(၁၁)

” ဟဲ့ မိချို ညည်းလည်း ငါတို့ အိမ်ရောက်ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့ပါလား … “

“ဟုတ်တယ် မစိုးရယ် … ကိုယ်ဝန်ဖျက်ချထားတာ ဒီနေ့နဲ့ ဆို လေးရက်ရှိပြီ … သွေးဆင်းတာ ရပ်သွားပေမဲ့ ကိုက်ခဲနေတုန်းပဲ … “

“လူက အဖျားလည်း တတ်ချင်တယ် … “

“ဒါဆိုမဖြစ်ဘူးပဲ မိချိုရယ် နင့်အစ်မကိုခေါ်ပြီး ဆေးခန်းလေးဘာလေး ပြမှနော် … ငါ့သမီးတွေဆို .. ကိုယ်ပူတာနဲ့ ချက်ချင်း ငါဆေးခန်းသွားခိုင်းတာပဲ … ။ “

” ရန်ကုန်မြို့မှာ ဆေးခန်းခက ဈေးကြီးပါတယ် မမစိုးရယ် ကျွန်မလုပ်ခနဲ့ ဆေးခန်းပြရလျှင် ကျန်မှာတောင် မဟုတ်တော့ဘူး … ဒါနဲ့ မမစိုးပြောသွားတဲ့ စကားထဲမှာ သမီးတွေလို့ပါတယ်နော် … ဒီမှာ နေတာ မမစိုးတို့ လင်မယားပဲ ကျွန်မမြင်ဖူးတာ ပါ … သမီးတွေက ဘယ်မှာနေလဲ … “

“တုံးလိုက်တာ မိချိုရယ် သမီးတွေဆိုတာ … ငါမွေးထားတာတော့ဟုတ်တယ် … ၀မ်းနဲ့ လွယ်မွေးတဲ့ သမီးတွေ မဟုတ်ဘူး … “

“ဘယ်လို ဘယ်လို … ကျွန်မနားရှုပ်သွားပြီ … ၀မ်းနဲ့ မလွယ်ပဲ မွေးတယ်ဆိုတော့ … မွေးစားသမီးလား … “

” မိချိုရယ် … နောက်တော့ နင်သိလာလိမ့်မယ် … ကဲ င့ါကို သံပုရာရည် အေးအေးလေး တစ်ခွက်ဖျော်ပေးစမ်းပါဦး … “

“ဟုတ်ကဲ့ မမစိုး ခဏနော် ” ဟု ဆိုတာ မိချိုတစ်ယောက် မီးဖိုထဲသို့ ဝင်သွားသည် … ။

%%%%%%%%%%%%%%%%%%%%%%

” မဝေပါလား … လာလာ … လာလည်တာလား “

” လာလည်တာ မဟုတ်ပါဘူး နေ့လည်က မမစိုး ဖုန်းဆက်လို့ .. ညည်း ဒီနေ့ထိ ကိုက်ခဲနေတုန်းပဲ ဆို “

” ဟုတ်တယ် ….မဝေရယ် … ကိုယ် ပူလိုက် ၊ ကိုက်ခဲလိုက်နဲ့ … ဖျားတာကြောင့် လူကလည်း နွမ်းနေတယ် … “

ထိုစဉ် မမစိုးရောက်လာကာ … ”  အေး ဟုတ်တယ် မဝေရယ် … မိချိုကို ဆေးခန်းပြပေးလိုက်ပါဦး တော်ကြာ မဖြစ်သင့်တာတွေ ဖြစ်ကုန်ဦးမယ် … “

” ကျွန်မ သမီးတွေကိုဆို … ဘယ်လို လုပ်လျှင် ဘယ်လိုဖြစ်တယ် ၊ ကိုယ်ဝန်မရအောင် ဘာတွေ လုပ်ထားရမယ် ၊ ဆောင်ရန် ရှောင်ရန်တွေ ကြိုပြောပြထားရတယ် ။ ဗဟုသုတဖြစ်အောင် ဒီလောက် ကျန်းမာရေး အသိတွေ ပေးနေတဲ့ကြားက မတော်တဆဖြစ်တာလေးတွေကြောင့် မိချိုလိုပဲ ဖျက်ချရတာပေါ့ …. ကလေးတွေကို ကျွန်မက ဂရုစိုက်ပါတယ် … ဒါမှ နောက်ခိုင်းစားလို့ ရဦးမှာလေ … “

