မှတ်ချက်။။လိပ်စာမပါ,ပါ

The Angry ManSeptember 3, 20111min14011

ဒီကိစ္စက ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးနဝမမြောက်နေ့မှာတင်ပြဆွေးနွေးဖြေကြားကြတာဗျ။ငါတို့ရခိုင်ပြည်နယ်မှာ တင်မဟုတ်ဘူးတနိုင်ငံလုံးသွေးနှောပြည်သူတွေအတွက်ရသင့်ရထိုက်တဲ့အသိအမှတ်ပြုနိုင်ငံသားကဒ်ရဖို့ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေနဲ့အညီလုပ်နေပီဆိုပါလား။တဖက်နိုင်ငံက ဘဂါင်္လီတွေနဲ့ရောထွေးမှုတွေရှိနေတဲ့အတွက်အချိန်ယူစိစစ်နေပါတယ်တယ်တဲ့။အဲဒီမှာသွားတွေ့ရတာကဖြေသူကလဲဖြေတယ်၊မေးသူကလဲမေးတယ်ပေါ့ဗျာ။လွှတ်တော်ရဲ့ထုံးစံတော့ဘယ်ဖျက်လို့ရမလဲ။
ပြောချင်တာက အရင်ကဟိုဒီခရီးသွားမယ်ဆိုရင် ပုံစံ(၄)ယူရတယ်ပေါ့ဗျာ။ခုကနည်းဥပဒေနဲ့ညီတဲ့ နိုင်ငံသားကဒ်ပိုင်ဆိုင်သူများသွားလာခွင့်ပြုပါတယ်တဲ့။အကယ်၍လာဘ်စားမှုတွေရှိခဲ့ရင်အချိန်နေရာအပါအဝင်တိကျမှန်ကန်သည့်အထောက်အထားများဖြင့်တိုင်ကြားရမည်ဆိုပါလားဗျို့။ဘယ်ကိုတိုင်ရမလဲ။စဉ်းစားနေတယ်ဗျာ။
မပြီးသေးဘူးဗျ သူကဆက်သေးတယ်။လာဘ်ပေးလာဘ်ယူပြုလုပ်ပါကတိုင်ကြားနိုင်ကြောင်းကို
(၁)လက်ကမ်းစာစောင်များသန်းနှင့်ချီ၍ဖြန့်ဝေအသိပေးခြင်း(မမြင်းဖူးသေးပါ)
(၂)လူသိရှင်ကြားကွင်းဆင်းအသိပေးဟောပြောခြင်း(ဘယ်နားမှာပါလိမ့်)
(၃)မြဝတီ၊မြန်မာ့အသံတို ့တွင်တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီးတိုင်ကြားနိုင်သည့်တယ်လီဖုန်း၊ဖက်စ်များကိုတရားဝင်အသိပေးခြင်း(လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအားသေးပါ၊ဆက်သွယ်မှုဧရိယာပြင်ပ)
(၄)ဂျာနယ်မဂ္ဂဇင်းများတွင်ဖော်ပြခြင်း(ခုထိတော့မပါသေးဘူး)
(၅)ဌာနပိုင် website လွှင့်တင်ခြင်းဆိုပါလား။(ဝဘ်လိပ်စာမတွေ ့ပါ၊မဖော်ပြပါ)
ကဲဗျာ ခများတို့စဉ်းစားကြည့်ကြပါ။နိုင်ငံတော်ရဲ ့လွှတ်တော်လိုနေရာမျိုးမှာ ဝဘ်ဆိုဒ်လိပ်စာတော့ပြောသင့်တယ်မဟုတ်လား။လိမ်တယ်ညာတယ်၊ယုံအောင်ပြောတတ်ပါပေတယ်ဗျို့ ဟားဟား:::::::::::
ကဲခုပြောချင်တာက မန်းကဇက်မှာတွေ့နေရတဲ့သံတွဲသားအဖွဲ့တွေကိုသင်ပေးချင်လို့ဘဲဗျို့။ခုဘဲဝဘ်ဆိုဒ်လိပ်စာပေးလိုက်ပီလေ။တိုင်ကြပေရော့။သူဖတ်တာမဖတ်တာငါတော့မသိဘူး။ဖုန်းကိုင်တာမကိုင်တာ ငါသင်ပေးမယ့်ထဲမပါဘူး၊ဖက်စ်မအားတာငါမသိဘူး။ဟား:::
ငါတို့မြို့ကရော၊ပြည်နယ်တခုလုံးက ဝန်ကြီးတွေ တင်ပြဆွေးနွေးတောင်းဆို၊ခများတို့တောင်းသမျှမလိုက်လျောရင်ရှိတဲ့ ဟာနဲ့တာကောက်ထုကွာ။ကြာတယ်။
တော်သေးပီ။ဆက်ရန်ရှိသေးသည်။
အမြင်မတော် မဟုတ်မမှန်တာ အကုန်ဒဲ့ဆော်ကုန်အောင်ပြောမည်။ကုန်စင်အောင်ဖော်ထုတ်မည်။ငါတို့ဆီမှာဘယ်သူတင်တင် မန်းကဇက်မှာအပိတ်ခံရအောင်ကိုအားမနာပဆော်ကြတာကိုတော့
ဘဝင်မကျဘူးကွ။နှလုံးအေးမယ့်ဆေးတော့ဖော်နေပီဗျို့။ဆေးအောင်မယ်မအောင်ဘူးတော့အာမ,မခံဘူးဗျို့။
လူမုန်းစစ်မုန်း(သံတွဲသားတွေ မတတ်တာကိုသင်ပေးမယ့်လူပါဗျ ဟား ဟား)

