ကျုပ်တို့မြို့ပြက ဘောင်ဝင်တယ်

suekhatminMay 13, 20101min1043

အလွမ်းများ ပြေမလား လို့ ..
နေပူကျဲတဲ လမ်းလျှောက်ထွက်ကြည့်တယ် ။
ဓာတ်ဆားရည် သောက်ကြည့်တယ် ။
ယပ်တောင် တဖျတ်ဖျတ် ခတ်ကြည့်တယ် ။
မျက်တောင် တဖျတ်ဖျတ် ခတ်ကြည့်တယ် ။
ဓာတ်ဆားရည်သောက်ပြီး ယပ်တောင်ခတ်ကြည့်တယ် ။
မျက်တောင်ခတ်ရင်း နေပူကျဲတဲ လမ်းလျှောက်ထွက်ကြည့်တယ် ။
အဲကွန်းမဖွင့်တဲ့ ကားကို ၂၀ဝ ပေးပြီး စီးကြည့်တယ် ။
ဘယ်စီးစီး ၂၀ဝ ဆိုတော့လည်း
ယပ်တောင် တဖျတ်ဖျတ်ခတ်ပြီး အဲကွန်းမဖွင့်တဲ့ကားကို
မျက်တောင်တဖျတ်ဖျတ်ခတ် စီးကြည့်တယ် ။
ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး ရေးထားတဲ့ ကဗျာ ။
ဖတ်လိုက်ရတဲ့လူတိုင်းက မျက်တောင်တဖျတ်ဖျတ်ခတ် လို့ ။
ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်သူတွေ
ဖျတ်လို့ ၊ ခတ်လို့ ။
ဖျက်လို့ ၊ ခက်လို့ ။
ဖျက်ဖို့မလွယ်ဘူး ။ ခက်လို့ မလွယ်ဘူး ။
အင်တာနက်ဆိုင်ထဲ ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း
ချက်ကြ ၊ ပြုကြ ။
အင်တာနက်ဆိုင်ထဲ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း
ဖျက်ကြ ၊ ပြုကြ ။
အပူလှိုင်းဒဏ်သင့် ပြည်သူတွေ
ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း
သုံးရက်တစ်ခါ ရေချိုးကြ ။
မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဘုံဘိုင်ခေါင်းကို
မျှော်လင့်တကြီး ထိုင်ကြည့်ကြ ။
မီးစက်သံ တထောင်းထောင်းနဲ့ ရန်ကုန်ရဲ ့
အငွေ ့အသက်ကို ရှူရင်း
ယပ်တောင် တဖျတ်ဖျတ် ခတ်
မျက်တောင် တဖျတ်ဖျတ် ခတ် ။

ဆူးခက်မင်း

3 comments

  • banban

    May 13, 2010 at 7:59 am

    ယပ်တောင် တဖျတ်ဖျတ် ခတ် ….မျက်တောင် တဖျတ်ဖျတ် ခတ် ပီး ဖတ်နေပါသည်။

  • susunosuki

    May 16, 2010 at 4:58 am

    ကောင်းတယ်ဗျာ
    ဖတ်ရတာကိုက အရသာတစ်မျိုးပဲ
    မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြီး ဖတ်ရတယ်

  • windtalker

    October 28, 2011 at 8:29 pm

    အင်တာနက် ဆိုင်ထဲမှာတော့ ယပ်တောင် တဖျတ်ဖျတ် မခတ်ပါရစေနဲ ့မောင်

Leave a Reply