“မမစိုး ..ကလေးမရအောင် ဘယ်လို ကာကွယ်ရမလဲဟင် … ခုနက ပြောတဲ့ ရက်တွေမှာပဲ ဆက်ဆံလို့ ရတယ်ဆိုတော့ အိမ်ထောင် သည်တွေကြတော့ ရက်ရှောင်ဖို့ မလွယ်ဘူးလေ… “

” ဒီလို မိချိုရဲ့ … ဒီခေတ်မှာ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးပါ … ရက်ခြားတာကတော့ ခုဏက ပြောသလိုပေါ့ … နောက်ပြီး အကာကွယ်သုံး ပြီး လိင် ဆက်ဆံမယ်ဆိုလည်း ကလေးမရနိုင်ဘူး … ကွန်ဒုံးလို့ ခေါ်တဲ့ ပစ္စည်းလေးကို အမျိုးသားက အသုံးပြုပြီး ဆက်ဆံရင်လည်း ကိုယ်ဝန်မရနိုင်ဘူး … ဒါပေမဲ့ အသုံးပြုမှူ မှန်ကန်ရမယ်နော် … မဟုတ်လျှင် ကွန်ဒုံးသုံးပေမဲ့ … ပေါက်ပြဲတဲ့ အခါ … အသုံးပြုပုံမမှန်ကန်တဲ့ အခါ ကိုယ်ဝန်ရနိုင်တယ် …. “

” ကွန်ဒုံး ဟုတ်လား မမစိုး … မိချိုတော့ ကြားတောင်မကြာဖူးဘူး … “

“ဟုတ်တယ် မိချိုရဲ့ … ညည်းတို့ မကြားဖူးလို့လည်း ကလေး တဖြုတ်ဖြုတ်ရတာ … “

ရှက်ဖြီးဖြီးနှင့်ခေါင်း ကုတ်နေသော မိချိုက … ” မမစိုးပြောတုန်းက ကာကွယ်နည်း အများကြီးဆို အခုမှ နှစ်ခုပဲ ရှိသေးတယ်” ဟု ပွဲတောင်းပြန်သည် … ။

(၁၃)

“အင်း ဟုတ်တယ် မိချိုရဲ့ … ရက်ရှောင်တာရယ် ၊ ကွန်ဒုံးသုံးတာရယ် အပြင် တခြား နည်းတွေလည်း ရှိသေးတယ် … ဥပမာ ဆေးကဒ်သောက်တာတို့ … ဆေးထိုးတာတို့ပေါ့ …. ဆေးကဒ်တွေကလည်း လွယ်လွယ်ကူကူဝယ်လို့ ရနေပါပြီ … ဒါပေမဲ့ ဘယ်လိုသောက်ရမလဲ ဆိုတာကိုတော့ နားလည် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးမှ သောက်သင့်တယ်နော် … မဟုတ်လျှင် ဆေးကဒ်သောက်နေရင်းနဲ့ ကိုယ်ဝန်ရှိသွားနိုင်တယ် … တစ်ခါတစ်ရံ တချို့ ဆေးတွေက ရက်ဆက်သောက်ရတယ်… အဲ့ဒီအချိန် တစ်ရက်မေ့သွားလို့ အဲ့ဒီနေ့မှာ ဆက်ဆံဖြစ်လျှင် ကိုယ်ဝန်ရှိနိုင်ပါတယ် … ဆေးကလည်း သတ်မှတ်ထားတဲ့ သက်တမ်းအတွင်းမှာ သုံးနိုင်တဲ့ ဆေးဖြစ်ရမယ်နော် …. ။ “

” သက်မှတ်ထားတဲ့ သက်တမ်းဆိုတာ ဘာလဲ မမစိုး” ဟု မဝေက မေးပြန်သည် … ။

“ဒီလို မဝေရဲ့ … တချို့ ဆေးဆိုင်တွေက ဆေးတွေက ရက်လွန်ဆေးတွေဖြစ်နေပြီ … ၀ယ်တဲ့လူက ရက်စွဲ မကြည့်ဝယ်ဖြစ်တာ များတယ် … ဒီတော့ သောက်ပြီး လည်း ရက်လွန်ဆေးဖြစ်တဲ့ အတွက် အာနိသင်မရှိတော့တာကြောင့် ကိုယ်ဝန်ရနိုင်တယ်လို့ ပြောတာပါ …။ “