11 comments

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 3, 2011 at 6:41 pm

    ရိုင်းပျတာလေးများပါခဲ့ရင် ခွင့်လွှတ်ပေးကြပါအုံးဗျို့။ငါကဇွတ်ကို သင်ပေးချင်နေတာ။ဒီလူတွေတုံးလွန်းလို ့ကွာ။

  • yetazar

    September 3, 2011 at 6:44 pm

    ဆရာကြီးကသင်ပေးမယ် ဆိုတော့လဲ ငယ်ကျွန်ကြီးးတို့က တပည့်ခံရန်အသင့်ပါပဲခင်ည ။ ဒိသာပါမောက္ခ ဆရာကြီးတွေကတော့ ပညာတော်တဲ့တပည့်တွေကို သမီးနဲ့ပေးစားတယ်နော် ဟီဟိ ။ ဆရာကြီး မုန်းနှစ်မုန်းကလဲ ပညာတော်တဲ့တပည့်တွေကို သမီးကညာနဲ့ နှစ်ဖြာဆက်ပေါင်းဖက်ပေးမယ်တဲ့ဗျ ။ သံတွဲသားတွေ ကြိုးစားကြဟေ့ နော် ။

  • တာနော

    September 3, 2011 at 7:19 pm

    ငတာနော သိသည်၊ ဆရာကြီး ငမုန်း မိန့်ကြားသည်မှာ အမှန်ပင်ဖြစ်ပေတော့သည်၊ ပရောဖက်ချာ ဆရာကြီး
    ငမုန်း သင်ကြားသမျှကို သေချာစွာ သင်ယူပါမည် ဆရာကြီး ၊ သမီးကညာ နဲ့ လက်ဆက်တော်မူ ပေးမည်
    ဆိုပါက လွန်စွာ နှစ်ထောင်းအားရဖြစ်ပါမည့်အကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ဆရာကြီးငမုန်း
    ခင်ည။ :mrgreen:

  • မီးမီး သော်

    September 4, 2011 at 12:16 pm

    အော် ခုလိုသင်ကြားပေးမယ်ဆိုတော့လဲရှင် ဘယ်လိုမျိုးပညာရပ်တွေများသင်ပေးမယ်ဆိုတာပြောပြပါဦး လူတတ်ပကြီးရေ။ဟုတ်ပေ့တော့ဖြစ်နေပီထင်ပါတယ်။မနေ ့တနေ ့ကမှရောက်လာပြီး တဝါးဝါးတဟားဟား နဲ ့ဇာတ်ပြနေပါလားနော်။

