ခင်သာဇာတိ မောင်သာဂိ(၁)

Nan ShinSeptember 2, 20111min1028
၁။နွားကျောင်းသား သာဂိ
                          သာဂိက တောသား။ သားသုံးသားတွင် တခုမှမလွတ်သူ။ သို ့သော်ကိုယ့်လူ များသိထားသော သားသုံးသားတွင်လည်း တခုမှမပါဝင်သူ။ ဟုတ်တယ်။ သူက နွားကျောင်းသား၊ ဘုန်းကြီးကျောင်းသား၊ တောသား။ သူ ့အိမ်အတွက် ကူဖော်လောင်ဖက်အဖြစ် သောက်ရေခတ်ဖို ့ပင် အကူအညီ မရတတ်သော်လည်း ရွာထဲရှိသက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများ၏အိမ်တွင် ကြုံရင်ကြုံသလို ရေခပ်၊ ထင်းခွဲ ရေနွေးအိုးတည်စသည်ကို လုပ်ကိုင်ပေးတတ်သူ။ သူ ့အမေကတခါတခါ ” ဟဲ့ သာဂိ နင်လေ ကလေကဝလျှောက်သွားပြီး အိမ်ကအလုပ်ကိုတော့ နည်းနည်းလေးမှ ကူဖော်လောင်ဖက်မရဘူး ”  ဟု ကြိမ်းမောင်းသောအခါများတွင် ” အမေ့မှာ သားငါးယောက်ရှိတယ်၊ အဲ့ဒိအထဲမှာသားက အငယ်ဆုံး၊ အမေ့ထမင်းကို သားစားထားတာ ဟိုကောင်တွေလောက်မများသေးဘူး၊ အမေ့ဆီမှာသားပူဆာတာဆို လို ့မြိုကစာသင်ဘုန်းကြီးတပါးကို စာအုပ်ဖိုးလှူချင်လို ့ငွေသားငါးရာပဲတောင်းဘူးသေးတယ်၊ ဟိုကောင်တွေလို ဘာညာသာရကာနေကြာကွာစိ နဲ ့ပတ်ချွဲနှပ်ချွဲလုပ်ပြီး ဘာဖိုးတို ့ညာဖိုးတို ့သားမတောင်းဖူးဘူး၊ အမေခိုင်း
ချင်ရင် အဲ့ဒိကောင်တွေကိုခိုင်း’’  ဟုပြန်ပြောတတ်သည်။

