ရန်ကုန်မှာ ရထား တွဲမှောက်၊ (၄)ဦးဒဏ်ရာရ

ဂ်စ္စူSeptember 1, 20111min1279


.
.

.

.


.

Photo:ဧရာဝတီ

.

Photo:The voice weekly’s Facebook

ရွာ့အပြင်မထွက်ဖြစ်တဲ့ ရွာသား၊ရွာသူ အရိုးလေးတွေအတွက် ရည်ရွယ်ပြီး တင်ပေးတာဖြစ်ပါတယ်။
ကျနော်တို ့ကတော့ ရွာထဲကော ရွာပြင်ကော လမ်းလျှောက်နေတတ်တာဆိုတော့ကား.တော်တော်များများ
ဖတ်ဖြစ်ပါတယ်။အဲတာ Update သတင်းလေးတွေတွေ ့မိလျင်တော့ ခုလိုပဲ..မတင်ပဲ မနေနိုင်လို ့ပါ။

ရန်ကုန်မြို့ပတ်ရထား နောက်ဆုံးတွဲပြတ်ပြီး တိမ်းမှောက်

  • ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ မြို့ပတ်ရထားဟာ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာအလွန် ကမာရွတ်ဘူတာအကြား ရွာမကျောင်းလမ်းထောင့်အနီးတွင် မြန်မာစံတော်ချိန် ၃နာရီဝန်းကျင်က ရထားတိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လှည်းတန်းဘူတာကထွက်သွားတဲ့ ရထားဟာ မိုင်တိုင် ၅၊၅၆ ရောက်မှာ နောက်ဆုံးတွဲပြတ်ကျန်ခဲ့ပြီး လမ်းချော်တိမ်းမှောက်သွားတာကြောင့် ယောကျားင်္ ၃ဦးနဲ့ မိန်းမ ၁ဦး ဒဏ်ရာရသွားကာ ဆေးရုံကြီးကိုပို့ဆောင်လိုက်ရတယ်လို့ သွားရောက်သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းထောက်တွေက ပြောပါတယ်။

 

  • ကမာရွတ်ရဲစခန်းကတော့ ရထားတွဲပြန်ကျန်ပြီး လမ်းချော်တိမ်းစောင်းသွားတာသာဖြစ်ပြီး ကျား ၂ မ ၁ ဒဏ်ရာရခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ခုဖြစ်နေတဲ့နေရာကို မီးရထားဝန်ကြီးနဲ့ အဖွဲ့ ကွင်းဆင်းလာပြီး ရထားလမ်းကိုအရေးပေါ်ပြင်ဆင်ခိုင်း နေတယ်လို့သိရပါတယ်။

Source:http://anyarnwaytamarmyay.blogspot.com/2011/09/blog-post_01.html

ရထားလမ်းချော်

ရန်ကုန် –
စက်တင်ဘာ ၁ ရက် ၂၀၁၁ ညနေ ၅ နာရီ က ရန်ကုန်မြို
့မှ အင်းစိန်သို ့ပြေးဆွဲနေသောမြို ့ပါတ်ရထားတစီး လှည်းတန်းဘူတာအကျော်ရွာမကျောင်း
လမ်းထောင့်နားမှာတိမ်းမှောက်သွားကြောင်းရန်ကုန်မှလာသောသတင်းမျးအရသိရှိရပါသည်။ရထားလမ်းကိုသေသေချာချာ
စစ်ဆေးမှုများ မရှိသည့်အတွက် တိမ်းမှောက်ခြင်းဖြစ်ပါတယ်။ ထိခိုက် ဒါဏ်ရာရမှုသတင်းများအတိအကျ
မရရှိသေးပါ။အစိုးရလက်အောက်မြန်မာ့မီးရထားဝန်ဆောင်မှုများမှာလူထုအတွက် အစစအဆင် မပြေမှုများရှိနေပြီးလုံခြုံစိတ်ချရမှုများလည်းမရှိကြောင်း လူထုမှပြောဆိုဝေ ဖန်နေကြကြောင်းကြားသိရပါသည်။ကံကောင်းထောက်မစွာဒါဏ်ရာအနည်းငယ်သာရသော ရထားပေါ်ပါ သံဃာတပါး က ရထားလေး နှစ်စီး ရှိတာ