  • shwepyiaye

    September 4, 2011 at 12:37 pm

    ငါ…
    ငါ…
    ငါ…နဲ့ရေးနေတာတော့မမိုက်သေးဘူးထင်တယ်…
    နဲနဲပြင်ရေးဗျာ…
    ဖတ်ရတာတမျိုးကြီးပဲ…

    • killer

      September 4, 2011 at 4:47 pm

      ဟုတ်ပ…။ ငါ ငါ ငါ နဲ့ နဲနဲတော့ ဖတ်ရတာမကောင်းဘူး။ ပြင်ရေးပေးရင် ကောင်းမယ်ထင်တာပဲ၊

  • yetazar

    September 4, 2011 at 2:45 pm

    “`မန်းကဇက်မှာတွေ့နေရတဲ့သံတွဲသားအဖွဲ့တွေကိုသင်ပေးချင်လို့ဘဲဗျို့။ခုဘဲဝဘ်ဆိုဒ်လိပ်စာပေးလိုက်ပီလေ။´´´ အဲဒီစကားလေးကိုတော့တွေ့ပါတယ် ။ ဒါပေမယ့် ဘယ်မှာလဲဟင် ဝက်ဘ်ဆိုက်လိပ်စာက ။ ရှာမတွေ့ဘူးဖြစ်နေတယ် ။ လူမုန်းစစ်မုန်းက အာလူးတွေပေးသွားတာလား ။ ကိုလူမုန်းစစ်မုန်း ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး သံတွဲသားတွေကိုယ်စား လွှတ်တော်ကို တိုင်စာတွေပို့ပေးပါလား ။ အားကိုးပါတယ် ။ ကျွန်တော်တို့ အဲဒီလောက်ထိ မစွမ်းလို့ပါ နော် ။ အားကိုးပါတယ် … ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 4, 2011 at 5:21 pm

    ပြင်မပေးနိုင်ဘူးဗျို့။ဒီလိုပြောတတ်လို့စောစောကကြိုတောင်းပန်ထားတယ်လေဗျာ။ငါ့မလဲသမီးကညာတော့ရှိတယ်။ဒါပေမယ့် အမှားကိုအမှန်လုပ်ပြော၊အမှန်ကိုအမှားပြောသူ လူ့ကန့်လန့်ဂွစာဆိုရင်တော့ မစဉ်းစားနိုင်ဘူးမောင်တို့။

  • mgmglusoe

    September 4, 2011 at 5:58 pm

    ဆရာကြီးက မှန်တာပြောပေးမဲ့သူဆိုရင်ရော လက်ခံပေးမယ်ပေါ့။ ကြိုက်သဗျာ၊ ယနေ့ယ္ခု မှစ အကျွန်ုပ်
    အမှန် ကိုသာလျှင်ရွေးချယ်၍ ပြောမည်ဖြစ်ပါကြောင်း …. 😀

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 4, 2011 at 6:10 pm

    ကြည့်ကြရသေးတာပေါ့ကွာ။ခုတော့ နောက်ထပ်ရှင်းတမ်းတစ်ခုတင်ပေးလိုက်မယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 7, 2011 at 5:40 pm

    ပေးထားတဲ့ရှင်းတမ်းကိုတွေ့ကြမယ်ထင်ပါတယ်။တော်တော်လေးကိုခံရဆိုး တယ်ဗျို့။ပြောလို့တောင်မဆုံးသေးဘူး ဝင်ဖျက်လိုက်ကြတာ။ကျုပ်ထင်တယ် လူနဲ့သူနဲ့တူအောင်ပြန်ဖြေရှင်းတတ်တဲ့သူ သိပ်မတွေ့ရဘူး(ကျုပ်လဲပါတယ်)။စိတ်တော့ကုန်တယ်ဗျို့။

Leave a Reply