” မမစိုးပြောနေတဲ့ … သမီးတွေအကြောင်း ကျွန်မသိချင်လာပြီ ပြောပြပါဦး … ကျန်းမာရေး ဗဟုသုတ ရှောင်ရန် ဆောင်ရန်တွေဆိုတာကလည်း ဘာတွေလဲ …. “

“မိချို နားလည်အောင် မမစိုးပြောပြမယ် … ညည်းလည်း ဒီအိမ်ကလူပဲ ဆိုတော့ သိထားရမှာပေါ့ … ။ “

” မမစိုးနဲ့ ညည်း ဦးဇော်က မြို့ထဲမှာ ဆိုင်တွေ ဖွင့်ထားတယ် ….. ဗြူတီစလွန်း အမည် ခံ အနှိပ်ခန်းတွေပေါ့ …. ဦးဇော်ကလည်း  ဘီယာဆိုင်နဲ့ ကာရာအိုကေ ဆိုင် ဖွင့်ထားတယ်လေ …. “

“ဒီခေတ်မှာ ဒီအလုပ်တွေ စီးပွားဖြစ်နေတာမို့ အစ်မတို့လည်း ရှိထားသမျှလေး ပုံအောပြီး ရင်းထားလိုက်ရတာ … မြတ်လှတဲ့လို့တော့ မဟုတ်ပေမဲ့ ချောင်လည်တယ်ပေါ့အေ … “

” အနှိပ်ခန်း ၊ ကာရာအိုကေဆိုင်နဲ့ ဘီယာဆိုင်ကို အများဆုံးလာကြတာ ယောကျာ်း သားတွေမို့လား  သူတို့ဆီက ပိုက်ဆံ ထွက်လာဖို့ … မမစိုးတို့ သမီးတွေကိုပဲ အားကိုးရတာ … ။ သမီးတွေက ခင်အောင်ရောတော့မှ သူတို့က ဒီဟင်းလေးထပ်မှာ ၊ ဟို ဟင်းလေးထပ်မှာ လုပ်တာ … သမီးတွေကိုလည်း ကိုယ့်ဧည့်သည် မှာတဲ့ ဟင်းပွဲပေါ် မူတည်ပြီး အကျိုး ခံစားခွင့် ပြန်ပေးထားတယ်လေ … ။ ကလေးတွေလည်း လှအောင်ဝတ်ပြီး ၀အောင်စားရတော့ ဒီအလုပ်မှာပဲ ပျော်နေတာ … ။ “

“မမစိုး … ခုဏပြောတဲ့ အထဲမှာ အနှိပ်ခန်းဆိုတာ ပါတယ်နော် ကျွန်မတို့ ရွာမှာဆို အနှိပ်သည်တွေက ထီးကောက်ကြီးနဲ့ အနှိပ်ခံမဲ့လူ လိုက်ရှာရတာ … အနှိပ်ခန်းသာ ဖွင့်လျှင် ထမင်းငတ်ရကိန်း ” ဟု အူလည်လည် နားမလည်သော မျက်လုံးများဖြင့် ဆိုသည် .. ။

“ကျန်းမာရေး ဗဟုသုတဆိုလို့ ကျွန်မလည်း နားထောင်ချင်လို့ ပြောပြပါဦး  “ဟု မဝေက ပွဲတောင်းသောအခါ …

