မိန်းမ=ယောက်ျား

loneSeptember 2, 20111min28624

(ကိုရီးယားမှ girl generation အဖွဲ့အားpostအတွက် ငှားရမ်းအသုံးပြုထားသည်)

မိန်းကလေးတွေ ဘာကြောင့်အလုပ်နေရာတော်တော်များမှာနေရာရလာကြတာ

လဲ။ အခုခေတ်ယောက်ျားလေးတော်တော်များဟာ အလုပ်မလုပ်ပဲ ရေသာခိုအပျော်လိုက်ချင်နေတဲ့ ယောက်ျားတွေများလာသလိုလိုပါပဲ

နောက်ပြီးခေါ်သမျှအလုပ်တွေကလည်း မိန်းကလေးဆိုတာတွေချည်းဖြစ်သည်။

အခုဆိုရင်ပဲကြည့်  မကြာသေးခင်ကပေါ်လာတဲ့ ပုဂ္ဂလိကဓါတ်ဆီဆိုင်တွေမှာ မိန်းကလေးတွေ ဆီဖြည့်နေတာတွေ့လာရတယ်။

နောက်ပြီးဘီယာဆိုင်အချို့မှာမိန်းကလေးတွေကို waiter အဖြစ်သုံးလာတယ်။

ဘိလယက်ဆိုင်အချို့မှာလည်း မိန်းကလေးတွေပဲထိုင်တာများလာတယ် ။ အဆိုးဆုံးကတော့ စီးကရက်promotion girl တွေပါပဲ ။သူတို့ခမျာလစာကောင်း

မကောင်းတော့မသိ  သူတို့ကိုမြင်ရသည်ကတော့တော်တော့်ကို စိတ်မချမ်းသာစရာပါပဲ။ စားသောက်ဆိုင်၊

ဘီယာဆိုင်တွေမှာ ထိုင်နေတဲ့ယောက်ျားတွေကို သူတို့ စီးကရက်ဘယ်လောက်

ကောင်းကြောင်းပြောပြီး “သောက်ကြည့်ပါဦး ဘာလေးတော့လက်ဆောင်ရတယ်နော်”စသည်ဖြင့် နည်းအမျိုးမျိုးစွယ်ကာ ရောင်း

ကြသည် ။တစ်ချို့ယောက်ျားတွေကျတော့လည်း ယဉ်ကျေးပါသည် ။မဝယ်ချင်ရင်

မဝယ်ကြဘူး။ ဘာမှရိသဲ့သဲ့မလုပ်တတ်ကြဘူး။ တစ်ချို့ကျတော့လည်း စီးကရက်ဘူး

ကိုင်သလိုလိုနဲ့ လက်ကိုမထိတထိ ကိုင်ကြအခြစ်ရှိလားတို့ဘာတို့နဲ့နောက်ကျ

သည်။ဝယ်ချင်ဝယ်မဝယ်ချင်နေကြပေါ့

ဘာမှန်းမသိ သူများသားသမီးသွားစော်ကားလိုက်သေးတယ်။ အဲဒီလိုနေရာတွေမှာ

ယောက်ျားလေး တွေကိုဘာဖြစ်လို့မသုံးကြတာလဲမသိဘူးနော်။ အမှန်တကယ်ဆို

စီးကရက်တွေအကြောင်းကိုယောက်ျားတွေက ပိုသိမှာပေါ့။ယောက်ျားတွေကို ရောင်း

ခိုင်းပါလား။ခေတ်နဲ့အညီ မိန်းကလေးတွေက ယောက်ျားလေးတွေကို ရင်ဘောင်တန်း

လာလားတော့မပြောတတ်ပါ။ မိန်းမဦးရေများလာလို့ ယောက်ျားလေးတွေ ကိုအလုပ်

တွေမှာလျှော့ခေါ်လာတာများလား ။ ဘာပဲဖြစ်ဖြစ် ဘယ်အလုပ်မဆို မိန်းကလေးတွေ

အတွက်ကအလွယ်တကူရနိုင်သည် ။ ရုပ်ချောရင်ပိုတောင်အဆင်ပြေသည်။ နေရာတိုင်းက အလုပ်လိုလိုမှာမိန်းကလေးတွေ

