ရှေးထုံးလည်း မပယ်နဲ. ဈေးသုံးလည်း မကြွယ်နဲ.

ေရႊဘိုသားSeptember 2, 20111min11510

အခုတလော ဒဂုံကကျောင်းသားတစ်ချို.ပြောတဲ. သတင်းထူးလေး ကြားမိပြန်ပါရဲ.ဗျာ သင်္ချာမေဂျာက ကောင်လေးနဲ.

သမိုင်းမေဂျာက ကောင်မလေးဆိုလား ချစ်သူတွေဖြစ် အချိန်တွေကြာလာတော. ခေတ်ရဲ.သင်္ကေတသဘောအရ

စောင်.ထိန်းသင်.တဲ. စည်းတွေဘေ ာင်တွေကျော်ကုန်တာပေါ. အဲဒီကနေ ကောင်မလေးက ယူခိုင်းတော. ကောင်လေးက

မယူနိုင်ဘူးဆိုပြီး ရှောင်နေသတဲ. ဒါကတော. နှမချင်းကိုယ်ချင်းမစာတာပေါ.ဗျာ ဒါနဲ.ကောင်မလေးက ရှက်လည်းရှက်

စိ်တ်လည်းညစ်ပြီး အဆိပ်သောက်ပြီး သေကြောင်းကြံပါရော သေပြီးတော.လည်း ကောင်လေးဆီပဲစိ်တ်ကရောက်နေတော. နေ.ခင်းတောင်မှ အဆောင်ထဲမှာ ကိုယ်ရောင်ပြနေတယ်တဲ. ဒေတက်နေတဲ.

သူငယ်ချင်းတွေပြောတာပါ တကယ်လို.တော.ပြောတာပဲ ကျောင်းသားတွေ ဓာတ်ပုံတွေအခန်းထဲရိုက်ရင်တောင် ကင်မရာထဲ လာလာပေါ်နေတယ်တဲ. ကောင်မလေးရဲ.ပုံရိပ်က

ဒါကတော. ကြားနေရတာလေးကိုပြောပြတာပါ ရွာထဲကလူတွေလည်း ကြားမိကြမှာပါ မှားရင်လည်း ပြင်ပေးကြပါအုံး

ကျနော်ပြောချင်တာက အဲဒီ တစ္ဆေခြောက်တဲ. ကိစ္စမဟုတ်ပါဘူး သမီးရည်းစားဘဝကတည်းက အဲလိုတွေ ဖြစ်နေတာကို

ပြောချင်တာပါ ကျနော်အပေါ်ကပြောခဲ.တဲ. သတင်းက မှားရင်တောင် အခုခေတ်စားနေတဲ. တရားဝင်မယူရသေးပဲ

အတူတူနေကြတာကတော. မမှားနိုင်ပါဘူး အတွဲတွေ တစ်ချို.ဖြစ်ပျက်နေကြတာပါ တော်တော်လည်း စိ်တ်ပျက်ဖို.ကောင်း

ပါတယ် မိန်းကလေးဘက်လည်း အများကြီးထိခိုက်ပါတယ် အထူးသဖြင်. ကျနော်တို. မြန်မာမိန်းကလေး တွေတော်တော်

နစ်နာလှပါတယ် ကျနော်ဒီလိုပြောလို. ရွာထဲက တစ်ချို.ကပြောပါလိမ်.မယ် ဒါကဖြစ်သင်.တယ်ဆိုတာ

အနောက်နိုင်ငံတွေနဲ.တော. မနှိုင်းယှဉ်ပါနဲ. သူတို.နိုင်ငံက အသက် 18 နှစ်ပြည်.ရင် ကိုယ်လုပ်တာကိုယ်စား ကိုယ်.ဘဝကိုယ်တည်ဆောက်နေကြတာပါ အဲဒီတော. ကိုယ်လုပ်ချင်သလို နေချင်သလို နေလို.ရပါတယ် ကျနော်တို.

