CDMA ဖုန်းကဒ် ပွားချင်သူများ နဲ့ ပွားခံရခြင်း မှ ကာကွယ်ရန်

Mobile HouseSeptember 2, 20111min22015

CDMA ဖုန်းကဒ် ပွားချင်သူများ နဲ့ ပွားခံရခြင်းမှကာကွယ်ရန်

Nokia 6308 cdma (450 and 800 mhz )

စမ်းသပ် ပြီး ပါပြီ ။ဖုန်း ရဲ့ မူရင်း software မှာ ပဲရပါတယ် ။software ပြန်ရေးပြီး ရင်သုံးလို့ မရတော့ပါဘူး ။

 

ပွားချင်သူများအတွက်

ဖုန်းကဒ် ထည့်ပြီး ဖုန်းခေါ် လိုက်ပါ။ပြီးရင် ဓာတ်ခဲ ကိုနည်းနည်း ဟ ပြီး ဖုန်းကဒ် ကို ပြန်ထုတ်လိုက် ပါ က ရပါပြီ ။ ဖုန်းမပိတ်မခြင်း သုံးရပါပြီ။

 

ပွားခြင်းမှ ကာကွယ်ရန်

ဆိုင်တွင်ဖုန်းအပ်ပါက ဖုန်းကဒ်ပြန် ယူပါရန် နှင့် မည်သူ့ ကို မှ မငှားပေးပါနှင့် ။

 

၎င်းဖုန်းပွားနိုင်သော      ဟန်းဆက်များမှာ     Nokia 6308 (CDMA 450 and 800 mhz )    အဆိုပါ ဟန်းဆက်ဖြင့် ဖုန်းပွားခံထားရသူများ အနေဖြင့်     မိမိ၏   မူရင်း ဖုန်း မှအထွက်ခေါ်ဆိုမှု   ပြုလုပ်နေစဉ်အချိန်တွင် ပွားထားသော   ဖုန်းမှလည်း    အထွက်ခေါ်ဆိုမှု     ပြုလုပ်ပါက

မူရင်း  ဖုန်း၏    အထွက်ခေါ်ဆိုမှုမှာ       ချက်ခြင်းပြုတ်ကျ      ရပ်ဆိုင်းသွားမည် ဖြစ်ပြီး ဖုန်းကို ဘက်ထရီ

မဖြုတ်မချင်း (သို့မဟုတ်) ပါဝါ မပိတ်မချင်း ပွားထားသော  နံပါတ်ကို    အသုံးပြုနိုင်ကြောင်း    သိရသည်။

ပိုင်ရှင်မသိအောင်အလွယ်တကူ ဖုန်းပွားနိုင်သော စီဒီအမ်အေ ဟန်းဆက်ဈေးကွက်သို့ ဝင်လာတာ၁နှစ်ကျော် ပါပြီ ။

သို့ဖြစ်ပါ၍ ဖုန်းအသုံးပြုသူများ သ တိ ထား ကြပါ ။

 

လက် ဆင့် ကမ်း ပေး ကြ ပါ….

ငါးသိန်းတန် စီဒီအမ်အေ တီလီဖုန်းများအား    ဖုန်းပွား၍    သုံးစွဲနိုင်သော Nokia 6308 (450 and 800mhz )ဟန်းဆက်များ ဈေးကွက်သို့ဝင်ရောက်လာနေပါတယ်။   ယင်းဖုန်းများကို    အသုံးပြုနေသူများ အနေဖြင့်    မိမိဖုန်းများကို  သတိပြုကိုင်

တွယ်ရန်   လိုအပ်ကြောင်း    Mobile House (sale and services ) မှသတိပေးအပ်ပါသည်။

 

“အခု မြန်မာနိုင်ငံ  ဖုန်းဈေးကွက်ထဲကို    စီဒီအမ်အေ   ကွန်ယက်မှာ ပွားသုံးလို့ ရနိုင်တဲ့ ဟန်းဆက်

ဝင်ရောက်လာပါတယ်။ ငါးသိန်းတန် စီဒီအမ်အေ ကွန်ယက်သုံး    ဘယ်နံပါတ်ကို မဆို    အလွယ်တကူ

ကိုယ်တိုင် ပွားသုံးလို့ ရနိုင်ပါတယ်.. သူပွားပုံ နည်းစနစ်ကလည်း     မူရင်း  ဖုန်းပိုင်ရှင် ကိုယ်တိုင် အပွား

ခံထားရမှန်း မသိရလောက်အောင်ကို မျက်စိလည်ရတဲ့  စနစ်မျိုးပါ။     ဖုန်းဖန်ရှင်     အတော်များများကို

နားလည်ပြီး အသုံးပြုနေသူတွေတောင် မရိပ်မိ၊ မသိရှိနိုင်လောက်အောင် ဒီဖုန်းစနစ်က ကောင်းပါတယ်။

ဖုန်းပွားနိုင်ဖို့ အတွက် မူရင်းကတ်ကို တစ်မိနစ်လောက် ရတာနဲ့ အလုပ်ဖြစ်သွားပါတယ် “ဟု

Mobile House မှ ကျွမ်းကျင်သူကပြောသည်။

 

