Sale is sale, Marketing is marketing

black chawSeptember 2, 20111min1155

ကျွန်တော် လေ့လာထားမိသလောက် sale နှင့် marketing တို့ ဧ။် မတူညီမှုများဖြစ်ပါသည်။ ပြည့်စုံသောအချက်အလက်များဖြစ်သည်ဟု မဆိုလိုပါ။ ပိုမိုနားလည်သူများမှ ဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

SALE                              သည် ကုန်ပစ္စည်းကို အာရုံစူးစိုက်ပြီး တိုက်ရိုက် အရောင်းအတွေ့အကြုံကို အားကိုးအားထားပြုသည်။

MARKETING           သည် Customer များဧ။် လိုအပ်ချက်ကို အာရုံစူးစိုက်ပြီး ဈေးကွက်သုတေသန ကို အားကိုးအားထားပြုသည်။

SALE                              သည် လက်ဝယ်ရှိ ကုန်ပစ္စည်းကို ဈေးကွက်တင်ရန် ကြိုးပမ်းသည်။

MARKETING           သည် Customer များ လိုအပ်သော၊ ဆန္ဒရှိသော ကုန်ပစ္စည်းများကို လေ့လာသုတေသနပြု၍ ဈေးကွက်တင်ရန်ကြိုးပမ်းသည်။

SALE                              သည် ဝယ်သူတစ်ဦးချင်းစီကိုနားလည်ရန်ကြိုးစားရသည်။

MARKETING           သည် ဝယ်သူတစ်ဦးချင်းစီကို ဗဟိုမပြုပဲ ဈေးကွက်တစ်ခုလုံးကို နားလည်ရန်ကြိုးစားရသည်။

SALE                              သည် Customer များနှင့် မျက်နှာချင်းဆိုင် ရောင်းချခြင်းကို အချိန်ပေးဆောင်ရွက်ရသည်။

MARKETING           သည် Plan ရေးဆွဲခြင်း၊ အစီအစဉ် ပြုခြင်းတို့ကို အချိန်ပေးဆောင်ရွက်ရသည်။

SALE                              သည် ရေတို အတွက်ဖြစ်သည်။

MARKETING           သည် ရေရှည်အတွက် ဖြစ်သည်။

SALE                              သည် မိမိထုတ်ကုန် ယနေ့ဈေးကွက်တွင် ရောင်းအားမြင့်မားရေးကို ဦးတည်စဉ်းစား ဆောင်ရွက်သည်။

MARKETING           သည် အနာဂါတ် ဈေးကွက်တွင် ဈေးကွက်ဝေစုများများရရှိရေးအတွက် အလေးထား ဆောင်ရွက်သည်။

SALE                              သည် မိမိ ကုန်ပစ္စည်းကို ဖေါက်သည်များထံ ရောင်းချသည်။

MARKETING           သည် မိမိကုန်ပစ္စည်းကို အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဖေါက်သည်ထံ အသိပေးရသည်။

အထက်ပါအချက်များမှာ ကျွန်တော် နားလည်သမျှ ကို တင်ပြထားခြင်း ဖြစ်ပါသည်။ ဝိုင်းဆွေးနွေးပေးကြပါဦး….။

 

 

 

 

 

 

 

 

 

 

5 comments

  • မီးမီး သော်

    September 2, 2011 at 10:35 am

    ခုလိုနားလည်အောင်ရှင်းပြပေလို ့ကျေးဇူးပါ။ဝင်လေ့လာသွားပါတယ်။

  • ကြောင်ကြီး

    September 2, 2011 at 10:55 am

    အလွယ်ပြောရင် sales သမားသည် delivery channel ကိုအားပြုတယ်၊ marketing သမားသည် ပရိုမိုးရှင်းနဲ့ ကြော်ငြာသုံးပြီး ဈေးကွက်ဖောက်တယ်။ ဒါပေမဲ့ ဆေးလ်သည် မားကက်တင်းဘာသာရဲ့ ပညာရပ်တခု ဖြစ်တယ်လို့ သိထားပါတယ်ကွယ်။ မားကက်တင်းအောက်မှာမှ အရောင်း၊ ပရိုမိုးရှင်း၊ ကြော်ငြာ၊ ကပ်စတန်မာ ဆားဗစ်၊ ပြည်သူ့ဆက်ဆံရေး၊ ဈေးကွက်သုတေသန စတာတွေ ထားတတ်ပါတယ်။ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး sales နဲ့ marketing ဌာနတို့ရဲ့ ဩဇာလွှမ်းမိုးပုံ ကွာခြားပါလိမ့်မယ်။

  • blackchaw

    September 2, 2011 at 11:09 am

    တချို့လုပ်ငန်းတွေမှာ sale manager နဲ့ marketing manager တစ်ယောက်စီထားပါတယ်။ တချို့ကတော့ sale and marketing manager ဆိုပြီး တစ်ယောက်တည်းထားတတ်ပါတယ်။
    တစ်ယောက်စီ ခွဲထားတဲ့ လုပ်ငန်းတွေမှာ manager ခြင်း ပြိုင်ဆိုင်မှု ရှိတတ်ပါတယ်။
    ဒီစာကလည်း ပြိုင်ဆိုင်မှုကို ကြုံတွေ့ခဲ့ဘူးတဲ့ marketing manager တစ်ယောက်ရဲ့ မှတ်စု တစ်ခုသာ ဖြစ်ပါတယ်။ sale ကတော့ marketing ဘာသာ ရဲ့ ပညာရပ်တစ်ခု ဖြစ်တယ် လို့ ဆွေးနွေး ပေးတဲ့ ကြောင်ကြီးကို ကျေးဇူးတင်ပါတယ်။

  • windtalker

    September 2, 2011 at 12:33 pm

    နောက်ထပ်
    ဈေးကွက် ထဲ ဝင်တဲ့ အချိန်မှာ
    တွေ ့ကြုံ ရတဲ့
    အတွေ ့အကြုံလေး တွေ ကို လည်း ဝေမျှ ပေးပါဦး ဗျ

  • myanpyithar

    September 2, 2011 at 3:00 pm

    ကျုပ်ကတော့ Production အကြောင်းဘဲသိတယ်ဗျ..
    MARKETING & SALES မကောင်းလို့ကတော့ ပရိုဒတ်ရှင်းက ငုတ်တုတ်မေ့တာဘဲ..
    ခုလဲ ကျုပ် ငုတ်တုတ်မေ့နေတယ်ဗျို့…ကယ်ကြပါအုံး ဆေးနဲ့ မားကက်တင်းတို့ရေ…

Leave a Reply