ပန်းသီးထဲကမျက်ဝန်းတစ်စုံ

iris21September 2, 20111min793

ဆောင်းညမို. အေးစက် တိတ်ဆိတ်ကာ နှင်းများက တဖွဲဖွဲကျနေသည်။ညဉ်.လည်း နက်နေတာကြောင်. လမ်းပေါ်တွင်လူများရှင်းနေသော်လည်း

ဗဟိုအမျိုးသမီးဆေးရုံကြီးသားဖွားဆောင်တွင်မူဗိုက်နာသောကြောင်.အော်ဟစ်နေသောကိုယ်ဝန်ဆောင်အမျိုးသမီးများနှင်.စည်ကားအသက်ဝင်နေသည်။

မွေးလူနာများက ကုတင်အပြည်.မို. ဆရာဝန်ကြီးတွေရော ဆရာဝန်ပေါက်စတွေရော ဆရာမတွေရောအပြေးအလွှားနှင်.ဆောင်းညကြီးတွင်ချွေးပြန်ကာ

အနွေးထည်မပါကြချေ။ကိုယ်ဝန်ဖျက်ချပြီး သွေးဆိပ်တက်နေသောလူနာသာမကတစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ဗိုက်နာကာ အပြိုင်အဆိုင်

မွေးနေကြသောလူနာတွေနှင်.ရှုပ်ယှက်ခတ်နေသည်။အေးလေသူ.သဘာဝအလျှောက်နာပြီးမွေးတဲ.ဗိုက်တွေနဲ.ကလေးတွေကိုမအားသေးပါဆိုပြီး

တွန်းတင်လို.မှမရတာ။မနက်လင်းခါနီးတော.လူနာများ ပြန်ရှင်းသွားသည်။အိုင်းတို.အုပ်စုလည်း အိပ်ချင်မူးတူးဖြင်. စားပွဲပေါ်တွင် လက်ထောက်ကာ

အပြိုင်အဆိုင်ငိုက်နေကြသည်။ထိုစဉ် ဆရာမ ဟုခေါ်လိုက်သောအသံကြောင်. အိုင်းကခေါင်းထောင် ကြည်.လိုက်ပါသည်။အမေကြီးတစ်ယောက်

တိတိကျကျဆိုရသော် အသက်၆ဝကျော် ၇ဝနီးပါးလောက်ရှိမည်။အနွေးထည် ခပ်ညစ်ညစ်တစ်ထည်သာဝတ်ထားသည်။ဇရာရဲ.

အရေးအကြောင်းတွေအပြင် မျကိဝန်းထဲမှ စိုးရွံ.မှုကို အတိုင်းသားတွေ.ရသည်။လက်ထဲတွင်ပန်းသီးထုတ်တစ်ထုတ်နှင်.အတူ အကြွေတစ်ချို.ကိုပါ

ရောဆုပ်ထားသည်။ထို.နောက် လက်ထဲမှ ပန်းသီးထုတ်ကို အိုင်းအားလှမ်းပေးရင်းမှ “ဆရာမ ကျွန်မက ဒီဘက်ဆုံးကုတင်က  လူနာရ. အမေပါ

…ဟိုလေ ကျွန်မသမီးလေးကို ဂရုစိုက်ပေးပါနော်”ဟုပြောကာခပ်သုတ်သုတ်ပြန်ထွက်သွားပါသည်   အိုင်းသည်

ကြောင်တောင်တောင်နှင်.ယူထားမိရာမှသတိဝင်လာကာထိုအမေကြီးပြသွားသောကုတင်ဆီသို.အပြေးအလွှားလိုက်လာခဲ.လိုက်ပါသည်။

ထိုအခါကျမှဘာကြောင်. ထိုသို.လာပေးသည်ဆိုတာကို အိုင်းနားလည်သွားရသည်။တပြိုင်တည်း အိုင်းစိတ်ထဲတွင် ဆို.နင်.သောခံစားမှုနှင်.အတူ

ဝမ်းနည်းသွားမိပါသည်။ညတုန်းကတည်းက ဗိုက်နာနေသော မွေးလူနာဖြစ်ပါသည်။သူ.သမီးဗိုက်နာလို.ဆိုကာ ထိုအမေကြီးမှာ

အိုင်းကိုလာပြောပါသည်။စမ်းကြည်.တော. သားအိမ်ကလက်နှစ်လုံးသာ ပွင်.သေးသည်။ထို.ကြောင်. မွေးရန်လိုသေးကြောင်းသာပြောကာ

စီနီယာအစ်မလေစုပ်မွေးသော နေရာတွင် assistဝင်လိုက်ရသည်။ထို.ကြောင်. သူမကိုသေချာရှင်းမပြလိုက်မိပေ။အမေကြီးကသူ.သမီးကိုဆင်းရဲလို.

