ကော်ဖီနဲ ့မုန် ့ဝန်ဆောင်မှုအနေနဲ ့ကျွေးပါမယ်ဆိုပြီး ၁၀၀ဝ တောင်းတဲ့ကားကုမ္ပဏီ

moonpoemSeptember 1, 20111min16020

ယခင်က ရန်ကုန်၊ မန ္တလေးကားတွေစီးရင် ကုမ္ပဏီ တစ်ခုနဲ ့တစ်ခု မတူကြပါဘူး။ တစ်ချို ့ က ဝန်ဆောင်မှုကောင်းတယ်။
တစ်ချို ့ကဝန်ဆောင်မှုမကောင်းဘူးအစားစားပေါ့။ ဒါပေမယ့် ပိုက်ဆံပေးရတာချင်းတော့ အတူတူပါပဲ။
ဒီတော့ ပိုက်ဆံပေးရတာချင်းအတူတူ ကားကောင်း၊ဝန်ဆောင်မှုကောင်းတာကိုပဲ လူတွေကရွေးစီးတယ်။
သို ့သော်လည်း အခုနောက်ပိုင်းတော့ ကုမ္ပဏီ တစ်ခုနဲ ့တစ်ခု ကားရော ဝန်ဆောင်မှုရော အတူတူလောက်ဖြစ်လာပြီး
စိတ်ကြိုက်ကားစီးယုံပေါ့။

ဟိုနေ့က သတင်းစာထဲမှာတော့ ကုမ္ပဏီ တစ်ခုက ကြော်ငြာထားတယ်။ သူတို ့ကားစီးရင် မုန် ့နဲ ့ကော်ဖီပါ ဝန်ဆောင်မှုုပေးပါတယ်ဆိုပြီး တော့ပါ။

ဒါပေမယ့် တကယ်တမ်းကားလက်မှတ်ဝယ်ဖို ့စုံစမ်းတဲ့အခါ ကျသင့်ငွေက တစ်သောင်းလေးရာကို သူတို ့ကတစ်သောင်းတစ်ထောင့်လေးရာ တောင်းပါတယ်။ ဈေးတက်တာလားဆိုတော့ မဟုတ်ပါဘူးတဲ့။
ကော်ဖီနဲ ့မုန် ့ခ ပါတဲ့လေ။ ဒါက တကယ့်ကို မဖြစ်သင့်တာပါ။ ဝန်ဆောင်မှုုဆိုတာ ကားခထဲမှာ ပါပြီးသားလေ မဟုတ်လား။
အရင်က ကားခ ၁၀၄၀ဝ ထဲမှာ သွားတိုက်တံ၊ တာဝါပါပေးပါတယ်။ ထားပါတော့ ကျွန်မက အရင်အတိုင်း၁၀၄၀ဝပဲ ပေးမယ်။ ကျွန်မ ကို ကော်ဖီနဲ ့မုန် ့မကျွေးနဲ ့ဆိုတော့လည်း မရဘူး ။ မစားမနေရပါတဲ့။ပြီးတော့လည်း စားသောက်ဆိုင်မှာ ရပ်ရင် ထမင်းစားမှာပဲလေ
ဟုတ်ဘူးလား။
ကဲ ဘယ်နှယ့်လုပ်ကြမလဲ။ ဒါလေးတွေကိုလည်းပြုပြင်ပေးကြပါဦး။ (ဒီကုမ္ပဏီကတင်မိုးလွင်နဲ ့ကြော်ငြာထားပါတယ်။ )

20 comments

  • myanpyithar

    September 1, 2011 at 4:05 pm

    အားမပေးကြနဲ့ပေါ့ဗျာ..လူညီရင်အလိုလိုပြင်သွားပါလိမ့်မယ်..ခုလိုပို့စ်တင်လိုက်တာကောင်းတယ်..
    အများသိသွားတော့..ဝိုင်းပြီးကျင်လို့ရတာပေါ့..ဒါနဲ့လိုင်းနာမည်ကိုဘာလို့.ပဟေဠိလုပ်ထားရတာလဲ

  • pan pan

    September 1, 2011 at 4:09 pm

    ဝန်ဆောင်မှုပေးမယ်ဆိုပြီး ရောင်းစားတာပဲ
    ကြော်ငြာပြီးလုပ်စားတာ၊ ပြီးတော့ အတင်းအကျပ်လုပ်တာ
    သူတို့လုပ်တာ ပရိုမိုးရှင်းမဟုတ်ဘဲ ဒီမိုးရှင်းဖြစ်နေပြီ
    လိုက်ပြုပြင်ခိုင်းလည်း အောင်မြင်မြင် မမြင်မြင် လူမုန်းခံရမယ်
    ဒါကြောင့် အဲဒီကားကို မစီးဘဲ ဆန္ဒပြပါ
    မစီးသူများလာရင် ဘာခံနိုင်မှာလဲ

