စပ်မိစပ်ရာ…ပြောချင်တာ။။။

စပ်မိစပ်ရာ…ပြောချင်တာ။။။
ဟိုတုန်းကတော့ ကျုပ်တို့တတွေ သိပ်ပူတဲ့နွေအခါမှာ ယပ်တောင်လေးခပ်နေလိုက်တာပဲဗျ သူကလက်ညောင်းတာလေး
တစ်ခုပဲရှိတာလေ ကျမ္မာရေးနဲ့လဲညီညွတ်  လက်မောင်းလည်းကြီးပေါ့ နှောက်ပိုင်းတော့ မျက်နှာကြပ် မှာတပ်တဲ့ပန်ကာ
တွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာပဲ  အဲဒီတုံးက လူကြီးတွေပြောတာမှတ်မိသေးတယ် ကျုပ်တို့က ကျောင်းသား
ပေါက်စလေးတွေလေ  ဘာတဲ့ မင်းတို့စာကြိုးစားကြတဲ့ မင်းတို့ပန်ကာအောက်မှာထိုင်ပြီး အေးအေးသက်သာ အလုပ်လုပ်
နိုင်အောင် ကြိုးစားခိုင်းနေတာဆိုပဲ ကျုပ်ကတော့ အဲဒီကတည်း ရယ်ချင်လိုက်တာ ပညာတွေ တတ်မှပဲ ပန်ကာအောက်
နေနိုင်မှာကျနေတာပဲ ပန်ကာအောက်နေချင်ရင် ကိုဘာသာဝယ်တပ်လိုက်လဲရတာပဲဗျ ဒါပေမယ် အဲဒီခေတ်အခါက
ရပ်ကွက်ထဲပိုက်ဆံ အတန်ငယ်ရှိတဲ့လူတွေတောင် အိမ်တွေမှာဝယ်တပ်ကြတာ  နည်းတယ်ဗျ ခေတ်အမြင်လည်း နည်းပါး
ကျတာကိုး ကိုယ်နည်းကိုယ်ဟန်နဲ့  အသုဘနှီးယပ်တောင်လေးတွေ  စုဆောင်းထားတတ်ကြတာ ပဲလေ ဒီယပ်တောင်
လေးတွေကလဲ စက္ကူနဲ့လုပ်ထားတာများလေတော့  နွေအခါကြာကြာခပ်ရင်း လက်ကိုင်းအရင်းက ပြဲသွားတတ်တာကလား
ဒါပေမယ့် သူကို နောက်တစ်မျိုး သုံးချလို့ရသေးတယ်လေ လက်ကိုင်ရိုးလေးကို ဓါးနဲ့ခွဲ အရွက်ဖက်က နှီးကိုင်းလေးတွေ
ကိုအနေတော်ချိုး ရေနံဆီနဲ့စိမ် ပြီး မီးမွှေးလို့ရသေးတယ်လေ …
ဒါလေးလဲ တစ်ချိန်ကအသုံဝင်ခဲ့တာပဲလေ..။။။
အရင်တုန်းကတော့ ဒီလို“လေ”  ရတဲ့ ပစ္စည်းကတော့ ယပ်တောင်နဲ့  ပန်ကာပဲရှိတာဗျ ပန်ကာတောင် ရန်ကုန်မြို့ရဲ့ ရုပ်ရှင်ရုံ
နဲ့ အစိုးရ ရုံးဌာနတွေမှာသာတပ်ဆင်ကြတာ ကလားဗျ အစိုးရရုံးမှာတောင် အတန်ငယ်ရာထူးကြီးတဲ့ သူများသာ ပန်ကာတပ်
ဆင်ထားတဲ့ နေရာမှာအလုပ်လုပ်ကြရတာလေ  အဲဒီလိုပန်ကာအောက်မှာလုပ်နိုင်ဘို့ ပညာအရည်အချင်းနဲ့ ဘွဲတစ်ခု ရထားဖို့
တော့လိုအပ်တာပေါ့  ဒီလိုဘွဲ့ရတာတောင် ပလာစတာကရှိအုံးမှ “အကပ်ကောင်းမှလေ” ရုံးစာရေး တစ်နေရာအတွက် လူငါးရာ
လောက်ဝိုင်းအုံလျှောက်ထားတတ်ကြတာ အဲဒီတုံးက အစိုးရအလုပ်တွေမှာ ဘွဲရလူငယ်တွေ စုပြုံတိုးဝှေပြီး ခက်ခက်ခဲခဲ
အလုပ်တစ်ခုရဘို့ ကျိုးစားခဲ့ကြရတာပဲလေ ဒီခေတ်လို တံခါးဖွင့်စီးပွားရေးလည်းမဟုတ်တော့ ကုမ္မဏီ /အလုပ်ရုံစက်ရုံ တွေက
