ငါမှားလား…… မင်းမှန်လား….. (True & False)

CharTooLanSeptember 1, 20111min32825

“ကျော်ကြီး သားမှာပိုက်ဆံဘယ်လောက်ရှိသေးလဲ”

အလုပ်မှအပြန်နားမည်လုပ်နေစဉ် အမေအခန်းထဲသို့ ဝင်လာပြီးမေးခြင်းဖြစ်သည်။

“မရှိတော့ဘူးလေ လစာထုတ်ပြီး အမေ့ကိုအကုန်ပေးလိုက်တာ သားမှာနှစ်ထောင်လောက်ပဲကျန်တော့တယ်”

(၃၁)ရက်နေ့ရတဲ့လစာ အိမ်ရောက်တာနဲ့အမေ့လက်ထဲအပ်လိုက်တာ အခုလကုန်ပြီး (၁)ရက်နေ့

ပိုက်ဆံလိုနေပြန်ပြီဆိုတော့ သုံးလုံးထီ(ချဲ)အကြွေး အရေးတကြီးပေးရတော့မယ်ဟု တွေးထင်လိုက်မိသည်။

ကြာကြာမတွေးလိုက်ရပါ ချဲလုပ်ငန်းရှင်အဒေါ်ကြီး အိမ်ရှေ့သို့ဝုန်းခနဲကျလာတော့သည်။ “ဒေါ်ကြည်ဒီနေ့ ရှင်းပေးအုံးနော်

အရင် ၂လုံးဖိုးလဲကျန်သေးတယ် ဒီနေ့သုံးလုံးမှာ ဦးမြက ၃၀၀၀ဝကျော် ပြန်တင်တယ်ဆိုတော့ ၅၀၀၀ဝကျော်ရှိပြီ

ကျမလဲလျှော်စရာတွေရှိနေလို့ ညကျရင်တင်ပေးပါအုံးနော်”

ဒီလိုအသံတွေကို အချိန်မရွေးကြားရတတ်သည်မှာ ကျနော့်အတွက်သည်းမခံနိုင်ဆုံး ပြဿနာပင်ဖြစ်သည်။

“အမေတို့ကလဲဗျာ….. ရှက်ဖို့ကောင်းလိုက်တာ မလုပ်ပါနဲ့ပြောလဲမရဘူး”

ပြောမယ့်သာ ပြောလိုက်ရတာ အဲ့ဒီစကားက ပထဆုံးအကြိမ် မဟုတ်တော့ပါဘူး။

“အောင်မယ် ဘာရှက်စရာရှိလဲ နင်တိုဒါနဲ့ပဲစားသောက်နေတာ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့”

ဒါကတော့ အမေပြန်ပြောနေကျ စကားများထဲမှ ခံရအခက်ဆုံးစကားပင်ဖြစ်သည်။

ကျနော်တိုမောင်နှမသုံးယောက်ရှိသည်။ ကျနော်ကစပြီး အငယ်ဆုံးညီမလေးအထိ အလုပ်လုပ်ပီး ရတဲ့လစာ

အမေ့ဆီပေးခဲ့ကြတာချည်းဖြစ်နေသောကြောင့် အမေဒီလိုမျိုးပြောတာတော့ မခံချင်ကြပါ။

“ဟော်ဗျာ ဒါနဲ့ပဲစားသောက်နေတာလို့ အမေမို့လို့ပြောတယ် ကျနော်တို့စားသောက်ရဖို့နေနေသာသာ အမေ့ဟာအမေ

လုံချည်တစ်ထည်ဝယ်ဝတ်ဖို့တောင်ရရဲ ့လား”

“နင်မိဘကိုဘာမှပြန်မပြောနဲ့ အဲ့လိုပြန်ပြန်ပြောရတာနင်တော်တော်အရသာရှိနေတယ်ပေါ့ သေရင်ငရဲဆင်းမယ်ဟာ

ဟွန်း” မိဘ ဟူသောအခြေအနေက ကျနော်ပြောချင်နေတာတွေ အကုန်လုံးကို ဖျက်စီးပစ်လိုက်ပြန်ပါပြီ………………

“မိဘလဲအမြဲမှန်နေတာမှ မဟုတ်တာအမေရာ… ကျနော်ဘာလို့ပြောနေရလဲ နဲနဲလောက်ပြန်စဉ်းစား ကြည့်ပေးပါအုံး

အမေရယ် …”

ကျနော်သိချင်တဲ့ ဘယ်သူမှားတယ် ဘယ်သူကမှန်တယ်ဆိုတာမျိုး  ဘာလို့နေရာရွေးပြီးပြောင်းလဲနေရတာလဲ…..