ကယောက်ျားလေးတွေနဲ့တူတူအလုပ်လုပ်နေကြပြီ ။ ဒါဟာ မြန်မာမိန်းကလေး တွေ

ဟာ ကမ္ဘာက မိန်းကလေးတွေနဲ့အပြိုင် တိုးတက်လာကြတာလာ။ တစ်ခြားနိုင်ငံတွေမှာ မိန်းကလေးတွေဟာ အလုပ်အမျိုးမျိုးကို ယောက်ျားတွေနည်းတူ

လုပ်နိုင်ကြတယ်။ နေရာတိုင်းမှာလည်း အရည်အချင်းရှိရင်ရှိသလိုမိန်းကလေးတွေ

အတွက်နေရာရှိတယ် ။မိန်းကလေးတိုင်းကိုလေးစားကြတယ် ။ဦးစားပေးကြတယ်။

lady first ပေါ့။ ဒါပေမယ့် တွေ့ရသလောက်တော့ မြန်မာမှာ မိန်းကလေးတွေမလုပ်

ရတဲ့အလုပ်.. (မလုပ်ချင်တာလား (သို့) လုပ်ခွင့်မရတာလား)…အဲဒီ့အလုပ်တွေရှိတယ်

အဲဒါက ဆိုက်ကားသမား၊Taxiသမား နဲ့ သမ္မတ အလုပ်တွေပဲ…အဲဒါကြောင့်အဆင်

ပြေရင်မြန်မာနိုင်ငံမှာလည်း ဒီအလုပ်တွေအတွက်ပါ မိန်းကလေးတွေကိုနေရာပေးသင့်

တယ်လို့မထင်ဘူးလား….။

လေးစားစွာဖြင့်

mr.lone

 

24 comments

  • Foreign Resident

    September 2, 2011 at 5:10 pm

    မြန်မာမှာ,
    မိန်းကလေးတွေမလုပ်ရတဲ့အလုပ် (သို့) လုပ်ခွင့်မရတာ = Sailor / Seawomam

    • phowagyi

      September 2, 2011 at 11:47 pm

      မိန်းမ တွေအပျော်စီးသင်ဘောမှာလုပ်နေကြတာအများကြီးရှိပါတယ်။ cdc နဲ့တော့မဟုတ်ပါဘူး။
      ရိုးရိုး passort နဲ့ လိုက်နေကြပါတယ်။

  • Shwe Ei

    September 2, 2011 at 5:43 pm

    မြန်မာမိန်းမတွေက သမတ မလုပ်ဘူး mr.lone ရဲ့၊ သမတ ကတော်ဖြစ်မှ ကောင်းကောင်းခိုင်းစားကြတာလေ။ ဘဘကြီးတွေရဲ့ ကတော်တွေ ဘယ်လိုနေကြလဲ ကြည့်ပါလား။ 😀

  • nozomi

    September 2, 2011 at 5:44 pm

    မြန်မာမှာ မိန်းကလေးတွေမလုပ်

    ရတဲ့အလုပ်.. (မလုပ်ချင်တာလား (သို့) လုပ်ခွင့်မရတာလား)…အဲဒီ့အလုပ်တွေရှိတယ်

    အဲဒါက ဆိုက်ကားသမား၊Taxiသမား နဲ့ သမ္မတ အလုပ်တွေပဲ…

    အပေါ်က အလုပ်သုံးမျိုးလုံး မိန်းကလေး တွေ မလုပ်ရလို့ တားမြစ်ထားတာ မရှိပါဘူး
    Taxi မောင်းတဲ့သူ ဆို ရန်ကုန်မှာ အမျိုးသမီးယာဉ်မောင်း ၂ ယောက် အနဲဆုံးရှိပါတယ်

