HIV / AIDSနဲ ့မြွေဟောက်တစ်ကောင်ရဲ ့ပက်သတ်မှု

cobraSeptember 2, 20111min20115

ကျွန်တော်ဒီပိုစ့်ကိုတင်တာကတော့ အဖော်စောင်ထားစို့ နဲ ့ပက်သတ်ပြီး

ဘာလို့ဒီလိုပိုစ့်တွေတင်နေရတာလည်းဆိုတာနားမလည်ပဲထင်ကြေးနဲ ့ကျွန်တော့်မိဘကိုပါပုတ်ခတ်

ပြီးပြောတဲ့သူကြောင့်ပါ။

ကျွန်တော့်မှာအကိုဝမ်းခွဲတစ်ယောက်ရှိခဲ့တယ်…အရမ်းလည်းချစ်တယ်အကိုအရင်းထက်တောင်ချစ်တယ်။

သူ့နာမည်က ရဲမြတ်ခိုင် ကျွန်တော်ကတော့ အကိုကြီးကိုရဲလို့ခေါ်တယ်။

ကျွန်တော့်နဲ့ဆို၁ရနှစ်လောက်ကွာတယ်…သူလည်းကျွန်တော့်ကိုအရမ်းချစ်တယ်။

သူ့ပုံစံကအရပ်က၆ပေကျော်တယ်….ဗလတောင့်တယ်..မျက်လုံးအကြည့်ကစူးတယ်။

တော်ရုံတန်ရုံမိန်းမလောက်ကတော့မျက်လုံးနဲ့တောင်ကြွေတယ်။

စော်လည်းအရမ်းကြည်တယ်…အဲဒါကြောင့်လည်းသေခဲ့ရတာပေါ့။

သူအမြဲပြောတဲ့စကားကိုမှတ်မိသေးတယ်…..

မင်းအမေမွေးထားတာယောက်ျားလေးတဲ့

မူးယစ်ဆေးဝါးကလွဲရင်ကျန်တာမလုပ်ဖူးတာမရှိစေနဲ ့ ဒါပေမယ့်

အလွန်အကျွံမဖြစ်စေနဲ့တဲ ့။

သူပြောတဲ့စကားကိုအရမ်းကြိုက်တယ်

အခုထိလည်းလိုက်နာနေတုန်းပါပဲ။

ကျွန်တော်ကိုမကောင်းတာတွေမလုပ်ဖို့လည်းအမြဲဆုံးမတယ်။

ကလေးတုန်းကဆိုသူပဲကျွန်တော့်ကိုထိန်းခဲ့တာလေ။သူ့လက်ပေါ်မှာကြီးခဲ့တာပေါ့။

ကျွန်တော့်ကိုအဖေရိုက်ရင်လည်းသူပဲအမြဲခံပေးနေကျ။

KTV ဆိုတာလည်းကျွန်တော်၉တန်းလောက်မှာသူခေါ်သွားဖူးတယ်။

မင်းတစ်ခေါက်ရောက်ပြီးပြီနောက်မသွားနဲ့တော့တဲ့။

ကျွန်တော်သွားတာသိသွားတော့ကျွန်တော့်ကိုထိုးပါလေရော….။

နေရာတော်တော်များများလည်းခေါ်သွားဖူးတယ်။သူ့ကြောင့်လည်းလိုင်းစုံခဲ့တယ်။

တစ်ခုမှတော့မဆွဲခဲ့ဘူး။မူးယစ်ဆေးဝါးတော့မသုံးခိုင်းဘူး။သူကိုယ်တိုင်လည်းမသုံးဘူး။

လိင်ကိစ္စကျတော့မင်းငယ်သေးတယ်မင်းကိုမခေါ်သွားဘူးတဲ့။သူတစ်ယောက်တည်းသွားတယ်။

မာဆွတ်လို့ခေါ်တဲ့အပြီးပေါက်တွေပေါ့။သူအဲဒီမှာစပြီးရောဂါပါလာတယ်။

HIV/AIDS တဲ့ သူဖြစ်နေတဲ့အချိန်မှာကျွန်တော့်ကိုအရင်ပြောပြတယ်။

သူဆုံးသွားတော့ အသက်က၃၃နှစ်ပဲရှိသေးတယ်။

ငယ်သေးတယ်လို့ပြောရမှာပေါ့။ဒီရောဂါနဲ ့သေတယ်ဆိုရင်ထုံးစံအတိုင်းပေါ့

ပတ်ဝန်းကျင်…စောက်သုံးမကျတဲ့ပတ်ဝန်းကျင်ကကဲ့ရဲ ့ကြတယ်။

ကျွန်တော်တို့လမ်းထဲမှာကအမျိုးတွေများတယ်။

သူ ့တိုက်ကကျွန်တော်တို့အိမ်ရဲ ့မျက်စောင်းထိုးမှာရှိတယ်။ဝရံတာထွက်ပြီးဂစ်တာတီးတာခုထိမျက်လုံးထဲမြင်နေတုန်းပဲ။