                        ထို ့ကြောင့် သူ ့အမေလည်း ဘယ်သောအခါမျှ သာဂိကို ခိုင်းဖို ့စိတ်မကူးပေ။သာဂိသည် ရွာရှိမူလတန်းကျောင်းမှလေးတန်းအောင်ပြီးကတည်းက မြို ့တွင်ဘယ်လိုမှကျောင်းဆက်ထား၍ မရတော့ သောကြောင့် လုပ်ချင်ရာလုပ် ဟုလွှတ်ထားရသော ခပ်ပေပေ လူဆိုးလေးတစ်ယောက် ဟုလူသိများသူဖြစ်သည်။ သာဂိ၏ မိဘများသည် ရွာတွင် ကျိကျိတက်သူဋ္ဌေးများမဟုတ်သော်လည်း ကိုယ်ပိုင် လှည်းနွားများ၊ ဆန်စက် ဆီစက်နှင့်လယ်ဧက အနည်းငယ်ပိုင်ဆိုင်သော စားနိုင်သောက်နိုင် လူတန်းစားထက်အသင့်အတင့်ပိုလွန်သော သူဋ္ဌေးပေါက်စများဟုဆိုကမမှားနိုင်ပေ။ သာဂိသည် သူမွေးပြီးကတည်းကငိုယိုပြီးမုန် ့တောင်းခြင်း၊ ကစားစရာအရုပ်ဝယ်ခိုင်းခြင်းစသည်ဖြင့် မိဘကို တခါမျှပူဆာ
ဘူးသူမဟုတ်ခြင်း၊ အနေအထိုင်တည်ခြင်းနှင့် စနောက်သောအခါများတွင် ဘေးလူရော၊အစခံရသူများပါ အူတက်အောင်ရယ်ရခြင်းတို ့ကြောင့်လူချစ်လူခင်ပေါလှသည်။ အမှန်တကယ်အကူအညီ လိုအပ်သူများကိုလဲ စိတ်ရောကိုပါ လှိုက်လှိုက်လှဲလှဲ ကူညီတတ်သူမဟုတ်ပါလော။ထိုမျှမကသေး။ သာဂိတက်သောမူလတန်းကျောင်းကား ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သည်။ သာဂိ မူလတန်းတက်ခဲ့စဉ် ကာလတလျှောက်မှာလည်းအားလပ်ချိန်များတွင်အခြားကလေးများနှင့် ဆော့ကစားခြင်း လုံးဝမရှိခဲ့ပဲ ကျောင်းထိုင်ဆရာတော်အားသာ      အနှိပ်အနှယ်ပြု၍ စကားစမည ် ပြောလေ့  ရှိခဲသည်။ ဆရာတော်ကလည်း သူမိန် ့ကြားသည်စကားလုံးတိုင်းကို ခေါင်းငြိမ် ့နားထောင်ရုံ သက်သက်မဟုတ်ပဲ သူ စဉ်စားမိသလောက်နှင့်ပြန်လည်စောဒကတက်တတ်သော သာဂိကိုအင်မတန်မှချစ်ပါသည်။ သာဂ ိကျောင်း တက်စဉ်အခါကသချင်္ာနှင် ့အင်္ဂလိပ်ဘာသာရပ်တွင် အလွန်တရာမှ အားနည်းခဲ့သော်လည်း မြန်မာစာတွင်မူ အမှတ် ကိုးဆယ်အောက် ကျရိုးထုံးစံမရှိခဲ့ပေ။ သာဂိကို ပဲနွယ်ကုန်းမြို ့လေးနှင် ငါးမိုင်ခန် ့ဝေးပြီး ပဲခိုးရိုးမနှင့် သုံးမိုင်သာဝေးသော ခင်သာရွာလေး၌ မွေးဖွားခဲ့သည်။ ၎င်း ခင်သာရွာလေး၌ မူလတန်းထိသာရှိပြီး အလယ်တန်း အထက်တန်းများသို ့ဆက်လက်တက်ရောက်ချင်ပါက မြို ့ပေါ်သိုနေ ့စဉ်သွား၍ ကျောင်းတက်ရပါသည်။ တချို ့ကလည်းစက်ဘီးဖြင့်သွားကြသည်။ တချို ့လည်းစောေစောထ၍လမ်း လျှောက်သွားကြသည်။ သာဂိလေးတန်းအောင်သောနှစ်တွင် မိဘများက “စက်ဘီးဝယ်ပေးမယ် ကျောင်း ဆက် တက်ပါ” ဟုအတန်တန် ပြောဆိုသော်လည်း “ကျောင်းမှာသင်တဲ့စာတွေကိုသားစိတ်မဝင်စားဘူး အမေတို ့သားကို အတင်းတက်ခိုင်းရင် အဲ့ဒိစက်ဘီးကိုရောင်းပြီး သားသွားချင်ရာ လျှောက်သွားမှာ” ဟုပြော၍ ဘယ်သူမှ ၎င်းအား     ကျောင်းနေဖို ့ကိစ္စကို                 ဆက်မပြောရဲ ကြတော့ပေ။      ထိုသို ့ကျောင်းဆက်မတက်