တစီးမှောက်တယ်။ အစိုးရကိုယ်တိုင်က လမ်းမှားနေမှတော့ ရထားလမ်းချော် တာပေါ့ တကာတို ့ရဲ ့လို ့
ပြောဆိုကြောင်းသိရပါတယ်။

Source:http://komoethee.blogspot.com/2011/09/blog-post_01.html

ရန်ကုန်မှာ ရထား တွဲမှောက်၊ အသေအပျောက်မရှိ
ယနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်-အင်းစိန် မြို့ပတ် ရထားနောက်ဆုံးတွဲသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် ပြုတ်ထွက်ကျန်ရစ်ပြီး တိမ်းမှောက်သွားသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးရှိကြောင်း သိရှိရသည်။ (Source: မြစ်မခမီဒီယာ)

Source:http://www.irrawaddyblog.com/2011/09/blog-post_1066.html
ခုမှ အပြင်ကပြန်လာတာ.
အင်တာနက်ခဏဝင်သုံးတုန်းတွေ ့မိတာတွေ ပါ။

9 comments

  • ပေါက်ဖော်

    September 1, 2011 at 8:44 pm

    ဆောဒီးပါ..တဂျီး.. 😀
    ဒီမှာလဲ တင်ပြီးသားရှိသဗျ.. 😛
    http://myanmargazette.net/65124/uncategorized-other/copypaste

    အဲတာ..မတွေ ့တာနဲ ့..
    လက်လွန်ပြီး Publish လိုက်ပြီမို ့..ဘရိတ်အုပ်လို ့ရတော့ဘူး.
    ရှိစေတော့..ရှိစေတော့..

  • chityaaung

    September 1, 2011 at 9:41 pm

    ကိုဖောက်ဖော်ရေ………. အဲဒိမှာ ခင်ဗျားလို ပုံမပါဘူးဗျ…။ ကျေးဇူးပဲ…..ပုံတွေအတွက်….

  • cobra

    September 1, 2011 at 10:28 pm

    အဲဒါကျွန်တော်တို့နားမှာဗျ။

  • blackchaw

    September 2, 2011 at 9:18 am

    ဒါနဲ့များ မြေအောက်ရထားလမ်းတောင် ဖေါက်ကြဦးမလို့တဲ့ဗျာ။ အပြုသဘောနဲ့ ပြောတာပါ။
    ရှိပြီးသား ရထားလမ်းလေးတွေကို အဆင့်အတန်းမီအောင် လုပ်ကြစမ်းပါဗျာ။ မြေအောက်မှာလည်း
    သားသားတို့ ရထားမစီးရဲသေးပါဘူးဗျာ။ hahahaha!

  • နွယ်ပင်

    September 2, 2011 at 1:20 pm

    ရထားတွဲ တိမ်းမှောက်မှုကြောင့် အင်းစိန်မီးရထားရုံပိုင် ဦးကျော်ဆွေသည် ခါးအောက်ပိုင်း ထိခိုက်မှု ရှိခဲ့ပြီး မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ ၎င်းကို တစ်ခြမ်းစောင်းလဲနေသည့် မီးရထားတွဲအောက်မှ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