ကျနော်တစ်ခါတလေစိတ်ကုန်လွန်းရင်တွေးမိတယ်  ငါ့အိမ်ကိုရဲနဲ့တိုင်ပီး ဝင်မွှေခိုင်းလိုက်ရင် ကောင်းမလားလို့လေ.. 🙁

မာတာပီတု ဂုဏ်ဏော အနနေ ္တာ …………………

 

 

25 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 1, 2011 at 11:47 pm

    အဖေ အမေဆိုတာ ကျေးဇူးရှင်တွေဘာတွေပေါ့နော
    ကံကြီးထိုက်တယ်ဘာတယ်ဆိုပြီး
    ဒါက အကြောင်းအကျိုးဆက်ပြောရရင်တော့
    တော်တော်ရှည်မှာဘဲ
    အဖေအမေတို့ရဲ့ ဉာဏ်ပညာနည်းမှု့ကြောင့် နစ်နာသွားကြ\နစ်နာနေကြ တဲ့
    သားသမီးတွေရှိတယ် လို့ပြောလို့ရမလားသိဘူးနော
    ……………………………………
    …………………………………….
    အားပါးပါး ဒီမှတ်ချက်ကို ကျုပ် တော်တော်အရဲစွန့်ပြီးရေးလိုက်ရတယ်လို့ဝန်ခံပါတယ်
    ဘယ်သူတွေ ဘယ်လို မှတ်ချက်ချမယ်ဆိုတာကိုလည်း စိတ်ဝင်စားပါတယ်
    မှတ်ချက်ချ ကြဘို့လည်းဖိတ်ခေါ်ပါတယ်

    • Shanma TUmdy

      September 2, 2011 at 12:17 am

      ရတာပေါ့..သိပ်ရတာပေါ့.. မိဘတိုင်းက သားသမီးကို ကောင်းစေချင်ကြတာမှန်တယ်
      ဆိုပေမယ့် ..လမ်းလွဲနေတာလည်းရှိတယ်လေ..
      ဥပမာ ..ငယ်ကတည်းက .. ကိုယ့်သားသမီးသူများကလေးနဲ့ဆော့ရင်..
      ဘာဖြစ်မှာကြောက်တယ်.. ချော်လဲမှာကြောက်တယ်..အနိုင်ကျင့်ခံရမှာကြောက်တယ်.
      အစရှိသဖြင့်ပေါ့.. အဲဒါတွေက..ကြီးတဲ့အထိ.လိုက်ချုပ်ချယ်နေရင် ကလေးက တုံးသွားမှာပေါ့..
      (ကျနော်လည်းအရဲစွန့်ပြီးရေးရတာပဲဗျာ) ..

    • shwemanthar

      September 4, 2011 at 4:29 pm

      သားသမီးမကောင်း မိဘခေါင်း တဲ.
      မိဘမကောင်းရင်ရော?
      သားသမီးတွေကပြုပြင်ပေးရမယ်လို.ထင်ပါတယ်
      အမြင်မှန်ရအောင်ပေါ့လေ
      (ကျွန်တော်လဲ အရဲစွန်.ထားပါတယ်)

  • noob

    September 2, 2011 at 3:56 am

    လူကြီးက ဘီတို အာဏာ (ငါကနင်မိဘဟဲ့) သုံးထားတော့ ဘာမှလုပ်လိုမရဘူး ငရဲကြီးတယ်ဆိုတာကြီးက လဲ ရှိသေး (ကဲ ဘာလုပ်လိုရဦးမှာလဲ)ကျနော်အမြင်ကတော့ လူကြီး ကို ဒီအတိုင်း ခွင့်လွှတ်ပေးနေရင်
    အကြွေဒီထက်တိုးလာ ဖို့ပဲရှိတယ် ကိုက နောက်ထက် လူလောကကြီးမှာ နေရဦးမှာ သူတိုအကြွေ တွေ နဲ့တော့ ဆက်မနေ ချင်တာ လူတိုင်းပါပဲ တိုက်ပွဲဆိုတာ တိုက်ကြည်မှ အနိုင်အရှူံးဆိုတာသိ တယ် 3ယောက်ပေါင်းတိုက်ကြည့် မနားတမ်းတိုက် လူကြီးကို အနိုင်ရအောင်တိုက်တာမဟုတ်ဘူး (နိုင်တော့လဲ ဝမ်းမသာနိုင်ပါဘူး သူကမိဘကို) သူဘက် ကတဖတ်သတ် လုပ်နေလို ့ဒီဘက်ကိုလဲ လှည်ကြည် ယုံမျှကလေးပဲ ရှိမယ်ဆိုရင် မိဘတယောက်အနေနဲ ့ငါ ပျော်ရွှင်ဖို ့ ငါသားသမီးကို စိတ်ညစ်အောင်လုပ်မိပါလား လို သူတွေးမိရင် တိုက်ပွဲ အောင်ပြီးလိုပြောလို့ရပြီ လူကြီးတွေ က သားသမီးရှေရေးကို မေ့ပြီး သူစွဲလန်းနေတာ မစွန့်လွတ်နိုင်ဘူးဆိုရင် မှားနေတာကိုမှန်အောင်လုပ်ပေးရမှာ အမှန်မြင်တဲ့သူရဲ့တာဝန်ပါပဲ

