မိန်းကလေးများ မဖတ်ရ

water-melonSeptember 1, 20111min21825

ခုခေတ် မိန်းကလေးတွေက ဘာလို့ အပေးအကမ်းမှာ ရက်ရောကြတာလဲ။ ရည်းစားဖြစ်တာ ၁လ တောင်မရှိသေးဘူး ဟိုတယ်သွားကြတယ်။ ကိုယ့်ရဲ့အပျိုဘဝကို တန်ဖိုးထား ရမမှန်း မသိတာလား။အားယားပြီးတော့ ပေးကြတာလား။ တကယ်ချစ်လို့ယူတယ်ဆိုထားပါတော့။ အပျော်တွဲပြီး အပေးကြမ်းတာတော့ လက်လန်ပါတယ်။ ရည်းစားတစ်ယောက်ပြီးတစ်ယောက်တွဲတယ်။ ပြီးတော့ သွားကြတယ်။ နောက်ဆုံးတကယ်ယူတဲ့ ကောင်ကတော့ နစ်နာတာပေါ့။ ချစ်တိုင်းလည်း မပေးကြပါနဲ့။လွန်ကြတော့ တိတ်တိတ်ပုန်း ကလေးဖြတ်ကြတယ်။ လမ်းဘေးပစ်ကြတယ်။တော်တော်အောက်တန်းကြပါတယ်။ ဖအေမအေ မရှိဘဲမွေးလာတဲ့ သူတို့ဘဝကို စာနာတတ်ကြရဲ့လား။

 

 

ခုမှစရေးတာပါ ခင်ဗျာ။ အမှားပါရင် ခွင့်လွှတ်ကြပါ။ သွန်သင်ပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

25 comments

  • killer

    September 1, 2011 at 10:11 pm

    အတုတွေ မြင် အတတ်တွေကို သင် ကြည့်တာထင်တယ်၊ တစ်လတောင်မရှိသေးဘူး ဟော်တယ်သွားတာ
    ကို စာရေးသူ သေချာမြင်လို့လား၊ အပေးကြမ်းတာလဲ သိနေတယ်ဆိုတော့ စာဖတ်သူတွေ နားလည်အောင်
    ရှင်းပေးနိုင်ရင် ကောင်းမယ်။

  • cobra

    September 1, 2011 at 10:31 pm

    ဖြစ်နိုင်ပါတယ်မျက်စိရှေ့မှာမြင်နေရတာပဲလေ…။

  • Foreign Resident

    September 2, 2011 at 4:19 am

    Dear Water-Melon,

    Why do you think, “the girl gives some valuable thing to the boy”.
    – This idea was far far left behind in stone age &
    – This idea is not a sensible idea ( especially in this advance era ).

    Actually, they (both girl & boy, together ) participating in the sexual action &
    finally, they (both girl & boy, together ) achieved sexual pleasure, that’s all.

    Sex is a biological calling for human being ( mankind ) & it is absolute necessity.

    Don’t forget,
    not only the boy, the girl also want to have sexual pleasure. 😛
    Don’t you think ???

    In my opinion,
    Most probably, ” ခုခေတ် မိန်းကလေးတွေ ” are not ” အ ပေး ကြမ်း “,
    You better use, ” ခုခေတ် မိန်းကလေးတွေ ” are ” အ စား ကြမ်း ”

    Thanks, 😛

    • Foreign Resident

      September 4, 2011 at 11:57 am

      By the way,
      It is interesting.

