အမျိုးသမီးများသာ..ဖတ်ရန် ( တစ်ယောက်သော သူ..သို ့……)

alinsettSeptember 1, 20111min31150

ကျွန်တော့် ဘဝ ထဲမှ တစ်သက်စာ ပျောက်ဆုံးသွားပြီ ဟု ထင်ခဲ ့သော ကျွန်တော် ့ချစ်သူကို mandalaygazette ထဲမှာ ပြန်လည် ရှာဖွေ တွေ ့ရှိပြီ ဖြစ်သည်။
အဝေးကြီး..ဝေးသွားခဲ ့ပြီ ဟု ထင်ခဲ ့သော်လည်း…အခုတော့ဖြင့် လက်တစ်ကမ်း အကွာမှာပါလား…. ။
ဘုရား ဘုရား……။ သူမ ဟာ ကျွန်တော်ရေးခဲ ့သမျှ စာတွေကို ဝင်ရောက် ဖတ်ရှုနေခဲ ့တာပါလား..။

www.myanmargazette.net သည် ကျွန်တော် နှင့် သူမ အတွက် ပြန်လည် ဆုံဆည်းရာ ဆုံမှတ်တစ်ခုပေါ့လေ။
သူမကို ရှာဖွေ တွေ ့ရှိသွားစေခဲ့သော..(သူမရေးထားသော..) ခံစားချက် စာစုကလေးကို (မထင်မှတ်ပဲ..) ကျွန်တော် ဖတ် လိုက်မိပါသည်။
ထို Post တွင် ရေးသားထားသော..သူမ၏စကားလုံးများသည် ကျွန်တော် နှင့် သူမ လျှောက်ခဲ့သော လမ်းဖြစ်သည်.။
ကျွန်တော်တို ့မက်ခဲ ့သော..အိပ်မက် ဖြစ်သည်။ ထို ့ပြင် ကျွန်တော်တို ့၏ မှာယွင်းသော ရွေးချယ်မှုများလည်း ဖြစ်ပါသည်။
ကျွန်တော်တို ့နှစ်ဦးသား..မှားယွင်းသော လမ်းကို လျှောက်ခဲ ့ကြခြင်းဖြစ်သည်။
သူမ၏ အမှားကို ချစ်သောစိတ်ဖြင့် ကျွန်တော်က ခွင့်လွှတ်နိုင်ခဲ ့ပြီ…။
ကျွန်တော့် အမှားကိုတော့ (သူမ ကျေနပ်နှစ်သိမ့်နိုင်ဖို ့) တောင်းပန်ရဦးမည်။
စာပေအနုပညာကို မြတ်နိုးသူ မို ့ ကဗျာ တစ်ပုဒ်ဖြင့် တောင်းပန်လိုပါသည်။
တောင်းပန်ခြင်း ဆိုတာထက် ခံစားချက်ကို ဖွင့်ပြခြင်းဆိုလျှင် ပို မှန်ပါလိမ် ့မည်။
ကဗျာသည် ကဗျာအမည် မပါသော ကဗျာဖြစ်ပြီး..ဆရာ တာရာမင်းဝေ ရေးသော ကဗျာလေး ဖြစ်ပါသည်။
ကျွန်တော့် ခံစားချက်နှင့် တိတိကျကျ တိုက်ဆိုင်နေသောကြောင့် ထိုကဗျာကလေးကိုသာ ရွတ်…ပြ ပါရစေတော့….။
.

* …. …. …. …. …
… … … …. ….
ငါ့ဆီ ငါပြန်ရောက်ပါတော့မလား..
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ မောလှပြီ။

* ငါ့ကိုယုံပါ။
ငါဟာ…..
လမ်းကူးရင်တောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ။

* ငါမပစ်ခတ်ခဲ ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ။
ငါ့ကိုယုံပါ။

* လူတွေဆီက မတောင်းခဲ ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ ့သူပါ။
ငါ့ကိုယုံပါ ။

* ( ဖိနပ်မစီးထားတဲ ့ကလေးငယ်လိုပဲ..
ဘယ်သူကမှ….
အိမ်ထဲဝင်ဖို ့ ငါ့က်ို မဖတ်ချင်ကြဘူး)