 

ထို့ကြောင့် 0949—–၊0947….၊09910….၊ 0973——၊GSM ကလွဲပြီး  စီဒီအမ်အေ ကွန်ယက်အမျိုးအစား ကို    အသုံးပြုနေသူများ

အနေဖြင့် မိမိတို့၏ ဖုန်းကတ်ကို အခြားသူအား ငှားရမ်းခြင်း၊ အလွယ်တကူ ထားခြင်း၊ ဂရုတစိုက် အသုံးပြုခြင်း၊

မိမိ အသုံးပြုမှု နှင့် ဖုန်းခေါ်ဆိုခ (ဖုန်းဘေလ်)ကျသင့်မှုတို့အား မပြတ်ကြည့်ထားခြင်း စသည်တို့အား

သတိပြုထားရန် လိုအပ်ကြောင်း သိရသည်။

 

 

မေးမြန်းလိုပါက – Mobile House

Sale and Service

လမ်း၃ဝ ၊၇၃လမ်း ၇၄လမ်းကြား၊ ဆေးကျောင်းရှေ့ ။မန်းလေး

ph -092019033,0991022443, 011203119,0949239384

E-mail- Yeyintaung777@gmail.com

15 comments

  • cobra

    September 2, 2011 at 1:44 pm

    အရေးကြီးတဲ့သတင်းပါ။
    တကယ့်ကိုကျေးဇူးတင်ပါတယ်။

  • ရဲအောင်

    September 2, 2011 at 1:53 pm

    တစ်ချို့ အချက်အလက်တွေ မသိသေးတာမို့ ကျေး ဇူးပါဗျို့။

  • blackchaw

    September 2, 2011 at 1:54 pm

    ကျေးဇူးပါခင်ဗျာ။

  • mr.lone

    September 2, 2011 at 1:59 pm

    0951 ကိုကောပွားလို့ရလား…

    • blackprince72

      September 2, 2011 at 2:23 pm

      0951 … ရဲ့ ဖုန်းကဒ် ကိုလှန် ကြည့် လိုက် ပါ ။16 kb ဆို ရပါတယ် ။ 32Kb ဆိုသိပ်မသေချာဘူး ။64Kb ဆိုလုံးဝ မရပါဘူး ။64 Kb ဆိုစိတ်သာ ချထားလိုက် တော့ အကူးမခံ ရတော့ ဘူး။ဖုန်းနဲ ပွားဖို့ တော့ စမ်းသပ် နေပါတယ် ။

      • mr.lone

        September 2, 2011 at 2:37 pm

        0951 အပွားခံရရင်ဘာဆိုးကျိုးတွေရှိနိုင်လဲ…ပွားဖို့ကောလွယ်ပါသလား။နဲနဲလောက်ရှင်းပြပေးပါလား။

        • blackprince72

          September 2, 2011 at 2:44 pm

          အပွားခံရင် ဆိုးကျိုး ကတော့ ဖုန်းဘေ ကုန်တာပေါ့ဗျာ ။ကျွှန်တော်သိ သလောက် ဆို ဖုန်း လိုင်းမိတဲ့ ဖုန်းပဲဝင်တာ ။၂လုံး လုံး တစ်ခါထဲမဝင်ပါဘူး ။ပွားဖို့ က sim card reader and software လိုပါတယ် ။32Kb ဆို ပွားရင် card လောင်နိုင်ပါတယ် ။တရားလဲမဝင်ပါဘူး ။

  • Shwe Tike Soe

    September 2, 2011 at 2:36 pm

    အခုလို သတင်းအချက်အလက်ပေးလို. ကျေးဇူး တင်ပါတယ်ဗျာ..
    နောက်လဲ သတင်း အစမ်းလေးတွေ ဖုန်း အကြောင်းလေးတွေ တင်ပေးပါအုံး
    စောင့်မျှော်ဖတ်ရှူနေမှာပါ.. ကျေးဇူး

  • Shwe Ei

    September 2, 2011 at 4:42 pm

    သတင်းပေးတာကျေးဇူးပါဗျာ။ ဝ၉ ၅၅ (WCDMA) ဆိုရင်ပွါးလို့ရတာပေါ့နော။

  • blackprince72

    September 2, 2011 at 7:44 pm

    အဲ့ဒါတော့ မသိ ဘူး ဗျ ။မစမ်းဖြစ်ဘူး။ နည်းရှိရင် ပြောပမယ်။

  • ဝိညာဉ်ပြာ

    September 2, 2011 at 8:15 pm

    အခုလိုပြောပြပေးတဲ့ အတွက်ကျေးဇူးပါဗျာ……..