      ရုပ်ရှင်မင်းသား ဒွေးရဲ့ ဇနီးသည် ဖြစ်သူ မိုးမိုး

      “သမီးကပဲ ရည်းစား စကား စပြောတယ်ပေါ့။ ပြိုင်ဘီးလေးနဲ့ ရည်းစားစာ လိုက်ပေးလိုက်တာ။ သမီးက ကိုယ့်သဘောနဲ့ကိုယ် စာလိုက်ပေးတာ။ မှတ်မှတ်ရရ အမှတ် ၉ ကျောင်းရှေ့မှာ လုပ်တဲ့ သီတင်းကျွတ် ပွဲဈေးတန်းမှာ သမီး စာပေးလိုက်တယ်။ သားကြီးက ယူသွားတယ်။ သမီးတို့ ရည်းစား ဖြစ်တယ်ပေါ့။ သမီးတို့ နှစ်ယောက်မှာ သမီးက တကယ် စိတ်ဝင်စားတာ ဖြစ်တဲ့ အတွက် တော်တော်တော့ ဒုက္ခ ခံနိုင်တယ်။ သူ ကြိုက်သမျှ ရည်းစားတွေ အကုန်လုံးလည်း နောက်ဆုံး သမီးနဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက အဲဒီ အတိုင်းပဲ။ သူ ကြိုက်တယ်။ သမီး သိသွားရင် ပြဿနာ တက်တယ်။ အဲဒီ ကောင်မလေးနဲ့ သမီးနဲ့ သူငယ်ချင်း ဖြစ်သွားတယ်။”
      —http://www.shweamyutay.com/index.php?option=com_content&view=article&id=3428:2011-08-25-05-20-47&catid=128:2009-02-28-03-41-40—

  • noob

    September 2, 2011 at 4:39 am

    သူတိုရက်ရောဆို သူတိုလဲ လူတွေပဲလေ ယောက်ျားကလေတွေ လို ငွေပေးပြီး စားလိုရတဲ့ sex worker (male)ရှိမှမရှိပဲ သူတို ပိုင်တဲ့ လယ်တကွက် ကို လုပ်ချင်ရာလုပ်ပြောချင်စရာမရှိ အဲဒီကလေး ဆိုတာကြီးပါလာပြီဆိုရင် လယ်ထွန် တဲ့သူလဲ အပြစ်မကင်းဘူး လယ်ငှားတဲ့ သူကလဲငှား လယ်ထွန် တဲ့သူကထွန်ပြီ အဆုံးအထိ နှစ်ဦးနှစ်ဖတ် ဘယ်သူမှမကြည်ကြဘူး ကြားထဲက ကလေး မြေစာပင်ပါ

  • MAUNG

    September 2, 2011 at 6:52 am

    မိန်းကလေးတိုင်း တော့မဟုတ်ပါဘူး။ တစ်ချို့တစ်ချို့ သောမိန်းကလေးများ ကိုဆိုလိုဟန် ရှိပါတယ် ။ ဟုတ် တယ်…ဟုတ်

  • blackchaw

    September 2, 2011 at 9:12 am

    ဘယ်ကိစ္စ မှာ မဆို ချွင်းချက် ဆိုတာရှိပါတယ်။ မိန်းကလေး အကုန်လုံးတော့ မဟုတ်လောက်ပါဘူး။
    water-melon က ဟိုတလောက ကလေးမွေးပြီး စွန့်ပစ်ထားတဲ့ သတင်းကိုဖတ်ပြီး ဒီပို့စ် ကိုရေးတယ်ထင်ပါတယ်။ နောက်ဆုံးတကယ်ယူတဲ့ကောင်က နစ်နာတယ်ဆိုတာကတော့ …..
    အေးလေ ကျေနပ်လို့ ယူကြတာ ဘာတတ်နိုင်မှာလဲဗျာ။