* လက်တစ်ဖက်နဲ ့
ခေါ်လို ့မရတဲ ့ကောင်းကင်
လက်နှစ်ဖက်နဲ ့လှမ်းခေါ်တော့လည်း..
အရာမထင်ဘူး။

* ငါ တတ်တဲ ့မြေကြီးစကားနဲ ့
ကောင်းကင်ကြီးနားလည်အောင်
ပြောမပြနိုင်ခဲ ့ဘူးလေ……။ ။

သည်ကဗျာလေးကို ထုံးစံအတိုင်း သူမ ဝင်ဖတ်ဦးမည်…။
ပြီးလျှင် ထုံးစံအတိုင်း သူမ ကလည်း သူမ၏ခံစားချက်ကလေးများကို ရေးဦးမည်။
ထုံးစံအတိုင်း ကျွန်တော်ကလည်း..သူမ ရေး တင်သမျှ Posts များကို ဝင်ဖတ်ရဦးမည်။ ထိုသို ့ဖြင့်…… ….. ….. ….. . … . .. . . . . . . . . . . .. . . . . . . .

www.myanmargazette.net သည်
ကျွန်တော်တို ့နှစ်ယောက်ကို ပိုနီးသွားစေမလား…။
ဒါမှမဟုတ် ပိုဝေးကွာသွားစေမလား…………….
အဲဒါက်ိုတော့ အချိန်က အဆုံး အဖြတ်ပေးပါလိမ့်မည်။ ။ ။

( ကဗျာသည် တာရာမင်းဝေ၏”” စောင်းကြိုးပြတ်ရွာ မွန်တည့်အလွန် (၄)နာရီ “” ဆိုသော စာအုပ်ထဲမှ ဖြစ်ပါသည်။)

လေးစားစွာဖြင် ့…..

အလင်းဆက်

alimsett.art@gmail.com

50 comments

  • Wow

    May 23, 2012 at 2:19 pm

    ဟယ် ငြိမ်နေရင် မသင်္ကာမှုဖြစ်နေမယ်… 😛
    နာလဲဟုတ်ဝူးနော်….

  • အလင်းဆက်

    May 23, 2012 at 2:53 pm

    ညလေးရေ..အဲဒီရောဂါက မသေးဘူးဗျ။ ကျွန်တော် ပြော ပြောနေကျ အတိုင်း…
    သွေးမထွက် ဒဏ်ရာ ဆိုပေမယ့်..ဘယ်တော့မှ မကျက်သွားတဲ ့ဒဏ်ရာ.လေ။

    အန်တီနို..တော့ မဟုတ်ပါဘူး။

    ညလေး..ကိုပေ..နဲ ့ mon kit ..
    ပြီးတော့ အန်တီနို…၊ ခိုင်ခိုင်..နဲ့ jujuma ..
    င်္ပြီးတော့..မှော်ဆရာ… သူရဇော်နဲ ့…wow ..
    အားလုံးကို ခင်မင်လျက်ပါဗျ ။

    ညလေး.ရှာဖတ်လို ့ ဒီပိုစ့်လေး အသက် ပြန်ဝင်သွားပြီ.နော် ။
    ကျေးဇူးပါ။

  • အလင်းဆက်

    May 23, 2012 at 2:53 pm

    ညလေးရေ..အဲဒီရောဂါက မသေးဘူးဗျ။ ကျွန်တော် ပြော ပြောနေကျ အတိုင်း…
    သွေးမထွက် ဒဏ်ရာ ဆိုပေမယ့်..ဘယ်တော့မှ မကျက်သွားတဲ ့ဒဏ်ရာ.လေ။

    အန်တီနို..တော့ မဟုတ်ပါဘူး။

    ညလေး..ကိုပေ..နဲ ့ mon kit ..
    ပြီးတော့ အန်တီနို…၊ ခိုင်ခိုင်..နဲ့ jujuma ..
    င်္ပြီးတော့..မှော်ဆရာ… သူရဇော်နဲ ့…wow ..
    အားလုံးကို ခင်မင်လျက်ပါဗျ ။

    ညလေး.တို ့ရှာဖတ်လို ့ ဒီပိုစ့်လေး အသက် ပြန်ဝင်သွားပြီ.နော် ။
    ကျေးဇူးပါ။

Leave a Reply