  • မီးမီး သော်

    September 1, 2011 at 4:35 pm

    ဟုတ်တယ်နော်။လွန် လိုက်တာ။မစီးဘဲနေကြပေါ့။နာမည်လေးပြောပြပါဦး။

  • moethidasoe

    September 1, 2011 at 4:44 pm

    ဒို့က တီဗီ မကြည့်ဖြစ်တော့ လိုင်းလေး သိချင်ပါတယ် .. ရှောင်သင့် ရှောင်ရအောင်လို့
    နောက်ပြီး ကော်ဖီ မကြိုက်ဖူးလို့ ပြောရင် လက်ဖက်ရည် ပြောင်းပေးမှာလား မေးကြည့်ချင်လို့

  • စုံ စုံ

    September 1, 2011 at 4:46 pm

    အတင်းကြီးပါလား
    ကော်ဖီမသောက်တတ်တဲ့သူဆို ဘာလဲ အအေးပြောင်းတိုက်မှာလား
    လူတွေလဲစီးပါွးရေးလုပ်တာနဲ့မတူတော့ဘူး အေးဓမြတိုက်နေသလိုဘဲ

  • manawphyulay

    September 1, 2011 at 4:47 pm

    အမယ်ခုဆိုရင် မိန်းကလေးတွေအတွက် အလုပ်မရှားတော့ဘူး။ လေယာဉ်မယ်လိုပဲ ကားမယ်တွေလည်း လျှောက်လို့ရနေပြီလေ…. Elite တို့လို ကားတွေက ကားပေါ်မှာ ဝန်ဆောင်မှုပေးတဲ့ကောင်မလေးတွေတောင် ပါလာနေပြီလေ…. နောက်ဆို ကားမယ်တွေလျှောက်လို့ရနေပြီနော်……

    • pan pan

      September 1, 2011 at 4:49 pm

      ကားမယ်တဲ့လား မမနောရယ်
      နာမည်ကလည်း ဆိုးပါပေ့

      • king

        September 2, 2011 at 9:45 pm

        ကားမယ် ကားမယ် …
        အဲ အဲ
        မကြည့်ရဲတာတော့ ကျိန်းသေးတယ်
        😀

  • etone

    September 1, 2011 at 4:55 pm

    မီဒီယာထဲက ဒါမျိုး များများအော်ပေးမှပဲ … အပြိုင်ဆိုင်သာ လုပ်လာကြတာ .. သူတို့က နည်းနည်းမှ အမြတ်လျှော့ပြီး အနာမခံချင်ကြဘူး… ကာစတန်မာတွေကိုဆီကပဲ အဆီရရ ၊ အနှစ်ရရ အမြတ်ထုတ်ချင်နေတုန်း … အဲ့ဒီ ယာဉ်လိုင်း နာမည်ပါရေးသင့်ပါတယ် … 🙂

  • လင်းဝေကျော်

    September 1, 2011 at 5:10 pm

    Consumer Rights Group တွေထူထောင်ပြီး စားသုံးသူတွေကို ကလိမ်ကျတဲ့ ဒီလိုအပြုအမူတွေကို ဆန့်ကျင်သင့်ပြီ။

  • nozomi

    September 1, 2011 at 5:20 pm

    နေပြည်တော်ကိုသွားတုန်းက JJ နဲ့ စီးဘူးတယ် ဝန်ဆောင်မှု၊ဆက်ဆံရေး အကုန်ကောင်းပါတယ်
    ကျွန်တော်တို့ စီးသွားတဲ့ ကား လမ်းမှာ ခဲနဲ့ အထုခံရလို့ မှန်ကြီးတစ်ချပ်ကွဲသွားတာကို (အခုတစ်လော ခေတ်စားလာတဲ့) ကားပေါ်မှာပါတဲ့ ယာဉ်မယ်လေး ဖြေရှင်းသွားတာ၊ ကြန့်ကြာသွားရတဲ့ အချိန်တွေ အတွက် ခရီသည်ကို ပြန်တောင်းပန်တာ အရင်က မြန်မာပြည်မှာ တစ်ခါဘူးမှ မရဘူးတဲ့ ဝန်ဆောင်မှုတွေပါ ၊ သူတို့ ရဲ့ ဝန်ဆောင်မှုအပေါ် ခရီးသည်တွေရဲ့ အမြင်ကို သိပြီး ကောက်ရိုးမီး မဟုတ်တဲ့ ဝန်ဆောင်မှု ကို ဆက်ပေးစေချင်တာရယ် တခြားလိုင်းတွေလဲ အားကျပြီး လိုက်လုပ်နိုင်ဘို့ အခမဲ့ ကြေငြာပေးတာပါ

