ပဲခူးတိုင်း ၊ ဝေါမြို.နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများဖြစ်ပွားလျှက်ရှိ

kyawgyiMay 13, 20101min771

ပဲခူးတိုင်း ၊ ဝေါမြို.နယ်တွင် မေလ (၅) ရက်နေ. မှ စ၍  ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွာလျှက်ရှိ သည် ဟုသိရှိရပါသည်။  ဝေါ မြိုနယ် အထွေထွေ ဆေးရုံ သို. မေလ (၅)ရက်မှ (၁၁) ရက်နေ.အထိ ရောက်ိရှိလာသော လူနာ အရေအတွက်မှာ အမျိုးသား (၄၂ ) ၊ အမျိုးသမီး (၄ဝ ) ယောက် တို့ ဖြစ်ကြောင်း နေပြည်တော် သတင်းဋ္ဌာန မှ ဖေါ်ပြပါရှိပါသည်။

၎င်း တို့ထဲမှ အမျိုးသား(၃၀)ဦးနှင့် အမျိုးသမီး (၂၅)ဦးတို့အား ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီး ကျန်ရှိသော လူနာများအား ဆက်လက်ဆေးကုသမှု ခံယူလျက်ရှိကြောင်းဖေါ်ပြပါရှိပါသည်။

ကျန်းမာရေးဝန်ကြီးဋ္ဌာန နှင့် တာဝန်ရှိသူများ မှ ကူးစက်ရောဂါဆက်လက် ပြန့်ပွားမှုမရှိအောင် ဆောင်ရွက်နေသည် ဟု ဖေါ်ပြထားပါသည်။

By Country: Myanmar
By Source: Government of Myanmar
By Type: Press Releases

One comment

  • Shwemannmay

    May 13, 2010 at 8:14 am

    a picture worth a thousand words တဲ ့ သုံးထားတဲ့ပုံလေး ကောင်းတယ် ။

Leave a Reply