  • thantmonzaw

    September 2, 2011 at 11:40 am

    တိုးတက်ခြင်းလားဆုတ်ယုတ်ခြင်းလား

  • yetazar

    September 2, 2011 at 12:15 pm

    မိန်းကလေးတွေ ခုလိုဖြစ်တာ ကိုရီးယားကားတွေရဲ့ စနက်တွေလဲမကင်းဘူး ။ ဆိုဂျူးသောက်မယ် ကလပ်တက်မယ် ဆိုတာတွေက ကိုရီးယားကားတွေက သင်နေတာ ။ အတုယူသင့်တာက ကိုရီးယားတွေ အရမ်းအလုပ်လုပ်တယ် ။ ပညာရေးကိုတန်ဖိုးထားတယ် ။ မိဘစကားတွေကို နားထောင်တတ်တယ် ။ အရမ်းချမ်းသာတဲ့သဌေးတွေဖြစ်အောင် ကြိုးစားကြတယ် ။ အဲဒါတွေကိုအတုယူနိုင်အောင် ကိုရီးယားကား တွေမြန်မာနိုင်ငံထဲကိုရောက်လာတယ် ။ ဒါပေမယ့် မိန်းကလေးတွေက အတုခိုးလွဲကုန်ကြပြီ ။ ကိုရီးယားတွေဝတ်သလိုဝတ်တယ် ။ ကိုရီးယားတွေ ကလပ်တက်သလိုတက်တယ် ။ ခုဘီယာဆိုင်တွေမှာ မိန်းကလေးတွေကို အမြဲလိုတွေ့နေရပြီ ။ မူးနေတဲ့မိန်းကလေးတစ်ယောက်အတွက်ကတော့ water – melon ပြောသလိုဖြစ်ဖို့အတွက်ကတော့ မထူးဆန်းတော့ဘူးလေ ။ အဓိက ကတော့ အတုခိုးမှားနေတာပါပဲ ။

  • မီးမီး သော်

    September 2, 2011 at 1:23 pm

    yetazar ပြောတာကောင်းပါတယ်။ကိုးရီးယားဇာတ်လမ်းတွဲ တွေနဲ ့တော့သိပ်မဆိုင်ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ မိန်းကလေးတွေရဲ့အကျင့်စာရိတ္တပိုင်းတွေပျက်တာတော့ ဟုတ်ပါတယ်။
    အားလုံးတော့ မဟုတ်ပါဘူး။တချို ့တော့ ဟုတ်ပါတယ်။

    • shwemanthar

      September 4, 2011 at 4:38 pm

      မဆိုင်ဘူးလို.တော.မပြောသင့်ပါဘူး
      မိန်းကလေးးအများစုအတွက်ကတော. ကိုရီးယားကားတွေကစိတ်အပန်းဖြေစရာပါပဲ
      သူတို.ကိုအားကျတယ်။သူတို.အတိုင်းလိုက်လုပ်ချင်လာတယ်။
      အခုခေတ် အိမ်တိုင်းမှာအောက်စက်ရှိတယ်။ကိုရီးယားဇာတ်လမ်းတွဲခွေတွေရှိတယ်။
      ဒါတွေဟာအတုမြင်အတတ်သင်အောင်လုပ်နေတာပါ။

  • alinsett

    September 2, 2011 at 7:15 pm

    ခုခေတ်…မှာ နိုင်ငံခြား ဘက်က ယဉ်ကျေးမှုတွေ…တော်တော်များများ ကူးဆက်လာတယ်လေ။
    မြန်မာ နိုင်ငံသူတွေအနေနဲ ့ အတတ်နိုင်ဆုံး မြန်မာ ဆန်နေကြရင် ကောင်းမှာပေါ့ ။ မြန်မာ မိန်းမ ဆိုတာ…အစဉ်အလာ နဲ ့နေတာပါ ။ ဒူးပေါ် ပေါင်ပေါ် တောင် မထိုင်ရ..။ သွား..ပေါ်အောင်တောင် မရယ်ရ…။ အခု အဲဒီ အစဉ်အလာ လေး တွေ…ပျက်သွားတာကြာပါပြီ။

    မဖော်သင့်တာ မှန်သမျှ ဖော် ပြကြပြီ။

    မီဒီယာတွေ..ဖျော်ဖြေရေးတွေ မှာလည်း ရဲတင်းပွင့်လင်းလာလိုက်တာ…။ ရယ်စရာဆိုရင်တောင်..အောင်ပိုင်းတွေပြောမှ ရယ်ရတယ်.. ဖြစ်နေတာ။ မိန်းမတွေလည်း(တချို ့ကို ပြောတာပါနော် ) ရဲတင်းပွင့်လင်းလာပြီပေါ့။

