ဦးစံရှားနှင့် ကြက်ဥများ

ဂ်ဲသုSeptember 1, 20111min16710

မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ဦးစံရှားဟာ  Foreign Resident ညွှန်တဲ့ လမ်းအတိုင်း weiwei နဲ့ TTCG တို.ဆောင်းပေးလိုက်တဲ့ ဦးထုပ်ဖြူ ကြီးဆောင်းပြီးminthakhin ကျေးဇူးကြောင့်ရလာတဲ့ ရွှေဒင်္ဂါး ခုနစ်ပြားပိုက်ကာ ခရီးထွက်လာပါပြီ။ ခရီးထွက်လာရင်းက လမ်းမှာ ကြက်ဥပြုတ်သည်ကြီး တစ်ယောက်နဲ့တွေ.ပါတယ်။ ဒါနဲ.ဦးစံရှားလည်း ကြက်ဥပြုတ်ဝယ်စားမယ်ဆိုပြီး  ကြက်ဥပြုတ်သည်ကြီးဆီ ဝင်လိုက်ပါတယ်။ အဲဒီမှာ ကြက်ဥပြုတ်သည်ကြီးက စုံထောက်ကြီးဦးစံရှားကို အကူအညီတစ်ခုတောင်းပါတယ်။ သူ.မှာ ကြက်ဥပြုတ် ခုနစ်လုံးရှိပါတယ်တဲ့၊ အဲဒီကြက်ဥ ပြုတ်ခုနစ်လုံးထဲကို ကြက်ဥပုပ်တစ်လုံး မှားပြီး ထည့်မိသွားပါတယ်တဲ့။  ကြက်ဥအကောင်းခုနစ်လုံးက အလေးချိန်တူတူပါပဲ တဲ့။ ရောနေတဲ့ နောက်ကြက်ဥပုပ် ကတော့ ကျန်တဲ့ ခုနစ်လုံးထက်စာရင် နည်းနည်းလေး ပေါ့နေပါတယ်တဲ့။ အဲဒီတော့ စုစုပေါင်းကြက်ဥရှစ်လုံးထဲက ပုတ်နေတဲ့ ကြက်ဥကို ဦးစံရှားက ရွေးချယ်ပေးရမှာပါတဲ့။ သူမှာ ဘေးက ငါးခြောက်သည်ဆီက ငှားထားတဲ့ ချိန်ခွင်တစ်ခုရှိပါတယ်တဲ့။ ချိန်ခွင်ကို နှစ်ကြိမ်ပဲ အသုံးပြုပြီး  ကြက်ဥရှစ်လုံးထဲက  ပုပ်ပြီး နည်းနည်းပေါ့နေတဲ့ ကြက်ဥကို ရွေးပေးပါတဲ့။ ရွေးပေးနိုင်ရင်ဦးစံရှားကို ကြက်ဥပြုတ်တစ်လုံး ပေးပါမယ်တဲ့။ ကဲ ဦးစံရှားကြီး ကြက်ဥပြုတ်စားရအောင် ကူညီကြပါဦး။

10 comments

  • weiwei

    September 1, 2011 at 9:52 pm

    ဦးစံရှားနဲ့တိုးပြန်ပြီ …
    ဖတ်မိတော့လဲ မဖြေပဲ မနေနိုင်ပြန်ဘူး …
    စဉ်းစားကြည့်မိသလောက်ရေးကြည့်မယ်နော် …
    ချိန်ခွင်ထဲကို တစ်ဖက် ၄ လုံးစီထည့်ချိန်လိုက်မယ် … လေးတဲ့ဘက်က ၄ လုံးကို ဖယ်ထားလိုက်မယ် …
    နဲနဲပေါ့သွားတဲ့ဘက်က ၄ လုံးကို ၂ လုံးစီခွဲပြီး ထပ်ချိန်လိုက်မယ် … ပေါ့သွားတဲ့ဘက်က ၂ လုံးကျန်ခဲ့တယ် ..
    အဲဒီကျန်တဲ့ ၂ လုံးကိုတော့ လက်နဲ့ပဲချိန်ပြီး ဘယ်ဟာအပုတ်လဲလို့သာ ပြောလိုက်ပါတော့ …

    ဒီနေ့ကံမကောင်းနေတော့ မှန်မမှန်တော့ မသိဘူးနော် … 🙂

  • Myanmar

    September 1, 2011 at 10:10 pm

    Put 3 eggs each in 2 sides of balance.
    (1)If one side is heavier, take out 3 eggs from the lighter scale.
    Then, take 2 eggs out of them to put one each on the each scale of the balance.
    Choose the lighter one as unfreshed egg.
    If the balance is equal again, the left one is unfreshed egg.
    (2) If the balance is equal, we can exclude the six eggs on scales as freshed. So put the rest 2 eggs, one on each scale and choose the lighter one as unfreshed.

