KNU အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်မှုကြောင့် ဖာပွန်မြို့နယ်၌အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံး ၊ သုံးဦးဒဏ်ရာရရှိ

klnMay 13, 20101min340

KNU အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူလူထု သေကျေဒဏ်ရာရမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ KNU အကြမ်းဖက်သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား ခရီးသည်တင်မော်တော်ယာဉ်တစ်စီးက နင်းမိသဖြင့် အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှာ မေ၁၁ရက်ညနေ ၃နာရီခန့်တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝင်းမောင်းကျေးရွာဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးသည် ဖာပွန်မြို့နယ် မဲလိပ်ကျောက်ကျေးရွာနှင့် မဲတို့ကျေးရွာကြားရှိကြံခင်းကားလမ်း၌ KNU အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်မိုင်းအား ယာဉ်၏ရှေ့ဘီးဖြင့် နင်းမိသဖြင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်၌ လိုက်ပါလာသူခရီးသည်တစ်ဦး စုစုပေါင်း နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီးတာဝန်ရှိသူများက လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း၂၀၁ဝခုနှစ်မေလ ၁၃ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။