    ဆိုက္ကားဆရာမ လဲ ဝါသနာပါရင် လုပ်ပေါ့ အဲ နင်းတော့ နင်းနိုင်ရမယ် မိန်းကလေး များနင်းရင် စီးချင်တဲ့သူတောင် ပိုများလာနိုင်တယ်

    သမ္မတတစ်ဦး ပြည့်စုံရမဲ့ထဲမှာ ယောင်္ကျားလေးသာ ဆိုတာမျိုး မပါပါဘူး ပြောစရာရှိတာက စစ်ရေးအမြင်ရှိရမည်ဆိုတာပဲ ပါပါတယ် ဒါလဲ မိန်းကလေးတွေ စစ်ရေးအမြင် ရှိအောင် လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ (mr.lone ရဲ့ ရည်မှန်းချက်ထဲမှာရော သမ္မတဖြစ်ဘို့ပါလား ? )

    တချို့ကိစ္စတွေတော့ လုပ်ငန်းရဲ့ သဘောသဘာဝအရ မိန်းကလေးမှ ပိုအားသာတာ ယောင်္ကျားလေးမှ ပိုအားသာတာ ရှိတာပေါ့

    • mr.lone

      September 3, 2011 at 8:10 am

      lone က မမြင်ဖူးလို့ပြောကြည့်တာပါ။အခုတော့ lone ပြောတဲ့ ၃ ခုလုံးက ကျိန်းသေ
      ဆန္ဒရှိရင်လုပ်လို့ရတယ်ဆိုတော့ မြန်မာမှာလည်း သမ္မတဖြစ်ဖို့လူတွေထောက်ခံတဲ့ မိန်းကလေး
      တစ်ဦးတော့ ရှိတယ်လေ။ ဒါပေမယ့် ဖြစ်ခွင့်မှမရှိတာ။ အဲဒါကျတော့ ဖြစ်ချင်ပေမယ့်ဖြစ်ခွင့်မရဘူး
      လေ ။ဘယ်လိုလုပ်မလဲ ။lone ကတော့ သမ္မတမဖြစ်ချင်ပါဘူး။….ကြောက်တယ်…ဟိဟိ….:)

  • weRone

    September 2, 2011 at 6:26 pm

    ဘယ်လုပ်ငန်းခွင်မှာ မဆို မိန်းကလေး တွေ များလာပါတယ် ။ ကျွန်မတို့ ရုံးမှာလည်း ယောကျင်္ားလေတွေ ထက်မိန်းကလေး ဦးရေ ပိုများပါတယ်။ ယောင်္ကျားတွေ ဦးရေများ တဲ့ နေရာတော့ ရှိတယ်.. ဘီယာ ဆိုင်တို့ … တို့ မှာ .. ။အဲဒီမှာ မိန်းကလေး တွေ မရှိဘူးမဟုတ်ဘူး ရှိတယ် ။ ဒါပေမဲ့ ရှိနေရတဲ့ ရည်ရွယ်ချက်က မတူး ကြဘူးလေ… 😀 :):P