  • ကြောင်ကြီး

    September 2, 2011 at 8:19 am

    ကိုအောင်ဘုတို့များ သဂျီးမွေးစားသားလို့ မပြောရဘူး၊ တယ်ကန့်လန့်တိုက်သကိုး…။
    ချာတူးရေ အမေလုပ်သူက ထိုးတိုင်းမပေါက်မှတော့ သားသမီးတွေစုပြီး သူ့အမေအတွက် သီးသန့်ဒိုင်ဖွင့်လိုက်ပေါ့ကွယ်။ မတော်လို့ ကံစပ်ပြီး ပေါက်သွားတော့လည်း ပုံမှန်ပေးနေကြလို လစဉ်ပြန်ဖဲ့ဆပ်ပေါ့။ ဒါများလွယ်လွယ်လေး…။ သဂျီးက မတူတဲ့အတွေးနဲ့ တွေးပါလို့ပြောတယ်၊ နင်တို့ တလွဲတွေးတယ်၊ ေဩာ် အနိစ္စ ဒုက္ခ အနတ္တ..။

    • char too lan

      September 2, 2011 at 2:05 pm

      ကျနော်လဲ ဦးကြောင်ပြောသလိုတွေးမိပီး အကြံပေးဖူးပါတယ် မရပါဘူး …. ဟိုနေ့ကလဲ ချဲစာရွက်တွေကို သမီးဖြစ်သူက မီးရှို ့လိုက်လို့တဲ့ ဆူညံသွားတာပဲ … ကိုကျော်ကြီးနဲ့ ကျနော်တိုင်ပင်ပီး ရဲကိုလဲလက်တို့ဘူးပါတယ် လိုင်းကြေးပေးထားတယ်ဆိုလား လိုင်းကားစီးလာတယ်ဆိုလား ဘာမှန်းမသိတဲ့ဟာကြောင့် ဒိုင်ကလဲ ခုထိကောင်းစားနေတုန်းပါပဲ ………… 🙁

  • နည်ရဲဇော်

    September 2, 2011 at 9:39 am

    ကျွန်တော်လည်းဒီလိုဘဝမျိုးကိုဖြတ်သန်းခဲ့ဖူးပါတယ်။ တစ်ခါတစ်လေမှာ မိဘကို ဒေါသတကြီး၊ အားမလိုအားမရနဲ့ အော်ငေါက်မိခဲ့တာလဲရှိတယ်။ သားသမီးဆိုတာ မိဘမဖြစ်ဖူးသေးလို့ ကိုယ်ချင်းမစာတတ်တာမဆန်းပေမယ့် မိဘဆိုတာ တစ်ချိန်က သားသမီးဖြစ်ခဲ့ဖူးလို့ ကိုယ်ချင်းစာသင့်တယ်လို့ အမြဲတမ်းတွေးမိခဲ့ပါတယ်။
    +++++
    ဒါပေမယ့်လည်း ဒါတွေကြာခဲ့ပါပြီ။ သွေးအေးသွားတဲ့အချိန်၊ ကိုယ်လည်းမိဘ ဘဝရာက်လာချိန်၊ ကိုယ့်မိဘတွေလည်း အိုမင်းမစွမ်းတော့တဲ့အချိန်တွေမှာ ကိုယ်လည်းစိတ်ဆင်းရဲ သူတို့လည်းစိတ်ဆင်းရဲမယ့် ဒေါသစကားတွေအပြုအမူတွေမလုပ်ချင်တော့ပါဘူး။ ကိုယ်တတ်နိုင်သလောက်ပြုစုနိုင်ဖို့ပဲ ကျိုးစားရတော့မှာပါ။
    +++++
    အကောင်းဆုံးကတော့ ဒီလိုမျိုး အခက်အခဲတွေကြောင့် ကိုယ့်ရဲ့ဘဝကို ရေစုန်မမျှောလိုက်သင့်ပါဘူး။ အမေလည်းဆိုးတယ်။ သားလည်း လိုက်ဆိုးမယ်ဆိုရင်တော့ အဆိုးသံသရာလည်နေဦးမယ်။ ငါ့အလှည့်ရောက်ရင် ငါ့သားသမီးတွေကို ဒီလိုအဖြစ်မျိုးမဖြစ်စေရဘူးဆိုတဲ့စိတ်ဓါတ်နဲ့ ကိုယ့်ဘဝလေးကို ပြုစုပျိုးထောင်နေတာပဲသင့်မယ်ထင်ပါတယ်။

