အိမ်ခြံမြေအဝယ်မမှားရလေအောင်

k T NSeptember 2, 20111min931

2 ယောက်မြောက်အုံနာဖြစ်ခဲ့သူဘက်မှ ဦးကြီးတစ်ယောက်နဲ့ရှေ့နေတစ်ယောက် ကျနော့်ဇနီးကို ပြောသွားတယ်တဲ့။ ဒီအိမ်က အမှုဖြစ်နေတာလို့။
အရပ်စာချုပ်နဲ့ အိမ်အရောင်းအဝယ်ပိုင်ဆိုင်မှုအရ မူရင်းပိုင်ရှင်ကနေ မဖြူ(အမည်လွှဲ)ကိုရောင်း၊ သူမမှ တဆင့် သူ့ဦးလေးဆီကိုရောင်း၊ သူ့ဆီကနေ
ကျနော်က ဝယ်တာပေါ့ဗျာ။

ကျနော်ကလဲ ငါက ဘာအမှားတစ်ခုမှလဲ ကျူးလွန်ထားခြင်းမရှိဘူး၊ အစဉ်အဆက်ရောင်းချတဲ့ စာရွက်စာတမ်းအထောက်အထားအားလုံးလဲ ငါ့လက်ထဲမှာ အပြည့်အစုံရှိတယ်ဆိုပြီး ဘာသိဘာသာပဲနေလိုက်တာပေါ့။
2ယောက်မြောက်အုံနာက ရပ်ကွက်ရုံးမှတဆင့် ဆင့်ခေါ်ပြီး အမှုကိစ္စဖြေရှင်းခိုင်းပါလေရော။ သူတို့လင်မယား2ယောက် လက်ထက်ပွားပစ္စည်း
ဖြစ်နေသည့်အတွက် သူလဲပိုင်ဆိုင်ကြောင်း။ အရှေ့ပိုင်းခရိုင်တရားရုံး၏ အမိန့်စာကြီးနဲ့ဗျာ။

တရားရုံးအမိန့်စာမှာ = ဒေါ်ဖြူ(အမည်လွဲ)မှ ဦးမဲ(အမည်လွဲ)သို့ အိမ်ခြံမြေ၏ထက်ဝက်ကိုလည်းကောင်း၊ အိမ်ခြံမြေတန်ဘိုး၏ထက်ဝက်ကိုလည်း
ကောင်း ပေးစေ လို့ ချထားတယ်ဗျ။

ဟ ခင်ဗျားတို့ဟာလဲ ခင်ဗျားမိန်းမကရောင်းသွားပြီဆိုတော့ သူဆီမှာ သွားတောင်းသင့်တာပေါ့၊
ကျနော်နဲ့က ဘာဆိုင်လို့လဲလို့ဆိုပြီး ဖြေရှင်းတာပေါ့ဗျာ။ သူတို့ဘက်ကတော့ မလျှော့ပါ ၊ မြို့နယ်တရားရုံးသို့ တရားလိုအနေနဲ့ အမှုဖွင့်လေပြီ။

သူ့မိန်းမက တရားရှုံး ၊ ကျနော်လဲ တရားရှုံးတဲ့။ ဘာဖြစ်မှန်းကို မသိတော့ဘူးဗျာ —
ခေါင်းတွေလဲ ထူပူ၊ ကျနော့်မိန်းမဆို မျက်ရည်နဲ့မျက်ခွက်ဗျာ ။ ဘယ်တတ်နိုင်တော့မလဲဗျာ ၊ လာမဲ့ဘေး ပြေးတွေ့ပေါ့ဗျာ။
ကျနော်ကလဲ ဝန်ထမ်းဆိုတော့ အလုပ်အများကြီးပျက်ရင် မကောင်းဘူးလေ။ နောက်ဆုံးတော့
ရှေ့နေ ငှားလိုက်တာပေါ့ဗျာ။
ရှေ့နေကြီးရေ အမှုအခြေအနေ ဘယ်လိုဖြစ်နိုင်ပါလဲဗျာ ၊ ရှေ့အလားအလာ သိချင်တာကိုး။
ရှေ့နေကြီးကတော့ – ငါ့တူ အေးဆေးပါပဲလို့ ပြောတယ်။ သူကတော့ အေးဆေး။ ကျနော့်မှာတော့ မီးခဲကို ခေါင်းပေါ်ရွက်ထားရသလို ပူလွန်းလို့
ထိုင်ရမလို ထရမလိုဖြစ်နေတာပေါ့။ စဉ်းစား စဉ်းစား ——–
အမှုကိုင်တရားသူကြီး ဘယ်သူလဲ ၊ ဘယ်မှာနေတာလဲ ။ ။။။ စုံစမ်း — ငွေ လမ်းခင်းရတာပေါ့ဗျာ။
သိပြီ ၊ ရှေ့နေကြီးရဲ့ နာမည် လိပ်စာ ။ သူအိမ်ထိ လိုက်တာပေါ့ ။ ကန်တော့ရသေးတယ်နော်
တရားသူကြီးရဲ့စကားကိုကြားလိုက်ရတော့ နှလုံးခုန်ရပ်မတတ်၊ ခံစားသွားပြီ ၊
သေတော့
ငါ့ညီ မင်းတို့အချင်းချင်း ပြေလည်အောင်သာ ညှိလိုက်ပါကွာတဲ့—–။
တရားရုံးကိုလဲ သွားချင်စိတ်မရှိတော့ပါ။
ကျနော်တို့အချင်းချင်း ပြေလည်မှုမရမချင်း တရားသူကြီးမှ စီရင်ချက်မချပါ။
ပြေလည်သွားပြီ — ။ တန်ဘိုးငွေ ထက်ဝက်ကို ကျနော်ကပဲ စိုက် ပေးလျော်လိုက်ရပါကြောင်း