  • JUDGEMENT

    September 14, 2011 at 11:09 am

    နည်းပညာအရပြောရင်တော့ အကုန်လုပ်လို့ရနိုင်ပါတယ်။ 16 K , 32 K , 64 K မှမဟုတ်ပါ။ Microchip
    သည်လက်ခံနိုင်သော တစ်နည်းပြောရလျှင် In Circuit Programming လုပ်နိုင်သော Free Memory
    ပါလျှင် ပြန်လည်အသုံးချခြင်းကိုလက်ခံပါတယ်။ဒီအကြောင်းကို သီးခြား Post ရေးပြီးတင်ပေးပါမယ်။
    မရနိုင်တာကိုတိတိကျကျပြောရလျှင် ယခင် SIM Card အဟောင်းတွေ ( သူ့ရဲ့ Memory က 1 KB) ပဲလက်ခံနိုင်တဲ့ 16F Microchip တွေကြောင့်ပါ။ ဒါကြောင့် အပွားမခံချင်ရင် ယခင် SIM Card အဟောင်းတွေ 09 2000 , 09 500 တွေဝယ်ကိုင်ပေါ့။စိတ်ချရပါတယ်။ လေ့လာချင်ရင် FORTRAN , C , BASIC စတဲ့ Programming နဲ့ရေးတဲ့ PIC Programming အကြောင်းလေ့လာကြည့်လေ။

    • blackprince72

      September 14, 2011 at 4:10 pm

      ကျွှန်တော်သိသလောက်ဆို ဥပမာ 8kb ဆို တာ ဇယား ကွက် ပေါင်း ၈၀ဝ ပါတယ်ဆိုပါတော့။အဲ့ထဲမှာ မှာ ၇၅ဝ အကွက်နေ ရာမှာ file တွေ မှတ်ထားတယ် ဆို အဲ့ ဖိုင်တွေကူးပြီးမှ တခြား card ထဲ ထည့် တာပါ။ 16kb ဆို ၁၆၀ဝ မှတ်နိုင်တယ်ဆို ပါတော့ ဘယ်နားမှတ်ထားလဲ ရှာရတာပိုကြာလာပါတယ် ။32kb ဆို ၃၂၀ဝ ပေါ့ ။ဒါဆို ရသေးတယ် ။အချိန်ပို ယူရတယ်။64kb ဆို infinity (မရေမတွက်နိုင် ) တော့ပါဘူး ။အဲ့ တွက် ကူးဖို့ ရှာတဲ့ အချိန်မှာ sim card ပါလောင် နိုင်ပါတယ်။အရင် က 0920 ,0950 တွေကူးလို့ ရတယ်ဆိုတာ အဲ့ မှတ်နိုင်တဲ့ နေရာနည်းပြီးရှာ လို့ လွယ်လို့ ပါ။လူတော်တော်များများ သိပါတယ် 0920 ,0950 တွေကူးလို့ရတယ်ဆိုတာ ။JUDGEMENT ပြောတာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေ တယ်နော် ။ခုထိလဲ အဲ့ ဆော့ဝ် တွေ ရှိဆဲ ပဲ။ကျွှန်တော် က programming ကို နားတော့မလည်ပါဘူး ။သေချာတာ ကတော့ 0920 ,0950 တွေကူရတယ်ဆိုတာပဲ ။အကုန်ကူးရတယ် ဆိုတာတော့ ဖြစ်နိုင်ပါတယ် ။ဒါပေမဲ့ အဲ့ ဆော့ဝ် ကအပြင်မှာမရှိသေးပါဘူး ။

  • R Ga

    September 14, 2011 at 3:36 pm

    သတင်းအချက်အလက် အတွက် ကျေးဇူးတင်ပါတယ်။ သိချင်တာလေးက ကိုယ့်ဖုန်းကို ကိုယ့်ဖာသာကိုပွားချင်ပါတယ်။
    blackprince72 ပြောသလို ဖုန်းကဒ် ထည့်ပြီး ဖုန်းခေါ် လိုက်ပါ။ပြီးရင် ဓာတ်ခဲ ကိုနည်းနည်း ဟ ပြီး ဖုန်းကဒ် ကို ပြန်ထုတ်လိုက် ပါ က ရပါပြီ ။ ဖုန်းမပိတ်မခြင်း သုံးရပါပြီ။

    အဲဒါလေးကိုသေချာရှင်းပြစေလိုပါတယ်။ ကျွန်တော်သိပ်နားမလည်လို့ပါ။ တကယ်လိုကိုယ်တိုင်ပွားလို့မရရင် ဆိုင်မှာပွားလို့ရပါသလား။
    အဲဒီလိုပွားတာ ဆက်သွယ်ရေးက သိသွားနိုင်ပါသလား။ ဒီအတွက်ဆိုးကျိုး၊ကောင်းကျိုးလေးကို သိချင်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    • blackprince72

      September 14, 2011 at 3:55 pm

      ဆက်သွယ်ရေးကမသိနိုင်ပါဘူး။ ဖုန်းကဒ် ကိုရအောင်ထုတ်ပါ။ဖုန်းဆိုင်တွေလဲမလုပ် တက်လောက်ဘူး ။ဒီနည်းက ကျွှန်တော်ရှာထားတာမလို့ပါ။ကောင်းကျိုး ကတော့ ၂လုံးကိုင်လို့ ရတာပေါ့ ။ဆိုးကျိုး ကတော့ ဘယ်အလုံးဝင်မလဲမသိဘူး ။လိုင်းပိုမိ တဲ့ ဖုန်းဝင်တာမလို့ ပါ။

Leave a Reply