  • wathanmin

    September 2, 2011 at 9:48 am

    ဘယ်လောက်အဆင်ပြေနေတဲ့ အလုပ်ပင် ဖြစ်ပါစေ လူပင်ပန်း၊ စိတ်ပင်ပန်းနှင့် ဖိစီး မှု့ဆိုတာ ရှိပါတယ်။
    အဲ့လို ပင်ပန်းစွာရှာဖွေထားရတဲ့ ငွေကို ဒီလိုပုံစံမျိုးဖြင့် သုံးနေတာကို သိနေရခြင်းက ပိုပြီး စိတ်ပင်ပန်းပါတယ်။……….
    လတိုင်းဒီပုံစံမျိုးဖြစ်နေမယ်ဆိုရင်တော့…………………
    မိဘဆိုပေမယ့်လဲ ဒီအခြေအနေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းရင် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို……. စဉ်းစားဖို့အမှန်တကယ်လိုလာပါပြီ။
    အပေါ်မှာ နန်းရှင်ရေးထားတဲ့ တန်ပြန်တိုက်စစ်ဆိုတာလေးရော……………….:)
    ( ကြောက်ကြောက်နဲ့ မမန့်ပဲမနေနိုင်လို့ ):)

  • blackchaw

    September 2, 2011 at 10:21 am

    ကြောင်ကြီးပြောတာ မှန်တယ်ဗျ။ သားသမီးတွေစုပြီး ဒိုင်ပြန်ဖွင့်ဆိုတာလေ။ တစ်ခုတော့ရှိတယ်ဗျ။ အဲဒါကလည်း ကံမကောင်းရင် တစ်မိသားစုလုံး အထဲဝင်နေရမှာဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 2, 2011 at 10:25 am

    ဟုတ်ပါပြီဗျာ
    ဒီနေရာမှာ အမေသာ နှလုံးထီအချီကြီးပေါက်သွားရင်
    သားတွေသမီးတွေတွက် ဆိုပြီးပြန်လည်လာမှာကို
    ထောက်ပြမယ်ဆိုရင်ရော
    ဒါတွေက အကြမ်းသဘောဘဲပြောတာပါ
    နောက်တစ်ခုကြားဘူးတာက ရှိသေးတယ်
    သားသမီးခုနစ်ယောက်ကို မိဘ နှစ်ယောက်က ကျွေးမွေးနိုင်တယ်
    မိဘနှစ်ယောက်ကို သားသမီး ခုနစ်ယောက်က မကျွေးမွေးနိုင်ဘူးဆိုတာ ကြားဘူးတာဘဲ
    ဒီပို့စ်နဲ့တော့ သိပ်မဆိုင်ပါဘူး
    ဒီပို့စ်ရဲ့ အဓိက ကီးကတော့
    မိဘနှင့် သားသမီး စေ့စပ်ဆွေးနွေးခြင်းလို့ ထင်ပါတယ်
    ခင်ဗျားတို့ရော ဘယ်လိုဖြေရှင်နိုင်မယ်လို့ထင်ကြသလဲဗျို့

