ပိုင်ရှင်ရှိ ပိုင်ရှင်မဲ့ အမည် သိတာသိ မသိတာမသိ သို့သော်အားလုံးလှ၏။(အပိုင်းနှစ်)

ကျနော်ငယ်ကတည်းက စဉ်းစားလို့အဖြေမရတာ တစ်ခုရှိပါတယ်။
သဘာဝအတိုင်း ပွင့်ဖူးနေတဲ့ပန်းကလေးတွေကို လှအောင်ဘယ်သူပုံဖော်သလဲ။
အရောင်တွေစိုနေအောင်ဘယ်သူတွေကဆေးခြယ်သလဲပေါ့။
နောက်လူ့ဘဝနဲ့တိုင်းတာရင် ပန်းခြင်းတူတာတောင်မှ တစ်ချို့က ပိုင်ရှင်ကတယုတယ
တစ်ချို့ကျပြန်တော့လမ်းဘေးမှာဖြစ်သလို့။
ဒါပေမယ့် အလိုလို သူနည်းသူ့ဟန်နဲ့လှတာချည်းပါဘဲ။

စကားပးန်လေး လမ်းနံဘေးမှာပေါက်နေတာ လှတယ်နော်။ မန်းလေး ကန်တော်ကြီးမှာ

ဒါကတော့ရွှေဘို နန်းတော်ထဲမှာစိုက်ထားတဲ့ စကားဖြူပင်ကပန်း။
ပွင့်ပုံဆန်းတဲ့ပန်း စကားပန်းနံ့က တကယ်ကိုသင်းသင်းလေးနဲ့မွှေးပါတယ်။

စကားပန်းလေးတွေကတော့လှတော့ ပိုပြီး တင်ပေးချင်ပါတယ်။
တစ်ပွင့်ထဲလဲလှပါတယ်နော်

စကားပန်းကတော့ ကျနော်နှစ်သက်တဲ့ပန်းမို့လားတော့မသိ ဘယ်လိုကြည့်ကြည့်လှနေပါတယ်.
အပွင့်လေးတွေလှပ ညီလာအောင်ဘယ်သူများစီထားပါလိမ့်နော်

ခြံထဲမှာ တယုတယထားတဲ့သစ်ခွပန်း။
ရန်ကုန် ပုဇွန်တောင်ရွှေပုဇွန်ပန်းခြံထဲက သစ်ခွပန်း

သူကတော့လမ်းနံဘေးနားက ဒေစီပန်း
လမ်းဘေးနားက ဒေစီပန်း တပွင့်တည်းလဲလှပါတယ်။

ဒီပန်းခင်းလေးက လမ်းဘေးမှာပေမယ့် ပြုစုယုယတဲ့ပိုင်ရှင်ရှိပုံရပါတယ်။ဒေစီပန်းခင်း သူ့နံဘေးမှာတော့ အိမ်လေးတစ်လုံး
ဒေစီတော့ ဒေစီ ဒါပေမယ့် သူကတော့ ခရေဇီကာလာနဲ့။
ကာလာဆန်းဆန်းလနဲ့ ဒေစီပန်းလေးပါ ရောင်စုံပန်းခင်းထဲက တစ်ပွင့်

သူကလဲခရေဇီကာလာ ဒါပေမယ့် ပန်းခေါ်မလား အရွက်ခေါ်မလား ဆန်းတော့ အဆန်းသား။
ရွှေဘိုမြို့ က ကျုံးကို ကားထားတဲ့ သံတိုင်တွေအနားမှာတွေ့ခဲ့တာပါ။
အပေါ်မှာက အဖူး အရွက်အောက်ခံအစိမ်း သူမှာ့ အရောင်တွေစွန်းနေတာထူးဆန်းပါတယ်။

ဒီအပွင့်လေးပါပဲ နောက်ထပ်နှစ်ပင်တွဲလေး။
ဒီအပင်ကတော့ နှစ်ပင်တွဲလေးပါ။ အရောင်တွဲနေပုံက ပိုထင်ရှားပါတယ်။

ဒါကတော့ အပင်အစုလိုက်ကြီး ပေါက်နေတဲ့ပုံပါ။
အစုလိုက်အပုံလိုက်ပေါက်နေတယ် ဘာပင်မှန်းတော့မသိဘူးဗျာ ထူးတာဘဲသိတယ်