  • a_lin_say_ta_mum@googlegroups.com

    September 2, 2011 at 6:32 pm

    ကြည့်လုပ်ပါအလုံးရယ်..မင်းပြောသလိုဆိုရင်ကိုတို့တွေက ကေတီဗွီမာဆတ်ကမပြန်သလိုဖြစ်နေပြီ..အဟဲ
    အိမ်တော့ပြန်အိပ်ပါတယ်ကွ..ဟဲ.ဟဲ
    မြန်မာပြည်မှာမိန်းကလေးတွေအတွက်အလုပ်တွေအများကြီးပါ
    လက်ရှိလည်းလုပ်နေကြပါတယ် အထည်ချုပ်စက်ရုံတွေ/ချင်ဆေးခွေစက်ရုံတွေမုန့်လုပ်ငန်းနဲ့အထွေထွေလူသုံးကုန်ထုတ်စက်ရုံတွေမှာမိန်းကလေးတွေချည်းပါပဲ
    ယောက်ျားလေးသိပ်မရှိပါဘူး ..အခုခေတ်အလုပ်ရှင်တွေကလည်းယောက်ျားလေးထက်မိန်းကလေးတွေကလုပ်အားခပိုသက်သာလို့
    မိန်းကလေးတွေကိုသုံးလာကြတယ်..ဒီအလုပ်တွေကမပင်ပန်းဘူးလစာလည်းနည်းပါတယ်။
    ဝန်ဆောင်မှု့လုပ်ငန်းတွေကတော့မိန်းကလေးတွေပဲများပါတယ်။
    အခုခေတ်မှာဆိုရင်ကောက်ဆိုက်သမတွေတောင်နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေကြပြီ
    များသောအားဖြင့်တော့အိမ်အကူလို့ခေါ်တဲ့အိမ်ဖေါ်အလုပ်တွေပေါ့။
    ယောက်ျားလေးတွေကတော့ဆောက်လုပ်ရေးတွေပရိဘောဂတွေမှာပိုများပါတယ်။
    နောက်ပြီးတော့ကားဝပ်ရှော့တွေကားထုတ်တဲ့စက်ရုံတွေမှာဆိုလည်းယောက်ျားလေးတွေပေါ့။
    ကဲ ..မိန်းကလေးတွေအလုပ်နေရာလည်းပြပြီးပြီ…ယောက်ျားလေးတွေလုပ်တဲ့နေရာလည်းပြောပြီးပြီ
    ကျေနပ်ပြီလား …
    ဒါမှမကျေနပ်သေးရင်ယောက်ျားတွေလုပ်တဲ့နေရာထပ်ပြောရအုံးမလားကဲပြော…

    • mr.lone

      September 3, 2011 at 8:22 am

      အင်း မြန်မာယောက်ျားတွေမလုပ်တဲ့အလုပ်တော့ရှိနေသေးတယ်လေ။ အဲဒါ ကယောက်ျားမာဆတ်တွေနဲ့ ယောက်ျား KTV တွေပဲ။ အဲဒီအလုပ်လေးတွေပါ ထပ်ထည့်လိုက်ပေါ့။ဒါတောင် လုံး မသိလို့ရှိချင်ရှိနေမှာ။ ယောက်ျားတွေလည်း အထည်ချုပ်လို့ရပါတယ်။ အပေါ်မှာမိန်းကလေးတွေကိုပိုခေါ်တယ်လို့ပြောထားတာ ။ယောက်ျားတွေကအရွယ်လေးနဲနဲရတာနဲ့ ဆေးလိပ်သောက်ဘီယာသောက်အရက်သောက်နဲ့ပျော်မြူးနေကျတော့အိမ်ကမိန်းမတွေလည်း သူတို့ဝမ်းစာသူတို့ထွက်ရှာရပြီပေါ့။ ဘယ်သူကမှ ယောက်ျားမို့လခပိုပေးမယ်။မိန်းမမို့လခပိုပေးမယ်မရှိပါဘူး။အရည်ချင်းရှိရင်ရှိသလိုပေးတာချည်းပဲ ။ အဲတစ်ခုတော့ရှိတယ်။ယောက်ျားတွေကသူတို့တစ်နေ့တစ်နေ့သောက်ရမယ့် ဘီယာ၊အရက်၊ဆေးလိပ်၊ကွမ်းယာဖိုးတွေ အတွက်လခတွေကိုများများရမှလိုချင်ကြတော့ မိန်းကလေးတွေကို အလုပ်ခေါ်ယူတာပိုများလာတာဖြစ်မှာပေါ့

  • king

    September 2, 2011 at 9:04 pm

    ကျွန်တော်ကတော့ မိန်းမရော ယောကျင်္ားရော လုပ်ချင်တဲ့အလုပ်ထက်
    လုပ်သင့်တဲ့ အလုပ်ကို ဦးစားပေးလုပ်စေလိုပါတယ် ….
    ဒါမှလည်း ………………………………. 😀

  • windtalker

    September 2, 2011 at 9:06 pm

    ကောင်းဗျာ
    အပေါ်က ပို ့စ်ကလဲ ဖတ်လို ့ကောင်း
    ကွန်မင့်တွေ က လဲ ဖတ်လို ့ကောင်း
    ဘဝင် ကို ဆူသွားတာပဲ

  • nature

    September 2, 2011 at 9:52 pm

    စီးကရက်promotionu ကို ယောကျာင်္းလေးတွေလုပ်ရင် ရောင်းရမယ်များ ထင်မိပါသလား။

    • mr.lone

      September 3, 2011 at 8:32 am

      ဒါကတော့ပြောလို့မရဘူးလေ ။ စမ်းလုပ်ကြည့်မှရမှာ …..

