လွယ်တယ်ထင်ထင်ခက်တယ်ပြောပြော

breezeMay 13, 20101min1045

သူငယ်ချင်းတို့ဘဝမှာ ကတ်သီးကတ်သပ် အခြေအနေလေးတွေ ရှိခဲ့ဖူးမှာပဲနော်။အဲ တခါတလေကျတော့လဲ တချို့ဟာတွေကတကယ်ကိုဘေးကျပ်နံကျပ်ပဲ။
တချို့သူငယ်ချင်းတွေက ကတ်သီးကတ်သပ်တွေ ဝါသနာပါတယ်။အဲလိုသူငယ်ချင်းတွေအတွက် လက်ဆာင်ပေးချင်တာမို့ လွယ်တယ်ထင်ထင် ခက်တယ်ပြောပြော
တချက်လောက်ကြည့်လိုက်ပါအုံးနော်။
(၁)  မိန်းကလေးတစ်ယောက်အနေနဲ့ပေါ့နော် ကိုယ့်ရှေ့မှာတခြားကောင်လေးချောချောတွေရှိနေတုန်း သူတောင်းစားကလေးတွေက အလိုက်မသိ  ပိုက်ဆံလာတောင်းပါရော။
ကောင်လေးကလဲကြည့်နေပြီ။အဲဒီအချိန်ဆိုရင်  ဘာလုပ်သင့်ပါသလဲ။
မရှိဘူးပြောလိုက်ရမှာလား?????ဒါမှမဟုတ် လာတောင်းတဲ့သူတောင်းစားမှန်သမျှကို ပိုက်ဆံပေးနေရမှာလား?????

(၂)  ထောက်ခံစာလေးလိုချင်လို့ ရပ်ကွက်ရုံးလေးသွားမိပါတယ်။ စေတနာကြေးတဲ့။ ဘယ်လိုလုပ်ရပါ့။
တကယ်ပဲသူတို့ပြောသလို စေတနာရှိသလောက် ပေးရမှာလား????? မကောင်းတတ်လို့ သူများပေးသလိုလိုက်ပေးရမှာလား?????
(3)   ဒီနေ့ကသူငယ်ချင်းတယောက်ရဲ့ ဆေးခန်းဖွင့်ပွဲ။ လကုန်ခါနီး ပိုက်ဆံကလဲမရှိ။မသွားလို့လဲ  မကောင်း။လူမှုရေးကရှိသေးတယ်မဟုတ်လား။
အိမ်မှာကလဲအသစ်ဆိုလို့ ပိုစတာနှစ်ချပ်တော့ရှိတယ်။
တခုက  ”ဝင်လာမစဲ တသဲသဲ” တဲ့။
နောက်တခုက ” မမှားသောရှေ့နေ မသေသောဆေးသမား” တဲ့။
ဘာပေးရင်ကောင်းမလဲနော။
(4) အင်တာဗျူးတခု ရှိတယ်ပေါ့နော်။စတိုင်ကတော့ အပြည့်နဲ့သွားလိုက်ပါပြီ။သူတို့လဲမေးခွန်းလေးတွေမေးတာပေါ့
ကံကောင်းစွာနဲ့ answer လေးတွေကိုလဲ ကိုယ်ကသိနေရော ။အဲဒီလိုဆို ဘယ်လိုလုပ်ရပါ့။
သွက်လက်တယ်ဆိုပြီး အမှတ်ပိုရအောင် ချက်ချင်းဖြေရင်ကောင်းမလား?????
စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်ဆိုပြီး အမှတ်ပိုရအောင် စဉ်းစားသလိုလိုလုပ်ပြီး ဖြေရင်ကောင်းမလားနော်?????
*ကတ်သီးကတ်သပ် comment လေးတွေကိုလဲ ကြိုဆိုပါတယ်။ဘိုင်းဘိုင်။

