သိန်း(၅၀)တန်မွေးနေ့ပွဲကို သက်တော်စောင့်ဌား၍ကျင်းပပေးခဲ့ရတဲ့ တက်စ၏သစ်စမင်းသမီးလေး ၀ါဆိုမိုးဦးပါ။ဒီသတင်းလေးကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော Friday news journal No.18,Aug.19.2011 Celebrity News မှရရှိပါတယ်။ရွာထဲကသိချင်တဲ့သူတွေအတွက်ပါ။

 ၂၀၀၈ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပရိတ်သတ် သတိထားမိတဲ့ဝါဆိုမိုးဦး တစ်ယောက် ဒီနေ့ဒီအချိန်မှာတော့ ကားရိုက်တွေ လက်မလည်နိုင်အောင်ဖြစ်နေပါပီ၊အောင်မြင်စပြုလာတဲ့မင်းသမီးလေးတွေရဲ့ထုံ့းစံတိုင်း ဘေးပတ်ပတ်လည်မှာ စပွန်ဆာကိုကိုတွေက ၀ိုင်းဝိုင်းလည်နေပါပြီ။နီးစပ်ရာအသိုင်းအ၀ိုင်းမှာလည်း ၀ါဆိုမိုးဦးတစ်ယောက်ဘယ်ကိုကိုရဲ့လက်ကိုတွဲမှာလဲလို့ စောင့်ကြည့်နေခိုက်မှာပဲ “ဇူလိုင်လ ၃၀ရက်နေ့ညက Sedona ဟိုတယ်ကြီးမှာ သူမရဲ့ ၁၇နှစ်မြောက်မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလိုက်ပါတယ်။အဲဒီပွဲမှာ အနှပညာရှင်တော်တော်များများစုံညစွာတက်ရောက်ခဲ့ကြသလို “၀ါဆိုရဲ့ချစ်သူပါ”ဆိုပြီးပွဲထုတ်ခဲ့တဲ့ ဖြူဖြူချောချော ကိုလူချော တစ်ယောက်ကိုလည်း တွေမြင်ခဲ့ရပါတယ်။ဒါပေမဲ့ ပွဲစပြီဆိုကတည်းကအနှပညာ အသိုင်းအ၀န်းမှာ လူပွဲစားလို့နာမည်ကြီးနေတဲ့ မာမီယောင်ယောင်ဘာယောင်ယောင် ကိုခွန်ချိုဆိုတဲ့လူကိုတွေ့မြင်ခဲ့တာကြောင့်ဒီပွဲလေးက ခွန်ချိုရဲ့ချိတ်ဆက်ပေးမူနဲ့ အောင်မြင်သွားတဲ့ပွဲလေးတစ်ပွဲဆိုတာကို ရောက်လာကြတဲ့သူတိုင်း သိသွားကြပါတယ်။ထူးထူးခြာခြားမြင်ရတဲ့ မြင်ကွင်းတစ်ခုက မွေးနေ့ပျွျွဲာ မွေးနေ့ရှင် ၀ါဆိုမိုးဦးရဲ့ဘေးမှာ စကျူရတီ ဘော်ဒီဂတ်နှစ်ယောက်က တကောက်ကောက်လိုက်နေတာ မြင်ရတွေ့ခဲ့တာကြောင့်ခေါင်းထဲမှာမေးခွန်းတွေ တသီကြးပေါ်လာခဲ့ပါတယ်။လူစိတ်ဝင်စားခံရအောင်ပဲလား၊လုပ်ကြံမူတွေပေါ်လာမှာစိုးလို့လား၊ဒါမှမဟုတ်….စသည်ဖြင့်ပေါ့။နောက်ဆုံးမွေးနေ့ပွဲအပြီး ကြားလိုက်ရတဲ့ သတင်းစကားကတော့ ဒီမွေးနေ့ပွဲအတွက် စပွန်ဆာကိုကိုက သိန်း(၅၀)အကုန်ကျခံပြီးလ်ုပေးခဲ့တာလို့သိခဲ့ရပါတယ်။တက်သစ်စ မင်းသမီးလေးရဲ့ အသက် ၁၇ နှစ်ပြည့်မွေးနေ့ပွဲက စပွန်ဆာများနဲ့ ခမ်းခမ်းနားနားကျင်းပလိုက်ပြန်ပါတယ်။

ဗာမာပြည်မှာက သူများတိုင်းပြည်တွေလို မိမိလုပ်ချင်တာကို အသက် ၁၈နှစ်မပြည့်ခင်မှာလုပ်လို့ရနေပြီဆိုတော့ မြန်မာပြည်ကြီးတိုးတက်နေပြီပေါ့…..ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့မိန့်ခွန်းထဲကအတိုင်းပါပဲလား..အဘအောင်ဆန်းရေ အိပ်နေရာကထကြည့်ပါဦးလား အဘရယ်….အဘဟော်ခဲ့ ပြောခဲ့အတိုင်း ဗာမာပြည်ကြီးတသွေမတိမ်းလိုက်နာပါတယ်လို့…..လည်ချောင်းကွဲအောင် ကိုရီယားဇတ်ကားတွေထဲကလို ပင်လယ်ဘက်မျက်မူပြီး အားရပါးရသာအော်လိုက်ချင်ပါတော့တယ်…..

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..