ဘာအကောင်းဆုံးလဲ..။။။

ဘာအကောင်းဆုံးလဲ..။။။
အကောင်းကိုမကြိုက်တဲ့သူဘယ်သူရှိသလဲဗျာ
သူသူ ငါငါ အကောင်းဆုံးတွေကိုပဲကြိုက်ကြတယ် အဲဒီအကောင်းကြိုက်တဲ့ စိတ်လေးတွေ ကြောင့်ဘဲ
“ လောဘတွေအတော မသတ်နိုင်အောင်ဖြစ်ကြရတယ်”
အကောင်းကြိုက်တဲ့ စိတ်တွေကြောင် လူတွေဟာ …
“ဘတ်စ်ကားတွေကို နေရာရဘ်ို့ အတွက် တိုးဝှေ့တက်ကြရတယ်
အကောင်းကြိုက်တဲ့စိတ်ကြောင်ပဲ နှစ်ရာတန်ဘောပင်တစ်ချောင်းအတွက်
“စာရွက် လွတ်တွေပေါ်မှာအကြိမ်ကြိမ် ရေးခြစ် စမ်းသပ်ကြရရတယ်
အကောင်းကြိုက်တဲ့ စိတ်ကြောင်ပဲ  အထူးကားတွေပေါ်လာရတယ်
အကောင်းကြိုက်တဲစိတ်ကြောင်ပဲ စပါယ်ရှယ်ကလပ်စ် ဆိုတာတွေ ဖြစ်လာရတယ်
ကားတွေ /ရထားတွေ /ရုပ်ရှင်ရုံတွေ/စားသောက်ဆိုင်တွေ/ဟော်တယ်တွေ/ မှာလဲ အကောင်းစား
အကောင်းကြိုက်သူတွေ  အတွက်နဲ့  နေရာတွေကိုခွဲခြားသတ်မှတ်ကြရတယ်
လူနေထိုင်မှု ပါတ်ဝန်းကျင်မှာ အကောင်းကြိုက်သူတွေအတွက် နဲ့ အကောင်းနောက်ကိုမလိုက်နိုင်သူတွေအတွက်
အတန်းအစားတစ်ခုအနေနဲ့ ကွားခြားချက်တွေ ဖြစ်ပေါ်လာရတယ်လေ ဘာကြောင့် လူတွေအကောင်းကြိုက်တာပါလဲ
သင်ရောအကောင်းကြိုက်သူဖြစ်ပါရဲ့လား…။။။
ဘာဘဲဖြစ်ဖြစ် လူရယ်လို့ဖြစ်ပြီးဆိုမှ တော့ လူပီသစွာ အကောင်းတော့ကြိုက်မိမှာပါပဲ ဒါကြောင့်မို့ ကျွန်တော်တို့
လူတွေဟာ ဈေးထဲက ချဉ်ပေါင်ရွက်အစီးလေး တစ်စီးနှစ်စီး ဝယ်တာတောင် ဖင်ပြန်ခေါင်းပြန် လှန်ကြည့် အနုအရင့်
ကောင်းမကောင်း ကြည့်ပြီးမှ ဝယ်တတ်ကြသလို… တစ်ခါသုံးပြီးလွှင်ပစ်ရမယ် ဘောလ်ပင်လေးတစ်ချောင်းဝယ်တာ
တောင် အခါခါ ခြစ်ကြည့် ရေးကြည့်ပြီး မကြိုက်ရင်ပြန်လဲနဲ့ ဘောလ်ပင် အချောင်းပေါင်းများစွာ ရွေးချယ် ခဲ့ရပေါင်း
များပြီ…  သဲကြိုးပြတ်သွားရင်လွှင်ပစ်ရတတ်တဲ ဖိနပ်တရံကြောင့်လည်း အရံပေါင်းများစွာရွေးချယ်ခဲရပေါင်းများပါပြီ
ဘာမဟုတ်တဲ့ တစ်ရာတန်မီးခြစ်တစ်လုံးနဲ့လဲ အရောင်းလှလှလေးအလုံးပေါင်းများစွာ ကို ရွေးချယ်ခဲ့ရ ပေါင်းများခဲ့ပြီ
မိန်ခလေးတွေဆို ဆံပင်စီးတဲ့ သားရေကွင်းလှလှလေးတစ်ကွင်းအတွက်  အချိန်ပေးပြီး အကြိမ်ကြိမ် ရွေးချယ်ခဲရပေါင်း
များကြပြီ….  ခဏစီးသွားရမယ့် တက္ကစီတစ်စီးအတွက်နဲ့လဲ အကောင်းနဲ့အစုတ် အချိန်ပုတ်ခံ ရွေးချယ် ငှားရမ်းဖူးကြပြီ
နယ်ခရီးတစ်ခေါက်အတွက် အရှေအနောက်အလယ် သက်သာကောင်းမွန်တဲ့ ကားထိုင်ခုံပေါင်းများစွာကို ဘိုကင်လုပ်ဖူး
ကြပြီ….။။။
အဲဒီလိုခဏလေးပဲ အသုံးချပြီး  အပိုင်မရတဲ့ ကိစ္စတွေမှာတောင် သင်အကြိမ်ကြိမ် ရွေးချယ်ရနေပြီဆိုရင်တော့  သေချာ
ပါတယ် သင်လဲ အကောင်းကြိုက်တတ်သူပဲ သင်တို့လိုပဲ ကျုပ်လဲအကောင်းကြိုက်တတ်ပါတယ် …။။
ဒါပေမယ်……………………
ကျုပ်တို့ခင်ဗျား တို့ ကြိုက်နေကြတဲ့ အကောင်းတွေက တစ်ကယ်ရောကောင်းပါရဲလား ..။။။
ကျွန်တော်တို့ တစ်ကယ်အကောင်းကြိုက်သူတွေဖြစ်ကြရဲလား …………။။။
ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရရင် ကျုပ်တို့ အကောင်းကြိုက်သူတွေ မဟုတ်သေးပါဘူး.
ကျုပ်တို့က အကောင်းနောက်ကို မလိုက် နိုင်ကြသူတွေပါ …အကောင်းနောက်ကို မလိုက်နိုင်ကြလို့ပဲ
ကျင်လည်ရာ ဘဝတစ်လျှောက် ဖြစ်တည်ပေါ်ပေါက်လာတဲ့ ကျင်လည်ရာ အနီးဝန်းကျင်က ဟုတ်နိုးရာရာ အကောင်းလို့
ထင်မှတ်သမျှကို ရွေးချယ်မွှေနှောက် ခေါင်းခြောက်နေရခြင်း ဖြစ်ပါတော့တယ် …သင့်ဘဝတစ်လျှောက် ရွေးချယ်ခဲ့ သမျှ
ပစ္စည်းလေးတွေ အကုန် ရေတွက်ချပြ  ကြည့်မယ်ဆိုရင် သင်အကောင်းလို ရွေးချယ်ခဲ့သမျှ ..ဘာမှ မကောင်းခဲ့ပါလားဆိုတာ
အခုချိန်မှာ သိလာခဲ့ကြမယ်ဆိုရင်ဖြင့်….ခင်ဗျားတို့ကျုပ်တို့  ကောင်းမကောင်းရွေးချယ်နေရတဲ့  ဘဝရဲအသေးငယ်ဆုံး
အသုံးချစရာပစ္စည်းလေးတွေဖြစ်တဲ့  ဘောလ်ပင်လေးတစ်ချောင်း /မီးချစ်လေးတစ်လုံး/ဖိနပ်လေးတစ်ရံ /ခေါင်းစီးကြိုး
လေးတစ်ကွင်းကအစ  ကျုပ်တို့ ခင်ဗျားတို့ ခေါင်းခြောက်အောင်မွှေနှောက် ရွေးချယ်စရာမလိုတော့တဲ တစ်နေ့ …….
အရာအားလုံးဟာ လှပကောင်းမွန်နေတော့မှာဖြစ်ပါတယ်……..  ဗျာတို့  ။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