5 comments

  • etone

    May 13, 2010 at 10:31 am

    1.လာတောင်းလဲပေးချင်မှပေးမှာပေါ့ ။ ပေးလိုက်လို့ထပ်ပြီးတခြားလူတွေပါရောက်လာရင် အရှက်ကွဲဦးမယ်
    2.စေတနာကြေးဆိုလို့ကတော့ စေတနာရှိသလောက်ပဲပေးမှာပေါ့ ။ ထောက်ခံစာဆိုတာ တလတခါလုပ်စရာမှမလိုပဲနော် ။ ခဏခဏလိုတဲ့ဟာမျိုးမှမဟုတ်တာ ။
    3.အဲ့ဒီအသစ်နှစ်ခုက ဆေးခန်းနဲ့မှမသက်ဆိုင်တာ ။ ဘာမှပါမသွားပဲသွားလည်းရတာပဲ ။
    ပိုက်ဆံမရှိဘူးဆိုပေမဲ့မွဲလောက်အောင်တော့မဟုတ်နိုင်ပါဘူး ။ ပန်းလေးဘာလေးဝယ်သွားပေါ့။
    4.အိုက်တင်ခံပြီး မှ ဖြေးဖြေးဖြေမယ်လေ ။ စဉ်းစားပြီးသိသလိုလိုပေါ့ 😀

  • breeze

    May 13, 2010 at 10:47 am

    ္လွ္က္က္က္လွ္က္လွကိုအီးတုံး ဖြေပုံကသင်းပါတယ်။
    (1)ကိုအီးတုံးသာ ကောင်မလေးတရောက်ရှေ့မှာဆိုရင်ကော အဲဒီသူတောင်းစားကိုတကယ်ပိုက်ဆံမပေးပဲနေမှာလား?
    (2)စေတနာအများကြီးရှိတယ်ဆိုရင်တော့မသိပို့ပေါ့။မဟုတ်ရင်တော့ရပ်ကွက်လူကြီးရဲ့ မျက်မှောင်ကုတ်ကုတ် ကိုမြင်ရမယ်။
    (3)ရော် လကုန်ခါနီးဖိတ်စာမြင်ရတဲ့ခံစားချက်ကို ကိုအီးတုံးမခံစားဖူးဘူးထင်တယ်။
    (4)response နှေးတယ်ဆိုပြီးအမှတ်လျှော့ပါတယ်တဲ့။

  • kopauk mandalay

    May 13, 2010 at 11:53 am

    ကျနော်သာကောင်မလေးဆိုရင်မပေးဘူးဗျာ တော်ကြာကိုပေါက်ဆိုတဲလူလို သူတောင်းစားကို.ထည်.မိရင် အပြစ်တင်ခံရမှာစိုးလို.။
    သွားတောင်းတဲ.စာက ကိုယ်.ဘဝအတွက်ဘယ်လောက်အရေးကြီးသလဲဆိုတာကိုမူတည်လို.ဆုံးဖြတ်မယ်။
    ဘာမှမပေးနဲ.ငါအားနည်းနေတယ်ဆိုပြီးအကြောဆေးတစ်လုံးအလကားထိုးခိုင်းလိုက်။
    မဖြေနဲ. မိလိန္ဒလို အမေးကိုအမေးနဲ.တုန်.ပြန်လိုက် သည်တော.အလုပ်မခန်.ဘူး မခန်.တော.လုပ်ရတာသက်သာတယ်လေ
    ကဲ မပိုင်လား

  • breeze

    May 13, 2010 at 4:45 pm

    အဟီး။ကိုပေါက်။တကယ်ဆေးထိုးခံချင်လို့လား။သူ့ဆေးခန်းက တိမွေးကု နော။စဉ်းစားပါအုံး။

  • Shwemannmay

    May 14, 2010 at 3:31 am

    ပာိ ဖြေကြည့်လိုက်ဦးမယ်။
    ၁။ကောင်လေးကို ပာဲ့နင့်မှာအကြွေပါရင်ပေးလိုက်စမ်းပါပာယ် ပေါ့
    ၂။ရပ်ကွက်ရုံးမှာ အလွန်ဆုံးတောင်းရရင် ဒီရပ်ကွက်မှာနေထိုင်တာမှန်ကန်ကြောင်းပေါ့ တီးဖိုးဆိုရပြီလေ။ သူတို ့ကလည်းစေတနာရှိသလောက်လို ့ပြောတောင်းကြတာပဲ။ အစထည်းက ပိုက်ဆံအိတ်ကြီးတော့ယူမသွားနဲ ့ပေါ့။
    ၃။ ဆေးခန်းဖွင့်ပွဲက ဘာမှမပါလည်းရပါတယ်။ ပိုစတာကြီးတွေက အပ်မှမအပ်စပ်တာ။
    ၄။ မေးခွန်းကို သက်သက်သာသာနဲ ့သိပ်မခက်သလိုပဲဖြေလိုက်ပေါ့ 😀

Leave a Reply