သြော် လူတွေ စိတ်တွေ … မာယာများလိုက်တာ …

ကောင်းချင်ပြန်တော့လည်း သူတို့ပဲ ..

မကောင်းချင်တော့ဘူးဆိုလည်း သူတို့ပဲ …

မျက်နှာကို မချိုမချဉ်လုပ် ၊ ဆယ့်နှစ်မျိုး ဂျင်းသုတ်နဲ့ ငါ့အနားလာလာရှုပ်တယ် …

စိတ်တွေ ကုန်ခမ်း ၊ ဟန်ဆောင်ရယ်ပြရတာ မုန်းလွန်းတယ် ။

 

တကယ်ပါကွာ ဘာကိုမှ မမက်မောပါဘူး …

မဖြစ်စလောက်လေးနဲ့ … လာစည်းရုံးမနေပါနဲ့

ရိုးသားခြင်းကလွဲပြီး … လိုချင်တာတွေ ခွာယူသွားပါတော့ …

တစ်ယောက်တည်းပဲ အေးဆေးနေချင်တော့တယ် … ။

 

ဝင်လာလိုက် ၊ ပြန်ထွက်ပြေးလိုက်နဲ့ … အာရုံတွေလာမနောက်ပါနဲ့ …

စိတ်ထဲရှိတဲ့ အတိုင်း ဆက်ဆံမိလျှင် …

အတော်အပေါက်ဆိုးတယ်လို့ ဝေဖန်ချင်ဦးမယ် …

သူများကို ကလိန်မကျတတ်သလို …

ဟန်ဆောင်ခြင်းတွေကိုငါမုန်းလွန်းလို့ …

မျက်နှာပြောင်တိုက်တဲ့ လူတွေ ကြားထဲ …

မျက်နှာချင်းမဆိုင်တော့ပဲ …. အေးဆေးစွာပဲနေလိုက်တော့မယ် …  :roll:

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!