မြန်မာလူမျိုးတွေ ရိုးရာက အသက် 18 နှစ်ဆိုတာ မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိပါသေးတယ် ကိုယ်လုပ်တာကိုယ်မစားနိုင်သေးပါဘူး ကိုယ်.ဘဝကိုယ်မတည်ဆောက်နိုင်သေးပါဘူ အဲဒီတော. အနောက်နိုင်ငံလို

ကိုယ်လုပ်ချင်သလို လုပ်လို.မရဘူးလို.ထင်ပါတယ် မိန်းကလေးတွေဘက်ကလည်း ချစ်တယ်ဆိုပြီး အရာရာမလိုက်ရော

သင်.ပါဘူး ဘာ.လို.လည်းဆိုတော. ကျနော်ကြားဖူးတာတွေနဲ. ပြောပြချင်ပါတယ် ကျနော် ကောင်လေးတော်တော်များများ

အဲလို မယူသေးခင် တူတူနေပြီ တကယ်ယူမှာလားလို. စစ်တမ်းကောက်မေးဖူးပါတယ် ယူမယ်လို.ပြောတဲ.သူက

ရာခိုင်နှုန်းနည်းလွန်းပါတယ် သူတို.ဖြေတာကျတော.လည်း ဟုတ်သလို ဖြစ်နေပါတယ် သူတို.ဖြေတာက

အခုငါ.ကို ချစ်လို.ဆိုပြီး လိုက်လျော သလို အရင်ဘယ်လောက်လိုက်လျော ပြီးပြီလဲဆိုတာကြီးက အတွေးထဲဝင်လာပြီး

တာဝန်မယူချင်တော.ပါဘူးတဲ.ဗျာ သူတို.အနေနဲ့ကလည်း အဲလိုအတွေးက ဝင်ချင်စရာကောင်းပါတယ်

တစ်ချို.ဆိုလည်း သူ.ကိုယ်သူတန်ဖိုးမထားတော. ငါတို.ကလည်းတန်ဖိုးမထားချင်ပါဘူးတဲ.

မိန်းကလေးတွေ ကိုယ်.ရည်းစားကို အမြဲကိုယ်.စိ်တ်နဲ.နှိုင်းပြီး မယုံလွယ်ပါနဲ.လို. ပြောချင်ပါတယ် ဆရာလုပ်တာမဟုတ်ပါဘူး အဲလို မယူခင် တူတူနေတာကို လုံးက လက်မခံလို. ပြောတာပါ

မိန်းကလေးဘက်က ချစ်လို. လိုက်လျောတယ်ထားအုံး ကောင်လေးတိုင်းက ချစ်လို. ရယူတာမဟုတ်ပါဘူး

အပျော်ကြံတဲ.သူတွေလည်း တပုံကြီးရှိပါတယ် တကယ်ချစ်လို.ရယူတယ်ပဲထားပါအုံး မယူရသေးခင်

ကံတရားတစ်စုံတရာကြောင်. ကောင်လေး တစ်ခုခုဖြစ်သွားမယ်ဆိုရင်လည်း ကောင်မလေးဘက်ကပဲ နစ်နာလှပါတယ်

ချစ်လို.ဆိုပြီး လိုက်လျောလည်း ကျနော်.အထင်တော. ဘယ်ကောင်လေးမှတော်ပါပြီဆိုပြီး ငြင်းမှာမဟုတ်ပါဘူး

ဘာ.လို.လည်းဆိုတော. ဘယ်ကျားမှ သတ်သတ်လွတ်မစားလို.ပါ ငြင်းတဲ.ယောကျင်္ားလေးတွေရှိရင်လည်း

ကျနော်ဒီနေရာကနေ အရမ်းလေးစား ပါတယ်လို.ပြောချင်ပါတယ်

ဘာပဲဖြစ်ဖြစ် ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပါပဲ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပါပဲ တကယ်တော.

