သိန်း(၅၀)တန်မွေးနေ့ပွဲနဲ့စပွန်ဆာကိုကို

   သိန်း(၅၀)တန်မွေးနေ့ပွဲကို သက်တော်စောင့်ဌား၍ကျင်းပပေးခဲ့ရတဲ့ တက်စ၏သစ်စမင်းသမီးလေး ဝါဆိုမိုးဦးပါ။ဒီသတင်းလေးကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော Friday news journal No.18,Aug.19.2011 Celebrity News မှရရှိပါတယ်။ရွာထဲကသိချင်တဲ့သူတွေအတွက်ပါ။

 ၂၀၀၈ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပရိတ်သတ် သတိထားမိတဲ့ဝါဆိုမိုးဦး တစ်ယောက် ဒီနေ့ဒီအချိန်မှာတော့ ကားရိုက်တွေ လက်မလည်နိုင်အောင်ဖြစ်နေပါပီ၊အောင်မြင်စပြုလာတဲ့မင်းသမီးလေးတွေရဲ့ထုံ့းစံတိုင်း ဘေးပတ်ပတ်လည်မှာ စပွန်ဆာကိုကိုတွေက ဝိုင်းဝိုင်းလည်နေပါပြီ။နီးစပ်ရာအသိုင်းအဝိုင်းမှာလည်း ဝါဆိုမိုးဦးတစ်ယောက်ဘယ်ကိုကိုရဲ့လက်ကိုတွဲမှာလဲလို့ စောင့်ကြည့်နေခိုက်မှာပဲ “ဇူလိုင်လ ၃ဝရက်နေ့ညက Sedona ဟိုတယ်ကြီးမှာ သူမရဲ့ ၁ရနှစ်မြောက်မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလိုက်ပါတယ်။အဲဒီပွဲမှာ အနှပညာရှင်တော်တော်များများစုံညစွာတက်ရောက်ခဲ့ကြသလို “ဝါဆိုရဲ့ချစ်သူပါ”ဆိုပြီးပွဲထုတ်ခဲ့တဲ့ ဖြူဖြူချောချော ကိုလူချော တစ်ယောက်ကိုလည်း တွေမြင်ခဲ့ရပါတယ်။ဒါပေမဲ့ ပွဲစပြီဆိုကတည်းကအနှပညာ အသိုင်းအဝန်းမှာ လူပွဲစားလို့နာမည်ကြီးနေတဲ့ မာမီယောင်ယောင်ဘာယောင်ယောင် ကိုခွန်ချိုဆိုတဲ့လူကိုတွေ့မြင်ခဲ့တာကြောင့်ဒီပွဲလေးက ခွန်ချိုရဲ့ချိတ်ဆက်ပေးမူနဲ့ အောင်မြင်သွားတဲ့ပွဲလေးတစ်ပွဲဆိုတာကို ရောက်လာကြတဲ့သူတိုင်း သိသွားကြပါတယ်။ထူးထူးခြာခြားမြင်ရတဲ့ မြင်ကွင်းတစ်ခုက မွေးနေ့ပွျျွဲာ မွေးနေ့ရှင် ဝါဆိုမိုးဦးရဲ့ဘေးမှာ စကျူရတီ ဘော်ဒီဂတ်နှစ်ယောက်က တကောက်ကောက်လိုက်နေတာ မြင်ရတွေ့ခဲ့တာကြောင့်ခေါင်းထဲမှာမေးခွန်းတွေ တသီကြးပေါ်လာခဲ့ပါတယ်။လူစိတ်ဝင်စားခံရအောင်ပဲလား၊လုပ်ကြံမူတွေပေါ်လာမှာစိုးလို့လား၊ဒါမှမဟုတ်….စသည်ဖြင့်ပေါ့။နောက်ဆုံးမွေးနေ့ပွဲအပြီး ကြားလိုက်ရတဲ့ သတင်းစကားကတော့ ဒီမွေးနေ့ပွဲအတွက် စပွန်ဆာကိုကိုက သိန်း(၅၀)အကုန်ကျခံပြီးလု်ပေးခဲ့တာလို့သိခဲ့ရပါတယ်။တက်သစ်စ မင်းသမီးလေးရဲ့ အသက် ၁ရ နှစ်ပြည့်မွေးနေ့ပွဲက စပွန်ဆာများနဲ့ ခမ်းခမ်းနားနားကျင်းပလိုက်ပြန်ပါတယ်။

ဗာမာပြည်မှာက သူများတိုင်းပြည်တွေလို မိမိလုပ်ချင်တာကို အသက် ၁၈နှစ်မပြည့်ခင်မှာလုပ်လို့ရနေပြီဆိုတော့ မြန်မာပြည်ကြီးတိုးတက်နေပြီပေါ့…..ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့မိန့်ခွန်းထဲကအတိုင်းပါပဲလား..အဘအောင်ဆန်းရေ အိပ်နေရာကထကြည့်ပါဦးလား အဘရယ်….အဘဟော်ခဲ့ ပြောခဲ့အတိုင်း ဗာမာပြည်ကြီးတသွေမတိမ်းလိုက်နာပါတယ်လို့…..လည်ချောင်းကွဲအောင် ကိုရီယားဇတ်ကားတွေထဲကလို ပင်လယ်ဘက်မျက်မူပြီး အားရပါးရသာအော်လိုက်ချင်ပါတော့တယ်…..