  • cobra

    September 1, 2011 at 6:42 pm

    ဟုတ်ပါတယ် နေပြည်တော်-ရန်ကုန်သွားနေတဲ့ ကားတွေလည်း ဈေးတက်မယ်လို့ ပြောသံကြားပါတယ်..၁၀၀ဝ တက်မယ်တဲ့ ကော်ဖီနဲ့မုန့်ကျွေးဖို့ပါတဲ့..ဒါပေမယ့် သူတို့ကတော့ ဈေးတက်ရတဲ့ အကြောင်းကို ရှင်းပြမှာ မဟုတ်ပါဘူး..ဒီတိုင်းပဲ တိုးတောင်းမှာပါ..ပြီးမှ ကော်ဖီ အလကားတိုက်တဲ့ ပုံစံမျိုးပေါ့

  • km

    September 1, 2011 at 7:41 pm

    မန်းရွှေပြည် မဟုတ်လား

  • POL

    September 1, 2011 at 9:29 pm

    (31.8.11) ရက်နေ့ မြန်မာ့အလင်းသတင်းစာထဲမှာ ကော်ဖီ နဲ့ မုန့် ကျွေးမယ်လို့ ကြော်ငြာထားတဲ့ ကားဂိတ် မှာ (နေကြယ်မင်း) နေပြည်တော်-ရန်ကုန် ကားဂိတ်ပါ။

  • yenaung84

    September 2, 2011 at 2:27 pm

    ကော်ဖီနဲ ့မုန့်ကို ၁၀၀ဝ နဲ ့ရောင်းစားတာပေါ့…
    မဝယ်မနေရပေါ့…..
    ကော်ဖီနဲ ့မုန့်က ၁၀၀ဝ မကျပါဘူး….
    မြတ်တာပေါ့နော်…..

  • windtalker

    September 2, 2011 at 9:23 pm

    နေဦးဗျ
    ကျွန်တော် ကြားဖြတ် ကြေငြာ ဝင်ဦးမယ် ။
    ရန်ကုန် မန်းတလေး ခရီးသွားမယ့် စာဖတ်သူများ အတွက် သတင်းကောင်းလေးပါ
    တစ်ခြား ကားလိုင်းတွေ တော့ မသိဘူး
    ကျွန်တော် သိတာ က မြတ်မန္တလာထွန်း ကား တွေ သိပ်ကောင်းတယ် ဗျို ့။
    အခု ကျွန်တော်ရေးနေတဲ့ ကွန်မင့် ၊ ကျွန်တော် သုံးနေတဲ့ အင်တာနက် ဆိုင် က
    မြတ်မန္တလာထွန်း ကားဂိတ် က ကားပိုင်ရှင် တစ်ဦး ဖွင့်ထားတဲ့ ဆိုင် က ပါ ။
    ဘော်ဒါတွေ ပေါ့ ဗျာ
    ရန်ကုန် ခရီးသွားမယ် ဆိုရင် အမြဲ သူ ့ကို ဖုန်းလှမ်းဆက် ပြီး လက်မှတ် ဝယ်နေကြပါ
    30.8.2011 ည၉ နာရီ မြတ်မန္တလာထွန်း ကား နဲ ့ရန်ကုန် ကို လာခဲ့ပါတယ် ။
    ကားက တော်တော်လေး ကောင်းပါတယ်
    အဲကွန်းတွေ လဲ အေးတယ် ။ ထိုင်ခုံတွေ က လဲ ကောင်းတယ်
    တစ်ချို ့ကားတွေ မှာ ကြားခုံ မဖြုတ်ထားပေမယ့် ၊ ကြားခုံ လူမတင်ဘူး
    ထိုင်ရတာ လဲ သက်တောင့်သက်သာ ရှိတယ် ။
    တစ်ခုံ ကို ခေါင်းအုံးအသေးလေး တစ်လုံးစီ လဲ ပေးထားတယ်
    တီဗီ က လဲ ဖလက်တီဗီ ကြီး ဖြစ်သွားပြီ ။ ကားတိုင်း မှာ ပါပါတယ် ။ ( လက်မ ၄ဝ ကျော်မယ် ထင်တယ် )
    ကားလည်း စထွက်ရော
    မန်းတလေး က ဖူဒို ကိတ်မုန် ့ဆိုင် က “ mocha ” ကိတ်မုန် ့တစ်လုံး နဲ ့ “ blue mountain ” တစ်ဘူး ပေးတယ် ဗျ ။ ကိတ်မုန် ့က တော်တော်လေး ကောင်းပါတယ် ။ အောက်ထစ် ၅၀ဝ ကျပ် ခန် ့တော့ တန်ဘိုး ရှိမယ် ။ လမ်းမှာ နေပြည်တော် နားက ၁၁၅ မိုင် ၊ ဖီးလ် မှာ ခဏနားပါတယ် ။ မနားခင် ၊ စနိုးတာဝါ တစ်ထည် ရယ် ၊ သွားတိုက်တံ နဲ ့သွားတိုက်ဆေး ဘူးသေးသေးလေး ပေးပါတယ် ။
    အဲဒါပြီး တောက်လျှောက်မောင်းတာ ၊ မနက် ၆ နာရီ မထိုးခင် ၁ဝ မိနစ်လောက် ၊ အောင်မင်္ဂလာ ကားကွင်း ကို ရောက်ပါတယ် ဗျာ ။
    ဒါကတော့ ခရီးသွားမယ့် စာဖတ်သူတွေ အတွက် အတွေ ့အကြုံလေး ကို ပြန်ဝေမျှပေးတာပါနော် ။