    • char too lan

      September 3, 2011 at 2:05 pm

      အင်း……….အဲ့ဒီအဓိပ္ပာယ်ကို ဦးမင်းသင်္ခရေးတဲ့ စာထဲမှာ တခါဖတ်ဘူးတယ် အခုပြန်စဉ်းစားကြည့်တော့ မတူတဲ့အတွေးပေါ့နော် .. အမေမှာလို့နို့ဆီဗူးဝယ်ပေးတာ သားဖြစ်သူက အခုခေတ်မှာအကောင်းဆုံးလို့ပြောရမယ့် ဒေါင်းနို့ဆီကိုဝယ်ခဲ့ပေးတယ် အမေက မရဘူး ဒီတံဆိပ်ငါမကြိုက်ဘူး ဒါလေးခိုင်းတာတောင်အချိုးမကျဘူး နင်တို့ကိုဒီအရွယ်ရောက်အောင်ကျွေးမွေး လာရတာအလကားပဲ လို့ပြောတယ်။ အမေက အဲ့လို့ပြောတော့ သားသမီးတွေက စိတ်မကောင်းဖြစ်ရတာပေါ့နော် အမှန်တော့ သားကလဲ သူရှာခိုင်းတဲ့ ကုလားမခြင်းဆွဲ တံဆိပ်ကိုရအောင်ရှာပါတယ် ခုခေတ်မှာက အဲ့ဒီတံဆိပ်ကရှားပါသွားပီမို့ ဝယ်မရခဲ့တာပါ။ အမေက သမီးငယ်ကို ထိုနည်း၎င်းပဲအမေ ပူဆာခဲ့ပါတယ်။ သမီးကနဲနဲလည်တယ် ဘယ်ကရတဲ့ ကုလားမခြင်းဆွဲတံဆိပ်လဲမသိဘူး သိမ်းသိမ်းထားပီး အသစ်ဝယ်လာတဲ့ဒေါင်းနို့ဆီမှာ ကပ်ပီးပေးနေတော့ လက်ခံတယ် ငါမှာတာဒီတံဆိပ်ပေါ့ သားကြီးက အသုံးမကျဘူး အမေကိုဂရုမစိုက်ဘူးဖြစ်ရတာပေါ့။။
      ဪ…….. မိဘ တစ်ယောက်က သားသမီး (၇)ယောက်ကိုကျွေးနိုင်တယ် သားသမီး (၇)ယောက်ကတော့ပြန်မကျွေးနိုင်ဘူးဆိုတာ သားသမီးတွေက မိဘကျွေးတာပဲစားရတာများပီး ဒါမှ ဟိုဟာမှ ရွေးချယ်ဖို့ဆို မသိခဲ့ကြပါဘူး………. တဲ့ 🙁

  • myanpyithar

    September 2, 2011 at 11:10 am

    ကိုချာရေ..ကိုယ်ချင်းစာနာမိပါတယ်ဗျာ..
    မိဘကိုရဲသတင်းပေးတာထက်..ဒိုင်ချုပ်ကိုအတိအကျတိုင်တာပိုကောင်းမယ်..
    ဒါမှခင်ဗျားအမေတင်မက..ကျန်တဲ့နှလုံးထီထိုးပြီးဒုက်ခတွေ့နေသူတွေပါကယ်ပြီးသား
    ဖြစ်သွားမှာပေါ့..ဒိုင်မရှိရင်ဇတ်လမ်းပြတ်ပီပေါ့…
    ကျုပ်မှာလည်းဒီပြသနာမျိုးရှိခဲ့တယ်..မိဘနဲ့တော့မဟုတ်ဘူးဗျ..မိန်းမနဲ့…
    မင်းအခုရပ်ရင်ရပ်..မရပ်ရင်..မနက်ဖန်ကစပြီးငါအလုပ်မဆင်းတော့ဘူး..မင်းချဲထိုးလို့ရတဲ့ငွေနဲ့
    ထိုင်စားမယ်ဆိုပီး..နောက်နေ့တကယ်အလုပ်မသွားဘူး..အဲတော့မှပြတ်သွားတယ်..
    အဆင်ပြေသွားမှာပါ..

  • zawmaung

    September 2, 2011 at 11:30 am

    The best thing is 1. don’t give money too much .
    2. As mention above ..ဒိုင်ချုပ်ကိုအတိအကျတိုင်တာပိုကောင်းမယ်..
    3. Duty of children and right of parents in our society , just patient. Let what ever mom or dad say , go in from one ear and go out from other site. Do not take too much .