ရလာဒ်ကတူတူပါပဲ မိန်းကလေးဘက်ကပဲ နစ်နာလှပါတယ် ရိုင်းရိုင်းပြောမယ်ဆိုရင် ကျနော်တို. ကောင်လေးတွေ

ဆိုတာကလည်း အလကားနေရင်းတောင် ပိုက်ဆံအကုန်ခံပြီး အများပိုင် ပြည်တန်ဆာ လိုမိန်းကလေးမျိုးတောင်

မကြောက်မရွံ. ဝယ်စားနေကြတာဆိုတော. အခုလို ကိုယ်နဲ.လက်ရှိချစ်ကြိုက်နေတဲ. ကောင်မလေးဆီက အခွင်.ရေး

ရတာဆိုတော.လည်း ဘာပြောကောင်မလဲ မုတ်ဆိတ်ပျားစွဲ လို.မှတ်ယူမိမှာပါပဲ ကျနော်ဒီလိုရေးတာ

ကိုရွာထဲက အစ်ကိုတွေ ညီတွေ စိတ်ဆိုးမယ်ဆိုလည်း ကြိုပြီး တောင်းပန်ပါတယ် ကျနော်သိသလောက် ထင်တာလေးကို

ရေးတာပါ ကျနော်ပြောတာကလည်း ယောကျင်္ားလေးတိုင်းကိုမဟုတ်ပါဘူး  အထူးသဖြင်.ရွာထဲက ရွာသားတွေဆို

ထင်တောင်မထင်ရဲပါဘူး

အဲလိုတွေ ဘောင်ကျော်စည်းကျော်မထိန်းနိုင်အောင် ဖြစ်ရတာကလည်း နှစ်ဦးနှစ်ဖက် လုံးနဲ.ဆိုင်မယ်လို.လည်း

တွေးမိပါတယ် ဒီလိုကိစ္စဆိုတာ ယောကျင်္ားလေးတွေဘက်က  ဦးဆောင်တာပါလို. ပြောလို.လဲရသလို

လက်ခုပ်နှစ်ဖက်တီးမှ မြည်တာပါလို.လည်း ပြန်လည်ချေပလို.လည်း ရပါတယ်

အဲလိုကိစ္စတွေဆို လုံးဝ မျက်မုန်းကျိုးနေလို.လားတော.မသိဘူး တော်တော်ကို ရိုင်းစိုင်းစွာ ရေးမိပြန်ပြီ

သည်းခံပြီးသာ ဖတ်ကြပါဗျာ ကျနော်ထင်တာတော. တော်တော်ရိုင်းနေပြီထင်တယ် အရေးအသားတွေက

တဖြည်းဖြည်းနဲ. တောရွာတွေပါ ဒီမကောင်းတဲ. နေထိုင်မှုကို ကူးစက်နေတာကို တွေ.ရတာတော. တော်တော်ကို

ဝမ်းနည်းဖို.ကောင်းပါတယ် ဒီလို အကျင်.ဆိုးတွေကို အတုမယူပါနဲ.လို.ပြောချင်ပါတယ် အထူးသဖြင်.

ကျနော်တို.လူငယ် ကျားတစ်ချို. ဒီလိုများ အခွင်.ရေးလေးရမိရင် စစ်နိုင်တဲ. အောင်နိုင်သူကြီးတစ်ယောက်လို

သူငယ်ချင်းတွေရှည်.မှာ ဝင်.ကြွားပြောဆိုတာတွေ တွေ.နေရပါတယ် ဒါကလည်း ကိုယ်.စရိုက်ကိုဖော်ပြသလို

ဖြစ်နေလို. မကောင်းတဲ. အတုတွေကို အဲလိုမဖြန်.ဝေပါနဲ.လို.ပြောချင်ပါတယ်

ကျနော်ပြောလိုတာက ကျား တိုင်းကိုမဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ဗျာ