ဒီလောက်ပဲပြောပြတော့မယ်ဗျာ….. 🙁

ကျွန်တောအရမ်းချစ်တဲ့အကိုတစ်ယောက်ဒီလိုရောဂါနဲ ့သေသွားရတယ်ဝမ်းနည်းလို့မှ

မဆုံးသေးဘူး ဘေးပတ်ဝတ်းကျင်ကအပြောတွေခံရတယ်…

ဒီလိုဆိုးဝါးတဲ့ခံစားချက်မျိုးကိုခံစားဘူးတဲ့သူပဲသိမှာပါ။

ကိုယ်ချင်းစာကြည့်လိုက်ပါဗျာ…..။

ကျွန်တော်ခံစားရသလို နောက်တက်မယ့်လူငယ်တွေလည်းမခံစားစေချင်လို့

အဖော်စောင်ထားစို့ဆိုတဲ့ပိုစ့်ကိုတင်တာပါ။

ကျွန်တော်ကိုယ်တိုင်လည်း အကိုကြီးကိုရဲသေကတည်းက HIV/AIDS နဲ့ပက်သတ်တဲ့စာတွေ

အကြံပေးစာအုပ်တွေ ကူညီမှုဘယ်လိုပေးရမယ်ဆိုတဲ့အကြောင်းတွေ လေ့လာခဲ့တယ်။

သင်ယူခဲ့တယ်။ကိုယ်တိုင်လည်းရှောင်သင့်တာရှေင်တယ်၊ဆောင်သင့်တာဆောင်တယ်။

ကျွန်တော်တင်တဲ့အဖော်စောင်ထားစို့(၁)၊(၂)နဲ ့အခုပို့စ်တွေဟာတကယ့်အဖြစ်တွေပါ။

လုပ်ကြံဖန်တီးရေးသားထားတာမဟုတ်ကြောင်းပြောကြားရင်း ဇာတ်သိမ်းလိုက်ပါတယ်။

 

 

 

15 comments

  • pyinlepyaw

    September 2, 2011 at 11:47 pm

    ခုမှ ဇတ်ရည်လည်ပါတော့တယ်… စိတ်မကောင်းပါဘူးဗျာ… အဲလိုရှင်းပြတော့လဲ အားလုံး သိကြရတာပေါ့..
    ကျနော်လဲ ပထမတော့ တစ်မျိုးထင်နေတာ… တောင်းပန်ပါတယ်…

  • TTCG

    September 3, 2011 at 12:12 am

    မြန်မာနိုင်ငံ မြန်မာအသိုင်းအဝိုင်း ယဉ်ကျေးမှုတွေ ကြားမှာတော့ ဒီ လိင်ဆက်ဆံမှု၊ ကွန်ဒုံးဆိုတာကြီးက မကောင်းဘူးလို့ ခံယူထားကြတာကိုး… ဒီအကြောင်းတွေကို ဒီလိုရေး ဒီလိုပြောနေတဲ့လူက ဆရာဝန် (သို့) ဆေးပညာဝန်ထမ်း မဟုတ်တဲ့ သာမန်လူတစ်ယောက်ဆိုရင် မြန်မာအသိုင်းအဝိုင်းက အဲ့ဒီလူကို တစ်မျိုးထင်တတ်ကြတာ ထုံးစံပါပဲ… စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ… ဆက်သာရေးပါ… ကျွန်တော်အားပေးနေပါတယ်

    • cobra

      September 4, 2011 at 4:13 pm

      မတင်ရဲတော့ပါဘူးဗျာ……..။
      ကျွန်တေ်ာကအသဲငယ်တယ်ဗျ။
      ဝေဖန်မှုတွေကိုမခံစားနိုင်ဘူး…. 🙂

  • Handy note

    September 3, 2011 at 4:05 am

    ဒီ ပို့စ်ကို အရင်တင်ခဲ့ ရင် ကောင်း မှာ ဗျာ…………..
    အခုတော့ …..အရင် ပို့စ်တွေမှာ….. ကာမ ကိစ္စတွေ အကြောင်းတွေအထပ်ထပ်အခါခါရေးခဲ့ …….စာအရေးအသားလဲကြမ်းခဲ့တော့……ရည်ရွယ်ချက်လမ်းကြောင်း………..မတဲ့တော့ဘူးပေါ့….MG မှာမိန်းကလေးတွေလဲရှိတော့..တစ်မျိုးထင်ကုန်ကြတာပါ…………..