  • mr.lone

    September 2, 2011 at 11:50 am

    ကိုယ့်လစာကိုတော်သင့်ရုံအပ်ပြီးကိုယ့်ဘာသာကိုယ်စုပေါ့။အမေ့ရှေ့မှာစုမရလည်း ဘဏ်မှာတတ်နိုင်သလောက်သွားစုထားပေါ့။ အမေဒီလိုလုပ်နေတာကိုသိသိရက်နဲ့ကိုယ်ကိုယ်တိုင်က အားပေးအားမြှောက်လုပ်သလို တစ်လတစ်လပိုက်ဆံအပ်နေရင်ကိုယ်ပဲစိတ်ဆင်းရဲမှာလေ။ကိုယ့်အသိလေးနဲ့
    ကိုယ်အမေ့ကိုပြန်ထိန်းပေါ့…မောင်နှမအားလုံးနဲ့လည်းတိုင်တိုင်ပင်ပင်ပေါ့။အမေကိုလည်းစိတ်ထဲမှာအပြစ်မ
    မြင်မိစေဘဲ။ကိုယ့်အလိမ္မာလေးနဲ့ကိုယ်ထိန်းထိန်းသိမ်းသိမ်းနဲ့နေကြမယ်ဆိုရင် အမေလည်းပိုက်ဆံမရှိရင်ထိုး
    ဖြစ်မှာမဟုတ်သလို။အမေ့ကိုလည်းအားတိုင်းနားချပေးကြပါ။နားမပူပေးပါနဲ့။အပြစ်အနေနဲ့မပြောဘဲကျိုး
    ကြောင်းနားဝင်အောင်တဖြည်းဖြည်းပြောပြလိုက်ပါ။နှလုံးရောဂါကဆေးမရှိဘူး။တဖြည်းဖြည်းကုစားသွားပေါ့…မိဘမှမဟုတ်ဘူး ဘယ်သူမှအမြဲမှန်မနေပါ…

    • mr.lone

      September 2, 2011 at 11:59 am

      နောက်ပြီး အရမ်းဆိုးနေရင်တော့ကိုယ့်နည်းကိုယ့်ဟန်နဲ့မုသားတစ်ခုခုတော့လုပ်လိုက်ပေါ့။ဥပမာ..သူငယ်
      ချင်းတစ်ယောက်ယောက်ကို ယောဂီအကျင်္ီဝတ်ခိုင်းပြီး အမေ့ဆီသွားခိုင်း၊ ဒကာမကြီး ဒကာမကြီး
      ဆက်လုပ်နေမယ်ဆိုရင် ဘယ်ဘဝရောက်နိုင်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလိမ်ခိုင်း။ပြီးရင်ဘယ်နှစ်လတော့ နှစ်လုံးမထိုးရဘူးထိုးရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီး မုသားကောင်းလေးနဲ့လိမ်လိုက်ပေါ့ တစ်ချို့မုသားတွေကလူတစ်ဖက်သားကို မထိခိုက်ဘူးဆိုရင်သုံးလို့ရပါတယ်။အလိမ္မာပေါ့…

      • etone

        September 2, 2011 at 2:45 pm

        ဒုက္ခပဲ မိလုံးတယောက်တော့ ကလေးအတွေးနဲ့ ရုပ်ရှင်ထဲမှာ လုပ်သလိုပြောနေတယ် … ။ 🙄

        • mr.lone

          September 2, 2011 at 3:43 pm

          ဟဲဟဲ မသိဘူးလေ ။ ဒါရိုက်တာလုပ်မလို့အခုထဲက ကျင့်နေတာ … 🙂

  • မီးမီး သော်

    September 2, 2011 at 12:57 pm

    ဟုတ်တယ်နော် မိဘနဲ ့သားသမီးကြားက ပြဿနာကိုဘယ်လိုရှင်းကြရမှာပါလိမ့်။ခုတော့ လောင်းကစားတွေငြိမ်သွားပီ မဟုတ်လားဟင်။

  • Shwe Ei

    September 2, 2011 at 5:22 pm

    ချဲထိုး နှစ်လုံးထိုးတော့ အားမပေးပါနဲ့ဗျာ။ မိဘနဲ့ သားသမီးဘဲ အေးအေးဆေးဆေးနဲ့ ထပ်ခါ ထပ်ခါပြောကြည့်ပေါ့။

