Printer  ဆိုင် တစ်ချို့ ….

 

ကျွန်တော် Epson 121 တံဆိပ် 3 in 1 printer ၀ယ်ထားသည်မှာ  တစ်လနှင့် ရက် 20 သာ၇ှိပါသေးသည်.။ ပရင်တာမှာ အခုဆို ချောင်ထိုးထား၇သည် ။ error မတ၇ားတက်သည်။  ကျွန်တော် ပရင်တာ အကြောင်းကောင်းကောင်းနားမလည်ပါ..သုံးတတ်တယ်ဆို၇ုံ လေးသာ၇ှိသည်။ 3 in 1  ဆိုသည်မှာ colour print, copy ,scan သုံးမျိုးသုံးလို့ ၇သည် ဆိုသော ကြောင့် သဘောကျသော ကြောင့်ဝယ်ဖြစ်လေသည်။ ပြီးတော့ သူများပြောစကားများအ၇ printer ကို Inkbox ချိတ်လိုက်၇င် ဆေးဝယ်၇သက်သာသည် ဟု ဆိုသဖြင့် Inbox ပါ တခါတည်းချိတ်လိုက်သည်။ printer မှာပါသော အော်၇ယ်ဂျင်နယ် ကဒ်ထရစ် မှာ ဆေးကုန်လို့ အသစ် ပြန်ဝယ် လျှင် တစ်ဘူးကို သောင်းဂဏိန်း၇ှိသည်…colour နဲ့ ပါဆို မစားသာပေ၊၊  တစ်ဘူးဆို၇င်လဲ အ၇ွက် သုံးလေးဆယ်သာခံသည် ။ Inbox ချိတ်လိုက် လျှင် ဆေးကုန်လို့ ပြန်ဖြည့်ချင်လျှင် အေ၇ာင်တစ်ဘူးမှ တစ်ထောင်ကျပ်သာ ကျသည် ထို့ ကြောင့် တွက်ခြေ ပိုကိုက်သည်ဟု တွက်ကာ inbox ချိတ်လိုက်လေသည်။   ပရင်တာ ဈေးနှုန်းမှာ 73000 ကျပ် Inbox ချိတ်တာက 15000 စုစုပေါင်း 88000 ကျပ် A4 တစ်အုပ်ဝယ်တာက 4000 ကျပ် တက္ကစီခ ဘာညာ အကုန်ပေါင်းလိုက်၇င် တစ်သိန်းနီးပါး သွားကျလေသည်။  ၀ယ်ပြီး အိမ်ေ၇ာက်တော့ မိတ္တူ ကို စစမ်းကြည့်လို က်တော့ error စတက်ပါလေေ၇ာ…ဆိုင်မှာတော့ scann နှင့် Print တော့စမ်းကြည့်လာသည်။ ဆိုင်မှာတုန်းက တော့ဘာမှမဖြစ် အိမ်ေ၇ာက်တာနဲ့ error က စတက်ပါလေရော.. သုံးရွက်လောက်ထုတ်လိုက် error က တက်လိုက် မိတ္တူ ကူးမယ်လုပ်လိုက် error တက်လိုက်နဲ့ စာရွက်တွေတောင် တော်တော်ကုန်သွားတယ်…ပြီးတော့ မိတ္တူက လဲသိပ်မထင်ဘူး..scan ကလဲ နဲနဲ ၀ါးတယ်..ထားပါတော့လေ…function များတော့ အဲ့လောက်တော့၇ှိမှာပေါ့ လေ လို့ သဘောထားကြီးလိုက်ပါတယ်..နောက်မှ တစ်ခု သတိ၇လိုက်တာက ငါ့ကို အော်၇ယ်ဂျင်နယ် ကစ်ထရစ်လဲ ပြန်မထည့်ပေးလိုက်ပါလား..ဆိုပြီးဆိုင်ကို ဖုန်းဆက်မေးတော့ ၀ယ်ကတည်းက အော်ရယ်ဂျင်နယ် ကစ်ထရစ်က မပါဘူးတဲ့ ထပ်ဝယ်၇တာတဲ့ ၀ယ်တုန်းက တော့ အဲ့လိုမပြောပါလား…အခု မှ တစ်မျိုး ။ တကယ်ဆို ၇င် စ၀ယ်ကတည်းက customer ကို အားလုံး ကြိုပြောထားသင့်ပါတယ်…Inbox ချိတ်မယ်ဆို၇င် error အတက်များမယ်…လို့ အော်ရယ်ဂျင်နယ် ကစ်ထရစ် မပါဘူးလို့ (သူများးဆိုင်တွေ ပါပါတယ်. သက်သက်မဲ့ ညစ်ပတ်တာပါ) အခုတော့ အော် ရယ်ဂျင်နယ် ကစ်ထရစ်လဲ မပါ  error ကလဲတက် အခုဆို printer က ချောင်ထိုးရပြီ  မှင် ဖိုး ကုန်မှာ ကြောင့်လို့ အလွယ်လိုက်ကာမှ ပိုက်ဆံတစ်သိန်းက ပလုံသွားကော…..အင်း…ပိုက်ဆံတစ်သိန်းကိုေ၇ထဲပစ်ချလိုက်ကာမှ ပလုံ ဆိုတဲ့အသံမြည်အုံးမယ်..အခုတော့ ဟင့်…  ပ၇င်တာ ၀ယ်မယ်ဆို၇င်လဲ သေချာ ဆန်းစစ်ပြီးမှ ၀ယ်ကြပါ ကျွန်တော့်လို မခံလိုက်၇ပါစေနဲ့ …Inbox ချိတ်မယ်ဆို၇င်တော့ error ကတော့ တက်မှာသေချာပါတယ်…

 

About gyinkalay

has written 15 post in this Website..