  • koyinmaung

    September 3, 2011 at 9:55 am

    ဒီလိုအဖြစ်တွေက ခုအချိန်မှာတော်တော်အဖြစ်များနေကြတာပါ
    ခုလိုဖြစ်ရပ်မှန်လေးတွေ တင်ပေးတာကောင်းပါတယ်…..
    ဒါပေမဲ့ ကွန်ဒုံလိုပစ္စည်းမျိုးကယောက်ျာတိုင်းဆောင်တာစရာလိုမယ်လို့တော့မထင်ပါဘူး
    အပြစ်ပြောတာတော့မဟုတ်ပါ…
    အလွယ်တကူဝယ်လို့ရတဲ့ပစ္စည်တွေပါ ဆေးဆိုင်အသေးလေးတွေကအစ
    နေရာတိုင်မှာရှိတဲ့ကွမ်းယာဆိုင်တွေအဆုံး ဝယ်ယူလိုရကြပါတယ်…
    မေးရမှာမရှက်ဘို့ဘဲလိုတာပါ
    ရည်ရွယ်ချက်ရှိယင်ဝယ်သွားလို့ရပါတယ်
    မူးယစ်ဆေးဝါကလွဲယင် ကျန်တာကိုစမ်းကြည့်သင်တယ်ဆိုတာလဲမဖြစ်သင့်ပါဘူး
    လုပ်ချင်တဲ့သူတွေလုပ်နေကြပေမဲ့ အားပေးတဲ့စာသားမျိုးတွေမရေးသင့်ဘူးထင်တယ်
    တခါမှမတွေကြုံဘူးတဲ့လူတယောက်ကမကောင်းတဲ့မိန်းမနဲ့ပျော်ပါမိယင်
    နောက်တခါသွားဘို့ဝန်မလေးတတ်လို့ပါ …
    ဒီလိုပါဘဲ ဆေးလိပ် အရက် ကွမ်းယာ ဒါတွေလဲမသောက်မစားတတ်ယင်
    ပိုမကောင်းပေဘူးလား….
    တို့တတွေ မကောင်းမှန်းသိရက်နဲ့ဆေးလိပ် ကွမ်းယာ စွဲနေတယ်
    ဖြတ်ယင်လဲ ခဏဘဲ ပြန်သောက် ပြန်စားနေမိတယ်
    လူတွေဟာအကျင့်ရဲ့ကျေးကျွန်တွေပါ
    HIV ..AIDS..ရောဂါတွေဟာကုရာနထိဆေးမရှိဆိုတာသိထားယင်
    တလင်တမယားစနစ်ကအကောင်းဆုံးပါဘဲ
    ခုခေတ်မိန်းခလေးတွေလဲသတိထားသင့်တာတွေရှိပါတယ်…
    မိဘရဲ့မျက်ကွယ်မှာ တက္ကသိုလ်ကျောင်းတက်ကြတယ်
    ယောက်ျာလေးတွေနဲ့သမီရည်းစာဖြစ် နောက်လွန်လွန်ကျူးကျူးတွေဖြစ်
    ရိုးရိုးသာသာကောင်လေးတွေနဲ့ဆိုယူတာမယူတာအသာထား
    အပျော်အပါးလိုက်ပြီးAကိုက်ထားတဲ့သူနဲ့လွန်လွန်ကျူးကျူးဖြစ်ခဲ့ယင်
    ကျောင်းပြီးလို့အိမ်ပြန်ရောက်တဲ့အခါဒီမိန်းခလေးAရောဂါနဲ့ဆို
    ကိုယ်လဲအရှက်ကွဲမိဘတွေလဲအရှက်ကွဲနဲ့…
    ဒီလိုမိန်းခလေးမျိုးတို့ပါတ်ဝန်ကျင်မှာတကယ်ဖြစ်ခဲ့ဘူးပါတယ်
    တယောက်နဲ့တယောက်အိမ်ထောင်ပြုတော့မယ်ဆိုယင်တော့
    အားနာစရာမလိုဘူး ဆေးစစ်ပြီးမှအိမ်ထောင်ပြုတာအကောင်းဆုံးပါ
    အပျော်အပါကတော့မလိုက်စားတာအကောင်းဆုံးပါ
    လိုက်စားကြမယ်ဆိုယင်တော့ညီလေးပြောသလိုအဖေါ်ပါတာ
    အန္တရယ်အကင်းဆုံးပါဘဲ…….