“တစ်ချို့ အမျိုးသမီးတွေ အလွန်မေ့တတ်ပါတယ် ….. အဲ့ဒီလို လူမျိုးတွေ အတွက်တော့ …ထိုးဆေး ထိုးတာက ပိုကောင်းပါတယ် … … ကျွန်မသမီးတွေကတော့ ထိုးဆေးပဲ သုံးတယ် … တစ်ခါထိုးလျှင် အကြာကြီး ခံလို့လေ … ။ ထိုးဆေးမှာ တစ်လဆေးနဲ့ သုံးလဆေးဆိုပြီး ဈေးကွက်ထဲမှာရနေပါပြီ … ။ “

” ဆေးထိုးတဲ့ အခါ နားလည် တတ်ကျွမ်းတဲ့ ကျန်းမာရေး ၀န်ထမ်းများနဲ့ ဆေးရုံ ၊ ဆေးခန်း တွေမှာပဲ ထိုးသင့်ပါတယ် …. တစ်လဆေးကတော့ ပုံမှန် ရာသီပြန်လာပေမဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်… သုံးလဆေးကတော့ … တယောက်နဲ့ တယောက်မတူပါဘူး …. တစ်ချို့ကလည်း သုံးလဆေးထိုးထားလျှက်နဲ့ သွေး ပြန်ဆင်း တတ်တယ် … တစ်ချို့ကျတော့လည်း သုံးလဆေးထိုးထားလို့ ကြားထဲမှာ တစ်ခါမှ သွေးမဆင်းတာမျိုးလည်း ရှိတတ်ပါတယ်… တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး …. တစ်နေ့ တစ်လုံးသောက်နေရတဲ့ ဆေးလုံးထက်တော့ အလုပ်ရှုပ်သက်သာတာပေါ … နောက် အရေးကြီးတဲ့ အချက်ရှိပါသေးတယ် … သုံးလဆေး ဖြစ်ဖြစ် ၊ တစ်လဆေးဖြစ်ဖြစ် ထိုးပြီးတဲ့ အခါ မချေ ရပါဘူး … တစ်ချို့ ဆေးခန်းတွေမှာ မသိသေးတာ ရှိပါတယ်… “

” ဒီလို ဆေးတွေက ဖျားနာလျှင် ထိုးတဲ့ ဆေးတွေနဲ့ မတူပါဘူး … ချေစရာ လုံးဝမလိုပဲ သူ့ဘာသာသူ တစိမ့်စိမ့် စီးဆင်းစေတာပါ … သုံးလဆေး ၊ တစ်လဆေး သုံးလို့ ဆေးခဲတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ.. … ထိုးဆေးတွေရဲ့ အားနည်းချက်ကတော့ …အများစုက သုံးလဆေးမှာဖြစ်တာ များတယ် … သွေးပြန်မပေါ်တဲ့ အမျိုးသမီးတွေဆိုလျှင် … ကလေးပြန်ယူမယ်တွေးပြီး ဆေးထိုးရပ်သည့်တိုင်အောင် ရာသီပြန်မပေါ်ပဲ စောင့်ရတာ ရှိပါတယ်… တစ်ယောက်နဲ့ တစ်ယောက် ဆေးထိုးရပ်ပြီး ရာသီသွေးပေါ်ဖို့ စောင့်ရတဲ့ အချိန်လည်း မတူပါဘူး … ။ ထိုးဆေးတွေက ရက်မှန်ဖို့ လိုပါတယ်… တစ်လထိုးတဲ့လူကလည်း တစ်လအတိ ၊ သုံးလထိုးတဲ့ လူကလည်း သုံးလအတိပြန်ထိုးရပါတယ်… ဆေးထိုးဖို့ တရက်နောက်ကျတာနဲ့ အဲ့ဒီနေ့မှာ ဆက်ဆံမိလျှင် ကိုယ်ဝန်ရှိနိုင်တာကြောင့်ပါ … “

” အင်း … မမစိုးက အတော်လေး ဗဟုသုတ်ရှိတာပဲနော် ..”

