Updating Nokia Mobile Phone Firmware

Mobile HouseSeptember 1, 20111min1433

Updating Nokia Mobile Phone Firmware
Update မလုပ်ခင် ဒီကောင်လေးတွေတော့ လိုအပ်ပါတယ် …
၁။ Nokia PC Suite ကို ကွန်ပျူတာမှ Run ပြီး Safely ဖြစ်ဖို ့အတွက်တော့ ဖုန်းကို ကွန်ပျူတာထဲမှာ Back up လုပ်ဖို ့တော့ လိုပါတယ်။
၂။ ဖုန်း battery က Full level ရှိနေရန် လိုအပ်ပါတယ်။
၃။ Update လုပ်တဲ ့အချိန်မှာ သတိထားရမှာကတော့ မီးပျက်တာ (Power off ) တာတွေမဖြစ်စေဖို ့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဖုန်းကို ထိခိုက်စေမှာ အမှန်ပါပဲ။

ကဲစလိုက်ရအောင် !! (Let’s get started.)
၁။ Nokia phone မှာ *#0000# ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် ဖုန်းမှာ Firmware version ကို Run နေပြီဆိုတာ ဖေါ်ပြပေးပါလိ့မ်မယ်။
၂။ ဖုန်း Battery ကိုဖြုတ်လိုက်ပါ။
၃။ Product number ကို note တစ်ခုနဲ ့ သေခြာမှတ်ထားပါ ။
၄။ ဒီနေရာလေးကို သွားပြီး Product number ကိုရိုက်ထည့်ပါ။ ဒါဆိုရင် firmware အတွက် new version ကို သိရှိပါလိမ့်မယ်။
၅။ ဒီနေရာလေးမှ Nokia Software Updater ကိုDownload ဆွဲပါ ။
၆။ Nokia Software Updater ကို Install လုပ်ပါ ။ (မှက်ချက်အနေဖြင့် ကွန်ပျူတာရဲ ့ Ram ကို 256 MB ထက် ကျော်ပါစေ။ )
၇။ USB Port မှတဆင့် ကွန်ပျူတာနှင့် ဖုန်းကို ချိတ်လိုက်ပါ။ ကွန်ပျူတာ တွင်Internet Connection ရှိဖို ့တော့ လိုအပ်ပါတယ်။
၈။ Nokia Software Updater ကို Run ပြီးတဲ ့အချိန်မှာတော့ Desktop ပေါ်မှာ ရှိတဲ ့ Icon ကနေ ဖွင့်လိုက်ပါ။
၉။ The Nokia Software Updater က အင်တာနက်ကို ချိတ်ပါလိမ့်မယ်။ Updates ဖြစ်မဖြစ်ကို checking လုပ်ပြီး Frimware ကိုစတင်ပြီး install လုပ်ဆောင်ပါလိမ့်မယ်။
၁၀။ Install ပြီးဆုံးတဲ ့ အချိန်မှာတော့ Update လုပ်ပြီးကြောင်း အတည်ပြုတဲ ့ Message ပေးပါလိမ့်မယ်။ ပြီးရင် ဖုန်းကို restart ချပါ။
၁၁။ ကွန်ပျူတာနှင့်ဆက်သွယ်ထားတဲ ့ ဖုန်း ကိုဖြုတ်လိုက်ပါ။

ဒါကတော့ Nokia phone ကို firmware လုပ်ဆောင်တဲ ့ step by step ပါပဲ…
ကျွန်တော် သိသလောက်ရှင်းပြတာပါ အမှားပါသွားရင် ဝေဖန်ထောက်ပြ ပေးကြပါအုန်း ဗျာ ..
References :
Code:

http://www.killertechtips.com/2008/0…hone-firmware/
http://europe.nokia.com/support/down…e/can-i-update
http://europe.nokia.com/support/down…oftware-update

3 comments

  • saiias.027

    September 2, 2011 at 12:38 am

    အခုလို တင်ပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်… ။

  • မီးမီး သော်

    September 2, 2011 at 1:28 pm

    အနက်ရောင်မင်းသားလေးရေ. CDMA 450 တွေမှာရော firmwareလွယ်လွယ်ကူကူ လဲလို ့ရရဲ ့လားဟင်။

    • blackprince72

      September 2, 2011 at 1:41 pm

      Anydata ,Trycall ,general bond ,haien,gold sun,c2701,haier 2010 ,haier 2020 ,u300 စတာတွေ က ရေးလို့ ရပါပြီ ။ခန့်မှန်းခြေ ၈၀၀ဝ KS လောက်တော့ ပေးရပါတယ် ။ကိုယ် တိုင်လုပ်ဖို့ ကတော့ အဆင်မပြေပါဘူး ။

Leave a Reply