ဂရုမစိုက်ဘူးထင်ကာ အိုင်းကိုပန်းသီးတွေလာပေးခြင်းဖြစ်သည်။အိုင်းလည်း မွေးရန်လိုနေသောကြောင်. မမွေးတာဖြစ်ကြောင်း

ဆေးပုလင်းတွေလည်းချိတ်ထားသည်.အတွက်

မကြာခင်တော.မွေးမည်.အကြောင်းပန်းသီးတွေကိုလူနာကိုသာကျွေးရန်ပြောကာပြန်ပေးလိုက်ပါသည်။ ထိုသို. ပေးမှကျွေးမှ ဂရုစိုက်သည် ထင်ခြင်း

သို.မဟုတ် ပေးမှဂရုစိုက်ခြင်းသည် ဘယ်ခောတ်က ဘယ်သူစခဲ.မှန်းတော. အိုင်းမသိပါ။သို.သော် ထိုနေ.က အမေအိုရဲ.လက်ထဲတွင်ဆုပ်ထားသော

အကြွေတစ်ချို. ပန်းသီးထုတ်နှင်.အမေအို၏မျက်ဝန်းများကိုခဏတိုင်း အိုင်းပြန်မြင်ယောင်နေမိပါသည်။

 

3 comments

  • blackchaw

    September 2, 2011 at 2:38 pm

    ဝတ္ထုတိုရေးဘို့ ကြိုးစားနေသော ဆရာဝန်မလေး တစ်ယောက်ဟုထင်ပါသည်။
    အမေအိုရဲ.လက်ထဲတွင်ဆုပ်ထားသော
    ”အကြွေတစ်ချို. ပန်းသီးထုတ်နှင်.အမေအို၏မျက်ဝန်းများ” ဆိုသော နေရာရောက်မှ အမေတစ်ယောက်ဧ။် သမီးအပေါ်ထားသော မေတ္တာအတွက် ကရုဏာ ရသ ပါးပါးလေးကို ခံစားလိုက်ရသည်ဟုထင်ပါသည်။

  • manawphyulay

    September 2, 2011 at 5:53 pm

    ဒါကတော့ အားလုံးက ဒီလို ပေးမှ ဂရုစိုက်တဲ့သူတွေ အတွေ့များလာတော့ လူတိုင်းကို ဒီလိုထင်မိကြတာ မဆန်းပါဘူး။ ဘယ်ခေတ်ကလည်းဆိုတာ မပြောတတ်ပေမယ့် ဆေးရုံလူနာမေးရင်တောင် ဂိတ်ဝမှာတောင် ပိုက်ဆံပေးဝင်တဲ့သူဆိုရင် မျက်နှာတွေက မတူကြဘူးလေ။ သူတို့အတွက် ထုံးစံလိုတောင်ဖြစ်နေတာကြာပီထင်ပါတယ်။ အဲလိုမလုပ်သင့်ဘူးလည်းမြင်မိပါတယ်။ လူချမ်းသာတွေအတွက် ပြဿနာ မရှိပေမယ့် မရှိဆင်းရဲတဲ့ ဆေးရုံလာတက်သူတွေအတွက် အခက်အခဲပိုမိုဖြစ်ပေါ်စေပါတယ်။

  • windtalker

    September 2, 2011 at 9:07 pm

    ဂရုဏာရှင်မလေး အိုင်းရဲ ့
    ကိုယ်တွေ ့ဖြစ်ရပ်လေး ကို
    ဖတ်ရပြီးတော့
    ဒါမျိုးတွေ လည်း ရှိပါလား လို ့
    အသိတိုး ရပါတယ်

Leave a Reply