ဒီတစ်ခါမှတော့ ကာတွန်းများအပြင် ဓါတ်ပုံတစ်ပုံပါ တင်ထားတယ်ဗျ … ဘာလို့ ဒီဓါတ်ပုံကို တင်ရသလဲဆိုတော့ အခုတစ်လော ရွာထဲမှာ ဖတ်ခဲ့ရတဲ့ ပို့စ်ကလေးကို စဉ်းစား အတွေးနယ်ချဲ့မိရင်း တွေ့မိတဲ့ ပုံလေးတစ်ပုံကိုပါ ကူးယူတင်ခဲ့မိလိုက်တယ် … ဒါကတော့ ကိုကိုကာလသားတွေအတွက် နောင်နှစ်တွေမှာ သူကြီးက အကောင်းဆုံးပို့စ်ဆုတို့ အကောင်းဆုံးကော့မတ်ဆုတို့  ပေးချင်တဲ့အခါကျရင် ချီးမြှင့်ပေးမယ့် ပြက္ခဒိန် ဖြစ်ချင်ဖြစ်လာမှာပေါ့ဗျာ … :D .. ကဲ ပုံလေးကို ကြည့်ပြီးမှ ဆက်ဆွေးနွေးကြည့်မယ်ဗျာ ….

ဒီပုံလေးမှာ ပါတဲ့ မိန်းကလေးကို ကြည့်ရင်း …………………………………….. အင်း ယောင်္ကျားလေးတွေထက် မိန်းကလေးတွေက နေရာတော်တော်များ အလုပ်တော်တော်များမှာ နေရာယူလာနိုင်တာကိုလည်း သတိထားလာမိခဲ့တယ် … မိန်းကလေးတွေ လိုက်မလုပ်နိုင်တဲ့အလုပ်က အခုခေတ်ကြီးမှာ တော်တော်တောင် ရှားသွားပြီပဲ … ဒါပေမယ့်လည်း မိန်းကလေးတွေ လုပ်လာနိုင်တာကို ချီးကျူးရမှာဖြစ်ပေမယ့် သူတို့လက်ထဲကိုတော့ အကုန်လုံးလွှဲအပ်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူးလို့ ထင်မိတယ် (ဒီနေရာမှာ သဘောထားကွဲလွဲရင်လည်း လွတ်လပ်စွာကွဲလွဲကြပေါ့ဗျာ) ဘယ်အလုပ်မဆို မိန်းမတွေနဲ့ပဲ လုပ်တဲ့ အလုပ် ယောင်္ကျား တစ်ဦးတစ်ယောက်မှ မပါတဲ့ အလုပ်တော့ မတွေ့မိသေးဘူးဗျ … ကျွန်တော်က ပတ်ဝန်းကျင်လေ့လာမှုအားနည်းတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ … ဒါကြောင့် ကျွန်တော်သုံးသပ်မိတာက မိန်းမတွေ နေရာအားလုံးမှာ နေရာယူလာပေမယ့် အပြည့်အ၀ အလုံးစုံတော့ နေရာမယူနိုင်ကြဘူးလို့ ထင်မိပါကြောင်း ….. လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြပါသည် …. :)

ဒီကာတွန်းလေးကို ကြည့်မိရင်း မ etone ရဲ့ ပို့စ်လေးက comments လေးကို သွားသတိရမိတယ်ဗျ ဘာတဲ့ “အလှူတန်းဆို အတော်ဝါသနာပါကြတယ် ထင်ပါ့ … ငြိမ်ချက်သားကောင်းလို့ ၀င်တောင် မမန်းဘူး ” ဒီပုံလေးနဲ့ တွေးမိပြုံးမိတာလေးကို သွားသတိရလို့တင်ပေးလိုက်တရ် … ကိုယ်ဘယ်လိုလူလဲဆိုတော့ ကိုယ်သာ အသိဆုံးပေါ့ဗျာ … :)

ဒီကာတွန်းလေးမှာတော့ ရွာထဲက အဖြစ်အပျက်အတွေနဲ့တော့ နည်းနည်းများ ဆိုင်နေမလားလို့ဗျ .. ရွာထဲမှာတော့ သံသယ တော့ မဟုတ်ဘူးပေါ့ဗျာ ပို့စ်တွေ ကိစ္စပေါ့ ….. ထုံးစံအတိုင်း ……. :D .. ကျွန်တော်လည်း နည်းနည်းတွေးကြည့်မိတယ် သူကြီးလည်း ဒီကာတွန်းထဲကလို …………………… ……………………….. :P

ဒီကာတွန်းလေးကို ကြည့်ရတာ ပြုံးမိတယ်ဗျ … ဒီကာတွန်းလေးက ကျွန်တော့်ကို အတွေးပွားစေတယ်ဗျ … ပထမ တွေးမိတာက သူများအောင်မြင်တဲ့နည်းအတိုင်း ကိုယ်လိုက်လုပ်ရင် အောင်မြင်ချင်မှ အောင်မြင်မယ်ဆိုတာရယ် .. ကိုယ့်အခြေအနေ ကိုယ့် သူ့အခြေအနေနဲ့ သူမို့ ကိစ္စတိုင်းဟာ ထပ်တူကြဖို့ မလွယ်ဘူးဆိုတာကိုပါ ခံစားမိတယ် .. ဆက်ပြီး ဆက်ပြီးတော့လည်း ……………………………………………………………………………. ဟူး ………………………… ………………….

အားလုံးလည်း ဖတ်ရကြည့်ရတာမောသွားရင် ကော်ဖီနဲ့ ဧည့်ခံလိုက်ပါတယ် …

လွတ်လပ်စွာ သဘောထားကွဲလွဲကြည့်ကြတာပေါ့ဗျာ

အားလုံးကိုလေးစားလျှက်

KING

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................