးမြန်းပြီး..ကျွန်တော.မိတ်ဆွေ၏..Cameraအား..ထုတ်ပေးခဲ.ပါသည်။ဖွက်ရန်လွယ်သော..ဈေးကြီးသော(အဲ.ဒီအချိန်က)..Cameraလေးအား..Visitorတစ်ယောက်က..Information Centerသို. လာအပ်သွား..ခြင်းဖြစ်ပါသည်။ကျွန်တော်တို.အလွန်ပျော်သွားကြပါသည်။

  • etone

    September 1, 2011 at 3:43 pm

    အဲ့ဒါပြောတာလေ… ကူညီချင်တဲ့လူက ဒေါသထွက်ရတယ် ..TAXI ဆွဲတဲ့လူလို ရောင်းစားလိုက်အေးရော … 😛 😛 😛

    • Foreign Resident

      September 2, 2011 at 3:56 am

      Dear E Tone,
      If you don’t want to help it by your self,
      then, simply report & give it to Police Station.

    • Foreign Resident

      September 2, 2011 at 3:57 am

      But,
      If you sold it for your benefit, ” ရောင်းစားလိုက်အေးရော ”
      Then, you will become thief.

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 1, 2011 at 6:13 pm

    ငါလဲလိုချင်လိုက်တာ
    စပွန်ဆာလေးဘာလေးရှိပေါ့မလား
    ပြောရင်းဆိုရင်း ငါပိုင်းလုံးကြီးဖြစ်သွားပီ

Leave a Reply