ဒီအပင် ကတော့ ဂမုန်းအမျိုးအနွယ်ထင်ပါရဲ့ ။အရွက်မှာက လှပစွာရောင်စုံခြယ်ထားပါတယ်။
[/caption
အဲဒီဂမုန်းပင်လေးကတော့ခြံထဲမှာစိုက်ထားတယ်။
ဒီအပင်လေးတွေကလဲ အရွက်ကတောင်လှတော့ ရွက်လှပန်းလို့ခေါ်ပါတယ်။
အစိမ်းမှာအဝါနှောတဲ့ရွက်လှပန်းအရွက်ရှည်ပါ၊
အရွက်မှာရောင်စုံခြယ် ဂမုံးမျိုးနွယ်ထင်ပါတယ်။

သူကလဲရွက်လှပါဘဲ။
သူကတော့ အရွက်ဝိုင်းဝိုင်းနဲ့ရွက်လှ

သူကတော့ ခြံအဝင်ဝ ကုံးလေးတွေမှာ ခြံစည်းရိုးမှာပွင့်တတ်တဲ့ ခိုင်ရွှေဝါ ။
ခိုင်ရွှေဝါဆိုတဲ့အတိုင်းအဆုပ်လိုက်အခိုင်လိုက်ပွင့်တတ်ပါတယ်။
နေရောင်အခမှာရွှေရောင်တွေနဲ့ဝင်းပနေတဲ့ခိုင်ရွှေဝါ

ဒါက အရိပ်အောက်က ခိုင်ရွှေဝါ
ခိုင်ရွှေဝါ အဖူးအပွင့် အထူးတင့်ပါတဲ့ ဝါရွှေရောင်

အဝါတော့ အဝါဘဲ သူက လမ်းဘေးမှာပေါက်တဲ့မယ်ဇလီပင်။
ဒါကတော့ မယ်ဇလီပင် အဝါရောင်အပွင့်တွေပွင့်တယ်

ဒါကတော့ မယ်ဇလီအပွင့်လေး။
တန်ဆောင်မုန်းလပြည့်ညမှာဆိုရင် အပွင့်ဘဝမရောက်သေးတဲ့မယ်ဇလီအဖူးကို မြေပဲတို့ ကြက်သွန်ကြော်တို့နဲ့ရောလို့သုပ်စားကြပါတယ်။
အန္တရာယ်ကင်းတယ်ဆိုဘဲ။
ဒါကတော့ မယ်ဇလီအပွင့်ဝါဝါလေးပါ လမ်းဘေးနားက ပန်းပေါ့

မြန်မြန်နမ်းပါ ဆိုတဲ့ ပန်းလေးတွေကတော့ အရောင်စုံ သူကတော့ ခြံထဲမှာ အလှစိုက်ကြတာများပါတယ်။
မြန်မြန်သာနမ်းခိိုင်းတာ သူ့မှာက ဆူးတွေအပြည့်နဲ့နော်။
အနီရောင် kiss me quick မြန်မြန်နမ်းပါဆိုတဲ့ပန်း

အဖြူရောင်လေးပါဘဲ
အဖြူရောင် kiss me quick မြန်မြန်နမ်းပါဆိုတဲ့ပန်း

သူကတော့ဖက်ဖူးစိမ်းလေး စိုလွင်လို့
ဖက်ဖူးရောင် kiss me quick မြန်မြန်နမ်းပါဆိုတဲ့ပန်း

အရောင်စပ်ကြား လေးလေ.
ပန်းရောင်ထဲမှာ အရောင်စွက်ထားတဲ့ kiss me quick မြန်မြန်နမ်းပါဆိုတဲ့ပန်း

ဘောလုံးပန်းလေး လက်ဆမမှန်တော့ နည်းနည်းလေးဝါးသွားတယ်။
အိမ်ခြံစည်းရှိးတွေမှာ စိုက်ထားတတ်ပါတယ်။
အနီရောင်ဘောလုံးပန်း

ပန်းရောင်ဘောလုံးပန်း
ဘော့လုံးပန်း ပန်းရောင် လေး သူကလဲ လမ်းနံဘေးနားမှာပေါက်တယ် တချို့ကျတော့လည်းခြံစည်းရိုးလုပ်ထားတယ်

