ကဲ….သွင်းခွင့်ရပြီနော် ကားးးးး

လင်းဝေSeptember 1, 20111min14319

ဒီနေ့ ထွက်လာတဲ့ သတင်းထူးကတော့ export earning ဖြင့် ကားသွင့်ခွင့်ပြုမယ်ဆိုတာပါပဲ။
သတင်းက သေချာသလားမမေးနဲ့ ကားသွင်းပြီး ပြန်ရောင်းဖို့အတွက် ဂျပန်ကားကုမ္ပဏီကြီးတွေကိုတောင် ဆက်သွယ်တဲ့သူက ဆက်သွယ်နေပါပြီ။
လူစီးကားတွေ ကို ပို့ကုန်ရငွေနဲ့ သွင်းခွင့်ပြုလိုက်တယ် လို့ ဆိုပါတယ်။
ဒီသတင်းကြောင့် ငွေဈေးစမာလာပါပြီ။ တကယ်သာ သွင်းခွင့်ပြုမယ်ဆိုရင်တော့ ငွေဈေးက အနည်းဆုံး တစ်ထောင်အပေါ်မှာ နေမှာပါပဲ။
ဒါပေမယ့် ဘယ်လောက်ကြာကြာပေးသွင်းခွင့်ပြုမယ်ဆိုတာလည်း မသိတဲ့အတွက် အလုအယက်စသွင်းကြမှာပါ။
အဲဒီတော့ နောက်တစ်ပါတ် သတင်းအတည်ဖြစ်တာနဲ့ ပို့ကုန်ရငွေဈေး အလွန်ထိုးတက်ဖွယ်ရှိပါတယ်။
ကားအသစ်ကို ဈေးသက်သက်သာသာနဲ့ စီးချင်သူများ ဝယ်ဖို့ငွေကို ပြင်သာထားပေတော့။ အိမ်ဈေးမြေဈေးတွေလည်း တန့်သွားမယ်လို့ထင်မြင်ယူဆပါကြောင်း။

19 comments

  • char too lan

    September 1, 2011 at 5:01 pm

    အောင်မလေးဗျာ……… ခေါင်းစဉ်ကြည်ပီးလန့်သွားသဗျို ့ !!!

  • nozomi

    September 1, 2011 at 5:11 pm

    ကိုလင်းဝေကျော်ကြီး ဆီက အမြဲတမ်း သတင်းထူး သတင်းဦးတွေ ရတယ်

    အားလုံးအတွက်ကောင်းတဲ့ သတင်းပါ ၊ ဆက်စပ် သတင်းတွေရှိရင် ထပ်တင်ပေးပါဦး

  • weiwei

    September 1, 2011 at 5:23 pm

    ဝမ်းလဲသာတယ် .. ဝမ်းလဲမသာဘူး ..
    ဝမ်းသာတာက ကားဝယ်စီးနိုင်ဖို့ အခြေအနေနီးလာလို့ …
    ဝမ်းမသာတာက ရန်ကုန်မှာ အခုတောင်ကားတွေဒီလောက်ရှုပ်ယှက်ခတ်နေတာ …. ကားတွေသာ လှိမ့်ဝင်လာရင် traffic ကိစ္စပိုဆိုးတော့မယ် .. ကားပါကင်အတွက်လဲ ရန်ပိုဖြစ်ကြရတော့မယ် …. 🙁
    နံပါတ်နိမ့်ကားတွေ မျက်ခုံးလှုပ်တော့မယ်ထင်တယ်နော် ….