    ခု က စ ပြီး မပြင်ရင် ဒိထက် ပို ဆိုးဖို ့ပဲ..ရှိပါတယ် ။

    မြန်မာ မိန်းကလေးတွေ..ကိုယ် ့ကိုယ် ကို တန်ဖို းထားကြစေချင်တယ် ။

    တချို ့က တော့ ကိုယ်ကျင့်တရားကို တစ်ပြားသားမှ အလျော့ မခံတဲ ့သူလေးတွေလည်းရှိပါတယ် ။

    သူတို ့လို အနေအထိုင် သေသပ်တဲ ့သူတွေ ကို အတုယူရမှာ..။အခု က အတုယူ မှားနေတယ် ။။။

    water-melon က ရေးတဲ ့အကြောင်းအရာ…ရွေးတာတော်ပါတယ် ။ ဒါပေမယ် ့ တင်ပြပုံ နည်းနည်း အားနည်းသေးတယ် ထင်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် အားပေးကြိုဆိုနေပါတယ် ။

  • water-melon

    September 2, 2011 at 8:29 pm

    ကျေးဇူးတင်ပါတယ် alinsett

  • Moe Z

    September 4, 2011 at 4:24 pm

    မိန်းကလေးများမဖတ်ရဆိုတော့ ပိုပြီးသိချင်လို့ဝင်ဖတ်ကြည့်လိုက်တယ်..
    မိုးစက်ရဲ့သူငယ်ချင်းတစ်ယောက်က မန္တလေးရတနာပုံတက္ကသိုလ်မှာတက်ခဲ့တာ..
    သူပြောတာတော့ တစ်ရက်သူ (အမျိုးသမီးအိမ်သာ) ကိုသွားတော့
    အိမ်သာခွက်ထဲမှာ ဖျက်ချထားတဲ့ ကလေးအသေလေးကိုတွေ့ခဲ့တယ်တဲ့..
    တော်တော်သတ္တိကောင်းတယ်နော်..

    • water-melon

      September 4, 2011 at 6:26 pm

      မန္တလေးရတနာပုံတက္ကသိုလ်က ချုံလည်းပေါတယ်။အတွဲတွေလည်း ကဲကောင်းတဲ့နေရာပေါ့။ ရေနီမြောင်း နားမှာဆိုရင် ဖြတ်ချထားတဲ့ ကလေးအသေလေးတွေ တွေ့တတ်ပါတယ်။ ၂လဆိုရင်ဖြတ်လို့ရတယ်။ အာမီရမ်နဲ့ကေသီပန်သောက်ရင် ပြတ်တယ်လို့ကြားဖူးပါတယ်။

  • shwemanthar

    September 4, 2011 at 4:46 pm

    မြန်မာ.ယဉ်ကျေးမှုမှာ မိန်းကလေးတွေဟာ မင်္ဂလာဦးည အထိအပျိုစင်ဘဝကိုထိမ်းသိမ်းရပါတယ်။
    living together ဆိုတာကိုလုံးဝလက်မခံပါဘူး။
    အခုခေတ်မှာ နိုင်ငံရပ်ခြားနဲ.ပိုဆက်သွယ်လာရတယ်။
    အဲဒီကယဉ်ကျေးမှုတွေဟာကျွန်တော်တို.နိုင်ငံထဲကိုလှိမ်.ဝင်လာတယ်။
    ဒါတွေဟာ ယဉ်ကျေးမှုနဲ.နယ်ချဲ.နေတာပါ။
    ကျွန်တော်တို.ဘိုးဘွားတွေနှစ်ထောင်ပေါင်းများစွာထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှု ကိုကျွန်တော်တို.လက်ထက်မှာ
    ဖျက်ပစ်တော.မှာလား?
    စဉ်းစားဖို.ပါ။
    မြန်မာစကားရှိပါတယ်။ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ.ဘူးတဲ.။
    ယောက်ျားလေးရော မိန်းကလေးရော မြန်မာ့ယဉ်ကျေးမှုကို စောင့်ထိန်းသင့်ပါတယ်။
    ဒါကျွန်တော်တို.တာဝန်ပါ။