ခေါင်းလောင်းပန်းနီနီ
ခေါင်းလောင်းပန်းနီနီရဲရဲ

သူကတော့ ရွှေဘိုနန်းတော်ထဲကပန်း မန်းလေးမှာလဲဒီအပင်လေးတွေပေါ ပါတယ်။
အရင်ကတော့ မန်းလေးကျုံးနံဘေးမှာ စည်းရိုးအနေနဲ့စိုက်ထားပါတယ်။
အပင်က အပွင့်က အဆိပ်ရှိတယ်လို့တော့ ကြားဘူးတယ် စားတော့ မကြည့်ဘူးဘူး။
ဒါပေမယ့် နာမယ်လဲ မသိဘူးဗျာ။
ပန်းရောင် နဲ့ အသွင်တင့်တဲ့ပန်း

အသွေးတူ အမွှေးတူ အပွင့်တော့
ပန်းရောင်အသွေးနဲ့ ပန်းလှလှ အဆုပ်အခဲလိုက်ပွင့်တာများတယ်
မတူဘူးလေ။
ပန်းနှင်းဆီ ဘာအရောင်ဆိုတာပြောရခက်တယ်နော်
ပိုင်ရှင်ရှိသည်ပန်းနှင်းဆီ

ပန်းခြံထဲက ပန်းဝါဝါ ပြင်ဦးလွင်မှာပါ။
ပြင်ဦးလွင်ပန်းခြံထဲက ပန်းဝါဝါ

ပန်းကလေးတွေက အဝါရောင်ဆင် လမ်းဘေးကပါရှင်။
မန်းလေးမြု့ိသစ်အသွားလမ်းဘေးမှာပေါက်နေတဲ့ ပန်းဝါဝါလေးတွေ လှတယ်လို့ထင်ပါတယ်။

ပြင်ဦးလွင် ပြည်ချစ်ဘုရား အနောက်ဘက်ရေကန်နားက ပန်းမွစိစိ ပန်းခင်းလေးနဲ့နုတ်ဆက်လိုက်ပါတယ်။
ပန်း
ချစ်စရာ အူယားစရာ ပန်းခင်းမွှစိလေး

ကျနော်မှာတင်စရာပုံများစွာ ကျန်ပါသေးတယ်။
အားရင် တင်ပေးမယ်နော်။
ကြိုတင်လို့ကြော်ငြာဝင်ထားတာလေ။

5 comments

  • မီးမီး သော်

    September 3, 2011 at 2:59 pm

    ကိုပေါက်ရေ
    စကားပန်းလေးတွေရော၊သစ်ခွပန်း၊ဒေစီပန်းလေးတွေ အားလုံးလှပါတယ်။ပန်းလေးလိုလန်း၍ရေလိုအေးချမ်းပါစေ ဆုတောင်းပေးပါတယ်ရှင်။

  • windtalker

    September 3, 2011 at 8:19 pm

    အခု ပို ့စ် မှာ
    ဓါတ်ပုံလေး တွေ ကို သေချာကြည့်ရင်းနဲ ့မှ
    ပို ့စ်ခေါင်းစဉ် ကို
    ထိုင်စဉ်းစားမိတယ်ဗျာ
    ခေါင်းစဉ် ကို က
    အက် ပဲ

  • yetazar

    September 4, 2011 at 12:54 pm

    ဝဿန်ကာလ
    အေးမြမြတွင်
    မွှေးမြသင်းထုံ
    မြတ်ပန်းငုံတို့
    မိုးဝတ်ရုံလွှမ်း
    ရဂုံနန်းတွင်
    တင့်ဆန်းယဉ်စွာ
    ပွင့်ဝေဆာပြီး
    လေမှာယိမ်းနွဲ့
    အလှဖွဲ့ ။ ။

  • ပိုင်ရှင်ရှိ၏ မရှိ၏
    သူ့နဂိုရ်အတိုင်းလှမြဲလှ။

    ဘယ်သူယုယ မယုယ။
    သဘာဝက စီရင်သမျှ။
    ယနံ့ပေးပေး မပေးပေး
    ပန်းလေးတွေက အလိုလိုမွှေး။
    စိတ်ကြည်လင်လို့အေး။

  • TTNU

    September 4, 2011 at 11:00 pm

    ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားနာမည်သွား သတိရမိတယ်။
    ပန်းနဲ့ပြောတဲ့ ( ပန်းစကား ) လေ။ ကျော်ဟိန်း မင်းသားပေါ့။
    ပန်းတွေနဲ့ ဝေနေ တဲ့ ကိုပေါက်ရဲ ့ Blog ကနေ ကိုပေါက် ပန်းစကားတွေပြောနေတယ် ထင်ပါရဲ ့။

Leave a Reply