“ဒီလိုလေ မဝေရဲ့ …. ကျွန်မတို့ နိုင်ငံမှာ မြန်မာ မိန်းကလေး အတော်များများက လိင်ကိစ္စဆိုလျှင် ရှက်စရာ ကြောက်စရာလို့ သဘောထားခဲ့ကြတယ် … ။ မိန်းကလေးတင်မကပါဘူး တချို့ လူငယ်လေးတွေဆိုလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး မသိတာ သိအောင် လုပ်ရမှာ … အဲ မသိတာ သိအောင်လုပ်တယ်ဆိုတဲ့နေရာမှာ စမ်းသပ်တာ မဟုတ်ဘူးနော် …. ပညာပေး စာဆောင်တွေ ဖတ်သင့်တာ …. လူကြားထဲ ကြော်ငြာလျှင် ကြည့်ရဲတာ ဒါတွေကိုပြောတာပါ … ။ “

”  အဲ့ဒီလို ရှက်စရာ ကြောက်စရာ ၊ အောက်တန်းကျစရာလို့ တွေးထားခဲ့လို့လည်း … ကျန်းမာရေး ဗဟုသုတပေးရေး လုပ်ငန်းတွေ တွင်တွင် ကျယ်ကျယ် လုပ်ဖို့ ရာ အခက်ခဲ ရှိနေတာပေါ့ … ပျံ့ နှံ့သင့်သလောက် မပျံ့နှံ့တာမျိုး ဖြစ်နေလို့ …. ဒီလို ကိုယ်ဝန်တွေ ရတာ … “

” ဟုတ်လား မမစိုး …  ကိုယ်ဝန်မရအောင် နေလို့ ရတယ်လား … ကျွန်မကိုပြောပြပါဦးနော် …. ” ကလေးတစ်ယောက်လို မျက်ကြီးပြူးပြီး မချို အလောတကောမေးမိတော့သည် … ။

“ကျွန်မလေ ဒါတွေ မသိခဲ့လို့ အခုလိုဖြစ်ရတာပါ မမစိုးရယ် … ကလေးတွေလည်း  အပြစ်မရှိပဲ လူ့လောကထဲ ရောက်လာပြီး ဆင်းရဲ နုံချာစွာနေရတယ် … တချို့ဆိုလည်း ကိုယ်ဝန်လွယ်ထားစဉ်မှာပင် ဖျက်ဆီးပစ်ခံရတယ်… ကျွန်မအလွန်ပဲ မိုက်လုံးကြီးခဲ့ပါတယ် … “

” ဒါပေါ့ မိချိုရာယ် ညည်း အိမ်ထောင်ပြုတဲ့ အချိန်က ငယ်သေးတယ် … အရွယ်ကောင်းလေးလေ … မိဘရင်ခွင်မှာ ပျော်ရမဲ့ အချိန်လေ … ကျန်းမာရေး ဗဟုသုတမရှိလို့ ဒီလိုဖြစ်ရတာမို့လား ဟု … ” အတွင်းသိ ၊ အချင်းသိသော မဝေက ကရုဏာ ဒေါသဖြင့်ပြောရှာသည် …

“မမစိုးရယ် ဆက်ပြောပါဦး … ကျွန်တို့ စကားဆက်ပြောတာနဲ့ စကားတောင်ပြတ်သွားပြီ ။ “

 

(၁၂)

“ဒီလို ညီမတို့ရဲ့ …. မိန်းကလေး တွေ ရာသီသွေးစပေါ်တာနဲ့  အပျိုဖြစ်ပြီဆိုတာ အဲ့ဒီအရွယ်ကို ဖြတ်သန်းလာခဲ့တဲ့ ညီမတို့ အစ်မတို့ ကောင်းကောင်းသိတာပေါ့ နော် … “

” အရွယ်ရောက်လာတာနဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်လည်း ဖွံ့ဖြိုးလာမယ် … ဒါကတော့ အထူးတလည်ပြောဖို့ မဟုတ်ပါဘူး …အပျိုပေါ် စ၀င်တယ်ဆိုတာ ရာသီသွေးစဆင်းတဲ့ အချိန်ကို ခေါ်တာပါ … အဲ့ဒီအချိန်မှာ စိတ်အလိုမကျမှူတွေဖြစ်လာမယ် … သီးခြားနေတတ်လာမယ် … ကလေးတုန်းကလို မဟုတ်တော့ပဲ ဆန်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာမယ် … ကိုယ်ခန္ဓာက ထွက်တဲ့ ဟော်မုန်းတွေ မညီမညွတ်မှူကြောင့် ၀က်ခြံတင်းတိတ်တွေ ထွက်လာမယ် … ဆံပင်တွေ ကြမ်းလာမယ် … ခန္ဓာကိုယ် ဖွံ့ ဖြိုးလာမယ်ပေါ့ … “