    • shwemanthar

      September 4, 2011 at 4:50 pm

      ကြည်.မကောင်းမှာတော.သေချာပါတယ်။
      ဒါပေမဲ့
      ရိသဲ့သဲ့လုပ်တာတွေတော.ပျောက်သွားမယ်

  • naywoonni

    September 2, 2011 at 10:03 pm

    အနားတောင် အကပ်ခံမှာမဟုတ်ဘူး nature ရေ……… အဲဒိတော့ ဘာကြောင့် မိန်းကလေးတွေလုပ်နေတယ် ဆိုတာ ထင်ရှားပါတယ်……။ နော်

  • ပေါက်ဖော်

    September 2, 2011 at 10:21 pm

    စပယ်ယာ လိုက်တဲ့ မိန်းခလေး ရန်ကုန် မှာ ရှိသဗျ(ဒိုင်နာပေါ်မှာ)
    တက္ကစီ မောင်းတဲ့ အမျိုးသမီး ကျုပ်တွေ ့ဖူးသဗျ

    မယုံလျင် ပုံပြင်မှတ်..
    ရန်ကုန်မှာ ရှိလေ၏..ဗျာ
    ယောက်ျားတွေကို ရင်ဘောင်တန်းတယ်ဆိုတာ ဒါမျိုးထင်ပါ့

    မောင်လုံးပြောတဲ့ မိန်းခလေးတွေကတော့…စီးပွားရေးသမားတွေရဲ့ အသုံးချခြင်း ခံရတဲ့သူတွေပါပဲဗျာ

  • etone

    September 3, 2011 at 9:22 am

    လုံးလုံးတို့ကတော့ မိုက်တယ်ကွာ … တခါတည်း သိမ်းကြုံးဆော်ပစ်လိုက်တာပဲ .. ဟဲဟဲ …
    တချို့ယောကျာ်းတွေက ပိုက်ဆံသာ လိုချင်တာ … မိန်းမတွေလို လက်ကြောတင်းအောင် လုပ်ချင်ကြတာမဟုတ်ဘူးလေ … မိန်းမတွေကများ သူ့ထက်ပိုလုပ်နိုင်ကြည့် … ယောကျာ်းကြီးတန်မဲ့ … မနာလို တိုရှည်တွေဖြစ်ပြီး … အီးမှန်နေလေရဲ့ ငှီးးးးးးးးးးး :mrgreen:

  • နွယ်ပင်

    September 3, 2011 at 9:45 am

    မိန်းကလေးမောင်းတဲ့ တက္ကစီကို ကိုယ်တိုင်မစီးဖူးပင်မယ့် ဘေးနားကမောင်းသွားတာတော့
    နှစ်ခါလောက်ကြုံဖူးတယ်

  • မီးမီး သော်

    September 3, 2011 at 4:05 pm

    မိန်းကလေးတွေမို ့အထင်မသေးနဲ ့နော်။သမ္မတလဲဖြစ်နိုင်သလို သမ္မတကတော်ဖြစ်ရင်လဲ ခိုင်းစားလို ့ရသေးတယ်။ဟိ ဟိ။

