ဦးစံရှားနှင့် ရွှေဒင်္ဂါး

ဂ်ဲသုSeptember 1, 20111min13911

မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ဦးစံရှားဟာ  Foreign Resident ညွှန်တဲ့ လမ်းအတိုင်း weiwei နဲ့ TTCG တို.ဆောင်းပေးလိုက်တဲ့ ဦးထုပ်ဖြူ ကြီးဆောင်းပြီး ဆားပုလင်းနှင်းမောင် ၊ ရှေ့နေကြီးပယ်ရီမေဆင်တို.နဲ. အတူ ခရီးထွက်လာပါပြီ။  ရိက္ခာ အဖြစ် ဦးစံရှားမှာ မုန့်ဆီကြော်  ၅ခု ပါလာပါတယ်။ဆားပုလင်းနှင်းမောင်မှာတော့ သုံးခုပဲပါလာပါတယ်၊ ရှေ့နေကြီးမှာတော့ စားစရာ ပါမလာပါဘူး။ ဒီလိုနဲ့ တူတူသွားတဲ့ လမ်းတလျှောက် မုန့်ဆီကြော်တစ်ခု လူသူံးယောက် အညီအမျှ ခွဲဝေပြီး တစ်နေ.တစ်ခု စားလာလိုက်တာ ရှစ်ရက်မြောက်နေ.မှာ မုန့်အားလုံးကုန်သွားပါတယ်။ ရှေ့နေကြီး ကသူစားလာခဲ့တဲ့ မုန့်တွေအတွက်  အဖိုးအခအဖြစ်  ရွှေဒင်္ဂါး ရှစ်ပြား ထုတ်ပေးလိုက်ပါတယ်။ ဒါပေမယ့်ရှေ့နေကြီးက  ဒီရွှေဒင်္ဂါးရှစ် ပြားကို မင်းတို.နှစ်ယောက် တရားမျှတစွာ ခွဲယူလိုက်ပါ။ တရားမျှတစွာ ခွဲဝေ မယူနိုင်ဘူးဆိုရင် တော့ ငါရွှေဒင်္ဂါးတွေကို ပြန်ယူမယ်လို.ပြောလိုက်ပါတယ်။ ကဲသူတို.နှစ်ယောက် ရွှေဒင်္ဂါးတွေ ဘယ်လိုခွဲဝေယူ ရမှာလဲ။ မျှမျှတတလေး ခွဲဝေပေးကြပါဦး။

11 comments

  • ဂျဲသု

    September 1, 2011 at 10:56 am

    သိပ်မခက်တဲ့ ဉာဏ်စမ်းလေးပါ။ ဉာဏ်ကြီး ရှင်ရွာသားတွေက လွယ်လွန်းလို. အပြစ်တင်မှာတောင် စိုးမိပါတယ်။

  • weiwei

    September 1, 2011 at 11:21 am

    ဦးစံရှားက ၆ ပြားယူပြီး ဆားပုလင်းနှင်းမောင်က ၂ ပြား ယူရပါမယ် …

    • weiwei

      September 1, 2011 at 11:23 am

      ဖြေမိတာ သိပ်စောသွားလို့ စဉ်းစားပုံလေးကို သူများတွေ မန်းလို့ရအောင် ချန်ထားပေးလိုက်တယ်နော် …
      မှားတယ်ဆိုရင်တော့ ထောက်ပြပေးပါ …

    • ဂျဲသု

      September 1, 2011 at 12:17 pm

      သိပ်ပြီး တရားမျှတမှုမရှိသေးပါဘူး weiwei

      • weiwei

        September 1, 2011 at 1:17 pm

        ဒီနေ့ တွတ်ပီဖြစ်သွားပြီ ..
        ယနေ့ ကံမကောင်းပါလား .. 🙂 🙂 🙂

  • မှော်ဆရာ

    September 1, 2011 at 11:27 am

    မဝေဝေ ရဲ့ လျှို့ဝှက်ချက်ကို သိချင်လိုက်တာ….
    အင်း …….
    အိုဗာတင်းပဲ ဖြစ်မှာပါ… (ထင်ရတာပဲလေ )
    အရပ်ရှည်ပြီး ညဏ်ထက်ဖို့ …အိုဗာတင်းကို နေ့စဉ်သောက်ကြစို့…

  • minthakhin

    September 1, 2011 at 12:17 pm

    ဦးစံရှားက ရ ပြား၊ ဆားပုလင်းနှင်းမောင်က ၁ ပြား

    • ဂျဲသု

      September 1, 2011 at 2:09 pm

      အားလုံးလက်ခံနိုင်အောင် ရှင်းပြပေးပါဦး minthakhin။

  • ဂျဲသု

    September 1, 2011 at 12:22 pm

    minthakhin ကျေးဇူးနဲ့ ဦးစံရှားတော့ သူဌေးဖြစ်ပြီဗျို.။

  • minthakhin

    September 1, 2011 at 12:29 pm

    ဆောရီး အဖြေကဒီလိုပါ။
    (၈) ရက်အတွက် မုန် ့က ၂၄ ပိုင်းမှာ ဦးစံရှားမုန် ့က ၁၅ ပိုင်းပါပါတယ်။ ဆားပုလင်းနှင်းမောင်က ၉ ပိုင်းပါပါတယ်။ ၈ ရက်စာအတွက်သူတို ့စားတဲ့မုန် ့အပိုင်းကိုနှုတ်ရင် ကျန်တဲ့အပိုင်းကို ရှေ ့နေကြီးကစားရသလိုဖြစ်သွားပါတယ်။ အဲဒီတော့ ဦးစံရှားဆီက ရ ပိုင်းနဲ ့ ဆားပုလင်းနှင်းမောင်ဆီက ၁ ပိုင်းပါ။

  • မီးမီး သော်

    September 1, 2011 at 12:31 pm

    တွေ ့တယ်နော်။ငါကွ။အသုံးကိုမကျဘူး။သူများတွေဖြေပြီးမှ ရောက်လာလို ့။ဘယ်ချိန်ကဘဲ စောင့်ဖြေနေကြပါလိမ့်နော်။စိတ်တိုလာပီ။

Leave a Reply