23 comments

  • မီးမီး သော်

    September 3, 2011 at 4:10 pm

    ဟုတ်တယ်နော်။ဘာတွေဖြစ်ကုန်ကြပီလဲလို ့မေးကြည့်ချင်လိုက်တာ။ခေတ်ကိုက စပွန်ဆာမရှိရင်အောက်ကျသလိုများဖြစ်နေသလား။

    • lupol

      September 3, 2011 at 6:49 pm

      မြို့ကြီးပြကြီး ကနေ ကျေးလက်တောရွာ လေးတွေ အထိ စပွန်ဆာ ဆိုတာကြီးက ပျံ့ပွားနေပါပြီ၊
      ဝတ်ချင်စားချင်၊ ခေတ်ပေါ် ဒီဇိုင်း ဆန်းဆန်းလေးတွေ ကိုယ်ပေါ်တင်ချင် ကြရှာတဲ့ လုံမပျိုလေး
      တွေ ပေါ့ဗျာ။ ဆင်းရဲတဲ့လူတန်းစား တိုင်းကို တော့မဆိုလိုပါဘူးနော်။ အနဲနဲ့အများရှိကြမှာပါ၊

  • water-melon

    September 3, 2011 at 4:11 pm

    စပွန်ဆာ စပွန်ဆာ ခေတ်စားနေပါလား။ မဝါဆို မွေးနေ့မှာ အဖေနဲ့အမေကို ကန်တော့ပြီးပြီလား။ အလှူအတန်းရော မပါဘူးလား။ မြန်မာပြည်က မော်ဒယ်တွေ ဥရောပက မင်းသမီးတွေ ဝတ်စားဆင်ယဉ်မှုကုိုလုံးဝလိုက်နိုင်ပါတယ်။ မလိုက်နိုင်တာ တစ်ခုက အလှူအတန်းဘဲ။ ဘာကွာတာလဲ။

  • yetazar

    September 3, 2011 at 7:12 pm

    ဪလောက ….. လောက ။ အသက် (၁၇)ဆိုတာ အထက်တန်းကျောင်းသူအရွယ်လေး ။ပညာရေးထက် အိမ်ထောင်ရေးကို ပိုပြီးရွေးချယ်တတ်နေကြပြီလား ။ နောက်ဆို ကိုယ်ဝန်ဆောင်မိခင်ချောချောလေးက အထရာဆောင်းရိုက်လို့ သမီးမိန်းကလေးဆိုရင် မီးဖွါးမယ့် ဆေးရုံစရိတ် စပွန်ဆာပေးကြဦးမလားမသိဘူး ။ လူကြီးတွေပြောပြောနေတဲ့ ဒန့်ကျွဲပင် ပုခက်ဆင် တဲ့ခေတ်ရောက်တော့မယ်ထင်တယ် ။

  • windtalker

    September 3, 2011 at 7:59 pm

    ကလေးမ လေးက ၁ရ နှစ်လို ့သာပြောတယ်
    ပုံစံက ဘွဲ ့ရပြီး ပုံစံ နဲ ့နော်

  • zaw min

    September 3, 2011 at 8:04 pm

    ဘွဲ့ရပြီးလို့ မာစတာတန်းတောင်တက်နေပီလေ…မသိဘူးလားကိုတော်ကာရဲ့….

  • saiias.027

    September 4, 2011 at 2:34 pm

    ပါမောက်ခလေး………. သူ့ဆီပညာသင်ရမယ်…

  • cobra

    September 4, 2011 at 4:09 pm

    စပွန်ဆာခေတ်ကြီးပဲ…။

  • shwemanthar

    September 4, 2011 at 4:53 pm

    ယောက်ျားလေးများအတွက်စပွန်ဆာရှာနေပါသည်။
    စိတ်ဝင်စားသော မမ များဆက်သွယ်ကြပါ။

  • mgmglusoe

    September 4, 2011 at 6:42 pm

    ဟုတ်ပါသည်။ စိတ်ဝင်စားပါက ဆက်သွယ်ရန်လိပ်စာပေးပါမည်။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ။

