စိန်ရွှေဖြိုး၏ ၂၀၁ဝအကြို ပန်းချီပြပွဲ

DaveJanuary 2, 20101min870

အသက်၁၅နှစ်ပြည့် အမှတ်တရအဖြစ် စိန်ရွှေဖြိုး၏ ပန်းချီ ပြပွဲကို ဒီဇင်ဘာ၂၄ရက်နေ့မှ ဒီဇင်ဘာ၂၈ရက်နေ့အထိ ၇၈ လမ်း၊ ၂၇-၂၈လမ်းကြား ပံသု စန္ဒာပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ထိုပန်းချီပြပွဲကို ၂၀၁ဝနှစ်သစ်အကြိုလှုပ်ရှားမှုတစ်ခုအဖြစ် မန ္တလေးရိသတ်က လက်ခံ ကြိုဆိုခဲ့ကြသည်။ စိန်ရွှေဖြိုး၏ ပထမ အကြိမ်ပြပွဲကို အောက်တိုဘာ ၁၁ရက်၊ ၂၀၀ရခုနှစ်တွင် ပန်းချီ ကား ၄၅ကားပြသခဲ့ပြီး ယခုဒုတိ ယအကြိမ်ပြပွဲတွင် ပန်းချီကား ၅၄ကားပြသခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ စလေ ဘုန်းတော်ကြီး ပညာသင် ကျောင်းတွင် ပညာသင်ကြား လျက်ရှိပြီး ဦးရဲစိုး+ဒေါ်နှင်းနှင်း ရွှေတို့၏ သားဖြစ်သည်။ ရန် ကုန်တွင် ကျင်းပခဲ့သော စင်ကာပူတွင် ပြပွဲကျင်းပမည့် မြန်မာ့ အလှမြင်ကွင်း၂၀၀၉ တွင် မန္တလေးမြို့မှ တစ်ဦးတည်းဆုရရှိခဲ့သူတစ်ဦးဖြစ်သည်။