သည်လိုတွေလည်းရှိပါသည်

 

 မိန်းကလေးတွေပဲ အရွဲ့အစောင်း ၊ အချိတ်အဆက်နှင့် အတင်းပြောတတ်ကြသည်မှတ်ပါသည ်။ အခုမြင်တွေ့နေရသည်က ပုရိသယောက်ျားများဖြစ်သည်။ အင်း ယောက်ျားလေးတွေချည်းစုနေကြ တာဆိုတော့ သည်လိုဖြစ်တာလည်း မဆန်းပါဘူး။ အုပ်နှင့်ကျင်းနှင့်နေရသည် ဆိုတော့  သူကသာသွားလိုက် ငါကသာသွားလိုက်နဲ့ ပေါ်ချည်တစ်ခါ မြုပ်ချည်တစ်လှည့်နှင့်ရယ် ပေါ့။ အတင်းအဖျင်းဆိုတာနှင့် အားလုံးက သဘောပေါက်ကြသည်က မကောင်းတာကိုချည်းပြောကြတယ ်ဆိုတာလေ။ ““ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”” ဆိုပေမယ့်လည်း ကျောက်ဆောင်တောင် တွန်းတိုက်ပါများလျှင်နှဲ့ လာသေးတာပဲ။ ပုထုဇဉ်လူသားဆိုသည်က ဘာသားနှင့်ထုထားသည်မို့လဲ။ စိတ်ခံစားမှုတွေနှင့်ဘဲ ရပ်တည်နေရသည့်အခါ အားမနာ ပါးမနာ ပြောဆိုနေသည့် ““အတင်း”” ဆိုသည့် ဝေါဟာရက ကြာတော့ ခါးသီးလာရော။ အခုပဲ ကြည့်လေ အများနှင့်နေရသည့်အခါ ရားထူးဂုဏ်တစ်ခုရချင်လို့ပ ဲဖြစ်ဖြစ်၊ အချီးကျူးခံချင်လို့ပဲဖြစ် ဖြစ် သူ့ထက်သာအောင်  သူ့ဟာကွက် ဘယ်လိုနင်းလိုက်မယ်လို့ ဆင်ကြံကြံ ကျားချောင်းချောင်းနေကြသည် ချည်း။ သည်ကြားထဲ ကိုယ့်ဟာကွက်မှ ကိုယ်မဖြည့်နိုင်လျှင် တော့ သွားတော့ အသူရာချောက်ထဲကို။ ယောက်ျားဆိုတာလည်း မိန်းမလို မိန်းမရ  အာဖျား လျှာဖျားနှင့် ပြောတတ် ဆိုတတ် ၊ ရွဲ့တတ် စောင်းတတ်တယ်ဆိုတာကို အလုပ်ခွင်ရောက်မှ ကြုံရ တွေ့ရ တာ အံ့တွေကိုဩလို့။
 မိဘအရိပ်အောက်မှာနေတုန်း ကတော့ မိဘရဲ့အဆူအပူတွေခံရလျှင်တေ ာင် တစ်ခါတစ်ရံ စိတ်အရိုင်းလေးနှင့် ပြန်ခံပြောမိသေးတာ။ သည်လိုသူစိမ်းတရံတွေက ဘာမဆိုင်ညာမဆိုင် ဝင်သမုတ်ပြီး အမှတ်ယူသွားလျှင် ပိုလို့ဆိုးသေး။  ကိုယ့်အရည်အချင်းနှင့်ကိုယ ် ထင်ပေါ်လို့ စင်တော်ကကောက်တာများ ပစ်ပေါက်လိုက်တဲ့ စကားလုံးတွေများ နားတာ မိုးဗြဲဒယ်ဆိုလျှင်တောင် မဆန့်မပြဲကြီးရယ်လေ။ ““ဆန်ရင်းမို့ နာနာဖွတ်”” တယ်ပြောပြော သည်နေရာနှင့် ကိုယ့်ကိုက်လို့ ကိုယ်ရသည်ပဲပေါ့။ ““အချင်းမရှိပဲ အကပ်ကောင်းလို့ရတယ်”” တို့၊““ အလကားပါကွာ”” တို့ဆိုတာ ကိုယ်နှင့်ဘာရန်ညှိုးမှမရှိ ပါဘဲ ကြက်ခွပ်သလိုခွပ်နေကြတာမျာ း သလင်းကိုပွလို့။ ဘယ်လောက်ပဲရင်းတယ် ပြောပြော ဘယ်သူ့မှ ““ ရော့ … ပိုက်ဆံ ကောင်းကောင်းလေးနေ  ပေါ်ကျော့လေးနေ”” လို့ပြောတဲ့ လူရှိလို့လား။