    အခြားဒဏ်ရာရသူများဖြစ်သည့် ဦးကြည်ရှင်းနှင့် ကိုလှဦးတို့မှ ထိခိုက်မှု ပြင်းထန်ခြင်းမရှိသော်လည်း အသက် ၄၉ နှစ်အရွယ် ဒေါ်လီခင်မှာမူ ဦးခေါင်းပေါက်ပြဲပြီး ခြေထောက်နှစ်ဖက် ထိခိုက်မှု ရှိထားသဖြင့် စောင့်ကြည့်ရမည့် အခြေအနေရှိကြောင်း အခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီး တာဝန်ရှိသူတစ်ဦးကပြောသည်။
    တိမ်းမှောက်သည့် တွဲပေါ်တွင် ခရီးသည် အရေအတွက် အတည့်အကျ မည်မျှပါသည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်နိုင်ခြင်းမရှိသော်လည်း အဆိုပါရထားပေါ်တွင် ဈေးလိုက်လံရောင်းချနေသူတစ်ဦးကမူ ခရီးသည် နှစ်ဆယ်ဝန်းကျင်သာ ထိုတွဲပေါ်တွင် လိုက်ပါမှု ရှိလာသည်ဟု ပြောသည်။

    “အဲ့ဒီတွဲဖက်ကျွန်တော်ရောက်သွားပါတယ်။ခရီးသည် သိပ်မပါဘူး။နှစ်ဆယ်တောင် မပြည့်လောက် ဘူး။ ရှေ့တွဲတွေမှာတော့ ပြည့်နေတယ်၊ရှေ့တွဲတွေပါ ပါလိုက်ရင် အခြေအနေက တော်တော်ဆိုးမှာ” ဟု အဆိုပါရထားပေါ်တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

    ယခုရထားတွဲ တိမ်းမှောက်မှုကို ကမာရွတ်ရဲစခန်းအနေဖြင့် အမှုဖွင့်ရန် အနေအထားမရှိကြောင်း ကမာရွတ်မြို့နယ် ရဲစခန်း စခန်းမှုးက ပြောသည်။ဖြစ်စဉ်တွင် တာဝန်ရှိသူများဖြစ်သည့် ဂါတ်ဗိုလ်မင်းမင်းဦး နှင့် တွဲထိန်း မင်းမင်းထွန်းတို့ကို လတ်တလောတွင် ထိန်းသိမ်းထားကြောင်း မီးရထားဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

  • မီးမီး သော်

    September 2, 2011 at 1:33 pm

    စိတ်ပျက်စရာတွေဘဲ ကြားနေရပါလားနော်။တနေ ့မှကိုစိတ်မချမ်းသာဘူး။

  • မီးမီး သော်

    September 2, 2011 at 1:33 pm

    စိတ်ပျက်စရာတွေဘဲ ကြားနေရပါလားနော်။တနေ ့မှကိုစိတ်မချမ်းသာဘူး။ကျန်းမာချမ်းသာကြပါစေရှင်။

  • ရဲအောင်

    September 2, 2011 at 1:48 pm

    ၂ ကြောင်းရေး ၁၄ % ရတယ်လား.၊ ငါလဲရေးမှ တွက်ချေကိုက်အောင် ၊ တစ်ဒါဇင်လောက်တော့…၊
    လူတွေ အထိအခိုက်မရှိတာ ကံကောင်းတယ်၊
    လူသားအားလုံး ခလုပ်မထိ ဆူးမငြိကြပါစေနဲ့………..။

  • kokothandar

    September 9, 2011 at 11:36 am

    လမ်းတံတား တွေ မီးရထားလမ်း မိုင်ဘယ်လောက် ပြီးစီးတယ် တော ့ဝါဒဖြန် ့ပါရဲ ့ ့ဘယ်လောက်အရည်အသွေးရှိလဲဆိုတာလဲ ကြေညာဖို ့လိုတယ်ထင်ပါတယ်
    ဒါမှလဲ စိတ်ချလက်ချစီးရတော ့မပေါ ့ ခုတော ့မလွဲသာလို ့သွား၇ရင်တ.လိုက်ရတဲ ့ဘုရား
    အင်းဘုရားရှင်လဲ တ.သံတွေကြားရတာက များ .နားပူလွန်း လို ့ကိုယ် ့ကျင့် စဉ်
    တွေတောင်ကျင် ့ကြံနိူင်သေးရဲ ့လားမသိတော့ပါ

Leave a Reply