    • Arkar11

      September 1, 2011 at 5:33 pm

      ကားရှုပ်မဲ့ ကိစ္စ တွက် စိတ်မပူပါနဲ့….အရင် မုန့်ဆီကြော် လက်ထဲရောက်ပါစေအုံး…ပြီးမှ နုတ်ခမ်းနာမဲ့ ပြသနာ ရှင်းကြတာပေါ့….
      နဂိုထဲက သူတို့က လုံးဝ ပေးသွင်းချင်တာ မဟုတ်ဘူး…

  • pan pan

    September 1, 2011 at 5:32 pm

    ဒါ့ကြောင့် ဒေါ်လာဈေးတွေတက်လာတာပဲ
    FECကတော့ တက်ပေသည့် စိတ်မချဘူး 🙁
    ကြောက်တယ်

  • MaMa

    September 1, 2011 at 5:35 pm

    ဒီသတင်းတကယ်ဖြစ်လာရင်တော့ ပို့ကုန်သမားတွေ ရတနာပုံဆိုက်မယ့်ကိန်းပဲ။ တနေ့တမျိုးမရိုးရအောင် သတင်းတွေ တခုပြီးတခုထွက်လာပြီး ခုချိန်ထိတော့ ဘာမှဖြစ်မလာသေးဘူးလားလို့??????????

  • mgmglusoe

    September 1, 2011 at 5:58 pm

    မင်္ဂလာ သတင်းပဲဗျို့…၊ သတင်းနဲ့ လက်တွေ့ ကွက်တိမှန်ပါစေဗျား..၊
    ဈေးသက်သာမယ်ဆိုတာ ဂယ်ကြီးလား..?
    တော်ကြာ ကားတစ်စီးသွင်းဈေး $ ၃၀၀ဝ + အထွေထွေ သိန်း ၂၀ဝ ကျပ် ဆိုရင်ဖြင့်…..
    အမလေး သေပါပီဗျ….
    ဖြစ်မှာစိုး… 🙄

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 1, 2011 at 6:03 pm

    ငါတို ့လဲဝယ်မယ်။အမြင်ကတ်ရင်ကားနဲ ့ဝင်ဆော်ရတာ
    ပိုတန်သကွ။မုန် ့ဆီကြော်ဘယ်မှာနေမသိ
    နှုတ်ခမ်းနာနဲ ့တည့်ပေါ့မလား ဖြစ်နေရတယ်ဗျို ့။

    • killer

      September 1, 2011 at 9:58 pm

      မုန့်ဆီကျော်က ဆီမဝယ်နိုင်သေးလို့ တဲ့
      ကားကတော့ ဈေးထဲက ဝယ်လိုက်ပါ တဲ့… :mrgreen:

  • manawphyulay

    September 1, 2011 at 6:23 pm

    ဝယ်မယ့်သူတွေကို ကပ်ထားမှ ကားကပ်စီးလို့ရမှာ လမ်းမှာတွေ့ရင် ကားပေါ်ကနေ ခေါ်ကြဦးနော်….

  • ဆူး

    September 1, 2011 at 8:05 pm

    သူ့ဂွင်နဲ့ သူပါပဲ..
    ချယ်ရီဝယ်ဂွန် ကိုတောင် ၂၅ဝလောက် ခေါ်နေလို့..

  • MaMa

    September 1, 2011 at 8:27 pm

    တကယ်ဆိုဇုံကားတွေထုတ်တယ်ဆိုတာမဖြစ်သင့်ပါဘူး။စခွင့်ပြုကတည်းကမှားတယ်ထင်ပါတယ်။ ကားတွေကို ထိုက်သင့်တဲ့အခွန်ကောက်ပြီး import ပေးတာက သဘာဝကျပါတယ်။ သွင်းလာမဲ့ကားတွေအတွက် ကားဂျမ်းကိစ္စတွေကိုလည်း ကြိုတင်စဉ်းစားဖို့လိုမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်မူဝါဒတခုခုချမှတ်တော့မယ်ဆိုရင် အဘက်ဘက်ကဒေါင့်စေ့အောင်စဉ်းစားပြီး တိကျတဲ့မူတခုကို တရားဝင်ထုတ်သင့်ပါတယ်။ ကိုယ်ထုတ်တဲ့မူ အားနည်းချက်တွေရှိရင်လည်းကိုယ်ပဲတာဝန်ယူသင့်ပါတယ်။