လဲအရှားသားလား….။။။
နောက်တစ်ခုရှိသေးတယ်ဗျ  အခုခေတ် ပေါ်တဲ့ ခြင်ကိုက်ရင်လိုက်ရမ်းပြီးသတ်ရတဲ့
ခြင်ရိုက်တံ တွေလည်းရှိတာမဟုတ်ဘူးဗျ ဝါးရိုးကို ထိပ်တွေဖွာနေအောင်လုပ်ပြီး  အဲဒီ အဖျားမှာ ဖွာထားတဲ့ ဝါးကို
လှအောင်ဆေးသုတ်ပြီး ဘုရာပွဲဈေးတွေမှာ အဲဒီခေတ် ခြင်ရိုက်တံအဖြစ်ရောင်းချတာလဲရှိခဲ့တာပဲလေ…ဒီနေရာမှာ
ခြင်းသတ်ဘို့ ယပ်တောင်ကလဲ အသုံးဝင်တာပါပဲ ကျုပ်အမေဆို ညည သမဆိုင်ကပေးတဲ့ ဇာခြင်ထောင်ထဲ ကျုပ်တို့
အိပ်နေတုန်း ခြင် ကိုက်မှာစိုးလို့ တစ်ရေးနိုး ယပ်တောင်တစ်ချောင်းနဲ့ ထထ ယပ်ပေးတတ်တာပဲလေ …အဲဒီလိုမှ
မဟုတ်ရင်တော့ ကရင်ပီသတဲ့ ကျုပ်အဖေရဲ့ ခြင်နှိမ်နှင်းနည်းနောက် တစ်နည်းနဲ့ လုပ်တော့တာပဲဗျို့ အဲဒီနည်းကို
အရင်တုန်းက ကျမ္မာရေးအတွက်မကောင်းမှန်မသိခဲ့ဘူးလေ သူ့နည်းကတော့ အိမ်အောက်မှာ မီးခဲတွေနဲ့မီးဖိုပြီး
ဆနွင်းတက်တွေ မီးခိုးထွက်မယ့် အုန်ဆံဖတ်အစိုတွေနဲ့ မီးခိုးမှိုင်းတိုက်တော့တာပဲဗျို့ ဒီနည်းကြီးကတော့မဟန်ပါဘူးဗျာ
တစ်အိမ်လုံးကလူတွေမနေရဘူး အကုန်အောက်ဆင်းနေရတော့တာပဲ အိမ်တစ်ခုလုံး အဝတ်အစားတွေပါမကျန် အကုန်
မီခိုးစော်တွေနံလို့ ကိုယ့်အိမ်တင်လားဆိုတော့ မဟုတ်ဘူးလေ ဘေးအိမ်တွေကပါမနေနိုင်အောင် မီးခိုးမွှန်တော့တာပဲ
ကျုပ်ကမလုပ်ဘို့တားတော့ “ဟေ့ကောင် ရွာမှာဆိုဒီတိုင်းနွားမီးထည့်ထားရင်နွားတွေ ခြင်မကိုက်တော့ဘူးကွ”လို့
ပြောတတ်တာပဲလေဘယ်တတ်နိုင်ပါ့မလဲ သူကအဖေကိုးဗျ ….
မကြိုက်လဲ အသာကြည့်နေရတော့တာ..။။။။
အုန်းဆံဖတ်ဆိုလို့ မြန်မာတွေဟာ တော်တော် တော့ တီထွင်ဉာဏ်ရှိသားဗျ  အရင်ခေတ်က မီးခြစ်တွေက အခုခေတ်လို
ဂက်စ် မီးခြစ်တွေ ဘာတွေလဲရှိတာမဟုတ်တော့ အရင်မီးခြစ်စက်ရုံကထုတ်တဲ့ သစ်သားယမ်းမီးခြစ်လေး တွေသုံးရတာ
အဲဒီမီးခြစ်တွေကလဲ မဟန်ပါဘူးဗျာ ရေစိုလို့များကတော့ သုံးမရတော့ဘူးလေ နောက်တစ်ခုရှိသေးတယ်ဗျ ဓါတ်ဆီ
မီးခြစ်တွေပေါ့  အဲဒီမီးခြစ်တွေက  အတော်တော့ဟန်ပါတယ်လေ တစ်ခါတစ်ခါ မီးစာလဲရတာနဲ့ ကျောက်ထည့်ပေးရတာက
လွဲရင်ပေါ့ ဒါပေမယ် ကျောက်မကောင်းတာထည့်မိလို့ကတော့ လက် အရေခွံလန်အောင်ခြစ်တာတောင် မီးမတောက်တတ်ဘူး