  • MaMa

    September 2, 2011 at 8:08 pm

    ငါမှားလား…… မင်းမှန်လား…
    ခေါင်းစဉ်က စပြီး မှားနေပြီ။
    မင်းမှားလား…… ငါမှန်လား….
    အဲလို မဟုတ်ဘူးလား။
    ဘယ်သူမှန်တယ်ဆိုတာ သိနေရတာပဲ။
    ဒါပေမယ့် လူကြီးမှားတာကို လူငယ်က မလွန်ဆန်နိုင်တာကိုက အကြီးဆုံး အမှားဖြစ်နေတယ်။
    သားသမီးနဲ့ မိဘဆိုတော့ ပြောရခက်နေတယ်။
    အပင်တပင်ကိုသတ်ချင်ရင် ရေသောက်မြစ်ကို ဖြတ်ရမယ်။
    လောင်းကစားမလုပ်စေချင်ရင် ငွေလမ်းကြောင်းကို ဖြတ်ရမယ်။
    တနည်းနည်းနဲ့ (ဥပမာ- အလုပ်က လစာဖြတ်တယ်တို့၊ ကျန်းမာရေးအတွက် အပိုကုန်သွားတယ်တို့ အဲလို အကြောင်းပြပြီး) လစာကို အကုန်မအပ်ပဲ စားစရိတ်လောက်ပဲ ပေးလိုက်ရင် လောင်းကစားလုပ်စရာ ငွေမရှိတော့ မလုပ်ဖြစ်တော့ပဲ အဆင်ပြေသွားနိုင်မလားလို့။

  • nature

    September 2, 2011 at 10:09 pm

    ဘယ်နေရာမှာမဆိုဦးဆောင်တဲ့သူဟာ အဓိကပါ။ ဦးဆောင်တဲ့သူက မှားယွင်းတဲ့ယုံကြည်မှု မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမိရင်တော့ အဲဒီမိသားစုဟာ ဆင်းရဲဒုက္ခကလွတ်ဖို့ အင်မတန်ခက်ပါလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 4, 2011 at 2:12 pm

    ဘာဘဲဖြစ်ဖြစ် အဖေအမေကို ဖမ်းဆီးခံရအောင်လုပ်ဘို့တော့
    လုံးလုံးမဖြစ်သင့်ဘူးလို့ထင်ပါတယ်
    အဲ့သည်လိုအဖေအမေကို ပြစ်ဒဏ်တွေသင့်စေတာကိုလုပ်မယ့်အစား
    ပိုက်ဆံ မအပ်ဘဲနေတာကပိုပြီးကောင်းမယ်ထင်တယ် ( အထင်ပါ )
    မပေးဘူး ဒီလိုလောင်းကစားလုပ်နေသ၍ မပေးဘူး ဒီလောက်ဘဲဖြစ်သင့်ပါတယ်
    ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ယုံကြည်တဲ့သဘောထည်းကနေချဉ်းကပ်ပြီးပြောရရင်တော့
    မိဘတွေ ကိုယ့်ကြောင့် အချုပ်ဂတ်ရောက်အောင် မကြံစည်ထိုက်ဘူးလို့
    ခံယူမိပါတယ် ဒါကြောင့် အမေကိုရဲနဲ့တိုင်တဲ့အလုပ်ကိုတော့
    လုံးဝရှောင်ရှားဘို့ ရိုးသားစွာ အနူးအညွှတ် တိုက်တွန်းပါတယ်
    တတ်နိုင်ရင်တော့ မိသားစု စကားဝိုင်းလေးကို ကျင့်ပသင့်ပါတယ်