  • water-melon

    September 4, 2011 at 6:21 pm

    ကျွန်တော်တို့ ဘယ်လုိုရေးရေး ဘယ်လိုပြောပြော လိုက်နာမကျင့်သုံးလဲ အလားကားပါဘဲဗျာ။ တစ်ချို့က ပြောတတ်ပါတယ် ခေတ်ရေစီးကြောင်းအရတဲ့။ ဒါဟာမှားယွင်းနေတဲ့ အယူအဆတွေပါ ခင်ဗျာ။
    အနောက်နိုင်ငံတွေက ဒီလိုကိစ္စတွေကို အားကျမှအစား ကိုယ့်နုိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားကြပါ။

  • tarnawyakkha

    September 4, 2011 at 8:56 pm

    ကိုရီယားကားတွေကိုချည်း အပြစ်တင်လို့ မဖြစ်သေးဘူးထင်တယ်။ ကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မူတည်ပြိး ရသတွေက ပြောင်းနေလိမ့်မယ် ထင်တယ်။အကုန်လုံးတော့ မဟုတ်ကြသေးပါဘူး။

  • to Foreign Resident
    ဆရာပြောတာ မှန်ပါတယ်။ This idea was far far left behind in stone age ဒီအတွေးမျိုး ကျောက်ခေတ်မှာ ထားခဲ့ဖို့ဆိုတာ မှန်ပါတယ်ဆရာ။ ဒါပေမယ့် မြန်မာပြည်မှာက ဥပဒေတွေက တစ်မျိုးဗျ။ အမျိုးသမီးတွေကို အရမ်းကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ ယောက်ျားတစ်ယောက်ဟာ မိန်းမ ၄ယောက်ယူခွင့်ရှိတဲ့ဥပဒေဆိုပေမယ့် တကယ်တမ်းမှာ မယားက သဘောမတူရင် ယူခွင့်မရှိပါဘူး။ ပြီးတော့ တစ်မိုးအောက်ထဲမှာ သူစိမ်း ယောက်ျားနဲ့မိန်းမ ညအိပ်ပြီးနေတာကို ဘေးအိမ်နီးချင်း သိရုံနဲ့ လင်မယားအရာမြောက်တယ်။ ပြီးတော့ ယောက်ျားသေရင် သေတမ်းစာက တရားမဝင်ဘဲ မိန်းမကအကုန်ရတာလေ။ မယားကြီးတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာ ဘယ်လောက်ကြီးတယ်မှတ်သလဲ။ ဒီထဲမှာရေးရင် သိပ်ရှည်နေမှာစိုးလို့ပါ။ အနောက်နိုင်ငံမှာကျတော့ မယားက လင်ပေးသလောက်ပဲရတာ။ မြန်မာပြည်မှာကတော့ အိမ်ထောင်စုအများစုမှာ မိန်းမကဗိုလ်ပါပဲ။
    အဲဒီတန်ဖိုးတွေကြောင့် မိန်းခလေးတွေဘက်ကလည်း စောင့်ထိန်းသင့်တာစောင့်ထိန်းရမယ် ထင်မိတာပါ။ အထက်ကပို့စ်ကို လုံးဝမှန်တယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ ခေတ်ကာလပြောင်းပေမယ့် တိုင်းပြည်စီးပွားရေးကမပြောင်းတော့ မိန်းခလေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခက်ခဲတယ်။ အနောက်နို်င်ငံမှာ အဖေမရှိဘဲ အမေကအိမ်ထောင်တစ်ခုကို ရပ်တည်နိုင်တယ်။ မြန်မာပြည်မှာက အိမ်ထောင်ပြိုကွဲရင် မိန်းမက ကိုယ့်ဖာသာရပ်တည်ဖို့မလွယ်။ အများစုက ဘဝပျက်ပါတယ်။ ဒါပေမယ့်ဥပဒေက ကာကွယ်ပေးထားတော့ မိန်းခလေးတွေကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ် ထင်မိတာပါပဲ။

    • Foreign Resident

      September 5, 2011 at 8:03 am

      Dear တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး,

      I really appreciate your logical saying.