” မမစိုးတို့လို ဒီအလုပ်လုပ်ကိုင်နေတဲ့သူတွေက ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ စုံစမ်းပြီး လိုက်နားထောင်ရတယ်လေ … အခုလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းက လုပ်တဲ့ …… အစီစဉ်တွေမှာ လက်လှမ်းမီသလောက်သွားနားထောင်ဖြစ်တယ် … ဒါကြောင့်သိတာ … “

” ဟိုးတလောက summit park view မှာ လုပ်တဲ့ သားဆက်ခြားရေး ပွဲလေး တစ်ခုတောင် တက်ရောက်ဖြစ်သေးတယ် .. ဆရာဝန်နဲ့ ဆရာမတွေကငယ်ငယ်လေးတွေလည်းပါတယ်… အိုဂျီတွေလည်းပါတယ် … အဲ့ဒီအကြောင်းလေး ပြောပြဦးမယ်…. ။”

(၁၄)

” သားဆက်ခြားနည်းတွေ အကြောင်း အတော်နားလည်သွားတဲ့ မဝေနဲ့ မိချိုကို ဒီတစ်ခါ ပစ္စည်းထည့်ပြီး သားဆက်ခြားတဲ့အကြောင်းလေး ပြောပြပါဦးမယ် … ဟိုတလောက လုပ်တဲ့ ဟောပြောပွဲမှာလည်း နားထောင်ခဲ့ဖူးပါတယ် … ။ သားအိမ်ထဲ ပစ္စည်းထည့်တာပါ … IUD လို့ခေါ်တဲ့ ပစ္စည်းလေး သားအိမ်ထဲ ထည့်ထားယုံနဲ့ ကလေးမရနိုင်ပါဘူး … “

” ဟယ် … ဟုတ်လား မမစိုး …အဲ့ဒီအကြောင်းလေး ပြောပါဦး ကျွန်မလည်း အရမ်းစိတ်ဝင်စားနေတာနဲ့ … ပစ္စည်းထည့်တယ်ဆိုတာ ကြားသာ ကြားဖူးတာ သေချာရှင်းပြမဲ့လူမရှိတော့ ကျွန်မလည်း သေချာမသိ ၊ မေးဖို့ဟာလည်း ဘယ်သူ့ကိုမေးရမလဲ မသိတော့ … မမစိုးကပဲ ရှင်းပြပေးပါဦးနော် …. “

“အင်း … ဒီလို မဝေရဲ့ … IUD လို့ခေါ်တဲ့ပစ္စည်းလေး ထည့်ထားယုံနဲ့ … ကိုယ်ဝန်မရအောင်ကာကွယ်နိုင်တယ် … ပစ္စည်းလေး သားအိမ်အတွင်းမှာ ရှိနေမယ်ဆိုလျှင် ငါးနှစ်အထိ….ကိုယ်ဝန်မရနိုင်ဘူး … ပစ္စည်းထည့်ထားလျှက်နဲ့ ကိုယ်ဝန်ရှိသွားတယ်ဆိုတဲ့ ကိစ္စမျိုးကြားဖူးပါတယ်… တကယ်လည်း စစ်ဆေးကြည့်ရော သားအိမ်ထဲမှာ ပစ္စည်းမရှိတော့ဘူးလေ … ပစ္စည်းလေးကိုယ်ထဲက ထွက်သွားတဲ့ အချိန်ကို သတိမထားမိလိုက်တာကြောင့်ပါပဲ … ။ “

“ပစ္စည်း ရှိမရှိ ဘယ်လို စမ်းကြည့်လို့ရလဲ မမစိုး … “

” ဒီလို မိချိုရဲ့ … ပစ္စည်းလေးက ကြိုးလေးလည်းပါတယ်… အဲ့ဒီကြိုးကို စမ်းကြည့်ယုံနဲ့ ပစ္စည်း ရှိမရှိသနိုင်ပါတယ်…. အမြဲတမ်းစမ်းနေစရာမလိုသေးပါဘူး … ရာသီပြီးတဲ့ရက်ကျမှ စမ်းရတာပါ …. “