ချင်သော သာဂိအား သူ ့အဖေက “မင်းကျောင်းမတက်ရင် ဘာလုပ်မလဲ ဘာလုပ်ချင်လဲ” ဟု မေး သောအခါတွင် “သားနွားပဲကျောင်းချင်တယ် ဒါပေမဲ့ အိ်မ်ကနွားတော့သားမကျောင်းချင်ဘူး သူများအိမ်ကနွားပဲ သားကျောင်းချင်တယ်” ဟုပြန်ဖြေတတ်သည်။
                   သာဂိသည် လေးဂွပြစ်ခြင်းအတတ်၌ အလွန်ကျွမ်းကျင်လိမ္မာသော်လည်း ငှက်ပြစ်ခြင်းအမှုကို အလွန်မုန်းတီးသည်။ တခါက ငှက်ပြစ်နေသော ကလေးအုပ်စုအား လေးဂွနှင့်လိုက်ပြစ်၍ ၎င်း၏မိဘများမှ ငှက်ပြစ်သောကလေးအုပ်စု၏မိဘများအားတောင်းပန်၍ အလျှော်ပေးခဲ့ရဘူးသည်။ “ဘာကြောင့်ဒီလို လုပ်ရတာလဲ” ဟု သူ ့ကိုမေးသောအခါ၌”လေးဂွနဲ ့အပြစ်ခံရရင် ဘယ်လောက် နာတယ် ဆိုတာ ဒီကောင်တွေသိအောင်လို ့ပြစ်ပြတာလေ” ဟုပြန်ပြောသည်။ ဒီလို နှင့်လေးတန်းနှင့် ကျောင်းပြီးလိုက်ခါ သူများအိမ်မှနွားများကိုကျောင်းရင်းနှင့် သာဂိတစ်ယောက် အသက် ဆယ့်ငါးနှစ် ပင်ပြည့်ခဲ့လေပြီ။ ထိုသို ့နွားကျောင်းသားဘဝနှင်ပင် ရွာဦးကျောင်းသို ့နေ ့စဉ်သွား၍ ဆရာတော်အား
ဝတ်ကြီး ဝတ်ငယ်ပြုစုလုပ်ကြွေးခြင်း၊ ၎င်းသိလိုသည်များအားမေးမြန်းခြင်း၊ ဆရာတော်၏ စာအုပ်များကို မွှေနှောက်ဖတ်ရှုခြင်းစသည်များကိုလည်းပြုလုပ်ခဲ့သေးသည်။ သူနွားကျောင်း၍ရသောပိုက်ဆံများကိုလည်း အိမ်သိုပြန်ပေးစရာမလိုခြင်းကြောင့်လည်းကောင်း၊သူကိုယ်တိုင်လည်းမယ်မယ်ရဘာမျှအသုံးမလိုသော
ကြောင့်လည်းကောင်းမြို ့၌စာသွားသင်သော ရဟန်း၊ သာမဏေများကိုလှူဒါန်းခဲ့သည်ကများသည်။ ရွာဦးကျောင်းဆရာတော်ကလည်းတခါတခါမိန် ့သည်။  ဒီကောင်ကြီးလာရင် “ဘုန်းကြီးဖြစ်မလား သူပုန်ဖြစ်မလားမသိဘူး” ဟု ပြုံးရင်းရယ်ရင်းမိန် ့ကြားတတ်သည်။ တနေ ့သ၌ ဆရာတော်၏ စာသင်ဘက် မိတ်ဆွေဖြစ်သောမြို ့မှ ပိဋကတ်တစ်ပုံအောင်ဆရာတော်တပါး ရွာသို ့ကြွလာသည်။ ကျန်းမာရေး မကောင်းသဖြင့် ထိုရွာ၌တစ်နှစ်တာ ဝါဆိုမည်ဟုသိရသည်။ သာဂိက တစ်နှစ်လုံး မိမိတာ ဝန်ယူပြုစု စောင့်ရှောက်လိုသည်ဖြစ်ကြောင်း ဆရာတော်အားလျှောက်ထားလိုက်သည်။ဆရာတော်အချင်းချင်းလည်း သာဂိအကြောင်းကို ပြောဆိုညှိနှိုင်းဆွေးနွေးခဲ့ပုံရပါသည်။          နောက်တနေ ့တွင်ဆရာတော်မှသာဂိအား