” ရာသီးသွေးပေါ်တယ်ဆိုကတည်းက အမျိုးသမီးတွေ ရဲ့ ကိုယ်မှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခြေနေရောက်ပြီလို့  သိထားရမှာပါ …. အသက်ငယ်တယ် ကြီးတယ် မဟုတ်ပါဘူး … အပျိုဖော်ဝင်ပြီးတဲ့ မိန်းမတိုင်းက ကိုယ်ဝန်ဆောင်ရန် အသင့်ရှိပြီဆိုတာ သတိထားမှတ်သားကြရမှာ ပါ … ။ အဲ့ဒီအချိန် လုံလောက်တဲ့ ဗဟုသုတ်မရှိလျှင် အသက်အရွယ်ငယ်ငယ်နဲ့ မိချိုလို ကိုယ်ဝန်ရသွားနိုင်ပါတယ် …”

” အမျိုးသမီးများရဲ့ မမျိုးဥကြွေတဲ့ အချိန် အမျိုးသားနဲ့ မဆက်ဆံဖြစ်လို့ သန္ဓေ မအောင်ပဲ … ရာသီသွေးအဖြစ် မမျိုးဥက သားအိမ်တွင်း ပဲ့ကြွေကျတာပါ .. ကိုယ်ဝန်မရှိအောင် ဆက်ဆံလို့ ရတဲ့ ရက်တွေကတော့ ရာသီမပေါ်မည် တပတ်နဲ့ … ရာသီပေါ်ပြီး တပတ်တို့ ပဲဖြစ်ပါတယ် … ဒါကတော့ အကြမ်းဖျင်းပေါ့လေ ….  “

“မမစိုး ..ကလေးမရအောင် ဘယ်လို ကာကွယ်ရမလဲဟင် … ခုနက ပြောတဲ့ ရက်တွေမှာပဲ ဆက်ဆံလို့ ရတယ်ဆိုတော့ အိမ်ထောင် သည်တွေကြတော့ ရက်ရှောင်ဖို့ မလွယ်ဘူးလေ… “

” ဒီလို မိချိုရဲ့ … ဒီခေတ်မှာ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးပါ … ရက်ခြားတာကတော့ ခုဏက ပြောသလိုပေါ့ … နောက်ပြီး အကာကွယ်သုံး ပြီး လိင် ဆက်ဆံမယ်ဆိုလည်း ကလေးမရနိုင်ဘူး … ကွန်ဒုံးလို့ ခေါ်တဲ့ ပစ္စည်းလေးကို အမျိုးသားက အသုံးပြုပြီး ဆက်ဆံရင်လည်း ကိုယ်ဝန်မရနိုင်ဘူး … ဒါပေမဲ့ အသုံးပြုမှူ မှန်ကန်ရမယ်နော် … မဟုတ်လျှင် ကွန်ဒုံးသုံးပေမဲ့ … ပေါက်ပြဲတဲ့ အခါ … အသုံးပြုပုံမမှန်ကန်တဲ့ အခါ ကိုယ်ဝန်ရနိုင်တယ် …. “

” ကွန်ဒုံး ဟုတ်လား မမစိုး … မိချိုတော့ ကြားတောင်မကြာဖူးဘူး … “

“ဟုတ်တယ် မိချိုရဲ့ … ညည်းတို့ မကြားဖူးလို့လည်း ကလေး တဖြုတ်ဖြုတ်ရတာ … “

ရှက်ဖြီးဖြီးနှင့်ခေါင်း ကုတ်နေသော မိချိုက … ” မမစိုးပြောတုန်းက ကာကွယ်နည်း အများကြီးဆို အခုမှ နှစ်ခုပဲ ရှိသေးတယ်” ဟု ပွဲတောင်းပြန်သည် … ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!