 အနည်းအကျင်းတော့ အဆင်းနှင့်အချင်းတော့ရှိဦ းမှပေါ့။ မဟုတ်ဘူးလား။ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေလို့ကတော့ ငတ်သေဖို့တာပြင်ပေတော့ပဲ။ အလုပ်လုပ်သည်ဆိုသည်က ““သူ့ဆန်စား ရဲမှ ”” ဆိုပေမယ့်လည်း ဝတ်ကျေ တန်းကျေ တာဝန်ကျေရုံနှင့်မပြီးပဲ စေတနာလေးတော့ပါဦးမှပေါ့။ အချိန်တန် အလုပ်သိမ်းလို့ ငေါက်ခနဲ ထပြန်မယ့်အစား အမှိုက်ကလေးရှင်းသွားဦးမှ ဆိုသည်က ပိုမကောင်းဘူးလား။ ဒါကိုပြောတာ နေတတ်သလိုမနေလို့တဲ့ဗျာ။ စေတနာတွေ““ ရေစီးကမ်းပြိုလိုက်  နေရအောင် ဒင်း အဲဒီလောက်တောင်အားနေလား”” ဆိုတဲ့ စကားတွေက ခါးသက်သက်ရယ်။ ဘယ်အလုပ်မှ သက်တောင့် သက်သာနေရတယ်မရှိပါဘူး ။ သူ့နေရာနှင့်သူ
ရေတွေကိုပြည့်လို့ဆိုတာလို ပေါ့။ လူတွေကအားနေတာကိုပဲမြင်ပြီ း အလုပ်လုပ်နေတဲ့အချိန်ကြတော ့ မမြင်ချင်ယောင်ဆောင်ပြီး ဘယ်ချောင်သွားသေနေကြလည်းမသ ိ။  အားနေလျှင်တော့ ““ ဘာအလုပ်မှမရှိတာ ဒီလိုနေနိုင်တာပေါ့ကွာ သူ့မို့လစာပေးခန့်ထားတယ်၊ ငါတာ သူဌေးဆိုမခန့်ဘူး”” တို့၊ အလုပ်လုပ်နေလျှင်တော““အလကာ းပါကွာ လူရိုသေအောင်သင်္ကံန်းစည်းပြေ နတာ”” တို့ စုံလို့။ ကောင်းရော။ ကိုယ့်အပေါင်းအသင်းတွေကလည် း ကိုယ်နှင့်ထပ်တူ တိုက်ခိုက်ခံများလာသည့်အခါ ရင်တွေဖွင့်ကြရော။ ““ငါတို့သည်လိုဖြစ်တာ ဘယ်သူကဖြင့်မကြည်ဘူး၊ ဘယ်ဝါကဖြင့်သည်လိုပြောနေတာ ”“ စုံလို့ စေ့လို့။ ပြီးတော့ ကြုံးဝါးသေးတာတဲ့ ၊။ ““ ငါ့နေရာ ဝင်လုလို့ကတော့ နောက်ကျောတော့ပွင့်ဖို့ပြင ်”” တဲ့ ။ တရားလိုက်ပုံများကတော့ဗျာ။
 အသစ်တွေဘယ်လောက်ကောင်းကေ ာင်း အဟောင်းကိုတော့တလည်လည်  ဆိုပေမယ့်လည်း အဟောင်းကယိုယွင်းနေမှတော့ အသစ်ကိုလည်းအစားထိုးရမည်ပဲ ။ဒါကဓမ္မတာမဟုတ်လား။နေရာတစ် ခုတစ်သက်လုံး ရသည်လည်းရှိလို့လား။ အကောင်းမြင်သည့်မျက်လုံးနှ င့်မကြည့်ပဲ အဆိုးမြင်သည့်မျက်လုံးနှင် ့ကြည့်မှတော့ ဘယ်သူ့မှ ကိုယ့်အပေါ်ကောင်းနိုင်မှာမ ဟုတ်ဘူး။ တစ်ချို့ကရှိသေးသည်။ ကိုယ့်ထမင်းလုပ် ကိုယ်မနိုင်နိုင်စားပြီး သူများထမင်းလုပ်ပုတ်ချချင် သည်များ။

