မြိုးမြိုးမျက်မျက် အရှုံး

Nan ShinSeptember 3, 20111min785

ကျနော့်ဆရာ ဆင်ပေါက်ကပြောတယ်။အချစ် အကြမ်း အလွမ်းတွေနဲ့ တစ်ခဏတာ ဖျော်ဖြေမဲ့အစား အဖြစ်

မှန် ရသမှန်တွေနဲ့ လောကရဲ့ထာဝရကောင်းကြိုးအတွက် သုတေသန ဆန်ဆန် စာပေးမျိုးတွေကို ဦးစားပေးရေးပါလားတဲ့။

သူပြောတော့လဲ ဟုတ်သားလို့လက်ခံမိတာနဲ့ရသကိုဘေးပုံပြီးသုတကိုဦးစားပေးရေးချယ်မိတယ်။ရသလေး

ရေးနေတုန်းကမှ ဘာရယ်မဟုတ် “အားပေးသွားပါတယ်”ဆိုတာမျိုးလေးကို အားနာပါးနာ ပြန်ခြင်းခပ်ခံရဘူးသေး။ခုတော့ သေပြီ

ဆရာလို့တောင် ထအော်ရတော့မဲ့ အပေါက်မျိုး။

ဘယ်သူဆို ဘယ်သူမှမဖတ်တော့တာလေ။လူအများလက်ခံတဲ့ စာကိုလက်မခံတဲ့ဆရာနဲ့ ဆရာအကြိုက်ကို

လက်မခံတဲ့လူအများ ။အဲ့ဒိကြားမှာ ဟိုမဟုတ် ဒီမဟုတ်ကျနော့်အတွက် မြိုးမြိုးမျက်မျက် အရှုံးလေလား အရှုံးထဲက အမြတ်လေးလား ဘာမှန်းမသိတဲ့ သင်္ခန်းစာတစ်ခု ကောက်ရလိုက်တယ်။

အဲ့ဒါက …………..ကိုယ်ပိုင်ဦးနှောက်မှ မရှိတဲ့ ငါ ပုဇွန်ဖြစ်တာတောင် ကံကောင်းသေး……..ရယ်လို့…….။

5 comments

  • yetazar

    September 3, 2011 at 2:58 pm

    ဖတ်သွားတယ်မဟုတ်တော့ဘူးဗျို့ ။ ဖတ်ရင်းနဲ့လည် သွားလို့ ။ ဖတ်သွားလည် ။ အားပေးသွားလည် ။

  • မီးမီး သော်

    September 3, 2011 at 3:14 pm

    နန်းရှင်ရဲ ့စာတွေအားလုံးကို အမြဲတမ်းဖတ်ဖြစ်နေမှာပါ။အတွေးကောင်းအရေးကောင်းလို ့ပါ။ဆက်ဖတ်ပါဦးမယ်။စိတ်မပျက်ပါနဲ ့နော့။

  • ပေါက်ဖော်

    September 4, 2011 at 10:31 pm

    စာရေးကောင်းပြီးသားပဲဆိုတော့…
    နဲနဲ အားထုတ်လိုက်တာနဲ ့..ဘယ်စာရေးရေး..အဆင်ပြေမှာပါလေ
    ကျနော်ကတော့..ဘလိုရေးရေး..အားပေးလျက်ပါပဲလို ့..

  • TTNU

    September 5, 2011 at 12:50 am

    ကိုယ်စိတ်တိုင်းကျတာ ကိုယ်ရေးပါကွယ်။ Comments တွေ ကတော့ စာဖတ်သွားသူ ရဲ ့ စိတ်ဓါတ်ရာသီဥတုပေါ် မူတည်ပြီးတော့ အပြင်း အပျော့ ရှိမှာပေါ့။
    ” (ရယ်ကျဲကျဲမလုပ်တတ်ဘူး။ပျစ်ကောနှစ်ကော ရယ်ရမှ ကျေနပ်တယ်။ ချိုမိုင်မိုင်သီချင်းကို မိသားစုလက်ခုပ်သံနဲ့ အားရပါးရသီဆိုကခုန်ချင်ခဲ့တယ်။)” ဆိုတဲ့ မင်း အာဘော်လေးကို က အတွင်းသတ္တိတွေ အပြည့် ပေါ်နေပါတယ်ကော။

  • ကြောင်ကြီး

    September 6, 2011 at 11:25 am

    အေးလေ.. ပုဇွန်ဖြစ်တာမှ မစားရဝခမန်း လာကြည့်လာပြစ်မှားတဲ့သူ ရှိအုံးမယ်။ အခုတော့ 🙁
    ဒီမှာနန်းရှင်
    ဂေဇက်ကို
    ရွှေထွက်တယ်
    မှတ်နေလား၊
    နင်စိတ်ပေါက်တိုင်း
    ရေးရအောင်
    သာလာယံဇရပ်က
    ကျောက်သင်ပုန်း
    မဟုတ်ဘူး၊
    ယှဉ်ကြည့်ချင်ရင်
    အနာဂတ်ရဲ့
    တက်ဘလက်
    သင်ပုန်းကွန်ပြူတာမှတ်၊
    ရေးသူနင်သာ
    လျှာထွက်သွားမယ်
    ဂေဇက်က
    ဘယ်တော့မှမမော..။

Leave a Reply