လေ ဒါတွေကို အလွယ်တကူဖြေရှင်းလိုက်တာကတော့ အုန်ဆံကြိုးခွေပါပဲ  ကွမ်းယာဆိုင်တွေမှာ တစ်ချိန်က အထင်ကရပေါ့
ကွမ်းယာဆိုင်မှန်ရင် အုန်းဆံကြိုးခွေမီးတို့ ထားတာလေးရှိမှ အဆင်ပြေတာပဲလေ ပြောရမယ်ဆိုရင် အုန်းဆံကြိုးခွေကို
မီးညှိဘို လုပ်ထားတဲခေတ်ထဲက ကွမ်းယာဆိုင်ဆိုတဲ့  ဆိုင်လေးတွေရှိခဲ့တာပဲလေ..။။။
ဒီကွမ်းယာဆိုတဲ့ဟာက စားမယ့်သာစားနေကြတာ  တစ်ခုနဲ့တစ်ခုအဆက်အစပ် မရှိတဲ့ဟာတွေကိုရောထည့်ပြီး ဒီလိုပဲ
ဝါးနေကြတာဗျ  ဘာအရသာရှိလဲတော့ မမေးနဲ့ဗျို ဘာအရသာမှကိုမရှိတာ အရည်မရအဖတ်မရ ဆိုတာဒါမျိုးပေါ့ ဗျာ
မြေကြီးထဲက ထွက်တဲ့ ထုံးရယ် နွယ်ပင်တစ်မျိုးကရတဲ့အရွက်ရယ်  ထန်းပင်အနွယ်ဝင် အပင်တစ်မျိုးကရတဲ့ အသီးရယ်
နောက်ပြီးဆေးရွက်ကြီးရယ် ရောပြီးဝါးတာပဲဗျို့ ထုံးက လဲ အသားအရေကိုပေါက်ပြဲ အနာဖြစ်စေတတ်တဲ့ ကယ်လစီယမ်
တစ်မျိုးဗျ ကွမ်းရွက်ကတောပ ဒီတိုင်းဝါးစားရင် စပ်ရှားရှားကြီးလေ ကွမ်းသီးကတော့ တော်တော်ဖန်ပါတယ် ပါးစပ်ထဲ
ဖွာစုပ်စုပ် ဖန်တန်တန်ကြီးရယ် ဆေးရွက်ကြီးကတော့ အတော်ခါးသားကလား အောင်မယ် ဒါလေးတွေအချိုးကျပေါင်းလိုက်
တော့ လဲ အတော်တော့ဝါးကောင်းသားပဲဗျ ဒုက္ခအပေးဆုံးကတော့ သူ့ကိုဝါးရင်ထွက်လာလို့ ထွေးထုတ်ရတဲ့ကွမ်းသွေးပဲဗျ
ဒါကြီးက တော့မဟန်ဘူးလေ ကွမ်းစားရင်းကွမ်းထွေး ရတာ ဘာမှန်သာမသိတာ အတော် တော့ကောင်းသား အဲ..ဒါပေမယ့်
ကွမ်းသွေးတွေအကျီင်္ပေါ် စွန်းကုန်ရင်တော့ ချွတ်ဘို့မလွယ်ဘူးဗျို့ တစ်ခါတစ်ခါကွမ်းသီးရင် ခံစားရတဲ့ ဒုက္ခကလဲ မလွယ်ဘူး
လေ ..ကွမ်းစားရင်းကွမ်းမူးလို့ကတော့ ဇောချွေးတွေပြန်ပြီး အိမ်သာတက်ချင်သလိုလို ရင်တွေ တလှပ်လှပ်နဲ့ မတ်တတ်တောင်ရပ်
လို့မရတော့တာပဲလေ မြန်မာပြည်ရဲအလှအပကိုဖျက်စီးနေကြသူများထဲမှာလဲ ကွမ်းစားတဲ့သူတွေကို စာရင်းတင်ထားရမယ်ဗျ
သူတို့က နေရာတကာ ထွေးချင်ရာထွေး ပေချင်ရာ  တဗျစ်ဗျစ် လုပ်တတ်ကြလွန်းလို့…။။။။
ရေးရင်းရေးရင်းနဲ့ အရည်မရအဖတ်မရတွေ တော့များကုန်ပြီဗျာ ဒါပေမယ်ရေးထားပြီးသားကြီး ဖတ်ချင်ဖတ် မဖတ်ချင်နေ
စပ်မိစပ်ရာ ဘာညာ တွေ တွေးမိသမျှ ရေးချလိုက်တာပဲ …ကြိုက်ကြိုက် မကြိုက်ကြိုက် ခပ်မိုက်မိုက် တင်လိုက်တယ်ဗျို့..။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

