မူမမှန်တဲ့ စိတ်တွေ

etoneSeptember 2, 20111min13012

ဪ လူတွေ စိတ်တွေ … မာယာများလိုက်တာ …

ကောင်းချင်ပြန်တော့လည်း သူတို့ပဲ ..

မကောင်းချင်တော့ဘူးဆိုလည်း သူတို့ပဲ …

မျက်နှာကို မချိုမချဉ်လုပ် ၊ ဆယ့်နှစ်မျိုး ဂျင်းသုတ်နဲ့ ငါ့အနားလာလာရှုပ်တယ် …

စိတ်တွေ ကုန်ခမ်း ၊ ဟန်ဆောင်ရယ်ပြရတာ မုန်းလွန်းတယ် ။

 

တကယ်ပါကွာ ဘာကိုမှ မမက်မောပါဘူး …

မဖြစ်စလောက်လေးနဲ့ … လာစည်းရုံးမနေပါနဲ့

ရိုးသားခြင်းကလွဲပြီး … လိုချင်တာတွေ ခွာယူသွားပါတော့ …

တစ်ယောက်တည်းပဲ အေးဆေးနေချင်တော့တယ် … ။

 

ဝင်လာလိုက် ၊ ပြန်ထွက်ပြေးလိုက်နဲ့ … အာရုံတွေလာမနောက်ပါနဲ့ …

စိတ်ထဲရှိတဲ့ အတိုင်း ဆက်ဆံမိလျှင် …

အတော်အပေါက်ဆိုးတယ်လု့ိ ဝေဖန်ချင်ဦးမယ် …

သူများကို ကလိန်မကျတတ်သလို …

ဟန်ဆောင်ခြင်းတွေကိုငါမုန်းလွန်းလို့ …

မျက်နှာပြောင်တိုက်တဲ့ လူတွေ ကြားထဲ …

မျက်နှာချင်းမဆိုင်တော့ပဲ …. အေးဆေးစွာပဲနေလိုက်တော့မယ် …  🙄

12 comments

  • etone

    September 2, 2011 at 4:53 pm

    အလုပ်လုပ်ရင်း စိတ်ထဲ မတွေ့တာလေး တွေးမိပြီး ရေးဖြစ်သွားတာပါ … ။ 🙁

  • nozomi

    September 2, 2011 at 5:10 pm

    ရွာသား ဖြစ်ရတဲ့ အားသာချက်က အဲဒါပဲ

    ရင်ထဲမှာ တစ်ခုခုဆို တစ်ယောက်ထဲတောင် မဟုတ်ဘူး တရွာလုံးကိုတောင် ရင်ဖွင့်လို့ရတယ်

    အီးတုံး အခုဖွင့်လိုက်တော့ ပေါ့သွားပြီလား ?

  • icecube

    September 2, 2011 at 5:44 pm

    တစ်ကယ်ပဲ အေးဆေးနေတော့မှာလား မမ etone ..၊ လူ့လောကကြီးမှာ လူတွေဆိုတာက ပုံစံအမျိုးမျိုးနဲ့
    ပါ..၊ အရောင်အသွေးစုံလင်ပါတယ်..၊ အားငယ်စိတ်ကို ဘေးဖယ် ပီး အားတင်းထားပါ ။

  • manawphyulay

    September 2, 2011 at 5:56 pm

    ဟိတ် မနောကို ပြောတာ ထင်တယ်။ မျက်နှာတော့ မပြောင်ပါဘူး။ သနပ်ခါးလိမ်းထားပါတယ် ညီမလေးရယ်… အာရုံတွေနောက်နေလား…. 😛

  • ချစ်စ/ဆ ရာ

    September 2, 2011 at 6:04 pm

    ဟေ့အရက်သမား
    မိုက်ကယ်ဂျော်နီအောင်ပုဆိုတဲ့ ငပု
    ဒီမှာလာဖတ်ကြည့်လှည့်စမ်းပါ
    ဒို့ မမအိတုုံ ရေးထားတဲ့ကဗျာကို လာဖတ်ကြည့်ပါဦး

  • alinsett

    September 2, 2011 at 7:21 pm

    အလုပ်ထဲမှာကတော့ ဒီလိုပဲ…မမအိတုူံရေ..။ ကိုယ် ့စိတ်နဲ ့ မဖြစ်တဲ ့သူတွေဆိုတာ အမြဲ ရှိနေတာပဲ။
    မမအိတုံ အခုလိုရင်ဖွင့်တာလည်းကောင်းပါတယ် ။ ဒီထက်ပို ပေါ့ပါးချင်ရင်….ခရီးလေး ဘာလေးသွားလိုက်ပါလား။

    ခရီးသွားရတာက တကယ် ပဲ…. စိတ်ကို အားအင် ပြန်ဖြည် ့လိုက်သလိုပဲ.. ။

    အကြံလေးပေးတာပါ ။

  • naywoonni

    September 2, 2011 at 9:51 pm

    တို့က တော့ အာရုံ နောက်ရင် ဂျက်မြသောင်း သီချင်းအော်ဆိုလိုက်တယ်……….။ မှတ်ကရောပဲ…….. ဘာတဲ့……
    ” မချစ်နဲ့…….မချစ်နဲ့…….မှားမယ်…… မချစ်နဲ့…….မတွယ်တာတတ်ဘူး…….. မချစ်နဲ့ …….တာဝန်မယူဘူး ” ဆိုတာမျိုးပေါ့ 😛

    • etone

      September 3, 2011 at 8:55 am

      အဘနီရေ … မချစ်နဲ့ လို့ .. ဆိုလို့ကလည်း မရဘူးလေ … မရဆိုတာကလည်း … ဘာမှ မဆိုင်တဲ့လူတွေကိုး 😛 အလုပ်အတွက်ပဲ ပတ်သတ်ရတာလေ 😀

  • ဆူး

    September 3, 2011 at 12:17 am

    ညီမလိုပဲ အမလည်း စိတ်တော်တော် လေနေတာ.. သူများကို မကျေမနပ် မဖြစ်တော့ဘူး။ ကိုယ့်ဟာကိုပဲ မကျေမနပ် ဖြစ်တော့တယ်။

  • နွယ်ပင်

    September 3, 2011 at 9:57 am

    etone ရေ ဒီလိုလူမျိုးတွေက သပ်သပ်ကိုယ်ရှိတာ ကိုယ်တွေက စိတ်ထဲက ရှိတဲ့အတိုင်း
    ဆက်ဆံလိုက်ရင်လဲ အပေါက်ဆိုးတယ် အပြောခံရတယ် ဒီတော့ ဟန်ဆောင်ခြင်းတွေကို
    မသင်ပဲ တက်လာခဲ့ရတာပေါ့ …………….

  • MaMa

    September 3, 2011 at 6:09 pm

    etone ရဲ့ မော်ဒန်ကဗျာပေါ့။ စာသားလေးတွေက မိုက်တယ်။
    လိုတိုရှင်း နည်းနဲ့ ဖွင့်ချပြတဲ့ ပုံစံကို ကြိုက်တယ်။

  • ကြောင်ကြီး

    September 3, 2011 at 7:02 pm

    ဟေ့ကောင်အီးတုံး…
    အေးချင်ရင် ရေခဲတုံးကပ်
    ဆေးချင်ရင် မီးဖိုချောင်သွား
    တယောက်ထဲ နေချင်ရင်
    လကမာ္ဘတက်
    အေးဆေးမှာ
    လွန်တဲ့ဟိုဖက်..။ 😀

Leave a Reply