 

(၂)
 
 အတုန့်အလှည့်ဆိုသည်ကို နားမလည်ဘူးထင်ပါ့။  အပေါ်ယံ ပြုံးပြုံးလေးနှင့် ညှပ်ချသွားသည်များလည်း ကြုံဖူးပြီ။ ပါးစပ်ကတော့““ ဆရာ ဆရာ”” လို့ ကြီးသူရော ငယ်သူရော အထပ်ထပ်ခေါ်လို့ ကွယ်ရာက ဓါးနှင့်ချောင်းထိုးမည့် လူတွေကိုလည်းမုန်းနေပြီ။
 လူတကာရဲ့ ဟာကွက် ဆိုးကွက်တွေကိုချည်း ကြည့်ပြီး နာနာနှပ်နေကြတာမြင်တော့ မေးလိုက်ချင်သည်။ သူတို့မှာရော ရာနှုန်းပြည့်ကောင်းနိုင်သ လား လို့။ သည်လိုဆိုလျှင်တော့““အတင်း ”” ဆိုသည့်စကား နုတ်ဖျားပေါ်ရောက်လာဦးမည်။ အဆိုးနှင့်အကောင်းကတော့ လူတိုင်းမှာ ဒွန်တွဲနေသည်ပဲ။ သူဆိုးနေလျှင် သူ့ကောင်းကွက်လေးနှင့် ဖြည့်ပြီးပေါင်းကြည့်ပေါ့။ ဟာကွက်တွေချည်းမထားပဲ ဖြည့်ပြီးပေါင်းကြည့်ပါလား ။ အမြင်တစ်မျိုးလေးပြောင်းနု ိင်သည်။ တစ်ချို့က သည်အတိုင်းတော့မပြောရဲ။ အရည်လေးဝင်မှ အရပ်ရှစ်မျက်နှာကြားအောင် မောင်းလှည့်ထုချင်သေးသည်။ မူးမှပြောသည့် စကားအရာမဝင်ဘူးလို့ အသိထားပေးမယ့်လည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ သို့လော သို့လောကတော့ လူတိုင်းဖြစ်ကြသည်ချည်း။
 

ကြုံတွေ့နေရသည်ကတော့ မနာလိုမှု ၊ ချစားမှုတွေနှင့်ပြည့်နှပ်ေ နသည်ဆိုသည့် အလုပ်ခွင်တွေက မဆန်းသော်လည်း ရိုးအီနေသည့် သဖန်းပိုးတွေရဲ့အကြောင်းပေ ါ့။
 လူတိုင်းနှင့်တည့်အောင်ေ ပါင်း ဆိုတာလည်း မလွယ်ရေးချ မလွယ်။ စိတ်တွေက အထွေထွေကိုး။ ကိုယ်ကတည့်အောင်ပေါင်းပေမယ ့်လည်း အဆီအငေါ့မတည့်မှတော့ အလွဲလွဲအချော်ချော်။ 

 ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်လမ်းကိုယ်သွားနေတာထင ်တာ။ အနည်းစုကတော့ဖြင့် ကိုယ့်လမ်းကချော်ပြီး ပလပ်ဖောင်းပေါ် ရောက်တာကရောက်။ လမ်းဘေးသွားရင်း ကားတိုက်ခံရသလိုပေါ့။ ကိုယ့်လမ်းကိုယ်လျှောက်ပေမ ယ့် အခြောက်တိုက် ဝင်ဆော်သွားတာကိုပြောချင်တ ာပါ။  အေးဆေးလေးနေပေမယ့်လည်း နဲနဲလေးလှုပ်သည်နှင့်  ပြုတ်ကျမှာစိုးရသေးသည်။ ““ ပင်မြင့်လေ လေတိုက်ခံရလေ”” ဆိုသည်များ အခုတော့များ တဟူးဟူးရယ်။ ပင်နှိမ့်လျှင်လည်း တက်နင်းခံရဦးမယ်။ ဘယ်ဖက်ကမှမလွတ်။ 

 ကြာတော့ အရမ်းလည်းမမြင့်ချင်၊ အရမ်းလည်းမနှိမ့်ချင် အလယ်အလတ်မှာပဲနေချင်နေမိသည ်။ သည်လိုသာကြုံနေဦးမည်ဆိုလှ ျင်တော့ အကြံကောင်းလေးတစ်ခုတော့ဖြင ့်ပေးလိုက်ချင်သား။ ထမီဝတ်ပြီး ဈေးရောင်းပါလားလို့။ ဒါဆိုလျှင်တော့ အစုံအစေ့ပြောတိုင်းလည်း သဘာဝလို့ဆိုပြီး နားလည်ခွင့်လွှတ်ပေးလိုက်မည်။
 ဒါပေမယ့် ကိုယ်စိုက်ခဲ့သည့် ပန်းတိုင်ကိုတော့ အလှဲခံ၍မဖြစ်။
 လုံ့လ ဝီရိယတွေက သဲထဲရေသွန်သလိုဖြစ်တော့မည် ပေါ့။ ရသင့်၍ ရသည့်နေရာဟု မှတ်ပါ။
 ဘယ်သူတိုက်တိုက်မလဲကြေးေ ပါ့။  
 အကယ်၍ ကိုယ်ကအတိုက်ခံရလို့ လဲနေသည့် သူဆိုလျှင်လည်း သင်ခန်းစာလို့မှတ်ပြီး ပြန်ထပေါ့။
 ခင်ဗျားတို့လည်း နေရာတစ်ခုကို သူများပယောဂကြောင့်  မပျောက်ပါစေနှင့်နော်။
 ပြောချင်သည်ကတော့ …………….
 ““ သည်လိုတွေလည်း ရှိပါသည်””လို့…………………………

 

3 comments

  • sususan

    July 28, 2010 at 5:22 am

    လူတွေနဲ့ဆက်ဆံရင်တော့လူအမျိုးမျိုးလေ ဆိုးကောင်းဆိုတာဒွန်တွဲနေတာလေ
    ဒီလိုပါပဲဘုရားလက်ထပ်ကတည်းကရှိတာ..မဆန်းပါဘူးလို့နှလုံးသွင်းလိုက်ပါ..
    လူတွေနဲ့ဆက်ဆံရင်သူတို့ပေါ်သုံးသပ်နိုင်တဲ့မျက်လုံးနဲ့ကြည့်တတ်ဖို့လိုတယ်..
    သူဘယ်လိုလူဆိုတာသိရင်..ကိုယ့်ဘက်ကဆင်ခြင်နိုင်မှာပါ..

  • moehein87

    July 28, 2010 at 6:44 am

    ကောင်းတယ်ဗျာ…..လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေဆိုပေမယ့် ဒီလိုတွေခံခဲ့ဖူးပေမယ့် ယူပြောသလိုပဲ ကိုယ့်ပန်းတိုင်တော့ အပျောက်ခံလို့ဘယ်ဖြစ်ပါ့မလဲဗျာ….ဒီလိုမျိုးဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်ဗျာ…

  • mi mi

    July 28, 2010 at 7:45 am

    ကိုယ်ချင်းစာတတ်ဖို့ပဲလိုပါတယ်။လူတိုင်းကိုယ်ချင်းစာတရားထားတတ်မယ်ဆိုရင်အကောင်းဆုးံပါပဲ။

Leave a Reply