ကျနော်မှ အဆင့်ဆင့် အမှုမဖွင့်လိုတော့ပါ။
နောက်ဆုံးသိရှိရသည်ကား သူတို့ဘက်ကား ကျနော့်တို့ လမ်းလူကြီးနဲ့ပေါင်းပြီး ကျနော်ဟာ ဒီအိမ်လိပ်စာတွင်နေထိုင်မှု မရှိကြောင်း ထောက်ခံချက်
ရေးပေးလိုက်ပါတယ်။ ခရိုင်တရားရုံးကလဲ ဒါဆိုရင် သူ့မိန်းမပဲနေတာပေါ့ဆိုတော့ ၊ အထက်ပါအတိုင်းပဲ အမိန့်ချလိုက်ပါတယ်ဗျာ

အမှားဘေးမှ ကင်းဝေးကြပါစေဗျာ။

One comment

  • Ko Ko Aung

    September 2, 2011 at 11:10 pm

    ဒီအမှုမျိုးမှာ လက်ရှိဥပဒေကြောင်းအရ KMN ကပဲရှုံးမှာပါ။
    အဲသည်လိပ်စာမှာနေခြင်း မနေခြင်းက အဓိကမဟုတ်ပဲ – လက်ထက်ပွားပစ္စည်းကို ခွဲဝေမပြီးမီ ဝယ်မိလို့ ပါ။
    ဥပမာ – ခိုးရာပါပစ္စည်းဝယ်မိသူဟာ ခိုးမှု့ပေါ်ပေါက်ပြီးတဲ့အခါ ပစ္စည်းသိမ်းခံရသလိုမျိုး ဆုံးရှုံးတာပါ။
    (အဲဒီလုပ်ထုံးလုပ်နည်း ဘယ်လောက်တောင် မတရားလိုက်သလဲဆိုတာ – ခွေးတောင်သိတယ်။)

    ကျွန်တော်တို့ နိုင်ငံရဲ့ဥပဒေဟာ တရားမျှတမှု့ အလွန်နည်းပါးပြီး ယိုပေါက်ဟာပေါက်တွေလဲ အလွန်ကိုများပါတယ်။
    ဥပဒေရဲ့ concept ဥပဒေရဲ့ ခံယူချက်ကိုက မှားလဲမှား ညံ့လဲညံ့ဖျင်း လှပါတယ်။ ဥပမာ- သူများဆီမှာ တစုံတယောက်ကို အပြစ်ရှိကြောင်း စွပ်စွဲချင်ရင် စွပ်စွဲသူ(ရဲအရာရှိ-စသည်)က စွပ်စွဲခံရသူမှာအပြစ်ရှိကြောင်း သက်သေပြဘို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ တစုံတယောက်ကို အပြစ်ရှိကြောင်းစွပ်စွဲချင်ရင် မျက်စိမှိတ်စွပ်စွဲလို့ရပြီး အစွပ်စွဲခံရသူကသာ သူအပြစ်မရှိကြောင်း သက်သေပြဘို့ အလကားနေရင်း တာဝန်ရှိနေပါတယ်။ ဘယ်လောက်စုတ်ပြတ်လိုက်တဲ့ ဥပဒေအမြင်လဲဆိုတာ ကြည့်ပါတော့။

    ဒါကိုသိသိကြီးနဲ့ ဒီအတိုင်းဆက်သွားနေတာ ကြာလှပါပြီ။

    ရှေ့နေချုပ်တွေ တရားသူကြီးချုပ်တွေ အခြားဥပဒေပြုရေးနဲ့ ဥပဒေနယ်ပယ်က ဩဇာရှိသူတွေ ခေတ်အဆက်ဆက် ဘာလုပ်နေခဲ့ကြသလဲ လို့တောင် စဉ်းစားမိပါတယ်။

Leave a Reply