မှော်ဆရာရဲ့ကျေးဇူးနဲ့ လူရိုင်းရွာက လွတ်လာတဲ့ဦးစံရှားဟာ  Foreign Resident ညွှန်တဲ့ လမ်းအတိုင်း weiwei နဲ့ TTCG တို.ဆောင်းပေးလိုက်တဲ့ ဦးထုပ်ဖြူ ကြီးဆောင်းပြီးminthakhin ကျေးဇူးကြောင့်ရလာတဲ့ ရွှေဒင်္ဂါး ခုနစ်ပြားပိုက်ကာ ခရီးထွက်လာပါပြီ။လက်ထဲမှာလည်း Myanmar ပေးလိုက်တဲ့ ကြက်ဥပြုတ်ကြီးကိုင်လို.ပေါ့။ ဒါနဲ. ဦးစံရှားဟာ ရွာတစ်ရွာကိုရောက်သွားပါတယ်။ အဲဒီရွာမှာ ဥာဏ်စမ်းအဟေဠိ ပြိုင်ပွဲရှိပါတယ်။ အဲဒီပြိုင်ပွဲကို ဦးစံရှား ၀င်ရောက်ဆင်နွဲချင်ပါတယ်။ ဒါပေမယ့် အဲဒီပြိုင်ပွဲကို ၀င်ပြိုင်ခွင့်ရဖို.အတွက်က ဥာဏ်ရည်စစ်ဆေးမှုခံယူရဦးမှာပါ။ဥာဏ်ရည်စစ်တဲ့မေးခွန်းတစ်ခုကို ဖြေနိုင်မှ ပြိုင်ပွဲဝင်ခွင့်ရမှာပါ။ ဦးစံရှား ဖြေရမယ့်မေးခွန်းကတော့………

ဦးစံရှားကို အလေးချိန်တူ ပုံစံတူ သံဂေါ်လီ ၁၁ ပြထားပါတယ်။ နောက် ရွှေဂေါ်လီတစ်လုံး ၊ ငွေဂေါ်လီတစ်လုံးလည်းရှိပါသေးတယ်။အဲဒီရွှေဂေါ်လီနဲ့ငွေဂေါ်လီကိုလည်း  သံဂေါ်လီတွေနဲ.ပုံစံတူ အရောင်တူ လုပ်ထားပါတယ်။ ရွှေဂေါ်လီကတော့ သံဂေါ်လီတွေထက်နည်းနည်းပိုပြီး အလေးချိန်စီးပါတယ်။ ငွေဂေါ်လီကတော့ သံဂေါ်လီတွေထက် နည်းနည်းလေး ပေါ့ပါတယ်၊၊ နောက် အဲဒီ သံဂေါ်လီ ၁၁ လုံးထဲကို ဂေါ်လီတစ်လုံးရောထည့်လိုက်ပါတယ်။ရောထည့်လိုက်တဲ့ဂေါ်လီဟာ ရွှေဂေါ်လီလည်းဖြစ်နိုင်သလို ငွေဂေါ်လီလည်းဖြစ်နိုင်ပါတယ်။ အဲဒီ နှစ်မျိုးထဲကတစ်မျိုးမျိုးပေါ့။ နောက်ဦးစံရှားကို ချိန်ခွင်တစ်ခုပေးလိုက်ပါတယ်။ဦးစံရှားလုပ်ရမှာက အဲဒီချိန်ခွင်ကို သုံးကြိမ် အသုံးပြုပြီး ရောထားတဲ့ဂေါ်လီကို ရှာပေးရမှာပါ။ရှာပေးရုံတင်မကပါဘူး။ ရွှေဂေါ်လီလား သံဂေါ်လီလားဆိုတာပါ ခွဲခြားပေးရမှာပါ။ သတိချပ်စရာကတော့ ချိန်ခွင်ကို သုံးကြိမ်ပဲ အသုံးပြုခွင့်ရှိတယ် ဆိုတာပါပဲ။ ဦးစံရှားကို ပြိုင်ပွဲဝင်ခွင့်ရအောင် ကူညီကြပါဦး။

About ဂျဲသု

has written 13 post in this Website..