  • nature

    September 3, 2011 at 4:58 pm

    လူမှုရေးရှုေးဒါင့်ကကြည့်ရင်တော့ အမျိုးသမီးတွေ စီးကရက် ပရိုမိုးရှင်းလုပ်တာ ၊ စားပွဲထိုးလုပ်တာတွေဟာ ပြောစရာတခုလိုဖြစ်နေပါတယ်။ စီးပွားရေးရှုဒေါင့်ကကြည့်ရင်တော့ သူတို့ဟာ သူ့တို့ရဲ့ ဝမ်းရေးအတွက် သမာအာဇီဝလုပ်နေတယ်လို့မြင်ပါတယ်။ ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး။ သူတို့လည်းဒီအလုပ်ကို ပျော်လို့လုပ်နေတယ်လို့မမြင်ပါ။ ဒိထက်ကောင်းတဲ့အလုပ်ရှာမရသေးတဲ့အတွက် စားဝတ်နေရေးဖြေရှင်းဖို့ ဒီအလုပ်ကို လုပ်နေရတယ်လို့ထင်ပါတယ်။ ဒါပေမဲ့သူတို့ဆန္ဒမပါပဲ အတင်းအကြပ် ခိုင်းစေခြင်းမျိုးတော့ မရှိသင့်ပါ။ မရှိဟုထင်ပါတယ်။
    ….ဒါကတော့ပြောလို့မရဘူးလေ ။ စမ်းလုပ်ကြည့်မှရမှာ …..
    Mr.Lone ဟာ မိန်းခလေးတယောက်ဖြစ်နေပြီး promotion လုပ်ငန်းရှင်တယောက်ရဲ့ အတွေ့အကြုံနဲ့ စိတ်ကူးဉာဏ်တွေကို လိုက်မှီဖို့ခက်ပါလိမ့်မယ်။

  • alinsett

    September 4, 2011 at 3:16 pm

    မိန်းမ သရုပ်ဆောင် တချို ့ဆို…အရက်တွေတောင်ကြော်ငြာနေတာလေ။ ကုန်းကုန်းကွကွ..ပုံတွေနဲ ့။
    ကိုယ်တောင် အဲ ဒီ အမြင်မတော်တဲ ့ပုံတွေ..ကြော်ငြာတွေ အကြောင်းစာရေး တင်းဦးမလို ့။

  • cobra

    September 4, 2011 at 4:18 pm

    အော်…..
    မိန်းမလေးတွေကယောက်ျားလေးတွေနဲ့ရင်ဖောင်တန်းနေတာကောင်းပါတယ်လေ..။

  • hmee

    September 4, 2011 at 7:16 pm

    ဒီမှာလည်း အမျိုးသမီးကြီးတွေ (၅၁)လို ဘတ်စ်ကားမောင်းနေတာ တွေ့ရတယ်။ မြင်ကာစက အရမ်းအံ့ဩမိတယ်။ တန်းတူအခွင့်အရေးယူသလို တန်းတူလည်း အလုပ်လုပ်နိုင်ကြတယ်။

  • sanaythalay

    September 4, 2011 at 10:06 pm

    အင်း မြန်မာယောက်ျားတွေမလုပ်တဲ့အလုပ်တော့ရှိနေသေးတယ်လေ။ အဲဒါ ကယောက်ျားမာဆတ်တွေနဲ့ ယောက်ျား KTV တွေပဲ။ အဲဒီအလုပ်လေးတွေပါ

    အင်းအဲဒီလို ဖွင့်ရင်လည်း ဖွင့်တဲ့လူ ဒေဝါလီ ခံရမှာပေါ့

  • blackprince72

    September 4, 2011 at 10:41 pm

    ယောက်ျားမာဆတ်တော့ရှိပါတယ် ။မန်းလေးဆို ရထိုက်ဟိုတယ်ပါ။ကျန်တာတော့မသိပါဘူး။ Ktv ဖွင့်ရင်တော့ စိုင်းစိုင်းတို့ ရဲလေးတို့ ခေါ်လိုက်ပါ။သေချာပေါက်အောင်မြင်တယ် ။ဘီယာဆိုင်တွေမှာတော့ tiger မယ်ပဲတွေဘူးတယ် ။အဲ့ မှာလဲ သူတို့သာခေါ်လိုက်ပါ အောင်မြင်မှာပါ။

Leave a Reply