4 comments

  • naywoonni

    September 2, 2011 at 10:12 pm

    အရည်မရ အဖတ်မရ ဆိုပေမဲ့ ကွမ်းစားရင် သွားရဲ သတဲ့ ဗျ……။ ကျွန်တော့ သွားတွေရဲနေတာ ကွမ်းမစားတာ 15 နှစ်လောက်ရှိပေမဲ့ မပျေက်သေးပါကြောင်းးးးးးးးးး

  • တာနော

    September 2, 2011 at 10:37 pm

    အရည်မရ အဖတ်မရဆို တာလဲ အမှန်ပါ ..၊ ကွမ်းစားတဲ့သူတွေ က စည်းကမ်းမရှိဆုံးပဲဗျ….၊
    ကွမ်းတစ်ပလုတ် ကြီးနဲ့ ကြုံတဲ့နေရာ တစ်ပျစ်ပျစ် ထွေးကြတော့တာပါပဲ…၊ ကျနော် ငတာနောလဲပါသဗျ…။

  • မီးမီး သော်

    September 3, 2011 at 3:49 pm

    ဘီလူးကြီးရဲ ့စပ်မိစပ်ရာတွေကြောင့်ခြင်ကိုက်ရင် နနွင်းတက်မီးဖိုသုံးကြည့်ရမယ်။ပတ်ဝန်းကျင်ကိုဒုက္ခပေးမလို ့။ဟိ ဟိ။

  • MaMa

    September 3, 2011 at 5:45 pm

    ဒီပိုစ့်နဲ့နွယ်ပြီး ကွမ်းစားသူ တိုက်ဖျက်ရေးကို အားပေးရမယ်။ ခုခေတ်မှာ ဆေးလိပ်မသောက်ရဆိုပြီး တားမြစ်ဧရိယာတွေ ရှိပေမယ့် ကွမ်းစားသူတွေအတွက်ကျတော့ အဲဒီနည်းကို သုံးလို့ မရနိုင်ဘူး။ တချိန်လုံး ကွမ်းစားပြီး ထွေးချင်ရထွေးကြလို့ အများတကာမြင်ကွင်းမှာ ညစ်ပတ်ပေရေနေတာတွေကို ဘယ်လို တိုက်ဖျက်ရမှန်း မသိဘူး။
    ကိုယ့်သဘောအတိုင်းသာဆိုရင် ကွမ်းစားသူတွေကို ကွမ်းသွေးထွေးဖို့ ကိုယ့်နဲ့မကွာ ဗူးခွံဖြစ်ဖြစ်၊ ပလပ်စတိတ်အိပ် ဖြစ်ဖြစ် ဆောင်ထားစေချင်တယ်။ အဲလို မဆောင်ထားရင် အရေးယူဖို့ ဥပဒေ ပြဌာန်းသင့်တယ်။
    အဲဒါကို လွှတ်တော်မှာ တင်ပြဖို့ သဘောတူရင် ထောက်ခံပေးကြပါ ဗျို့………………….
    :p

Leave a Reply