ဧပြီ၁၅ရက်က ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံးကြီးနှင့် ဆေးရုံအသီတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇၀အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသားခြောက်ဦး၊ အမျိုးသမီးငါးဦးစုစုပေါင်း ၁၁ဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရလူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံးမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေ ၁၂ရက်နေ့အထိ အမျိုးသားငါးဦး၊ အမျိုးသမီး လေးဦးစုစုပေါင်း ကိုးဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း ၂၀၁၀ခုနှစ် မေလ ၁၃ရက်နေ့ထုတ်ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..