ဖြစ်ရပ်မှန်ကားမောင်းပြိုင်ပွဲ

ရွှေအိမ်စည်September 1, 20111min1809

ဖြစ်ရပ်မှန်ကားမောင်းပြိင်ပွဲကြောင့်..အပြစ်မဲ ့သူမထိခိုက်စေချင်ပါ

 

ည ဘက်ပြည်လမ်း IBC ရှေ့မှာ ..ကားအနက်ရောင်နှစ်စီးအပြိုင်မောင်းနေကြတာတွေ ့ဘူးကြမယ်ထင်ပါတယ်။

28ရက် ည 9နာရီ45 မိနစ်မှာ ပြည်လမ်း IBC ရှေ့မှာ ယာဉ်တိုက်မှုဖြစ်တယ်။

တစ်ဘက်က ယာဉ်ကြောမှာ  ကားပြိုက်မောင်းကျရင်း  ဒီဘက်လမ်းကို အလယ်မှာကားထားတဲ့ တုံးကိုတိုက်မိပြီး လေထဲမှာလွင့်ပြီး တဘက်ယာဉ်ကြောမှာ   လမ်း ပေါ်က ကားပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတာ…အဲ ့ဒီ ့ပြုတ်ကျခံ ရတဲ ့ကားပေါ်မှာ ၃ ယောက်လုံး ဒါဏ်ရာရတယ် ။အမြင်မတော်တဲ့ taxi သမားက သူတို့လေးယောက်လုံးကို ဆေးရုံပို့လိုက်တယ်….တိုက်တဲ့ကောင်လေးက  ၁ရ နှစ်ပဲရှိသေးတယ်…အဲဒီကောင်လေးက ဆေးရုံရောက်ပြီးသေဆုံးသွားပါတယ်…

…အခင်းဖြစ်ပြီးတော့ သူတို့ဘက်ကအဆင်ပြေအောင်လုပ်ပေးမယ်ပြောတယ်..။…နောက်တစ်နေ့ရက်လည်တဲ့အထိစောင့်ပေးပါလို့ပြောတယ်…။

ဒီနေ့အထိဆက်သွယ်ခြင်း..မေးမြန်းချင်းမလုပ်သေးပါဘူး။

 

ရိုးရိုးသားသားtaxiမောင်းစားတဲ့မိသားစုပါ…ခုဆေးရုံတက်နေရတော မိသားစုဝင်ငွေမရှိတဲ့အပြင်သူတို့ကားက လဲရောင်းထားပြီးသားဖြစ်နေတော့ တော်တော်လေးကို ဒုက္ခရောက်နေတယ်…

ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်………တဘက်ကလည်းနာရေးရှိနေပြန်ပါတယ်။

ဝင်တိုက်တဲ ့ကားနံပါတ်က၂ခ-7939 ဖြစ်ပြီး သေဆုံးသွားတဲ ့နာမည်က အောင်ရဲကျော်…ရတနာပုံကလို ့သိရပါတယ်။

နောက်ပိုင်း သတင်းကဆက်လက်စုံစမ်းဆဲ လို ့သိရပါတယ်…။

 

 

ညဘက်တွေ မှာလမ်းပေါ်မှာအပြိုင်မောင်းကားပြိုင်ကြတဲ ့ သူတွေ ကိုတော့သတိထားဖို ့လိုအပ်ပါကြောင်းစေတနာသတိပေးလိုက်ပါတယ်..။

 

အမြင်မတော်သူတစ်ဦးက..သတင်းတင်ပေးပါအကူညီတောင်းလို ့တင်ပေးပါတယ်..။

9 comments

  • minyekyawswar

    September 1, 2011 at 9:02 pm

    နိုင်ငံခြားစတိုင်လုပ်ကြတာနေမှာပေါ့..ရင်လေးပါတယ်..

  • ရဲအောင်

    September 1, 2011 at 9:28 pm

    ဝင်တိုက်တဲ့သူက နာရေးလဲဖြစ်နေပြန်၊ တိုက်ခံရတဲ့သူ ဖက်ကလဲ သူတို့လာလျော်မှာကိုစောင့်နေရပြန်၊
    နာရေးရှိတဲ့ဘက်က ဘုရားပြီးငြမ်း ဖျက်တတ်တဲ့သဘောမျိုး သာရှိခဲ့ပြန်ရင်တော့ ခက်လှချည်ရဲ့ ။

  • blackchaw

    September 2, 2011 at 10:06 am

    တိုက်တဲ့ ပုဂ္ဂိုလ်က သေသွားပြီဆိုတော့ သူတို့ဘက်က မလျော်တော့ဘူးဆိုလည်း ဘာများတတ်နိုင်မှာလဲ ကျောင်းအမရယ်။ အဲ… လူစိတ်ရှိလို့ လူပီသတယ်ဆိုရင်တော့ …သိဘူးပေါ့ဗျာ။

  • pan pan

    September 2, 2011 at 10:55 am

    အင်းလေ
    တိုက်တဲ့လူဖက်က နာရေးဖြစ်နေတာကိုး
    မသကာ အတိုက်ခံရသူဖက်က နာရေးဆိုရင် အလျော်တောင်းကောင်းတာပေ့ါ

  • မီးမီး သော်

    September 2, 2011 at 11:45 am

    အမြင်မတော်တွေကိုအရေးတယူမလုပ်တာဘာကြောင့်ပါလိမ့်။မျက်စိကန်းနေကြရော့သလားလူကြီးမင်းတို ့

  • piti

    September 2, 2011 at 2:07 pm

    တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးလို့တော့ သတင်းစာတွေထဲနဲ့ သတင်းတွေထဲမှာ ဖတ်ဘူး၊ ကြားဘူးပါတယ်….

    ဒါမျိုးကြမှ တရားဥပဒေက နှာစေးနေရင်တော့………………..

    လောကပါလတရားကတော့ နေမယ်မထင်ပါဘူးနော်

  • myanpyithar

    September 2, 2011 at 2:48 pm

    ဥပဒေဟာ လူတန်းစားရွေး ကျင့်သုံးလာတာ ကြာပါရောလား ကွယ်ရို့
    ကားတွေစတစ်ကာအမဲတတ်ရင ်ဖမ်းမယ်ဘာမယ် ဘာညာနဲ့..
    ဘယ်ကားစုတ်မှာ စတစ်ကာအမဲတတ်ထားတာ တွေ့ဖူးကြလဲ..ကဲ..
    အင်း..ပြောရင်းနဲ့ ပစ်စည်းမဲ့ဒေါသတွေထွက်လာပြန်ပြီနော်..တော်ပြီ..

  • char too lan

    September 2, 2011 at 3:26 pm

    ၂ခ-7939 နံပါတ်ကတော့ ဟိုတလောကတင်တဲ့ လူကြီးသားတွေစီးတယ်ဆိုတဲ့ နံပါတ်မျိုးပဲ …………….. 7939, 2838, 2636 အဲ့လိုမျိုးတွေလေ ဘဲဥတွေက ဘာအမှုတွေ ့တွေ ့ အဲ့ဂဏန်းတွေ မြင်ရင် ရှောင်ကြ ရှားကြပေါ့

  • Shwe Ei

    September 2, 2011 at 5:02 pm

    အော်၊ ပိုက်ဆံပေါတိုင်း ကမြင်းကြောထတာတောင် မဆိုင်တဲ့လူကို ဒွတ်ခပေးသွားသေးတယ်။ ခက်ပ။

Leave a Reply