  • zaw min

    September 4, 2011 at 3:28 pm

    အဲဒီကိစ္စက မြန်မာပြည်မှာမပြီးဆုံးသေးသော ဇတ်ကားတစ်ခုဖြစ်နေပါတယ်။အထူးစီမန်ချက်ရှိတယ်ဆိုရင်တော့ ခဏတော့ညိမ်သွားပါတယ်…နောက်တော့ ဒီအတိုင်းပါပဲ….အဓိကအဖြစ်သင့်ဆုံးက အဲဒီတရားမဝင်လောင်းကစားမူတွေကို လုံးလုံးပပျောက်သွားအောင် နိုင်ငံတော်မှတာဝန်ရှိသူတွေကထိထိရောက်ရောက်အရေးယူသင့်ပါတယ်…ကျနော်မိတ်ဆွေထဲမှာ ဖိုးစိန်လမ်းလိုနေရာမျိုးမှာနေတဲ့သူက ယခုမြောက်ဒဂုံမှာအိမ်ဌားနေရပါတယ်ဆိုရင်ယုံမှာလား….
    အဓိကအကြောင်းအရင်းသည် လောင်းကစားမူသာဖြစ်သည်၊နောက်တစ်ချက် မြန်မာလူမျိုးတွေက အလွယ်သိပ်ကြိုက်ပါတယ်။ဘာမဆိုလွယလွယ်ပဲတွေးတယ်… လွယ်လွယ်နဲ့ပိုက်ရမယ်ထင်တဲ့လမ်းကြောင်းမှားနောက်ကိုလိုက်ကြတယ်။မနက်ဂဏန်းလေး ထမင်းစားဂဏန်းလေးဆိုပြီး အဲဒီနောက်ပဲလိုက်နေကြတော့တယ်…တကယ်လုပ်သင့်တာတွေ လုပ်ရမဲ့အလုပ်တွေကိုမလုပ်နိုင်တော့ပါဘူး…ဟိုဆရာမှန်တယ်ဆိုပြေး…ဟိူဘုန်းကြီးမှန်တယ်ဆိုလိုက်…အဲဒါနဲ့ဘဝမှာအချိန်တွေကုန်ပြီး ဆင်းရဲတွင်းကမထွက်နိုင်တော့ပါဘူး…
    ချမ်းသာတာတဲ့သူတွေကချမ်းသာပြီးရင်းချမ်သားရင်းပေါ့…ဒိုင်ချုပ်ကိုတွေပြီ သေသေချာချာမိပြီ…ဘာလုပ်လဲ…လူစားထိုးလိုက်ပါတယ်….ရော့မင်း သိန်း(၂၀)ယူထောင်ထဲသွား မင်းမိသားစုကိုကြည့်ထားပေးမယ်…အိုကေစိုပြေပဲ….
    ကျုပ်တို့လို ဘာမှမဟုတ်တဲ့အကောင်တွေတောင်သိတယ် အထက်ကလူကြီးတွေမသိပဲရှိမလား…စဉ်းစားစရာနော်…
    နောက်အချက်က သားသမီးနဲ့မိဘ….မိဘဆိုတာ မိမိတို့ရဲ့သားသမီးများလိမ်မာရေးအတွက် နည်းပေးလမ်းပြဆုံးမသွန်သင်သင့်တယ်…အိမ်ထောင်တစ်ခုမှာ ခေါင်မိုးမလုံရင် တစ်အိမ်လုံးဒုက္ခတွေဝေနေမှာပါ။
    ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမယ်…မိဘကသားသမီတွေကောင်းစားတာမြင်ချင် မိမိတု့ိရဲ့သားသမီတွေ အတုယူမမှားအောင်ပြုပြင်ရပါလိမ့်မယ်….
    ကဲ…ကောင်းပီ….အမေတို့က မထိုးရရင်မနေနိုင်ပေါင်ဆိုတော့…အမေ…ကျနော်ပဲ ကော်မရှင်ရောင်းတော့မယ်…ဒါမှအမေတို့လောင်းကြေးကျေနိုင်မယ်…ကျနော်ရမဲ့ကော်မရှင်တွေကို အကုန်သာထိုးအမေ…လာဖမ်းရင်လည်း လူစားဝင်ပေးလိုက်မယ်…အမေသာကျနော်ကို ထောင်ဝင်စာမှန်မှန်သာလာတွေပေတော့…

    • char too lan

      September 6, 2011 at 11:08 am

      သူအကြံအစည်ကလဲ မိဘတွေကိုရည်ရွယ်တာမဟုတ်ပါဘူး ကျနော်ကအပြည့်အစုံမရေးခဲ့မိတော့ အဲ့လိုဖြစ်သွားရတာပါ။ သူက ရဲနဲ့တိုင်ပင်ပီး သူ့အိမ်ကိုဝင်ခိုင်းမယ် ဖမ်းမယ်ဆိုရင်တောင် သူကပဲမိဘအစားဝင်သွားပီး မိဘတွေက.. ဪ……. ငါ့သားလေး ငါတို့ကြောင့်ဒီလိုဖြစ်သွားလေခြင်းဆိုပီး နောင်တတွေတသီကြီးရ ပီးနောက်ချဲဆိုလုံးဝလှည့်မကြည့်တော့တာမျိုးလေးပေါ့နော်………. သူတွေထားတာက အဲ့ဒီလိုပါ။
      ဒီလိုကိစ္စက နိုင်ငံတိုင်းမှာဖြစ်နေတာလား ကျနော်တို့နိုင်ငံပဲကွက်ဖြစ်တာလား တော်တော်တော့ ရင်နာစရာကောင်းတယ်ဗျ !!
      Comment ပေးတဲ့ရွာထဲက အမျိုးတွေအားလုံးကိုကျေးဇူးတင်ပါတယ် ……. ဖြေရှင်းရကျပ်တည်းတဲ့ အခုလိုပြဿနာမျိုးတွေနဲ့ ကင်းဝေးကြပါစေ………………..

Leave a Reply