” ကိုယ်တိုင်စမ်းကြည့်လို့ ရပါတယ် … ရာသီပြီးတဲ့နေမှာပဲ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ချောင်းနဲ့ မွေးလမ်းကြောင်းထဲကို ထည့်ပြီး စမ်းရမှာပါ … လက်ချောင်းလေးတွေက ကြိုးစလေးကို စမ်းမိတယ်ဆိုလျှင် ပစ္စည်းလေး သားအိမ်အတွင်းမှာ ရှိသေးလို့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးမှာပါ … ပစ္စည်းလေးက သေးငယ်တဲ့ အတွက် ရာသီသွေးနဲ့ အတူ ရောပါသွားတဲ့အခါ ကိုယ်က မသိလျှင် ကိုယ်ဝန်ရနိုင်တာမို့ အဲ့ဒီလို စမ်းသပ်ခိုင်းတာပါ … ။ “

” ကိုယ်ထဲ ထည့်တဲ့အခါရော ကိုယ့်ဘာသာကိုယ်ထည့်ရမှာလားဟင် မမစိုး …”

“မဟုတ်ဘူး မဝေရဲ့ … IUD project အတွက် သင်တန်းပေး လေ့ကျင့်ထားတဲ့ ဆရာဝန်လေးတွေက ထည့်ပေးတာပါ … ။ နာကျင်မှူမရှိပေမဲ့ … ကိုယ့်ကိုယ်ထဲ ထည့်တာဖြစ်လို့ … ခိုးလု ခုလုဖြစ်နေတယ်လို့တော့ စိတ်ထင်တတ်တာပေါ့ … ။ အဲ့ဒီအခါ တတ်ကျွမ်းတဲ့ နားလည်တဲ့ လူတွေနဲ့ နှစ်သိမ့် အကြံပေးတာ ခံယူပါ … ။ ထည့်ထားပြီးပြီး ချင်း လတွေမှာ ရာသီသွေးဆင်းတော့ များတတ်တယ် … ။ ထည့်ပြီးပြီးချင်း နောက်တစ်လပြည့်တဲ့ အခါ ထည့်ပေးတဲ့ ဆရာဝန်နဲ့ ပြန်ပြပြီးနေရာမှန်မမှန် ၊ စိတ်ခံစားမှူ အခြေနေတွေကို တိုင်ပင်ရပါတယ် … “

“အခုနောက်ပိုင်း စက်မှူဇုံတွေမှာ မြန်မာနိုင်ငံ ဆရာဝန်အသင်း ( MMA ) က ဦးဆောင်ပြီး သားဆက်ခြားရေး စီမံချက်အတွက် ဟောပြောပွဲတွေ ပြုလုပ်ပေးပြီး အခမဲ့ ပစ္စည်းထည့်ပေးပါတယ်….။ အဲ့ဒီပစ္စည်းလေး ထည့်ထားယုံနဲ့ ငါးနှစ်ကြာကလေး မရနိုင်ပါဘူး … ကလေးလိုချင်တယ်ဆိုလျှင် ပစ္စည်းလေး ပြန်ထုတ်လိုက်တာနဲ့ ကလေး ပြန်ယူလို့ ရပါတယ် … သုံးလ ထိုးဆေးတွေလိုတော့ ရာသီပြန်ပေါ်အောင် စောင့်စရာမလိုတာ သူ့အားသာချက်နဲ့ ကြိုးစလေ ပြန်ပြန်စမ်းပေးရတာ သူ့အားနည်းချက်ပါ …. ဒီနည်းကတော့ ပို အဆင်ပြေတယ်လေ … “

” အယ် မမစိုးရေ … ကျွန်မတို့ဆီမှာ အဲ့ဒါမျိုးမသိလို့ မွေးလိုက်ကြတာ ဟောတယောက် ၊ ဟောတယောက်နဲ့ …. “

“ဒါပေါ့မိချိုရယ် မသိတော့လည်း သားဆက်ခြားရမယ်ဆိုတာ နားမလည်ဘူးပေါ့ … ။ ဒါကြောင့်လည်း မမစိုးက သမီးတွေကို ရှင်းပြပေးနိုင်အောင် ဟောပြောပွဲတွေ လိုက်နားထောင်ထားရတယ်လေ … ။ “

” နောက်တမျိုးနည်းနဲ့ သားဆက်ခြားလို့လည်း ရသေးတယ် မိချိုရဲ့ … “

“ဟုတ်လား မမစိုး အဲ့ဒါဘယ်လိုလဲဟင် … “

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!