  • windtalker

    September 2, 2011 at 9:33 pm

    အဲ အရေးကြီး တဲ့
    ကားလက်မှတ်ဖိုး ကျန်ခဲ့တယ် ဗျာ
    ကားလက်မှတ် က တစ်စောင် ကို ၁၀၄၀ဝ ကျပ် ပေးရပါတယ် ခင်ဗျာ

  • chindwinsayargyi

    September 10, 2011 at 9:00 pm

    ရွာသားတွေကစပြီးဒီကားမစီးဘဲကိုယ်အသိစိတ်ဓါတ်နဲ့ကိုယ်သပိတ်မှောက်ကြစို့

  • mzm

    September 10, 2011 at 10:34 pm

    အငတ်ဇာတ်ခင်းကြပြန်ပြီ ကားကုမဏီ လူပါးဝသည် လွန်လွန်းပါသည် မွဲကြပါစေသတည်း

  • inz@ghi

    October 25, 2011 at 7:07 am

    ခုမှတွေ့လို့ ခုမှ မန့်လိုက်ပီဗျာ …

    ဘယ့်နှယ့် ဝန်ဆောင်မှုတဲ့ …ထွီ ….
    ဝန်ဆောင်မှု ဆိုတဲ့ စာလုံးကို သေချာရော နားလည်ရဲ့လား မသိဘူး ..
    ကလိန်ချုံတွေ …

    နိုင်ငံတကာမှာတော့ ဝန်ဆောင်မှု service ဆိုတာနဲ့တင် မလုံလောက်လို့
    (အားလုံးက service ကောင်းကြတာကိုး …သူက ကော်ဖီတိုက်ရင် ငါကအအေးတိုက်တယ်
    ဆိုတာမျိုး …customer က ကိုယ် ကြိုက်တာရွေးယုံပဲ …) value-added ဆိုတာမျိုးတွေ
    လုပ်လာရတယ် ….တန်ဖိုးတွေ ထပ်ပေါင်းထည့် တယ်ပေါ့ဗျာ ….

    service ဟာ ကြေညာ(ကြော်ငြာ)ထားတဲ့ ဝန်ဆောင်မှု လို့ဆိုရင်
    value-added ဟာ မကြေညာ(ကြော်ငြာ) ထားတဲ့ ဝန်ဆောင်မှု
    လို့ ဆိုရမှာဖြစ်တယ် … (ဝယ်ချင်လို့ သွားမေးရင်တော့ ဒါတွေ သည်လို လုပ်ပေးပါတယ် လို့တော့
    ပြောပြတယ်ဗျ …သူ့ကိုတော့ ကြော်ငြာအနေနဲ့ သုံးလေ့ မရှိဘူး ..)

    Customer Rights Group တွေဖော်ဆောင်ဖို့တော့ ထောက်ခံတယ်ဗျာ ..
    တကယ်ဖြစ်သင့် ရှိသင့်တာပါ media အနေနဲ့လည်း ဒါမျိုးတွေ ဖော်ထုတ်ဖို့ အားပေးပါသည်
    ကျနော်တို့လည်း လက်လှမ်းမီသလောက် လုပ်ကြတာပေါ့ …

    အဲ့လိုမှမဟုတ်ရင်တော့ ဝန်ဆောင်မှုက ညံ့ ဈေးက ပိုတောင်း ဆက်ဆံရေးကမပြေလည်
    လူပိုကတင် ပြီးတော့ …ကယ်ရီကရိုက်သေး ….

Leave a Reply