  • chityaaung

    September 1, 2011 at 9:15 pm

    မ,ကားရဲပါဘူးနော်…။ ငြိမ်ငြိမ်နေတာပဲကောင်းပါတယ်..။ ဒီမိုး ဒီလေနဲ့…။ ကြည့်လည်းလုပ်ကြဦးဦး

  • moegyothwar

    September 1, 2011 at 11:31 pm

    ကိုလင်းရတဲ့သတင်းတွေကတော့ ရှယ်ဘဲ။ ကားပေးသွင်းရင်တော့ ဒေါ်လာဈေးတက်ပြီပေါ့။ ဒါဆို ကုန်ဈေးနှုန်းကျဖို့လမ်းမရှိတော့ဘူးပေါ့။ ဒေါ်လာဈေးဆွဲတင်ချင်တာနဲ့ ကားသွင်းခွင့်ပေးတာဆိုရင်တော့ လုပ်နည်းများမှားနေမလား။ ဘာဘဲဖြစ်ဖြစ်ကားတွေ ဝင်လာရင်နိုင်ငံတော်အတွက်အခွန်ရတာပေါ့။ ဘဏ်ထဲအောင်းထားတဲ့ငွေတွေပြန်ထွက်လာရင်တော့ လုပ်ငန်းတွေပြန်လည်ပတ်ကြတော့မှာပါ။

  • a_lin_say_ta_mum@googlegroups.com

    September 2, 2011 at 1:32 am

    ရမ်းသန်းပြီးဝမ်းသာမနေကြနဲ့အုံး
    လိုင်စင်ဝင်ရင်အခွန်ဘယ်လောက်ဆောင်ရမယ်ဆိုတာစုံစမ်းကြည့်ကြအုံး
    အရင်ဝတ်သောက်ဝယ်ထားပြီးလိုင်စင်မဝင်နိုင်လို့ဒီတိုင်းထားစီးနေကြတာအများကြီး
    ဝတ်သောက်ကားက၄၅သိန်းလိုင်စင်က၂၆ဝသိန်း ကဲ ဝမ်းသာကြအုံးမလား

    • pan pan

      September 2, 2011 at 9:22 am

      တန်ဖိုးထက် လက်ခကြီးနေတယ်
      စက်ချုပ်ဆိုင် အင်္ကျ ီအပ်ရသလိုပဲ
      အဝတ်စထက် ချုပ်ခဈေးကြီးတယ်
      ချုပ်ခကတော့ ပညာပါလို့ ထားပါတော့လေ………။။။

  • လင်းဝေကျော်

    September 2, 2011 at 9:57 am

    pan pan တံပိုး ထက် လက်ခကြီး လို့ ပြောတာပါကွယ်။
    တံပိုးဆိုတာ ဈေးသက်သာပေမယ့် သူ့အတွက် လက်ခက ဈေးကြီးတယ်ကိုပြောတာလေ

  • moegyothwar

    September 2, 2011 at 10:51 am

    ကိုလင်းရေ.. ကိုလင်းက မျက်စိကြီး၊နားကြီးဆိုတော့.. သတင်းတိတိကျကျလေးများ သိရင်ပြောပါအုန်းဗျာ။ ကျွန်တော်က သတင်းထူးတွေနဲ့သေးနေတာကြာပြီဗျ။ ကျေးဇူး အထူးတင်ပါတယ်….

  • etone

    September 2, 2011 at 10:59 am

    အင်း .. သတင်းတွေကတော ့ အမျိုးမျိုးကြားနေရတာပဲ … ။
    ရှိသမျှ မူးစေ့ ၊ မတ်စေ့လေး ကုတ်ခြစ်ပြီး ကားဝယ်စီးနိုင်မဲ့ အချိန်ကိုပဲ စောင့်နေတော့မယ် :mrgreen:

Leave a Reply