မန်းဂေဇက်မှ ကြိုနေမယ်

manawphyulaySeptember 2, 20111min15810

ခါတစ်လှဲ့ လာခဲ့ပေါ့
မန်းဂေဇက်ကို
ဝေးမကွာ ပြေးလာလျှင်
တာမထောက်ပါဘူး
connection ကောင်းစဉ်ခါ
ဖွင့်တဲ့ချိန်
ကိုးနက်ရှင် နောက်သမို့
ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံစောင့်ပါလို့
တစ်ခေါက်ကယ်
အလည်မရောက်ရင်ဖြင့်
ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့
ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို
ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့
ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့်
ရေးကူကို တွေးပူရတာကြောင့်
ဆွေးပူရရှာ……

မနောဖြူလေး ခံစားသီဖွဲ့သည်။

10 comments

  • maung hninkharr

    September 2, 2011 at 8:00 pm

    ကဗျာကို သီချင်းအဖြစ်ပြန်ရေးပါလား။
    ကျွန်တော် ဒါရိုက်တာလုပ်ပြီး MTV ရိုက်ပေးမယ်လေ။
    သရုပ်ဆောင်တွေကတော့ မန်းဂေဇက်က ဝါသနာပိုးတွေ သရုပ်ဆောင်လီမ့်မယ်။

    • king

      September 2, 2011 at 8:51 pm

      ထုတ်လုပ်မှုအတွက်ကတော့
      KING ENTERTAIMENT က မေတ္တာဖြင့် ထုတ်လုပ် ဖြန့်ချီပေးပါမယ် … 😀

      • MaMa

        September 3, 2011 at 6:25 pm

        အနုပညာ သားအဖတွေ ခုမှပဲပြန်တွေ့ကြရပြီပေ့ါ။

  • windtalker

    September 2, 2011 at 8:26 pm

    အမကြီး
    မောင်နှမ တွေ အတွက် သက်သက်ပဲလား
    ဟင်
    ဦးဦး တို ့
    ဒေါ်ဒေါ် တို ့
    တူတူ တို ့
    တူမတူမ တို ့အတွက်ကော
    ( ဟီး…စတာနော် ၊ စိတ်ချိုး ရဘူးနော် )

  • မီးမီး သော်

    September 2, 2011 at 10:58 pm

    မမမနောက ကွန်နက်ရှင်ကိုတင်စားလိုက်တာမိုက်တယ်နော်။ကိုးနက်ရှင်တဲ့ ဟိ

  • etone

    September 3, 2011 at 9:06 am

    ရေးရတာတော့ ဟုတ်ပါရဲ့ … ကူတော့မကူချင်ဘူး …(သူများအကျိုးဆောင် ကိုယ်ကျိုးပြောင်လေ ဟဲဟဲ ) ..
    တွေးပူရတာလည်း မကြိုက်ဘူး … အကြွေးပူရတာလည်း မကြိုက်ဘူး …
    အဆိုးဆုံးက …ဆွေးပူရမယ်ဆိုတာလည်း မကြိုက်ဘူး … 🙄

  • ကြောင်ကြီး

    September 3, 2011 at 7:19 pm

    တွေးပူတာ
    ချေး(ဂျီး)ထူလို့
    တေးအူကာ
    ဖေးကူရရင်
    ဈေးအလှူမှာ
    ဘုံး…..။

    • manawphyulay

      September 3, 2011 at 7:26 pm

      ဈေးအလှူမှာ ဟန်မကျလို့
      တွေးပူကာ
      ဂေါပကလုပ်တယ်
      ဖေးကူကာ
      ပေါင်းစုသုံး…… 😛

  • Nan Shin

    September 4, 2011 at 2:13 pm

    ပိုင်လှပြီလား……….ဗျ။ဒါမျိုးလေးတွေ အားပေးချင်ပါသေးတယ်။

Leave a Reply