ရွာထဲက အစ်ကို တွေညီတွေကိုလည်း စိတ်အနှောက်ယှက်ဖြစ်မိရင် တောင်းပန်ပါတယ်

ရိုးရာ ကိုထိန်းသိမ်းပါလို. ပြောချင်ပါတယ် သူများနိုင်ငံကို အတုယူတာက ကောင်းတာယူပါ မကောင်းတာတွေကို

မသင်ပါနဲ.လို.ပြောချင်ပါတယ်

တစ်ချိုု.ရှေးထုံးတွေက ပယ်လို.ရပေမဲ. တစ်ချိုု.က လုံးဝ ပယ်လို.မရပါဘူး

ရှေးထုံးလည်း မပယ်နဲ. ဈေးသုံးလည်း မကြွယ်နဲ.လို. ဆိုရိုးတောင် ရှိနေတာပဲဗျာ

အခုဟာက ရှေးထုံးလည်းပယ် ဈေးသုံးလည်းအရမ်းကိုကြွယ်သလို ဖြစ်နေလို. မနေနိုင်မထိုင်နိုင် ဝင်ရေးလိုက်တာပါ

 

 

10 comments

  • alinsett

    September 2, 2011 at 7:28 pm

    အင်မတန်ရေးသင့်ပါတယ် ။
    မြန်မာ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ ့ တခြားနိုင်ငံတွေ ထက် ယဉ်ကျေးမှု ကို ပို တန်ဖို ့ထားသင့်ပါလျက်နဲ.့
    အခုတလော မြင်နေရတာတွေက သိပ်မဟုတ်တော့ပါဘူး။

    ဘာကို တန်ဖိုး ့ထားရမယ် ။ ဘာကို တန်ဖို ့းမထားရဘူးဆိုတာ ခွဲခြားသိ ဖို ့က အရေးကြီးပါတယ် ။
    လူငယ်လေးတွေ….အခု မြင်နေရသမျှ တော်တော်များများမရှက်မကြောက် နေထိုင်မှု တွေ တွေ ့နေပါတယ်
    မဖြစ်သင့်ပါဘူး။

    လူငယ်ဆိုတာ တိုင်းပြည်ရဲ ့ အနာဂတ်ပါ ။ လူငယ်တွေ…အပျက်ဘက်ကိုရောက်နေရင် တိုင်းပြည်ရဲ ့အနာဂတ်အရေးက မလှပ နိုင်ပါဘူး။ .

  • water-melon

    September 2, 2011 at 8:40 pm

    ကျနော်တို့ ရတနာပုံတက္ကသိုဟ် မှာလည်း ဒီအတိုင်းပါဘဲ။မိန်းကလေးတွေကလည်း ကဲကြတယ်။ကျောင်းမှာက တကယ်ယူမဲ့ ကောင်တွေကို လက်ချိုးရေ လို့ရတယ်။ မိန်းကလေးတွေကလည်း မိန်းကလေးတွေဘဲ တကယ်ချစ်လို့ ပေးတာလား ဘာလို့မှန်းလဲ မသိတော့ပါဘူး။ ခုခေတ်က မိန်းကလေးတွေက အစ ပျက်နေကြတာ။ ဟိုတလောက ပထမနှစ် ညီလေး တစ်ယောက်ကို သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်က အဖြူ( ဘိန်း )ကို ကျောင်းထဲမှာ လုပ်ကြတာ မထနိုင်လို့ သွားခေါ်ပေးရသေးတယ်။ ခေတ်ကြီးက ပျက်ပါပြီဗျာ။ း(

  • mandalarthu

    September 2, 2011 at 10:52 pm

    This post is good for Myanmar young girls to read and think for their value.
    Myanmar girls should value themselves in any situation and at any time as they are Myanmars .Keeping their dignity is Myanmar’s tradition and culture .It is a special distinction of our Myanmar people and our pride.
    They should keep themselves before their marriage.If they value themselves,people will value them.But,there may be different opinions among different Myanmar people,in fact,
    it depends on individual’s morality and integrity.