      I also noticed ” မြန်မာပြည်မှာက ဥပဒေတွေက အမျိုးသမီးတွေကို အရမ်းကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်နေတယ် ” It is correct.

      Actually Myanmar Laws are unfair for Men.
      Myanmar Laws favour a lot to Women, it’s gender discrimination.
      If we get real Democracy, we need to change those laws.

  • မီးမီး သော်

    September 5, 2011 at 12:38 am

    အမလေးနော်. မိန်းကလေးတွေကြောင်းပြောထားလိုက်ကြတာကုန်ရောဘဲ။အဲလောက်လဲမဟုတ်ရပါဘူး။

  • မီးမီးသိထားတာထက်တောင် ပိုဆိုးပါသေးတယ်။ အွန်လိုင်းမှာ တွေ့တာ ၁လပဲကြာတယ်။ တည်းခိုခန်းခေါ်လို့ရတယ်ဆိုတာ အခု တကယ်ဖြစ်နေကြတာ။ အရေအတွက် မနည်းဘူး။ နယ်မှာပိုဆိုးတယ်။ အိမ်ထောင်ရှိမိန်းမတွေပါ ပါတယ်။ ဘုရားစူးရစေ့၊ အရေအတွက်မသေးဘူး မီးမီးရေ။

  • kaung kin pyar

    March 19, 2012 at 12:08 pm

    🙁 ဟုတ်ပါလိမ့်မယ်။ မြန်မာပြည်မှာ ယောကျာင်္းလေးတွေ ဘာလုပ်လုပ် ဖော့တွေးကြပေမယ့် မိန်းခလေးတွေတော့ ဒီမှာ အမှားမခံဘူးလေ။ ယောကျာင်္းလေးတွေကလဲ သူတို့ အပျိုဆိုတာကို လိုချင်ရင် သူများသားသမီးကိုလဲ မဖျက်ဆီးနဲ့ပေါ့။ သူတို့ကျတော့ ရည်းစားမိန်းခလေးတွေနဲ့ သွားပြီး သူတို့ ယူမှာကျတော့ ဘာ ချေးများနေတာတုန်း။ သူတို့ သွားခဲ့တဲ့မိန်းခလေးတွေလဲ တစ်ချိန် ယောကျာ်းယူကြမှာပဲ။ ကိုယ်ချင်းစာရင် ဒီလိုတောင် မဖြစ်ဘူး။

  • နတ်ဆိုးလေး

    March 19, 2012 at 12:45 pm

    ကိုဗြဲသီးကို ထောက်ခံတယ်ဗျို့။ ကောင်းကင်ပြာပြောတာလဲလက်ခံပါတယ်။ ဒါပေမဲ့ ဥပုလ်စောင့်တဲ့ ကျားမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အချစ်ဆို့တာက အဲ့တာကို အခြေခံလာတာကိုးဗျ။ အဓိကက အဲ့တာက ပြောရတာ နားရှက်စရာမို့ လို့ အချစ်လို့ နှိုင်းလိုက်တာပါဘဲ။ မေတ္တာနဲ့တော့မတူဘူးပေါ့။ ကျောင်းသူတွေ ပိုဆိုးတယ်ဗျာ။ ကျောင်းတတ်တုန်းက တွေ့ခဲ့ပါတယ်။သူများတွေပြောတာတော့ အဝေးသင်တွေ ပိုးဆိုးတယ်ဗျ။
    ကြောင် ပြာသို
    ခွေး တော်သလင်း
    လူ အဝေးသင်။

  • Mon Kit

    March 19, 2012 at 2:46 pm

    ဟယ်…. ဘာတွေလဲဟယ်……. 🙁

Leave a Reply