” အိ်မ်ခြံမြေအဝယ်မမှားရလေအောင် ”

k T NSeptember 2, 20111min1226

ကျနော်ဟာ အခုမှ ရွားသားအသစ်လေးဆိုတော့ အပြောအဆို၊အရေးအသားများ လွဲမှားခြင်းရှိခဲ့လျှင် ကူညီတည့်မတ်ပေးပါရန် မေတ္တာရပ်ခံ

အပ်ပါတယ်နော် –။

 

မှတ်မှတ်ရရပေါ့ 2004 ခုနှစ်ကပါ

ကျနော် = ကိုယ်ပိုင်အိမ်တစ်လုံးလောက်ရှိရင် ကောင်းမှာလို့ သူငယ်ချင်းရှေ့မှာ ပြောဆိုလိုက်တယ်၊

သူငယ်ချင်း = ငါ့ဦးလေးမှာ ရောင်းဖို့ရှိတယ်။35သိန်းခေါ်ထားတယ်၊ 34သိန်းရမယ် (20×60ပေ)မ/ဥ၊ ဘုမ္မာလမ်းသွယ်( )လမ်း။ နှစ်60ဂရမ်ပါ၊

အခြားသူအမည်ပေါက်၊သုံးယောက်မြောက်ပိုင်ရှင်။

ကျနော် = အရမ်းလိုချင်ပါသည်၊ ငွေကလဲ မလုံလောက်။

သူငယ်ချင်း = အရစ်ကျရဖို့ ငါအာမခံပေးမယ်။

ကျနော် = ကောင်းတာပေါ့ဗျာ၊ကိုယ်အရမ်းလိုချင်တဲ့ဟာကို ရအောင်ဖြည့်ဆည်းပေးမယ်ဆိုတော့ ဒီလောက်ကောင်းတဲ့သူငယ်ချင်း လောကမှာ

ရှိပါအုံးမလား(စိတ်ထဲမှာ ကြိတ်ပြီးပျော်နေတာပေါ့)

သူငယ်ချင်းမျက်နှာထောက်ပြီး အရစ်ကျစနစ်နဲ့ အရောင်းအဝယ်ဖြစ်သွားပြီဗျို့။

ပထမအရစ် -17သိန်းတဝက်စရံပေး၊

ဒုတိယအရစ်-10သိန်းပေး၊

တတိယအရစ် -7သိန်းပေး။ အားလုံးငွေကျေသွားပြီ၊ အထောက်အထားစာရွက်စာတမ်းများ ရပြီ၊ အိမ်ပေါ်လဲရောက်ပြီ(ဝါကျွတ်ကာ
လ)။ ကိုယ်ပိုင်အိမ်ဖြစ်သွားပြီဆိုတော့ ကျနော့်အိမ်ထောင်စုစာရင်းလဲ ယခုလိပ်စာနဲ့ လဝကရုံးမှာ အဝင်ထည့်ပြီးပြီဆိုပါတော့ဗျာ။

6 လခန့် ကြာသော် —

ဆက်ပါမည်။

6 comments

  • blackchaw

    September 2, 2011 at 2:06 pm

    ရွာသားအသစ်လေးမို့ တော်တော့တယ်။ စရေးတဲ့ ပို့စ်မှာ ကတည်းက ကိုးရီးယားကားလို အခန်းဆက် လုပ်ချင်နေပြီ။ ၆ လလောက်တော့ စောင့် မဖတ်ရပါဘူးနော်။

  • windtalker

    September 2, 2011 at 2:10 pm

    ကေအမ်အန် ရေ
    အရေးအသား ကောင်းပါတယ် ဗျာ
    ဇါတ်လမ်းကို လည်း စိတ်ဝင်စားမိတယ် ၊ ဆုံးအောင် ဖတ်ချင်နေပါပြီ
    Rules for writers မှာ တော့ စာလုံးရေ အနည်းဆုံး ၁၅၀ဝ ရေးရမယ် လို ့စည်းကမ်းထုတ်ထားပေမယ့်
    များသောအားဖြင့် ပို ့စ်တော်တော်များများ ဟာ စာလုံးရေ ၁၅၀ဝ မပြည့်ကြပါဘူး ။
    ၈၀ဝ ပတ်ချာလည် လောက် တင်နေကြတာပါ ။
    ကေအမ်အန် အနေ နဲ ့လည်း နောက်ထပ်
    ပို ့စ်တင်တော့မယ် ဆိုရင် အခုပို ့စ်လို အရမ်းတို တာမျိုး မလုပ်ပါနဲ ့လို ့
    ခင်မင်စွာ နဲ ့အကြံပြု လိုက်ပါတယ်နော် ။
    ဆက်ပြီး မြန်မြန်လေး ရေးတင်ဖို ့လည်း တောင်းဆို လိုက်ပါတယ် နော်
    ဒီစာလုံးရေ တွေ ပြောပြ လို ့ကျွန်တော် ့ကို လည်း ဘယ်လို မှ မထင်လိုက်ပါနဲ ့ဦး ။
    ဘာမှ မဟုတ်ပါဘူး ။ ဖတ်ရတာ အရမ်းတို လို ့ ၊
    စေတနာ နဲ ့ဝင်ပြောလိုက်တာပါ ။
    အိုကေ
    ကျေးဇူးပါပဲ

  • manawphyulay

    September 2, 2011 at 3:31 pm

    ရွာသားအသစ်က ကိုရီးယားကား အကြည့်များလို့ထင်တယ်…. အခန်းဆက်တွေ ဘာတွေနဲ့ နောက်ပိုင်း ကြေငြာပါ ဝင်ဦးမယ်ထင်တယ်။

  • Shwe Ei

    September 2, 2011 at 5:09 pm

    ဟုတ်တယ်ဗျို့ တိုတိုလေးမလုပ်ပါနဲ့။ အေဖိုး တမျက်နှာလောက်တော့လုပ်ပါ။ 😀

  • KMN

    September 2, 2011 at 6:53 pm

    အခုလို ဝိုင်းဝန်းကူညီတာ ကျေးဇူးအထူးတင်ပါတယ်ဗျာ။

    လိုအပ်တာရှိရင်လဲ ပြောကြပါအုံးနော် ————-

  • မီးမီး သော်

    September 2, 2011 at 10:48 pm

    နောက်ခြောက်လဆိုအိမ်ပြန်ပေးရမလားဟင်။ဟယ်စိတ်ပူလိုက်တာနော်။

Leave a Reply