  • တာနော

    September 2, 2011 at 11:24 pm

    စူးပေါ်ဖက်ကျလည်းဖက်ပေါက်တယ်၊ ဖက်ပေါ်စူးကျလည်းဖက်ပေါက်တယ်၊
    တစ်ခါတစ်လေ ဖက်ပေါ်စူးကျလို့ စူးကောက်သွားတဲ့ အဖြစ်မျိုးလဲရှိတယ်ဆိုရင် ယုံမှာလား…။ 🙄

    • mr.lone

      September 3, 2011 at 9:57 am

      အဲဒါဆိုရင်တော့ တော်တော်အသုံးမကျတဲ့စူးပဲဖြစ်မှာ ။စူးပျော့ပဲဖြစ်မှာ ….

  • cobra

    September 2, 2011 at 11:43 pm

    ကိုတာနောရေ….
    ယုံတယ်ဗျ…။

  • ရွှေဘိုသား

    September 3, 2011 at 9:30 am

    မနေ.က တင်ပြီး သွားစရာ ကိစ္စလေး တစ်ခုပေါ်လာလို. စာလုံးပေါင်းတွေ ပြန်မစစ်မိဘူးဗျာ
    တစ်ချို.စာလုံးပေါင်းတွေ မှားနေတယ် ပြင်ဆင်ဖတ်ရှုပေးကြပါလို. တောင်းပန်ချင်ပါတယ်

    ဖက်ပေါ်ဆူးကျလို. ဆူးကျိုးတာလည်း ရှိပါတယ် အများစုကတော. ဖက်ပဲပေါက်တာပါပဲ

  • မီးမီး သော်

    September 3, 2011 at 3:54 pm

    ကြံကြံဖန်ဖန်။ရှိတော့လဲရှိမယ် ရှားပါလိမ့်မယ်နော်။ရွာထဲကရွာသားတွေမပါဆိုရင်တော့ ကိုအောင်ပုကြီးက လိင်တူချစ်သူနော်။ရွှေဘိုသားရေ. သတိ သတိ ဟိ ဟိ

  • monmon

    September 4, 2011 at 4:23 pm

    အင်း…ဒါကလည်း အမျိုးမျိုးပါပဲ..
    အများစုကတော့ မိန်းကလေးတွေဘက်က နစ်နာတာပေါ့နော်..
    အပျိုစင်ဆိုတဲ့ ဂုဏ်ဒြပ်က မိန်းကလေးတစ်ယောက်အတွက် အရမ်းကို အရေးကြီးပါတယ်…
    လိုက်လျောပြီးမှ ယောက်ျားလေးဘက်က တကယ်ယူတယ်ထားဦး… တစ်ချိန်ချိန်မှာ စိတ်အခန့်မသင့်ဖြစ်ကြရင် သူ့ဘက်က နိုင်ကွက်အနေနဲ့ ပြန်ပြောနိုင်ပါတယ်…

    ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း အမိဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ ကြားနေရတယ်…
    စစ်ကျောင်းသား သူငယ်ချင်းတွေ ရှိပါတယ်… တစ်ချို့ဆို ကျောင်းမပြီးသေးဘူး.. လက်မှတ်ထိုးထားရတယ်တို့..လျော်ကြေးပေးလိုက်ရတယ်တို့…

    ်လည်တဲ့သူက လည်သလို လုပ်ကြတာပေါ့… နားတော့ မလည်တော့ပါဘူး… ခေတ်ကြီးကိုလည်း…

  • shwemanthar

    September 4, 2011 at 5:01 pm

    မိန်းကလေးတွေ စဉ်းစားပေါ့ဗျာ
    ဘယ်ကျားမှတော. သတ်သတ်လွတ်မစားပါဘူး
    ဒါပေမဲ့
    လက်ထပ်ရင်တော. အပျိုစင်ကိုပဲရွေးချယ်တတ်ကြပါတယ်။

Leave a Reply