  • မီးမီး သော်

    September 3, 2011 at 3:34 pm

    ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ်ပေါ့။အေ့စ်ရောဂါက ကုဖို ့ဆေးမရှိသေးလေတော့။အားလုံးဆင်ခြင်ကြရင်ကောင်းတာပေါ့။ သူ ့ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါဟာရှက်စရာမဟုတ်ဘူးလို ့မြင်ပါတယ်ရှင်။

  • yetazar

    September 4, 2011 at 1:08 pm

    ကောင်းပါတယ်ဗျာ ။ သတင်းတွေလဲဖတ်ရင်း ကျန်းမာရေး ဗဟုသုတတွေ လဲ ရတာပေါ့

  • cobra

    September 4, 2011 at 4:04 pm

    အခုလိုအားပေးဖေါ်ရတာကျေးဇူးတင်ပါတယ်။

  • မီးမီး သော်

    September 4, 2011 at 4:09 pm

    မြွေဟောက်တစ်ကောင်နဲ ့ပတ်သက်မှုဆိုတာ cobra ရေ ဘယ်သူ ့ကိုပြန်ဖြေရှင်းတာလဲ ။ပျော်ရွှင်ချမ်းမြေ့ပါစေ။

    • cobra

      September 4, 2011 at 4:12 pm

      mr.lone ကိုပါခင်ဗျာ။
      သူနဲ့ကျွန်တော်နည်းနည်းလေးနားလည်မှုတွေလွဲနေလို့ပါ။

      • mr.lone

        September 5, 2011 at 8:17 am

        cobra ရဲ့မိဘတွေကို lone ရည်ရွယ်ပြောဆိုခြင်းမဟုတ်ကြောင်းကိုပထမစာမှာထဲကပြောပြပြီးသွားပြီနော်။ လူကြီးလူကောင်းပီသစွာနားလည်သဘောပေါက်သင့်ပါတယ်။မိန်းကလေးတွေ သားသမီးတွေဘက်ကစာနာနားလည်ပေးစေချင်တာကိုပဲ ရည်ရွယ်ထားတာပါ။ နောက်တစ်ခါပညာပေးရေးချင်ရင်တော့ ယောက်ျားတွေဘက်က အားပေး
        အားမြှောက်ပြုသလိုမရေးဘဲ အားလုံးနားလည်အောင် ဆိုးကျိုးကောင်းကျိုးမျှတစွာရေးပေးပါ။…lone ကမကောင်းပြောတာမဟုတ်ပါဘူး။ အဲ့ဒီလိုယောက်ျားတွေကို ကြည့်မရတာပါ။ ….

  • piti

    September 4, 2011 at 6:27 pm

    ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ တင်ပေးတဲ့ cobra ကို ချီးကျူးပါတယ်…
    HIV ..AIDS..ရောဂါတွေဟာကုရာနထိဆေးမရှိဆိုတာ သိထားကြပေမယ့် တချို့က လိုက်နာမှုအားနည်း နေသေးတယ်လေ…
    ဒီတော့ ပညာပေးလေးတွေကို ဆက်လက် ရေးစေလိုပါတယ်… အားပေးပါတယ်…
    လိင်ကိစ္စရေးအသားလေးတွေ ဖိုမ ကိစ္စရေးအသားလေးတွေ ကိုတော့ ဂရုစိုက်ပေးသင့်ပါတယ်…. ပညာပေးပို့စ်တစ်ခုထက် အပြာပို့စ် တစ်ခုအဖြစ် သူများတွေ မြင်သွားမှာကိုတော့ မလိုချင်ပါဘူး….
    ဆက်လုပ်ပါ……………..

  • etone

    September 5, 2011 at 10:23 am

    cobra ရေ … အခုခေတ်လူငယ်တွေ … ကြားဖူးနားဝ ရှိနေသေးတာတောင် … တကယ်လိုက်နာ ကျင့်သုံးဖို့ ခက်ခဲနေကြတာ ၊ ရောဂါပြန့်ပွားမှူ နှုန်း မြင့်မားနေသေးတာ … ဘာကြောင့်များပါလိမ့် … ။
    အရင်ကထက် သတိပေးကြော်ငြာတွေ ပြန့်နှံ့နေပါလျှက် … တဒင်္ဂစိတ်လေးကို မပိုင်းခြားတတ်တော့ … ရုန်းရင်း နစ်နေကြရတာပါ ပ ဲ… ။

  • ကြောင်ကြီး

    September 6, 2011 at 10:11 am

    ကိုဘရာနဲ့ လုံးတို့နှစ်ယောက် တနေရာရာမှာ လူခြင်းချိန်းတွေ့ပြီး ရေးထားမန်းထားတာတွေကို ရှင်းလိုက်ကြပါလား၊ ပြီးရင် စိတ်ပြေလက်ပျောက် ရုပ်ရှင်လေးဘာလေး သွားကြည့်ကြပေါ့။ တကယ်ပြောတာနော်၊ တွေ့ဖြစ်ခဲ့ရင်လည်း ဘေးဘီဝဲယာ ကြည့်ကြအုံး။ ရွာထဲက အီးဒုံးလူမိုက်ကြီးက ရိုက်ရင် အသံမထွက်အောင် ရိုက်တတ်တယ်ဆိုလား ပြောသံကြားတယ်..။

Leave a Reply