“လွတ်လွတ်လပ်လပ်ထိုင် ဒကာလေး ၊ ဒကာလေးကို ဘုန်းဘုန်းမေးစရာရှိတယ်” ဟုပြောပါသည်။ သာဂိကတရိုတသေနှင် ့”ဆရာတော် မေးလိုရာကိုမေးပါဘုရား” ဟုလျှောက်လိုက်သည်။”သာဂိ ဒကာလေးနဲ ့တူတဲ့သတွါတွေ လောကကြီးမှာရှိပါသလား” ဟုဆရာတော်ကမေးသည်။”တင်ပါရှိပါတယ်ဘုရား” ဟုသာဂိကပြန်လည်လျှောက်ထားလိုက်သည်။ ဆရာတော်ကလည်းခေါင်းညိတ်၍ “ဟုတ်ပြီ ဒါဆိုရင် ဒကာလေးသာဂိနဲ ့မတူတဲ့သတွါတွေရောလောကကြီးမှာရှိသလား” ဟုဆက်လက်မေးမြန်းပါသည်။ သာဂိလည်း  “တင်ပါရှိပါတယ်ဘုရား” ဟုပြန်လည်ဖြေကြားလိုက်ပါသည်။ “ကောင်းပြီး ဒါဆိုရင် ဒကာလေး သာဂိနဲ ့တူတဲ့သတွါတွေရယ်၊ မတူတဲ့သတွါတွေရယ် မှ အခြားဖြစ်သောသတွါကဘယ်သူဖြစ်ပါသလဲ ဒကာလေး သေသေချာချာစဉ်းစားပြီးမှဖြေနော်” ဟုဆရာတော်ကမိန် ့ပါသည်။ ထိုအခါသာဂိက မဆိုင်းမတွပင် “မှန်လှပါ အဲ့ဒိသတွါကတပည့်တော်ကိုယ်တိုင်ပါပဲဘုရား” ဟု ပြန်လည် လျှောက် ထား လိုက်သည်။ ဆရာတော်လည်း အင်မတန်မှသဘောကျသောဟန်ဖြင့်”ဒကာလေးဘာကြောင့် ကျောင်းကိုဆက်မတက်ဘဲ နွားကျောင်းသားလုပ်ချင်ရတာလဲ”ဟု မေးလိုက်ပြန်ပါသည်။ “ရွာမှာ ကျောင်းတက်ပြီး ဘွဲ ့ရတဲ့သူနည်းနည်းပဲရှိပါတယ်ဘုရား။သူတို ့လဲ လယ်ထွန်ကြတာပဲဘုရား။ ပြီးတော့ ရွာဦး ကျောင်း ဆရာတော်ကြီးလောက်စာတက်တဲ့သူလဲတစ်ယောက်မှမတွေ ့ရဘူးဘုရား။ ဒီရွာသားတွေ အားလုံးဟာကျောင်းတက်တက် မတက်တက် အချိန်တန်ရင်လယ်ထဲပဲဆင်းကြတာဘုရား ။ ဒါကြောင့် တပည့်တော် မြို ့ကိုအပင်ပန်းခံပြီးကျောင်းသွားမတက်ဘဲ ဆရာတော်ဆီမှာနေ ့တိုင်း လာရောက် ဝတ်ပြုရင်းနဲ  ့လေ့လာမှတ်သားနေတာအခုဆိုရင် ဆယ်စောင်တွဲ၊ဇာတ်ကြီးဆယ်ဘွဲ ့၊မိလိန္ဒပဥှာမြန်မာပြန်နဲ ့အခြားစာအုပ်တော်တော်များကိုထုံးလိုမွှေရေလိုနှောက်ပြီးနေပါပြီဘုရား။ နောက်နှစ်မှာလည်း သဒ္ဒါနဲ ့သဂြိုဟ်ဆက်သင်ဖို ့ရွာဦးကျောင်းဆရာတော်ဆီမှာလျှောက်ထားပြီးပါပြီးဘုရား” ဟုပြန်လည် ဖြေကြား လိုက် ပါသည်။ ဆရာတော်ကလည်း “ကဲဒါဆိုရင်ရှိစေတော့ဒကာလေးဘာကြောင့်မို ့နွားကျောင်းချင် ရတာလဲ ဆိုတာ ဘုန်းဘုန်းတို ့ကိုရှင်းပြပါဦးလား။””ဒါကတော့ လူရယ်လို ့ဖြစ်လာရင် အလုပ်လုပ်ရမယ်လို ့တပည့်တော်ခံယူတယ်ဘုရား။ဒါကြောင့်တပည့်တော် လုပ်တတ်တဲ့နွား ကျောင်းတဲ့အလုပ်ကို တပည့်တော် လုပ်ပါတယ်ဘုရား။ ပြီးတော့အလုပ်လုပ်ရင် လုပ်အားခတန်ရာတန်ဖိုးရရမယ်လို ့လဲခံယူတာကတကြောင်း
ကိုယ့်အိမ်ကနွားကိုယ်ပြန်ကျောင်းပြီး နွားကျောင်းခပြန်တောင်းလို ့မသင့်တော်တာကတကြောင်းမို ့အိမ်ကနွားကိုမကျောင်းပဲသူများအိမ်ကနွားကိုကျောင်းရတာပါဘုရား” ဟုလျှောက်တင်လိုက်လေသတည်း။
ဆက်လက်ရေးသားပါဦးမည်…………..
နန်ရှင်

