မြန်မာ ပြည် မှာရေ ပြတ် တောက်နေသည် ့ပြသာနာကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်

BayoteMay 13, 20101min654

ဒေါ်အောင်ဆန်းစုကြည်မှ  ရေပြတ်တောက်နေမှု ကိုအလွန်စိတ်မကောင်းစွာခံစားနေရပါတယ်လို ့သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်မှ အမျိုးသမီးတာဝန်ခံ ဒေါ်မေဝင်းမြင့် ဒေါ်လှလှမိုး တို ့အားသနက်ပင်သို ့ စေလွတ် ပြီး စုံစမ်းစစ်ဆေးမှုများ၊ ရေပြသနာကို ကူညီရန် စေလွတ်လိုက်ကြောင်းသိရပါတယ်။

ပြည်တွင်းရှိ တက္ကသိုလ်ကောလိပ် ပေါင်းစုံမှ  ကျောင်းသား၊သူများအနေနဲ ့
ကိုယ်နဲ ့မဆိုင်သလို တုံနိဘာဝေနေနဲ ့မဲ ့အစား အမျိုးကောင်းသား၊အမျိုးကောင်းသမီးများပီပီ လူထု အတွင်း
သို ဆင်းပြီး လူထုပြသာနာများကို ဖြေရှင်းပေးကြရန် အချိန် ကြနေပြီလို ့ တိုက်တွန်းလိုက်ပါတယ်။

Source : http://www.komoethee.blogspot.com/

ရေငတ်နေသူကိုရေတိုက်ပါ

မြန်မာ ပြည်မှာ အလွန်ပူပြင်းလှတဲ့ ရာသီဥတု ကြောင့်  မြေအောက်ရေများခန်းခြောက်ကုန်နေပါတယ် ။
သောက်သုံး ရေပြတ်တောက်မှုဒဏ်ကို  ပဲခူး၊ သာယာဝတီ၊ဝေါ  ၊ စစ်တောင်း တို ့ရှိ ပြည်သူများ ခံစားနေကြရပါတယ်။ ရေဝေတဲ့လုပ်ငန်းများကို ကျောင်းသားလူငယ်များက တက်ကြွစွာဆောင်ရွက်လျက်ရှိကြပါတယ်။ ရေ ရရှိရေးအတွက် ဝိုင်းဝန်းကူညီ ပံပိုးကြပါရန် မေတ္တာရပ်ခံပါတယ်။  ရေအကျိုးဆယ်ပါး – မတောင်းပဲပြည့်တယ်လို ့ ဆိုပါတယ်။
ရေဂါလံ ၁၅၀ဝ ပါတဲ့ကားတစီးကို  ကျပ်ငွေ ၆ သောင်း ကျပါတယ်။ ရေလျူဒန်းလို သူများ ကျနော်တို ့ ကို ဆက်သွယ်ပါ။

ဒေါ်သန်းသန်းအေး (NLD- LA-  ဂျပန် )  – ဖုံး – 080-5373-2524
ကိုရင်ထွေး (FBF- ထိုင်း) –
ကိုမိုးသီး- +66- 084-459-1186
ကိုမင်းဇော်( ထိုင်း)
ကိုထွန်းအောင်ကျော်- ( 88 GSE- အမေရိကန်) –
ကိုဝင်းထွန်းညွန် ့ (ခ) ကိုဖက်တီး ( BCM-  မလေးရှား) – ဖုံး
ကိုစိန်ဟန်  ( ထိုင်း) – 081- 973-1982

wefightwewin@gmail.com
hagyaw@gmail.com
atownt@gmail.com
nobel1991@gmail.com

ရေ က စမဲ ့ မီးတောက်များ

မေ လ ကုန် လို ့မှ မိုးမရွာ လျင်တော့ မြန်မာ ပြည်မှာ ရေ ပြသာနာ အကြီးအကျယ်တက်လာနိင်နေပြီ။
နအဖ နှင့်ထူးသစ်ကုမဏီတို ့ပေါင်းပြီး  နစ်ပေါင်း ၂ဝ နီးပါး သစ်တောကြီးများကို ခုတ်ပြီး ကိုယ်ကျိုးသုံးခဲ့တဲ့အတွက် ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များမှ မုန်သုံသစ်တောများ၊ ရောဝတီနှင့်ရခိုင်ပြည်နယ်ဖက်မှာ ဒီရေရောက်သစ်တောများ လုံးဝ ပြောင်သလင်းခါသွားပါတယ်။
အကျိုးဆက်ကတော့ မိုးခေါင်ခြင်း၊ ရေကြီးခြင်းတွေဖြစ်လာပါတယ်။

ရာသီဥတုဖေါက်ပြန်သွားတဲ့အကျိုးဆက်ကို တိုက်ရိုက်ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့ပြည်သူတွေဖြစ်ပါတယ်။ မြန်မာ ပြည်မှာ စားစရာမရှိတာကြာပြီ။ ခုတော့သောက်စရာရေပါမရှိတဲ့ဘဝ ကိုဆိုက်ရောက်နေပြီဖြစ်ပါတယ်။

From : http://www.komoethee.blogspot.com/

4 comments

  • kopauk mandalay

    May 13, 2010 at 12:17 pm

    တကယ်ဖြစ်တာမှန်ရင်တော.စိုးရိမ်နေလို.မပြိးပါ။
    အခုမှအပြစ်တင်နေလို.လဲ အလကားပါ
    ဘယ်လိုလုပ်ရင်ကောင်းမလဲလို. စဉ်းစားလိုက်ကြရအောင်။

  • Shwemannmay

    May 14, 2010 at 3:53 am

    မိုးလေဝသကဥိးထွန်းလွင်ကတော့ မေလလကုန်ပိုင်းလောက်မှာမိုးမျှော်နို်င်တယ်လို ့ရေဒီယိုက ပြောပြောနေတာပဲ။ ဒီတစ်နှစ်ပဲအယ်နီညိုမှာတဲ့ နိုင်ငံခြားကပညာရှင်အချို ့ကတောင် နောက်နှစ်ကို လာနီညာမယ်လို ့မှန်းထားတယ်လို ့ပြောတယ်တဲ ့။ မို းရေ ရွာပါတော့ လူတွေဒုက္ခရောက်လှပီ 🙁

  • nga pay

    May 18, 2010 at 2:15 pm

    အားလုံးမှန်ပါသည်….စိုးရိမ်နေလို့မပြီးသလို ..မျော်လင့်နေလို့လဲ မပြီးသေးပါဘူး….
    လုပ်စရာရှိတာလုပ်မှ ဖြစ်မှာပါ…. မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းသားကျောင်းသူများ… ကန်တင်းထိုင်
    အင်တာနက်မှာပွား… လိုက်ယားလိုက်ယားလုပ်နေခြင်းကို ဆင်ခြင်သင့်ပါပြီ…
    မြန်မာနိုင်ငံအတွက် စိုးရိမ်ရေအမှတ်က ..မျိူးဆက်သစ်တက္ကသိုလ်များသာဖြစ်လာနိုင်ပါ၏….

  • eternitymind

    March 27, 2012 at 11:50 am

    ရဲရွာ ရေအားလျှပ်စစ် မှ ဧပြီလကုန်ထိ ဆည်တွင်းမှ ရေတွေလုံလောက်မှုမရှိနိုင်ဟု စက်ရုံမှူးဒေါ်အေးအေးမင်းမှ ပြောကြားခဲ့သည် ဟု သိရပါသည်

Leave a Reply