    • Foreign Resident

      September 2, 2011 at 3:49 am

      I think Myanmar is right.

  • ဆူး

    September 1, 2011 at 10:32 pm

    ၈လုံးကို ၄လုံးစီ ခွဲချိန် ပေါ့တဲ့ဘက်က ၄လုံးကို ယူ ၂လုံး တခါ ပြီးတော့ ၁လုံး တခါ ခွဲရင်းနဲ့ အပုတ် ထွက်လာပါလိမ့်မယ်။

  • weiwei

    September 1, 2011 at 10:32 pm

    ဒီတစ်ခါလဲ မှားသွားပြန်ပြီ ….
    စဉ်းစားတိုင်း နဲနဲစီလိုလိုနေတယ် …
    နောက်တစ်ခါမေးရင်တော့ မဖြေရဲတော့ဘူး … 😛 😛

  • ကြောင်ကြီး

    September 2, 2011 at 8:38 am

    ကျနော်ဖြေလည်း အန်တီဆူးနဲ့ ဂျီးဒေါ်ဝေတို့လို ဖြေမိမှာပဲ။ Myanmar ပေးတဲ့ အဖြေက ပိုစနစ်ကျတယ်။ သို့ပေမဲ့ အဖြေနှစ်ခုစလုံး မေးခွန်းဘောင်ဝင်တယ်လို့ ကျွန်ုပ်ကြောင်ကြီး ခိုင်ခိုင်မာမာပြောသည်..။

  • nature

    September 2, 2011 at 8:59 am

    အဲဒီလို ဉာဏ်စမ်းလေးတွေကိုသဘောကျပါတယ်။ အမြဲဝင်ဖတ်ပါတယ်။ တခါမှတော့အဖြေမမှန်သေးဘူး။

  • pan pan

    September 2, 2011 at 9:30 am

    ပထမအကြိမ်–၃လုံးစီ ၃လုံးစီချိန် (၂လုံးကမချိန်နဲ့ဦး)
    အဲဒီမှာ ချိန်ခွင်ပေါ်က တစ်ဖက်ဖက်အလေးသာရင် အပုပ်ကချိန်ခွင်ပေါ်မှာရှိမယ်
    အဲဒါဆို ဒုတိယအကြိမ်ကို ပေ့ါတဲ့ သုံးလုံးဖက်က တစ်လုံးစီချိန် (တစ်လုံးကိုဖယ်ထား)
    အလေးချိန်မတူရင် ပေ့ါတာအပုပ်
    တူရင် ဖယ်ထားတာ အပုပ်
    ပထမအကြိမ် ၃လုံးစီချိန်လိုက်လို့ အလေးချိန်တူနေရင်
    မချိန်သေးဘဲကျန်နေတဲ့ ၂လုံးမှာ အပုပ်ရှိမယ်
    ဒုတိယအကြိမ်ကို အဲဒီကျန်တဲ့ ၂လုံးချိန်လိုက်ရင် အပုပ်တစ်လုံးထွက်လာမှာပါ
    ဦးစံရှား အဒေါ်ကြီးဆီက ကြက်ဥပြုတ်တစ်လုံးစားရပါပြီ

  • ဂျဲသု

    September 2, 2011 at 9:52 am

    Myanmar နဲ့ pan pan တို.ရဲ.အဖြေတွေမှန်ပါတယ်။ဒီပုစ္ဆာကိုတင် ရတာက နောက်တင်မယ့် ပုစ္ဆာ အတွက် အထောက်အကူရအောင်ပါ။ လွယ်တဲ့ ပုစ္ဆာတွေတင်လို. မချင့်မရဲ ဖြစ်နေမယ့် ဉာဏ်ကြီးရှင်များအတွက် နောက်ထပ် ဦးစံရှားကြုံတွေ.ရမယ့် ပြသနာကို ဖတ်ကြည့်စေချင်ပါတယ်။

  • မီးမီး သော်

    September 2, 2011 at 12:19 pm

    ဒီတခါလဲနောက်ကျသွားပီ။အားလုံးတော်ကြပါတယ်။မှတ်သားထားရမယ် နောက်ပြန်ဝေမျှလို ့ရတာပေါ့။

Leave a Reply