8 comments

  • ပေါက်ဖော်

    September 2, 2011 at 9:22 pm

    မောင်သာဂိအကြောင်း..စိတ်ဝင်စားသဗျာ…..

    မျှောက်နေမည်..

    ပုံ/

    ဖော်ဖော်

    😀

    • ပေါက်ဖော်

      September 2, 2011 at 9:23 pm

      ချာလုံးပေါင်းမှားတွားပြန်ဘီ..
      မျှောက်နေတာဟုတ်ဝူးနော်
      မျှော်နေတာကိုကြောတာ..
      အားပေးနေမယ်
      တိုတိုနန်း..

  • မီးမီး သော်

    September 3, 2011 at 4:00 pm

    အော် သာဂိကတော်လိုက်တာနော်။နန်ရှင်ရေ မြန်မာစာကို ကိုးဆယ်ရအောင်ဖြေနိုင်တာတော့အံ့ဩပါတယ်။ဘယ်လိုဖြေပါလိမ့် သိချင်လို ့ပါ။စပ်စုမိပါပီ။

  • Nan Shin

    September 4, 2011 at 2:20 pm

    အဲ့ဒါကတော့ သူပဲသိမှာဗျ။ကျနော်မသိဘူး။ကျနော်ကတော့ စာလုံးပေါင်းတောင် မှားလိုက်ကျန်လိုက်နဲ့ပဲ။ဟီး။

    • MaMa

      September 4, 2011 at 3:01 pm

      (ကျနော်ကတော့ စာလုံးပေါင်းတောင် မှားလိုက်ကျန်လိုက်နဲ့ပဲ)
      ဟုတ်ပါ့ ပဲခိုးရိုးမရေ။ ပဲခိုးတာ မကောင်းပါဘူးကွယ်။ ပဲခူးရိုးမလို့ ပြောင်းလိုက်ပါဦး။
      (လေးဂွပြစ်ခြင်း၊ ငှက်ပြစ်ခြင်း) အစား လေးဂွပစ်ခြင်း၊ ငှက်ပစ်ခြင်းလု့ိ ပြောင်းလိုက်ရင် သာဂိရော၊ နန်းရှင်ပါ မြန်မာစာ အမှတ်တူသွားလိမ့်မယ်။
      🙂

  • Shwe Ei

    September 5, 2011 at 10:49 am

    အခုမှ စဖတ်တာ။ နောက်ပို့စ်တွေလည်း ဆက်လက်အားပေးပါမယ်။

  • padonmar

    September 14, 2011 at 8:20 pm

    သာဂိက ဆရာတော်ဆီမှာတက်လို့ မြန်မာစာ အမှတ်၉ဝ ရတာ၊
    မြန်မာ့မီးရထားဆီမှာတက်ခဲ့မိရင် ၁၀ဝ ပြည့်ရလိမ့်မယ်၊

  • ကြောင်ကြီး

    September 15, 2011 at 6:34 am

    သာဂိ ကမာ္ဘသိ စွာ၏….။
    များသောအားဖြင် ဝတ္ထရှည်၊ အခန်းဆက်ဝတ္ထုတွေကို ကျနော် ဖတ်လေ့မရှိဘူး၊ ဖြစ်ရပ်မှန်ဇာတ်လမ်း မဟုတ်ရင် ပိုစိတ်မဝင်စားဘူး။ သာဂိ ဇာတ်လမ်းတွဲကိုတော့ ကိုရင်နန်းရှင် အမှတ်နဲ့ အားပေးနေပါတယ်..အကြံတခုပေးချင်တာ အခန်းဆက် ၁ ၂ ၃ စသဖြင့် အမှတ်စဉ် တပ်တာထက် ပို့စ်တခုချင်းစီအလိုက် စိတ်ဝင်စားဖွယ် ခေါင်းစဉ်အတိုလေးတွေ ပေးရင်ကောင်းမလားလို့။ ဝတ္ထုရှည် အခန်းဆက်လို့ ပေးထားတဲ့TAG နေရာမှာ သာဂိအမှတ်စဉ် ထည့်လိုက်ပေါ့..။

Leave a Reply