  • tarnawyakkha

    September 4, 2011 at 8:41 pm

    ဒါက အခုခေတ် ကလေးတွေ ညဏ်ရည်မြင့်လာတယ်လို့ ပြောချင်တယ်။ ဒါမျိုးကို ဒီအချိန်ကတည်းက
    လုပ်လို့ရတယ်ဆိုတာ သိနေလို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 4, 2011 at 8:57 pm

    ကျုပ်မရှင်းတာလေးကိုမေးခွင့်ပြုပါဗျာ
    အဲ့သလို စပွန်ဆာ သိန်းငါးဆယ်ပေးလိုက်ပြီးရင် ဘာဖြစ်လဲ ?
    ကောင်မလေးကို ဘာညာကွိကွ လုပ်ဒယ်
    ကောင်မလေးက ကွိကွခံဒယ် အဲ့လိုလား
    ဒါ သူများနှမသားခြင်းနော် ခင်ဗျားတို့အာဘော်ကို မှီပြီး ကျုပ်ကမေးခွန်းထုပ်တာ
    ပြောလို့သာပြောတယ်
    ကျုပ်ဘဲ ဝါးတားတားဖြစ်တာလား ဘာလားတော့သိဘူး
    ကောင်မလေးမျက်နှာ 😀 ဟာ
    ကျုပ်မျက်နှာလောက်တော့ အသာလေးရှိပုံပေါ်တယ်
    ဆိုတော့ကာ
    ဒီငတိမလေးကို စပွန်ဆာပေးတယ်ဆိုတဲ့သူဟာ
    တက်သစ်စ အနုပညာရှင်တစ်ယောက်ကို နောင်အလားအလာတွေတွက်
    ရင်းနှီးမြုပ်နှံတယ်လို့ရော ခင်ဗျားတို့ ကြံကြံဖန်ဖန် တွေးကြည့်မိဘူးသလား
    ငြင်းခုန်တာမဟုတ်ဘူးနော် တစ်ခြားဘက်ကနေတွေးတာပါ

    • windtalker

      September 4, 2011 at 9:05 pm

      တန်ဘာဒယ်
      ရောင်းသူ ဝယ်သူ အသံတူ ကြတဲ့ ခေတ်ပဲ
      နော
      ပြောစရာ ဆိုလို ့
      ဘာမှ ထွေထူး မရှိပါဘူး
      အသက်နဲ ့ရုပ်နဲ ့မလိုက်တာလေး ကို
      ဝေဖန်မိတာလေး တစ်ခုပါပဲ
      သူ က ဆယ်လီဘလီတီ ဆိုတော့
      ပရိသတ်တစ်ဦးအနေ နဲ ့
      ဝေဖန်ရတာပေါ့ဗျာ
      ကျုပ် တို ့ကြည့်နေတဲ့ တီဘီ ဖန်သားပြင်မှာ ၊ ဇါတ်လမ်းတွေ မှာ
      သူ က ကွပြ ကုန်းပြ သရုပ်ဆောင် ပြတာကိုး
      သူ သာ သာမန် အရပ်သူ တစ်ဦး ဆိုရင်တော့
      ကိုယ်တိုင် အားပေးချင် အားပေးမှာပေါ့…နော
      ဟိုအရင် က ရတနာဆိုင်တစ်ဆိုင် တီဘီ မှာ ကြေငြာသလို
      ` ပိုက်ဆံ များ ရှိလို ့ကတော့လေ….ဟင်းဟင်း ´
      ဒါပါပဲ ပု ရေ
      တစ်ဘက်ကနေ တွေးမိသလောက် လေးပါ

  • etone

    September 5, 2011 at 1:50 pm

    မျက်နှာကြီးက ဒီလောက်ရင့်နေပြီကို အခုမှ ၁ရ နှစ်တဲ့လား … ။
    သူ့ရုပ်နဲ့ … မွေးနေ့အတွက်တောင် … သိန်းငါးဆယ်ကျတယ်ဆိုတာ … အင်း … လူသာငယ်တာ ပညာကတော့ မငယ်ပါလားနော် 🙄

  • windtalker

    September 5, 2011 at 2:32 pm

    အင်း
    စကားမစပ် ဈေးထဲမှာ
    ငှက်ပျောသီး အဖီးလိုက်သွားဝယ်တာလေး ကို သတိရတယ်ဗျာ
    အစိမ်းတွေ ပဲ ရောင်းတာပါ
    အမှည့် အဖီး မြင်ရင် ဆေးတို ့ထားတာ ဖြစ်နိုင်ပါတယ် ။
    ဝယ်တဲ့အခါ ၊ ကိုယ်ရွေးလိုက်တဲ့ ငှက်ပျောဖီး အစိမ်းကို
    သူ က မေးပါတယ်
    ဘယ်နေ ့လောက် စားမှာလဲ ပေါ့
    လွယ်လိုက်တာ ဗျာ
    ဆေးရည်ထည့်ထားတဲ့ ဇလုံ ထဲ
    တစ်ချက် ကောက်စိမ်ပေးလိုက်တယ်
    ပြီးတော့ ဘယ်နေ ့ဘယ်ရက် မှည့်မယ်ပါ
    ဟောကိန်းထုတ်ပေးလိုက်သေးတယ်
    အခုခေတ်များ
    ဆေးတွေ က ခေတ်မှီကုန်ပြီ
    ဆေးဒဏ်
    ဆေးဒဏ်