5 comments

  • naywoonni

    September 3, 2011 at 7:40 pm

    ဘာအကောင်းဆုံးလဲ ဆိုတော့ ချစ်ကောင်းသီချင်းလာလို့……… အဲဒါတွေပြောနေတာ……နာမယ်တူတယ်ဆိုတာ……………..ဟင်းးးးးးးးး စိတ်ညစ်လာပြီ……….

  • windtalker

    September 3, 2011 at 7:52 pm

    စဉ်းစားစရာလေး အများကြီး တွေ ့ရတယ် ဗျာ
    ဘရာဗို ကိုဘဲလူး

  • yetazar

    September 3, 2011 at 7:52 pm

    ဘီလူးကြီးက သူများတွေကိုတော့ ဦးနှောက်လာမစားနဲ့တဲ့ ။ သူကတော့ ငါတို့ဦးနှောက်တွေကိုူ စားသွားပြီ ။ ဒုက္ခပဲ ။ အကောင်းဆုံးဆိုတာကို တစ်ညလုံးစဉ်းစားရတော့မယ် ။

  • ရွှေဘိုသား

    September 5, 2011 at 8:54 am

    ခဏတာလေးကိုတောင် အကောင်းဆုံးကိုလိုချင်ကြတာလူ.စိတ်ပဲ
    တရားနဲ.သာဖြေ အသင်ဘီလူး
    နောက်နောင် ကောင်းအောင်နေပေါ.
    ကျနော်တို.လည်း လောဘသားပေမို.
    လိုချင်တက်မက် တဏှာစိတ်က ပယ်ဖျက်ဖို.ရာ လိုပါသေး၏

  • mzm

    September 5, 2011 at 10:32 am

    ဘာအကောင်းဆုံးလဲဆိုတော့ ကိုယ်အရမ်းကြိုက်တဲ့အရာမှန်သမျှက အကောင်းဆုံးပါပဲ

Leave a Reply