ဆရာတော်ကြီးများ၏ အသိပေးစကားစုများ

etoneMay 13, 20103min561

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်………….
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ………………………………..
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ ……………………………….
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် …………..
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ဝမ်းသာခဲ့ ဖူးပြီ …….
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ………..
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ……………………..

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဉာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့…………………………………..

ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ

ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ………………
ရှာလည်းမတွေ့……………..
ငါလည်းတစ်နေ့…………….

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ ………………………….

ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်……………

ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်……………………..
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့………………………..

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်………………….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်……………
နေရာချင်း မတူရင်……………
အဖြစ်ချင်း မတူရင်…………..
အသိချင်း မတူနိုင်ပါဘူး………
ဒါလေးတော့
နားလည်သင့်တာပေါ့………………

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်…………

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ
မကျေနပ်စရာကြောင့်ဖြစ်စေ
လောကဓံကြောင့်
တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ………………

ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာရှာပြီး
ထောက်ပြတတ်တယ်
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး
အမှားကို ပြုပြင်ပေးတယ်

အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်စေသင့်ဘူး………………………………………

ညဝါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင်
ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင်
ချန်ထားရစ်ခဲ့ ရမယ် …………………….

ညဝါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ကိုယ့်ကို စောင့်ရှောက်တာ
ကိုယ့်မှာ ရှိတဲ့ တရားပဲ……………………

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ…………………
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်……………

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်……………….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်…
မုန်းစရာလို့ပဲ ထင်ထင်…
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တဝါတွေက
ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး…
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်… …. …

(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ
ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ
ဘာလုပ်ဖို့လဲဆိုတာ အထိတော့
ဆက်ပြီး မစဉ်းစားတတ်ကြဘူး…။

ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့…………………

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့ သတိထားပါအုံး………….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်………….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သောကမီးတွေ ညီးညီးပြောင်ပြောင်
အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက်
ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ..

(ဓမ္မပဒတရားတော်-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်..
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့
ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်..
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်…
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်

ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ
ပေးဆပ်ရတတ်တာမျိုး….

ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ
ရှုပ်နေတာပါလို့ နားလည်ရင်
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး

ဓမ္မဒူတဆရာတော် (မှော်ဘီ)

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း စရသေးတာပဲရှိတယ်။

ဓမ္မဒူတဆရာတော် ( မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
ဓမ္မဘေရီဆရာတော် (တောင်စွန်း)

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍
သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ

တိပိဋက ဆရာတော်ကြီး (ယော)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား…………
?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

“ဒုက္ခ” ဆိုတဲ့ ကောင်က သူရောက်လာရင်
အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို
သူက မြင်ချင်တာကိုး…
ကိုယ်က သူ့အလိုနဲ ့ ဆန့်ကျင်ပြီး
ဣန္ဒြေမပျက် နေပြလိုက်တော့
သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး…..
ပရဟိတ ဆရာတော်ကြီး

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တဝါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး……………။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်……………။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ..
.?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်
ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ
အစွမ်းမပြနိုင်ကြတာပါ..

ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်

ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့………………။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်…………။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲ လိုက်ပါ…………..။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့………။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်…………..။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက်
ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့……………….။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ဝိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်………
လူကိုမှုနေရင်လည်း
ဒီအသိုင်းအဝိုင်းက မထွက်နိုင်တော့ဘူး………….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။ ။

မင်းကွန်းဆရာတော်ကြီး

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းတယ်။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ်
သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်
ဘာမျှ မရှိလည်းဖြစ်တယ်………….။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ…………။

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တဝါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး

တိပိဋက ဆရာတော်ကြီး (ယော)

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ….

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး

ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်
ဆန်းစစ်ရမယ်။

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။

ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

One comment

  • Thaw Zin Loikaw

    May 13, 2010 at 1:22 pm

    ကိုယ့်စိတ်ကိုယ်ပြန်စစ်ကြည့်ဖို့ အဖိုးတန်တဲ့ စကားစုတွေပါပဲ..
    ကျေးဇူးတင်ပါတယ်ဗျာ။

Leave a Reply