  • နွယ်ပင်

    September 5, 2011 at 2:50 pm

    စပွန်ဆာ စပွန်ဆာ ဒီခေတ်မှာ ဒီဟာကလည်း တော်တော်အရေးပါတယ်ဆိုပဲ ..
    မင်းသမီးငယ်လေး 0ါဆိုမိုးဦးလဲ စပွန်ဆာကောင်းကောင်းရသွား ရှာပြီပေါ့နော် ..
    ဒီတော့ ဒီလောကမှာသူလဲ မျက်နှာမငယ်ပဲ လူတန်းစေ့သွားပြီလို့ ပြောလို့ရသွားပြီပေါ့ …

  • pan pan

    September 5, 2011 at 4:31 pm

    ၁ရနှစ်တဲ့လား
    ထင်ဘူးနော်
    ကိုယ်ထက်တောင် ကြီးမယ်မှတ်တယ်
    အော်……..ငါတော်တော်နုပါလားဟရို့ :mrgreen:
    စပွန်ဆာတဲ့
    စပါဆွန်
    လာအစ်ကိုရဲ့
    ဝါဆို
    😀 😀

  • manawphyulay

    September 5, 2011 at 4:43 pm

    အဲ ဒီကောင်မလေးက ဒါတောင် ခုမှ ၁ဝ တန်းပဲရှိသေးတယ်နော်….. ဘွဲ့ရရင်တော့………

  • Aung Myat Way

    September 5, 2011 at 4:53 pm

    လူသားတစ်ယောက်ဟာမိခင်ဝမ်းကမွှေးဖွားသန်စင်ပြီးတဲ့နောက်မှာ
    လူသားအချင်းချင်းလူသားတစ်ယောက်ဖြစ်ထွန်းလာတယ်ဆိုတာပြော
    ပြတာလိုကျနော်ကတော့ဒီလိုပဲမြင်ပါတယ်ဒါ့ကြောင့်မွေးနေ့ပွဲတွေ
    လုပ်တာပါ

  • nayminn

    September 5, 2011 at 5:39 pm

    သိန်း – ၅ဝ ….. မိဘမဲ့ဂေဟာ လှူလိုက်ရင် ဘယ်လောက် အကျိုးရှိမလဲနော်။

  • taungpawthar

    September 15, 2011 at 12:48 pm

    ဆေးကျောင်းသူတွေတောင်စပွန်ဆာထားနေကြတာလေ အနုပညာရှင်ဆိုတာကတော့ ပြောမနေတော့နဲ ့ သူတို ့ဘက်ကကြည့်တော့လဲ စပွန်ဆာမရှိရင် ရပ်တည်ရခက်တယ်ထင်ပါရဲ ့ဗျာ
    အဓိက ကတော့စပွန်ဆာပဲရှာရှာ ဘာပဲလုပ်လုပ် သူတပါးကိုမထိခိုက်ပဲ မိသားစုအကျိုး အများအကျိုး ကိုပြန်ပြီး ကြည့်ရှုဆောင်ရွက်ပေးနေရင်တော့ နားလည်ပေးရမှာ လို ့ပဲယူဆပါတယ်

  • Toungoo Thar

    November 1, 2011 at 9:15 pm

    စပွန်ဆာလား …
    စ ပွန်းတာလား

    စိတ်ဓါတ်တွေ ပွန်းပဲ့ကုန်ပြီလား…

  • yadanar nwe

    August 16, 2012 at 3:26 pm

    သိန်း50 တန် မွေးနေ့ပွဲကြီးလုပ်ပြီးတော့ ဘာများရလိုက်လည်းရှင်
    မြန်မာနိုင်ငံမှာလိုအပ်နေတာတွေ အများကြီးပါ။ 1 သိန်းဖိုးလောက် မွေးနေ့ပွဲလုပ်ပြီး 49 သိန်းကို လိုအပ်တဲ့နေရာမှာ လှူပေးမယ်ဆိုရင်တော့ ပြည့်သူ့ အချစ်တော် ဖြစ်လာမယ်ထင်ပါတယ်

Leave a Reply